Chapter – 60
နောက်တစ်နေ့ မနက်စောစောတွင် တင်ပလ္လင်ချိတ်ကာထိုင်နေရာမှ ဂျင်ချန်မျက်လုံးဖွင့်လိုက်သည်။ လွန်ခဲ့တဲ့နှစ်ရက်စလုံး ဂျင်ချန်မလေ့ကျင့်ဖြစ်။ သူစာကြည့်တိုက်တွင်သာ စာဖတ်နေဖြစ်ခဲ့သည်။ ညတိုင်းမှာတော့ သူ့ဒန်တမ်ထဲကဓားနှင့်ပိုရင်းနှီးအောင် သူလေ့လာသည်။ သူ့ရဲ့သူတော်စင်ဓားကိုအသုံးပြုနည်းကို သူပိုသိနိုင်ဖို့ ကြိုးစားနေဖြစ်သည်။
ဂျင်ချန်ကသူတော်စင်အဆင့်ကို ချိုးဖောက်ဝင်ရောက်ကာ သူတော်စင်ဖြစ်လာပြီး သူတော်စင်လက်နက်ကလည်းသူ့ရဲ့စိဝိဥာသ်နှင့်ဆက်သွယ်ထားသည့်တိုင်အောင် မည်သို့အသုံးပြုရမည်မှန်းမသိသေးချေ။ ဂျင်ချန်က အရင်ဘ၀ရဲ့အတွေ့အကြုံတွေများစွာရှိပေမယ့် သူတော်စင်လက်နက်အတွက်တွင်တော့ အရာရာကအသစ်ဖြစ်လို့နေခဲ့သည်။ သူတော်စင်လက်နက်အား သူသစ်ကိုင်းခြောက်ကိုသူ့စိတ်ဝိဥာဉ်ဖြင့်ဆက်သွယ်ကာအသုံးပြုသလိုကြိုးစားခဲ့သော်လည်း လက်နက်မှအစွမ်းအကုန်ထုတ်မသုံးနိုင်ဖို့ရာ ခက်ခဲနေသေးသည်။
ဒီအဖြစ်က လက်တစ်ဖက်ကိုပဲအသုံးပြုကာနေလာသူလိုပင်။ ထိုလူက လက်တစ်ဖက်တည်းဖြင့်အသုံးပြုကာနေသည်မှာကြာငြောင်းလာတော့မှ အခြားတစ်ဖက်ကိုပြောင်းလဲအသုံးပြုကြည့်သည့်အခါ အဆင်မပြေဖြစ်ရသလိုပင်။
အိပ်ယာပေါ်မှထရပ်ကာ ထမင်းစားခန်းမကိုဦးတည်လိုက်သည်။ ပုံမှန်အတိုင်းစားသောက်ပြီးနောက် စာကြည့်တိုက်ဘက် ထွက်ခဲ့လိုက်သည်။
စာကြည့်တိုက်က ဖွင့်ထားပြီ။ အထဲတွင်လူသိပ်မရှိသေး စာကြည့်တိုက်မှူးဖြစ်တဲ့အမျိုးသမီးသာရှိသည်။
လူမရှိသလောက်ဖြစ်နေသည့်စာကြည့်တိုက်ကိုတစ်ချက်ကြည့်ပြီး ဂျင်ချန်အထဲဝင်လိုက်သည်။ သူအရင်ရက်တွေက ပထမထပ်မှစလို့ စတုတ္ထထပ်အထိ သူစိတ်ဝင်စားလောက်မည့်စာအုပ်တိုင်းကို ဖတ်ပြီးပြီဖြစ်သည်။
