အခန်း ( ၆၃ )
သွေး ဝံပုလွေ
“ရှုံးသွားပြီ။ ရှုံးဟီနဲ့ ခမ်းစုံက တကယ်ရှုံး သွားတာပဲ”
အနက်ရောင် ဝတ်စုံနှင့် လူငယ်က အစထဲက ရဲချန်ဖန် အနိုင်ရသွားမည်ဟု မျှော်လင့်ထား သော်လည်း တကယ် ရဲချန်ဖန်က အလွယ်တကူ အနိုင်ရသွားသောအခါ မတုန်လှုပ်ဘဲ မနေနိုင် တုန်လှုပ် နေသေးသည်။
“ကြည့်ရတာ သိပ်မကြာဘူး။ ကောင်းကင် တန်ခိုးရှင် စာရင်းမှာ ထိပ်သီး ဆယ်ယောက်က အပြောင်းလဲ ဖြစ်တော့မယ် ထင်တယ်”
“မင်းနာမည်က ဘယ်သူလဲ”
အကြီးအကဲဂျင် မျက်လုံးထဲမှ အလင်းများ ထွက်နေသည်။ သူက ရဲချန်ဖန် ဤမျှ ထူးချွန်လိမ့်မည်ဟု မထင်ထားမိပေ။ သူ့ထက် အဆင့်နှစ်ဆင့် မြင့်မားသူကို အနိုင်ယူနိုင်ပြီး တစ်ယောက်တည်းပင် မဟုတ်ဘဲ နှစ်ယောက်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်ပြီး ပြတ်ပြတ်သားသား အနိုင်ယူခြင်းသည် သာမန် ပါရမီရှင်များ စွမ်းဆောင်နိုင်သော အရာ မဟုတ်ပေ။
“ရဲချန်ဖန် ပါ”
ရဲချန်ဖန်က အလေးထားပြီး ပြန်ဖြေလိုက်သည်။
“မင်းက မနေ့က ကျင်းပတဲ့ ဒီနှစ် ကောင်းကင်မီး ဂိုဏ်းဝင်သစ် ပြိုင်ပွဲရဲ့ ပထမရတဲ့ တစ်ယောက်လား”
အကြီးအကဲဂျင်က မနေ့က ရဲချန်ဖန် သတင်းကို ကြားထားသည်။ သို့သော် သူက အဲလောက် အလေးမထားချေ။ ယနေ့ သူကိုယ်တိုင် ကြုံလိုက်ရချိန်တွင် ကြားရသည်ထက် ပို၍တော်ပြီး အစွမ်းထက် နေကြောင်း တွေ့လိုက်ရသည်။
“ဟုတ်ကဲ့ မနေ့ကမှ ကောင်းကင်မီးဂိုဏ်းကို ရောက်ရှိတာပါ”
“ဟာ…”
ရဲချန်ဖန် အသံဆုံး သွားသည်နှင့် သက်ပြင်းချသံများ၊ အံ့အားသင့်သံများ နှင့်အတူ ကောင်းကင်မီး ဂိုဏ်းဝင်များ မယုံနိုင် ဖြစ်နေကြသည်။ ရဲချန်ဖန်သည် အခုမှ ဂိုဏ်းဝင်ရောက် လာသော်လည်း ဂိုဏ်းဝင်ဟောင်း နှစ်ယောက်ကို အနိုင်ယူပြီး သွားလေပြီ။
“မင်း… အရမ်းတော်တယ်… ရဲချန်ဖန်။ ဒါက မင်းနိုင်တဲ့ လောင်းကြေးပဲ။ ကောင်းကင် တန်ခိုးရှင်စာရင်းမှာ အမြန်ဆုံး ပါနိုင်အောင် ဆက်ပြီး ကြိုးစားကွာ”
ရဲချန်ဖန်၏ ပါရမီကို အကြီးအကဲဂျင်က အရမ်း သဘောကျသွားပြီး သူနိုင်သည့် လောင်းကြေးများ အကုန်ထုတ်ပေး လိုက်သည်။
“ကျေးဇူးတင်ပါတယ်…အကြီးအကဲဂျင်”
ရဲချန်ဖန်က နိုင်သည့် လောင်းကြေးနှင့် သူပေးထားသည့် လောင်းကြေး စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ထောင့်နှစ်ရာကို သိုလှောင်အိတ်ထဲ သိမ်းပြီး ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်တွင် ဆက်မနေဘဲ ထွက်လာခဲ့သည်။ သူ့ကို ဝိုင်းကြည့်နေသော မျက်လုံးများ အောက်တွင် သူထွက်ပြီး သူ့ခြံဝင်းဆီသို့ ပြန်လာခဲ့ လေသည်။
