အခန်း ( ၆၂ )
ဘယ်သူက မုဆိုးလဲ။
“ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ”
ထိုအချိန်တွင် ဝိညာဉ် တိုက်ခိုက်ရေးကွင်း အစွန်နားတွင် အနက်ရောင် ဝတ်စုံနှင့် ပိန်ပိန်ပါးပါး လူငယ်လေးက ရဲချန်ဖန်ကို တွေ့သွားပြီး သူမျက်နှာတွင် အံ့အားသင့်သော အမူအရာများ ပေါ်လာလေသည်။
ထို့လူငယ်လေးက ခရမ်းရောင် တောင်တန်းထဲတွင် ရဲချန်ဖန်ကို တားဆီးခဲ့သော ကောင်းကင်မီး ဂိုဏ်းဝင်ဖြစ်ပြီး သူဆီမှ ရဲချန်ဖန်က ထိတ်လန့်ထွေပြား လက်ညှိုးသိုင်းကို ရရှိခဲ့သည်။
“သူက ကောင်းကင်မီးဂိုဏ်း ရောက်တာနဲ့ သားရဲသခင် တတိယအဆင့် နှစ်ယောက်နဲ့ နှစ်ယောက် တစ်ယောက် တိုက်ခိုက်တာပဲ။ တကယ် မယုံနိုင်စရာ ပါရမီရှင်ပဲ”
ထိုလူငယ်လေးက ရေရွတ် နေမိသည်။
ရဲချန်ဖန်၏ ပုံစံမှာ စိတ်ကြီးဝင်နေပုံ ပေါက်သော်လည်း သူ၏ ပါရမီ အစွမ်းအကြောင်း တွေးမိသောအခါ ရှုံးဟီနှင့် ခမ်းစုံတို့ကို သနားသွားမိသည်။ နဂါးကို မြွေထင်ပြီး သွားကစား နေကြခြင်းပေ။
ရှုံးဟီနှင့် ခမ်းစုံတို့၏ ကြီးမားလှသော ဖိအားအောက်တွင် ရဲချန်ဖန်၏အားက ပေါက်ကွဲ ထွက်လာ လေသည်။ သူ့သဏ္ဌာန်မှာ သားကောင်ကို သုတ်သင်တော့မည့် မုဆိုးလိုပင်။
ရဲချန်ဖန်၏ ကြီးမားသော ခန္ဓာကိုယ် စွမ်းအား ထွက်လာရာ ဘေးပတ်ဝန်းကျင်မှ လေထုများပင် တုန်ခါနေပြီး ရှုံးဟီနှင့် ခမ်းစုံတို့၏သားရဲကို စုတ်ဖြဲနေ သကဲ့သို့ ဖြစ်သွား၏။
“ဘာတုန်းဟ”
ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားကို ခံစားသိရှိသွားရာ သူတို့ အလွန်အံအားသင့် သွားပြီး ရဲချန်ဖန်ကို ကြည့်သည့် အကြည့်မှာ ပြောင်းလဲ သွားလေသည်။
ရဲချန်ဖန်၏ သားရဲသခင် ပထမအဆင့် ခန္ဓာကိုယ် စွမ်းအားမှာ သူတို့၏ သားရဲသခင် တတိယအဆင့် စွမ်းအားထက် ပိုကြီးနေမည်ဟု ဘယ်တော့ခါမှ တွေးမကြည့်ဖူးပေ။
“တကယ့် ပါရမီရှင်ပဲ။ တကယ် မယုံနိုင်စရာပဲ”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက အံ့ဖွယ် ရဲချန်ဖန်ကို ကြည့်ပြီး မတွေးတတ်အောင် ဖြစ်နေလေသည်။ တစ်ရက်အတွင်း ရဲချန်ဖန် အစွမ်းက မည်သို့ တိုးတက်လာ လေသနည်း။
တစ်ချက်မျှ ကြောင်သွားသော်လည်း ရှုံးဟီနှင့် ခမ်းစုံတို့မှာ စတင် တိုက်ခိုက် လိုက်လေသည်။ ရှုံးဟီသည် ရဲချန်ဖန်နား တိုးကပ်လာနေစဉ် ခမ်းစုံက ကြီးမားသော ဓါးကြီးနှင့် တိုက်ခိုက်ရေး မှော်အဆောင်ထုတ်ပြီး ခွဲလိုက်လေသည်။