စာကြည့်တိုက်မှာ အထပ်၇ထပ်ရှိသည်။ ပထမနှင့်ဒုတိယထပ်က မည်သူမဆိုဖတ်နိုင်ပြီး တတိယထပ်နှင့် စတုတ္ထထပ်က သူတော်စင်တွေဖတ်နိုင်သည်။ ငါးထပ်မြောက်က ဆ၇ာတွေနှင့် ဆုရပထမအဆင့်ကျောင်းသားတွေသာဝင်ခွင့်ရှိသည်။ ၆ထပ်နှင့်၇ထပ်ကတော့ ပြင်းထန်စွာကာကွယ်ထားသည်။ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်သာဝင်ခွင့်ရှိပြီး အခြားတစ်ယောက်ယောက်က၀င်ချင်လျှင် ထိုလူနှစ်ယောက်ဆီမှခွင့်ပြုချက်အရင်ရရန်လိုသည်။
ငါးထပ်မြောက်က လူတိုင်းဝင်ခွင့်ရသည်မဟုတ် ဆ၇ာတွေစာဝင်ခွင့်ရကြသည်။ ဂျင်ချန်လို လူသစ်ပြိုင်ပွဲမှာပထမရထားသူကတော့ အေးဆေးစွာဝင်နိုင်သည်ပေ။ငါးထပ်မြောက်က သိပ်မကျယ်သလို စာအုပ်တွေကလည်းသိပ်မများ။ အားလုံးပေါင်းရင်တောင်မှ ရာကျော်လေက်သာရှိမည်ဖြစ်ရာ ပထမထပ်မှာလို ထောင်ကျော်သည်အထိမရှိချေ။
ဒီရာကျော်သောစာအုပ်တွေက သူအရင်ဖတ်ဖူးခဲ့တဲ့စာအုပ်တွေနဲ့လုံးဝမတူဘူးဆိုတာ ဂျင်ချန်သိသည်။
စာကြည့်တိုက်က လုံးဝတိတ်ဆိတ်နေသည်။ ဒီအထပ်ကိုလူသိပ်မလာတာကြောင့်လည်း ပါမည်ထင်သည်။ သို့သော် အမှိုက်တစမရှိဘဲ သန့်ရှင်းသပ်ရပ်နေသည်မှာ နေ့တိုင်းလာကာတစ်စုံတစ်ယောက်က သန့်ရှင်းထား၍ဖြစ်မည်။
စာအုပ်စင်ဆီတည့်တည့်လျှောက်သွားလိုက်ပြီး စွမ်းအားလေ့ကျင့်ခြင်းနှင့်ဆိုင်သည့်စာအုပ်တစ်အုပ်ကိုယူကာ စားပွဲတစ်ခုတွင်ဝင်ထိုင်ပြီးဖတ်လိုက်သည်။ သူယူလာသည့်စာအုပ်က စွမ်းအားလေ့ကျင့်ခြင်းအကြောင်း သီးသန့်ဖြစ်သည်။ ဒီစာအုပ်ကသူ့ကိုကူညီနိုင်မလားသူမသိပေမယ့် ဘာပဲဖြစ်ဖြစ် သူအသိဥာဏ်အသစ်တွေတိုးပွားလာမည်တော့ဖြစ်သည်။
ဂျင်ချန်ကစာအုပ်တွင်အာရုံဝင်စားသွားသည်။ စာအုပ်ကအကြောင်းအရာတွေက အကူအညီမဖြစ်ပေမယ့် သူသိထားခဲ့သည့် စွမ်းအားနယ်ပယ်ထက်ပိုမိုကျယ်ပြန့်စွာ နားလည်လာရသည်။ ထိုထဲမှ လေ့ကျင့်ခြင်းနည်းလမ်းတွေမှာ သူ့အရင်ဘ၀တွင်တောင်မှ မကြားဖူးခဲ့တာမျိုးတေါပါဝင်နေသည်။