“ကြည့်ရတာ ငါ့အစွမ်းကို အမြန်ဆုံး တိုးတက်လာအောင် လုပ်ရတော့မယ်။ မဟုတ်ရင် ပြဿနာတွေက များသထက်များ လာလိမ့်မည်”
သူဂိုဏ်းထဲ စဝင်သည့်နေ့မှာပင် ပြဿနာက သူ့ဆီ စတင်ရောက်ရှိ လာနေပြီ ဖြစ်သည်။ သူ ရှန်းတုရွှယ်တို့နှင့် ပြဿနာတက်ပြီး နောက်ပိုင်းတွင် ရှန်းတု ကလန်နှင့် ရှန်းဂွန်း ကလန်တို့က သူ့ကို လွယ်လွယ် အလွတ်ပေးမည် မဟုတ်ဟု ခံစားနေရသည်။
ရေချိုး အဝတ်အစားလဲပြီးနောက် သူခန္ဓာကိုယ် အခြေအနေ အကောင်းဆုံး ရောက်အောင် ပြင်ဆင် လိုက်သည်။ ထို့နောက် သူလောင်းကြေး နိုင်ထားသည့် အဖြူရောင် ကျောက်စိမ်းဆေးကို ထုတ်ပြီး သောက်လိုက် လေသည်။
ဆေးဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ မတုံ့ပြန် နိုင်ခင်မှာပင် အပူစွမ်းအင်များသည် လှိုင်းများကဲ့သို့ လည်ချောင်းမှ တစ်ဆင့် သွေးကြောများထဲ စီးဝင်သွားသည်။
စွမ်းအင် ပဏာမမှာ သူထင်သည်ထက် များပြားနေရာ သွေးကြောများထဲတွင် အလွန်များပြားပြီး အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။
“ဒါအဆင့်ရှစ်ဆေး အစွမ်းလား။ သူ့ဆေးစွမ်းက နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ထက် ပိုပြင်းတာပဲ”
သူအံများ ကြိတ်ကာ ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ် လေ့ကျင့်ပြီး ဆေးစွမ်းကို စုပ်ယူတော့သည်။ အဆင့်ရှစ် ဆေးအစွမ်းမှာ သူခန္ဓာကိုယ် စွမ်းအားကို မြင့်တင်ပေး သော်လည်း လူသာမာန်များ မခံစားနိုင်သော နာကျင်မှုကို သူခံစား နေရသည်။
သူ့မျက်နှာသည် ဖြူသထက် ဖြူရော်လာပြီး သွေးဥတွင် နောက်အက်ရာ တစ်ခုမှာ ပိုပို၍ ထင်ရှားလာ လေသည်။
အဲအချိန်တွင် မယုံနိုင်စရာ နာကျင်မှုကို အောင့်ခံနေရပြီး တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေကာ ဆေးစွမ်း တက်လာသည်နှင့်အမျှ နာကျင်မှုက ပိုပြင်းထန်လာနေသည်။
အဖြူရောင် ကျောက်စိမ်းဆေးမှ အပူစွမ်းအင်ကြောင့် သူသွေးကြောများမှာ အလျင်အမြန်ပင် ပိုမို ကျယ်ပြန့်လာပြီး အက်ရာ အသေးလေးသည် သွေးဥပေါ်တွင် ပေါ်လာသည်။
သွေးကြောများ စွမ်းအင် ပိုလျှံမှုကြောင့် ကျိုးပဲ့လာပါက ဝိညာဉ်စုပ်သိုင်းက ချက်ချင်းပင် ပြုပြင်နေပြီး ပျက်စီးလိုက် ပြုပြင်လိုက် သံသရာ စက်ဝန်းလိုပင် ဖြစ်နေသည်။ သူသွေးကြောများသည် တဖြည်းဖြည်း ပိုပို၍ ကျယ်ပြန့် လာလေသည်။
သူသွေးကြောများ ကျယ်ပြန့် လာသည်နှင့်အမျှ သူသည် ဆေးစွမ်းကို စုပ်ယူနိုင်စွမ်းမှာ ပို၍ မြင့်လာနေသည်။ တဖြည်းဖြည်း သူ့ခန္ဓာကိုယ်က သိသိသာသာ ပေါ့ပါးလာသလို ခံစားနေရပြီး သူ့အသက်ရှူနှုန်းမှာ ပိုတည်ငြိမ် လာသည်။