ရှုံးဟီနှင့် ခမ်းစုံတို့သည် တိုက်ခိုက်ရာတွင် နားလည်မှု အလွန်ပြည့်ဝ နေပြီဖြစ်သည်။ သူတို့ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်ပါက အဆင့်လေး သားရဲသခင်ကိုပင် အနိုင်ယူ နိုင်စွမ်းရှိသည်။ သူတို့ မသိသည်မှာ ရဲချန်ဖန် အစွမ်းမှာ အဆင့်လေး သားရဲသခင်ကိုပင် ကျော်လွန် နေခြင်းပင်။
ရဲချန်ဖန်က အလင်းအမြန်နှုန်းအတိုင်း လှုပ်ရှားသွားပြီး အလွန် ထူးဆန်းစွာပင် ရှုံးဟီး နောက်တွင် ရောက်နေလေသည်။
“အခြေအနေ မကောင်းဘူး”
သူ့နောက်တွင် အန္တရာယ် ရှိနေကြောင်း သိလိုက်၍ ရှုံးဟီမှာ နှလုံးများ ခုန်သွားပြီး ရှောင်ရန် ကြိုးစား လိုက်သည်။
ရဲချန်ဖန်က အစွမ်းပေါင်း တစ်သောင်းကျော်ဖြင့် တိုက်ခိုက်လိုက်သဖြင့် ရဲချန်ဖန် ခြေအောက်ရှိ သံမဏိစင်ပင် လှုပ်ခါသွားပြီး ရှုံးဟီ၏ရှောင်တိမ်းမှုမှာ နှေးကွေး သွားလေသည်။
ရဲချန်ဖန်လက်သီးက ရှုံးဟီ နောက်ကျောကို မိမိရရ ထိမှန်သွားပြီး ရှုံးဟီ၏ အကာအကွယ် ဝိညာဉ်စွမ်းများ ကျိုးပျက်သွားလေသည်။ ရှုံးဟီ၏ ကျောရိုးသည် ကျိုးကြေသွားပြီး သွေးများစွာ အန်ထွက် လာလေသည်။ ထို့နောက် မြေပေါ်သို့ ခွေခွေလေးလဲကျ သွားလေတော့သည်။
“လအရိပ်…”
ခမ်းစုံသည် ရှုံးဟီ ဒဏ်ရာ ရသွားသည်ကို မြင်ပြီး သူ့မျက်ဝန်းမှာ ကျဉ်းမြောင်းသွားသည်။ အလွန်ဒေါသ ထွက်လာကာ လက်ထဲမှ အဆင့်နိမ့် ဝိညာဉ်အဆင့် ဓါးဖြင့် သူ၏ အစွမ်းအထက်ဆုံး သိုင်းဖြစ်သော အလယ်အလတ်အဆင့် ဝိညာဉ်သိုင်းကို ထုတ်သုံး လိုက်လေသည်။
လအရိပ် ဓါးကွက်ကို အဆင့်နိမ့် ဝိညာဉ်အဆင့် ဓါးဖြင့် ပူးပေါင်း အသုံးပြုလိုက်ရာ အစွမ်းမှာ ကြောက်မခန်းလိလိ တိုးလာလေသည်။ ဓါးချက်မှာ ကောင်းကင်ကလ ကျဆင်းလာသလိုပင် အလွန်ပြင်းထန် အစွမ်းထက်ရာ လေထုများ တဖျစ်ဖျစ် တုန်ခါ နေလေသည်။ ရဲချန်ဖန်ဆီ ဓါးချက်က မရောက်လာ သေးသော်လည်း လေထုဖိအားနှင့်ပင် သူအသားများ နာကျင်ပြီး သွေးများ စိမ့်ထွက်လာသည်။
“ကောင်းကင်မီးဂိုဏ်းက တကယ်ထူးခြား အစွမ်းထက်တာပဲ”
ခမ်းစုံက သူ၏အစွမ်းအထက်ဆုံး အကွက်ဖြင့် တိုက်ခိုက်လာ၍ ရဲချန်ဖန် မပေါ့ဆရဲချေ။ သဏ္ဌာန်မဲ့ အရိပ်သိုင်းကို အသုံးပြုလိုက်ရာ ကိုယ်ပွါးသုံးခု ထွက်လာပြီး လအရိပ် ဓါးချက်ကို ရှောင်တိမ်း လိုက်သည်။