စာအုပ်ပါအချက်အလက်တွေက အရမ်းအံ့သြဖို့ကောင်းလောက်သည့်အထိ များပြားတာမျိုးမဟုတ် စာမျက်နှာဒါဇင်ကျော်ကျော်လောက်သာပါတာဖြစ်တယ်။ ထို့ကြောင့် သူမြန်မြန်ပဲဖတ်လို့ပြီးသွားသည်။ စာအုပ်ကိုစင်ပေါ်ပြန်မထားခင် စာအုပ်ပါအကြောင်းအ၇ာတွေကို မှတ်မိအောင်တစ်ချက်ပြန်စဉ်းစားလိုက်သေးသည်။ နောက်မှ နေရာတွင်ပြန်ထားကာ အခြားတစ်အုပ်ယူလိုက်သည်။
ငါးထပ်မြောက်ကစာအုပ်တွေက တိုက်ခိုက်ရေးနည်းဗျူဟာတွေအကြောင်းပါသည့် စာအုပ်တွေကများသည်။ သို့ရာတွင် လေ့ကျင့်ရေး၊တိုက်ခိုက်ရေး နည်းဗူဟာတွေက သိပ်မပြင်းထန်ဘဲ မြေကမ္ဘာအဆင့်လောက်တွင်သာရှိသည်။
ဂျင်ချန်ကအချိန်ကိုမေ့သွားကာ စာအုပ်ကိုတစ်အုပ်ပြီးတစ်အုပ်ဖတ်နေတော့သည်။ အတော်ကြာပြီးနောက်တွင် သက်လတ်ပိုင်းအရွယ်ဆရာနှစ်ယောက်က ရောက်လာသည်။
ထိုဆရာနှစ်ယောက်က ဂျင်ချန်ကိုသိပုံရသည်။ သူတို့ဂျင်ချန်အားမြင်သည့်အခါ အလွန်အံ့သြသွားကြပေမယ့် ဂျင်ချန်အနှောင့်အယှက်ဖြစ်မည်စိုး၍ မည်သည့်အသံမျှမထွက်အောင်သာ ဂရုတစိုက်နေဖြစ်ကြသည်။
ထိုအချိန်တွင် မိုးပြာရောင်ဝတ်စုံဖြင့်ဈေးကြီးသည့်ချန်ပေါင်ဝတ်ရုံအားဝတ်ထားသော လူကြီးတစ်ယောက်က ငါးထပ်မြောက်ကိုတက်လာသည်။ သူကအသက် ၅၀ကျော်၊ ၆၀ကျော်လောက်ထင်ရကာ ဆံပင်တွေပင်ဖြူနေပေမယ့် လူငယ်တစ်ယောက်လို ဖျက်လတ်တက်ကြွဆဲဖြစ်သည်။ သူ့မျက်လုံးတွေကစူးရှုကာ အရှိန်အ၀ါတစ်မျိုးပေးနေသည်။
ငါးထပ်မြောက်က သိပ်မကြီးလှတာမို့ ထိုလူကြီးက အတွင်းထဲမှဖြတ်ကာ၆ထပ်မြောက်ဆီတက်ဖို့ရာလှေကားဆီသွားနေတုန်း ထောင့်တစ်ထောင့်မှ လူငယ်လေးတစ်ယောက်ကို သတိပြုမိလိုက်သည်။
အကယ်ဒမီဝတ်စုံမှာရေးထားသည့်နာမည်အားမြင်ပြီး သူလှမ်းခေါ်လိုက်သည်။
“ချင်းယန် ရှင်းတန်”
ဂျင်ချန်၏အာရုံကပြန်ဝင်လာကာ ထိုလူကြီးအားကြည့်ရင်းပြုံးမပြခင်တွင် ပျင်းတိပျင်းရွဲလုပ်နေမိသေးသည်။
“ကျောင်းအုပ်ကြီး ဒီကိုဘာလာလုပ်တာလဲခင်မျာ”
မှန်သည်။ ထိုလူကြီးက ကျောင်းအုပ်ပင်။