ရဲချန်ဖန် အခန်းထဲတွင် အဖြူရောင် ကျောက်စိမ်း ဆေးစွမ်းကို စုပ်ယူနေစဉ် ကောင်းကင်မီးဂိုဏ်း အရှေ့ပိုင်း လှပသပ်ရပ်သော ခြံဝင်းလေး တစ်ခုထဲတွင် ရဲချန်ဖန်ကို ရှုံးနှိမ့်ခဲ့သော ရှုံးဟီနှင့် ခမ်းစုံတို့က ရိုရိုကျိုးကျိုးလေး မတ်တပ်ရပ် နေကြသည်။
သူတို့ရှေ့တွင် အဖြူရောင် ဝတ်စုံဝတ်ထားပြီး မျက်နှာမှာ တိကျပြတ်သား ပုံပေါ်သည့် ရက်စက်မည့် ဟန်ရှိသော လူငယ်လေးတစ်ယောက် ရပ်နေလေသည်။ ထိုလူငယ်လေးမှာ ရှန်းတုဟန် ဖြစ်သည်။
သူသည် ရှန်းတု ကလန်၏ အတော်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး မြေကမ္ဘာ သားရဲအဆင့်ကို အသက်နှစ်ဆယ်တစ်နှစ်တွင် ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။ ကောင်းကင် တန်ခိုးရှင် စာရင်းတွင် အဆင့် တစ်ဆယ်နေရာတွင် ရပ်တည်နေသူ ဖြစ်လေသည်။
“ငါ နားလည်ပြီ။ မင်းတို့ ဒဏ်ရာတွေကို သွားကုလိုက်ကြ”
သူက ရှုံးဟီတို့နှစ်ဦး ပြောသည်ကို နားထောင်ပြီးနောက် အမူအရာက ပြောင်းသွားခြင်း မရှိပေ။ စိတ်မရှည်ပုံနှင့် လက်ကို ညင်သာစွာ ယမ်းပြီး သွားခိုင်း လိုက်သည်။
“ဟုတ်… သခင်လေး”
ရှန်းတုဟန်က ဒေါသမထွက်သည်ကို တွေ့လိုက်သောအခါ ရှုံးဟီနှင့်ခမ်းစုံတို့ စိတ်အေးသွားပြီး အလျင်အမြန် ထွက်ခွါသွားသည်။
“တကယ် အသုံးမကြတဲ့ နှစ်ကောင်”
ထွက်သွားသော ရှုံးဟီနှင့်ခမ်းစုံတို့ကို ကြည့်ပြီး ရှန်းတုရွှယ်က အဆောက်အဦ နောက်ကနေ ထွက်လာကာ ဒေါသတကြီး ပြောလိုက်သည်။
“သူတို့ အသုံးမကျတာ မဟုတ်ဘူး။ အဲဒီ ရဲချန်ဖန်ဆိုတဲ့ ကောင်က တကယ် မလွယ်ဘူး။ ငါမင်းပြောတာ မှတ်မိသေးတယ်။ မနေ့ကတောင် သူက မင်းပြိုင်ဖက် မဟုတ်ဘူးဆိုပြီး။ ခုကျ ရှုံးဟီကို တစ်ကွက်တည်းနဲ့ အနိုင်ယူ လိုက်တာ။ ခမ်းစုံနဲ့ ပေါင်းတိုက်တာတောင် မနိုင်ဘူးဆိုတော့ ဒါသာမာန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး” ရှန်းတုဟန်က ရှင်းပြ လိုက်သည်။
“ကြည့်ရတာ သူ့ဆေးစွမ်းတွေကို စုပ်ယူထား ပြီးပြီနဲ့ တူတယ်။ ဆေးစွမ်းသုံးပြီး အတင်း စွမ်းအားကို မြှင့်တင်ထားတာ ဖြစ်မယ်။ မဟုတ်ရင် သူအဲလောက် အစွမ်းထက်မှာ မဟုတ်ဘူး”
ရှန်းတုရွှယ်က စိတ်ပျက် လက်ပျက် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီလူကို လျော့မတွက်သင့်ဘူး။ သူနဲ့ ဆက်ဆံရေး မပြေလည် နိုင်ဘူးဆိုရင် သူ့ကို အစွမ်းထက် လာခွင့်ကို ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် ငါတို့ ရှန်းတု ကလန်ကို ထိခိုက်နိုင်တယ်”