ကျောင်းအုပ်အသံကိုကြားသည့်ဆရာနှစ်ယောက်မှာလည်း စာအုပ်တွေကိုချလျက် ထရပ်ကာတရိုတသေနှုတ်ဆတ်ကြသည်။
‘ကျောင်းအုပ်ကို နှုတ်ဆတ်ပါတယ်”
ခါဂဲအကယ်ဒမီမှကျောင်းအုပ်ကြီးဆိုသည်က ဂျီဆန်တိုင်းပြည်တွင်နာမည်ကြီးတစ်ယောက်ဖြစ်သည်။ သူက ကောင်းကင်သူတော်စင်သခင်အဆင့်မှာရှိပြီး ဂျီဆန်တွင် အစွမ်းအထက်ဆုံးစစ်သည်တော်အဆင့်၆တွင်ရှိသည်။
ကောင်းကင်သူတော်စင်သခင်အဆင့်ဆိုတာက ထျန်းယွမ်တိုက်ကြီးတွင် အတော်ဆုံးနှင့်အရဲရင့်ဆုံးအဆင့်အတွင်းပါသည်။
ကျောင်းအုပ်ကဆရာတွေအား လက်ကာပြကာပြောသည်။
“ငါ့ကိုစိတ်ထဲထားမနေနဲ့ မင်းတို့ဘာသာ စာဆက်ဖတ်ကြ”
“ဟုတ်ကဲ့ ကျောင်းအုပ်ကြီး”
ဆ၇ာတွေကထိုသို့ပြောကာ နေရာတွင်ပြန်ထိုင်ပြီးစာဖတ်နေကြပေမယ့် သူတို့စိတ်တွေမှာစုစည်း၍မရပေ။
ကျောင်းအုပ်၏အကြည့်က ဂျင်ချန့်လက်တွင်းမှစာအုပ်ထံရောက်သွားပြီး သူကပြုံးလိုက်သည်။
“ဂျင်ချန် မင်းကစာကြည့်တိုက်ကို သဘောကျလား”
ဂျင်ချန်ကတုံ့ဆိုင်းမနေဘဲ ချက်ချင်းခေါင်းငြိမ့်ကာပြန်ဖြေသည်။
“ဟုတ်ကဲ့ခမျ။ စာကြည့်တိုက်က စာအုပ်တွေကနေ ကျွန်တော်အများကြီးသင်ယူရပါတယ်။ ဒါက အကူအညီမဖြစ်ရင်တောင်မှ ဗဟုသုတတော့တိုးပွားစေပါတယ်”
ထိုစကားကြားတော့ ကျောင်းအုပ်ကပြုံးသည်။
“ကောင်းတယ် ကောင်းတယ်။ မင်းလိုနားလည်မှုရှိတဲ့ကလေးပဲ ဒီလိုတွေးမှာပဲ။ မင်းက စာကြည့်တိုက်ကိုသဘောကျမှတော့ ငါကူညီပေးရမှာပေါ့။ လာ ငါ့နောက်လိုက်ခဲ့”
ထိုသို့ပြောကာ ကျောင်းအုပ်ကလှေကားဘက်သို့ဆက်သွားသည်။
ကျောင်းအုပ်ရဲ့အပြုအမူကိုကြည့်ကာဤသည်က သူ့အား၆ထပ်မြောက်သို့ခေါ်သွားမည်ဖြစ်ကြောင်းသိလိုက်တော့ ဂျင်ချန်အလွန်ပျော်သွားသည်။ ဖတ်လက်စစာအုပ်ကိုနေရာတွင်ပြန်ထားကာ ကျောင်းအုပ်နောက်သို့ အမြန်လိုက်သွားလိုက်သည်။
ဂျင်ချန်နောက်ကျောအားဆရာနှစ်ယောက်က မနာလိုစွာကြည့်လိုက်ကြသည်။ ဒီအထပ်တွေသို့အပြင်လူဝင်ခွင့်ရတာဟာ ဂျင်ချန်ကပထမဆုံးဖြစ်သည်။ ထိုအထပ်တွေဟာ ဆ၇ာတိုင်းဝင်ချင်နေသည့်နေ၇ာဖြစ်သည်။ ၆ထပ်နှင့်၇ထပ်တွင် အမျိုးမျိုးသောနည်းပညာတွေသာမက ၊ ထျန်းယွမ်တိုက်ကြီးထဲရှိရတနာတွေအကြောင်းပါ ဖော်ပြထားသေးသည်မဟုတ်လား။
ဂျင်ချန်ကကျောင်းအုပ်နောက်ကနေလိုက်သွားတော့ ၆ထပ်မြောက်တံခါးရှေ့တွင် ရွှေ့ပြောင်းစာအိတ်တစ်ခုကိုထားထားသည်ကို မြင်လိုက်ရသည်။
“ဒီစာအိတ်က ၆ထပ်နဲ့၇ထပ်ကိုကာကွယ်ဖို့အတွက် အရင်လက်ထက်ကလူတွေလုပ်ခဲ့ကြတာ။ ခုခံနိုင်စွမ်းကပြင်းတယ်။ ကောင်းကင်အဆင့်သူတော်စင်တွေတောင် အချိန်တိုအတွင်းဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ “
ကျောင်းအုပ်ကဂုဏ်ယူစွာပြောသည်။ သူက ခရမ်းရောင်ရွှေတုံကင်ကိုထုတ်လိုက်ရာ ထိုတုံကင်မှအရောင်ဖျော့ဖျော့လင်းလာသည်။ နောက်တဖြေးဖြေးပိုတောက်ပလာကာ ထိုရောင်ဝါကဖြာထွက်၍ စာအိတ်ထံကျဆင်းသွားသည်။
ထိုစာအိတ်က ရေကဲ့သို့လှိုင်းထသွားကာ ဘေးဘက်သို့နှစ်ခြမ်းကွဲထွက်သွားရာ အလယ်တွင်လူတစ်ယောက်ဝင်လို့ရသည်အထိ ကျယ်သွားသည်။
“ချင်းယန် ရှင်းတန် ငါ့နောက်ကလိုက်ဝင်ခဲ့”
ဟုကျောင်းအုပ်ကဆိုကာ အရင်ဝင်သွားသည်။
ဂျင်ချန်ကကျောင်းအုပ်နောက်မှလိုက်သွားကာ ၆ထပ်မှတဆင့်၇ထပ်သို့ဦးတည်လိုက်သည်။ ၇ထပ်တွင်တော့ စာအုပ်ကမရှိသလောက်နည်းသည်။ အခန်းအလယ်တွင်ခုံတစ်လုံးသာရှိပြီး ထိုရှေ့တွင် စာအုပ်စင်အသေးတစ်ခုသာရှိသည်။ ထိုစင်တွင် စာအုပ်အနည်းငယ်သာရှိပြီး အပေါ်ဆုံးထပ်တွင် သေတ္တာနှစ်လုံးထားထားသည်။ တစ်လုံးကအဖိုးတန်ကျောက်စိမ်းဖြင်လုပ်ထားပုံရပြီး နောက်တစ်လုံးကတော့ ခရမ်းရောင်ရွှေဖြင့်လုပ်ထားပုံရသည်။ နှစ်ခုလုံးက အဖိုးထိုက်လွန်းမည်မှာမလွဲ ထို့ကြောင့် ထိုအထဲရှိစာအုပ်တွေကလည်း အလွန်အရေးကြီးပေလိမ့်မည်။