ရှန်းတုဟန် မျက်လုံးမှ အလင်းတစ်ချက် ထွက်သွားသည်။
“ညီသုံး မင်းကိုယ်တိုင် လှုပ်ရှားရင်လှုပ်ရှား မဟုတ်ရင် ဒုတိယညီကို ပြောပြီး ရဲချန်ဖန်ကို သွားတွေ့လိုက်။ ရဲချန်ဖန်ကို ပြောပြလိုက် ငါတို့ ရှန်းတုကလန်က ဘယ်လောက် စွမ်းလဲဆိုတာ”
“သူသာ မတုံးဘူးဆိုရင် ငါစိန်ခေါ်တာ လက်ခံမှာ မဟုတ်ဘူး။ ငါတို့ အခွင့်အရေးကို စောင့်ရမယ်။ သူ လွတ်မသွားအောင် ငါတို့ အခွင့်အရေးကို စောင့်ရမယ်။ ဒါပေမဲ့ အဲဒါတွေ မလုပ်ခင် သူ့ကို အခွင့်အရေး အရင်ပေး လိုက်မယ်”
ရှန်းတုဟန်က အေးစက်စက် ပြောလိုက်သည်။
အဲအချိန်တွင် ရှန်းဂွန်း ကလန်သား တစ်ဦးမှာ ရဲချန်ဖန်သည် ရှုံးဟီနှင့် ခမ်းစုံတို့ကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်သော သတင်းကြားပြီး ရဲချန်ဖန်ကို ဖိနှိပ်ထားရန် စီစဉ်နေလေသည်။
ရဲချန်ဖန်သည် ရှေးဟောင်း ကလန်နှစ်ခု၏ စောင့်ကြည့် အာရုံစိုက်မှုခံ နေရချိန်တွင် သူ အဖြူရောင် ကျောက်စိမ်း ဆေးစွမ်းကို စုပ်ယူပြီး သွားသည်။
သူသွေးများသည် စွမ်းအားများနှင့် ပြည့်နှက်နေပြီး မှော်အစီအရင်သာ ဖုံးကွယ်မထားလျှင် သူ့သွေး အစွမ်းများက ခေါင်မိုးကို ဖောက်ပြီး ကောင်းကင်ပေါ်တွင်ပါ မြင်ရနိုင်သည်။ သူ့သွေးများသည် ဝံပုလွေလိုပင် စွမ်းအင်များ ငတ်မွတ်နေသည့် သားရဲကြီး သကဲ့သို့ပင် ရှိနေသည်။ ဤသည်မှာ ကောင်းကင် ကျင့်စဉ် ဒုတိယအဆင့်၏ ဝိသေသ လက္ခဏာများ ပင်တည်း။
သွေးများကို စွမ်းအင်များက ထောက်ပံ့ ပေးနေပြီး သူ့ခန္ဓာကိုယ် စွမ်းအားများမှာ အလျင်အမြန် တိုးတက် လာနေပြီး ပေါင်တစ်သောင်း ငါးထောင် ဝန်းကျင်ထိ ရောက်ရှိ လာသည်။
ရဲချန်ဖန်သည် သူ၏အခြေခံ မခိုင်မာမည်ကို စိုးရိမ်ပြီး အဆင့်ကို မတက်ဘဲ ဖိနှိပ်ထားကာ သွေးမြတ်နှင့် အဖြူရောင် ကျောက်စိမ်း ဆေးစွမ်းကို ဆက်၍စုပ်ယူနေခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူသည် အဆင့်နှစ် သားရဲသခင်အဆင့် ရောက်ရှိပြီး ဖြစ်သည်။
သူအစွမ်းများ တိုးတက်လာပြီဖြစ်ရာ နောက်ထပ် အဆင့်ကိုး ဆေးလုံးနှင့် အဆင့်ရှစ် ဆေးတို့ကို ချက်ချင်း စုပ်ယူရန် မလုပ်တော့ဘဲ ခြံဝင်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက် လက်နက် နန်းတော်ဆီ သွားပြီး သူနှင့် လိုက်ဖက်သော ဝိညာဉ် လက်နက်ကို ရှာဖွေကာ သူ့အစွမ်းကို တိုးတက်စေရန် ဆုံးဖြတ် လိုက်သည်။
အခန်း ( ၆၃ ) ပြီး၏။ ( ၆၄ ) မျှော်
***