“ခါဂဲအကယ်ဒမီစတင်တည်ထောင်ကတည်းက ဒီစာကြည့်တိုက်ကရှိခဲ့တာ။ အခုချိန်ထိဆိုရင် နှစ်ပေါင်းရာကျော်နေပြီ။ ကျောင်းအုပ်တိုင်းကျောင်းအုပ်တိုင်းရဲ့အရှိန်အ၀ါကပေါ့သေးသေးတွေမဟုတ်ကြဘူး။ အကုန်လုံးက ထျန်းယွမ်တိုက်ကြီးမှာ အင်အားကြီးတဲ့သူတွေကြီးပဲ။ မင်းကသာ ဒီရာစုနှစ်တွေအတွင်း ဒီကိုဝင်ခွင့်ရတဲ့တစ်ဦးထဲသောသူပဲ”
ကျောင်းအုပ်ကြီးက တည်တည်ငြိမ်ငြိမ်ဖြင့်ရှင်းပြသည်။
“ဒီစာကြည့်တိုက်မှာရှိသမျှက ကျောင်းရဲ့ချမ်းသာသမျှအကုန်ပဲ။ ဒီ၇ထပ်မြောက်ကို ပထမဆုံးကျောင်းအုပ်ဖြစ်တဲ့ဘရီရန်ကကာကွယ်စည်းချခဲ့တယ်။ ဒီထဲမှာ စွမ်းအားလေ့ကျင့်ခြင်းနဲ့ပတ်သတ်တဲ့စာအုပ်တွေရှိတယ်။ အားလုံးကသူကိုယ်တိုင်စုစည်းခဲ့တာတွေပဲ။ ဒါကြောင့် စာကြည့်တိုက်အပြင်ကို ယူသွားလို့မရဘူး”
ဒီစကားကြားတော့ ဂျင်ချန့်အမူအယာက လေးနက်သွားသည်။ ဒီ၇ထပ်မြောက်စာကြည့်တိုက်က ဤမျှအရေးကြီးမည်ဟု သူမထင်ထားခဲ့။ ပထမဆုံးကျောင်းအုပ်ကတည်ထောင်ခဲ့သည်ဆိုခြင်းက ဂျင်ချန်အားအံ့အားသင့်စေသည်။
ဂျင်ချန်အားကျောင်းအုပ်ကတောက်ပစွာကြည့်ကာ ပြောသည်။
“ချင်းယန်ရှင်းတန် အခုမင်းကြိုက်သလိုစာဖတ်နိုင်တယ်။ ဒါပေမယ့် ကျောက်စိမ်းသေတ္တာကစာအုပ်တွေတော့ မထိနဲ့။ မင်းမှာအခွင့်အရေးတစ်ကြိမ်ပဲရှိတော့ သေချာအသုံးချပါ”
“ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်”
ဂျင်ချန်ကခေါင်းငြိမ့်ကာပြောသည်။
“ကျောက်စိမ်းသေတ္တာထဲကစာအုပ်တွေက မင်းအနေနဲ့အသုံးမ၀င်သေးတာမို့ လုံးဝမထိနဲ့။ ခရမ်းရောင်ရွှေသေတ္တာထဲကစာအုပ်တွေကို မင်းဖတ်နိုင်တယ်။အဲ့ဒိမှာမင်းကိုအထောက်အကူပြုမှာတွေရှိတယ်။ ချင်းယန်ကလန်ကအထွတ်အမြတ်စာအုပ်အောက် မလျော့တာတွေရှိတယ်ကွာ။ ဒါကြောင့် အလောတကြီးမလုပ်နဲ့”
“မင်းသတိရရမှာက အခွင့်အရေးကတစ်ကြိမ်ပဲရှိတယ်ဆိုတာပဲ။ မင်းဒီမှာနေပြီး သေချာဖတ်ပါ။ စာအိတ်အကာအကွယ်ကအ၀င်အတွက်ပဲဆိုတော့ မင်းထွက်ချင်တဲ့အချိန်မှာတိုက်ရိုက်ထွက်သွားရုံပဲ”
ထိုသို့ပြောကာ ကျောင်းအုပ်က၇ထပ်မြောက်မှပျောက်ကွယ်သွားတော့သည်။
——