“ခြေရာမဲ့ လက်သိုင်း…”
ရဲချန်ဖန်သည် လအရိပ် ဓါးချက်ကို ရှောင်တိမ်းလိုက်စဉ် မြေပေါ်တွင် ဒဏ်ရာရပြီး လဲနေသော ရှုံးဟီးကထပြီး ရဲချန်ဖန်၏ သေကွင်း သေကွက်ဆီ တိုက်ခိုက် လိုက်သည်။
ခြေရာမဲ့ လက်သိုင်းသည် သွေးမြွေဖမ်းလက်နှင့် အဆင့်တူဟု ပြောလို့ရနိုင်ပြီး အဆင့်မြင့် ဝိညာဉ်သိုင်းနှင့်ပါ နှိုင်းယှဉ်လို့ ရသည်။ သို့သော် ခြေရာမဲ့ လက်သိုင်းကို လေ့ကျင့်အောင်မြင်ရန် အလွန်ခက်ခဲ လှသည်။
သို့သော် ရှုံးဟီ၏ အစွမ်းနှင့်ဆိုလျှင် ခြေရာမဲ့ လက်သိုင်းကို အမြင့်ဆုံးအဆင့်ထိ မလေ့ကျင့် နိုင်သေးပေ။ ထို့ကြောင့် ခြေရာမဲ့ လက်သိုင်းအစွမ်းမှာ များစွာ အားပျော့နေသည်။
“သွေးမြွေဖမ်းလက်…”
ရဲချန်ဖန် ရှေ့ခြေတစ်လှမ်း တိုးလိုက်ပြီး သွေးမြွေဖမ်းလက်ဖြင့် တိုက်ခိုက်လိုက်ရာ ခြေရာမဲ့ လက်သိုင်းကွက်မှာ ပျက်စီး သွားသည်။ အလွန်ပြင်းထန်သော အားက ရှုံးဟီ၏လက်မောင်းကို ဖောက်ဝင်သွားပြီး သွေးများ ဖြာကျလာပြီး ကိုယ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ သွားသည်။ ရှုံးဟီ၏ ပုံစံမှာ ကြိုးပြတ်သည့် စွန်နှယ် အဝေးသို့ လွှင့်စဉ်ပြီး စင်ပေါ်မှ ပြုတ်ကျ သွားသည်။ ရှုံးဟီ တစ်ယောက် ရှုံးသွားလေပြီ။
“ရှုံးဟီက ရှုံးသွားပြီ”
ခမ်းစုံ တစ်ယောက်သည် ရှုံးဟီ ဘယ်လောက် အစွမ်းထက်လဲ သူသာ သိသည်။ သူပင် ရှုံးဟီကို အနိုင်ယူရန် မလွယ်ပေ။ သို့သော် ရဲချန်ဖန်မှာ လွယ်လွယ်ကူကူ ကန်ကြောက် အနိုင်ယူ သွားလေသည်။ ဒါက ခမ်းစုံကို ချောက်ချား သွားစေသည်။
သူ ဒီတစ်ခါ အန္တရာယ်နှင့် ရင်ဆိုင်ရလေပြီ။ သူ ဒီကစားပွဲကို ရှုံးဖို့ များသွားလေပြီ။
ခမ်းစုံ တွေဝေနေစဉ် ရဲချန်ဖန် ခြေထောက်က လှုပ်ရှားသွားပြီး ခမ်းစုံကို ဆက်၍ တိုက်ခိုက် လိုက်သည်။
အဆင့်နိမ့် ဝိညာဉ်အဆင့် ဓါးဖြင့် တိုက်ခိုက်နေသဖြင့် ခမ်းစုံအစွမ်းမှာ ရှုံးဟီထက် မြင့်မားသည်။ သို့သော် အရိပ်မဲ့ သဏ္ဌာန်သိုင်းဖြင့် ရဲချန်ဖန်က ရှောင်တိမ်းနေသဖြင့် ခမ်းစုံ တိုက်ခိုက်မှုမှာ အရှာမထင်ပေ။
တဖြည်းဖြည်း ခမ်းစုံ ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးလာပြီး အားပျော့ လာသည်။ အရှိန်မှာ တဖြည်းဖြည်း ပိုနည်းလာကာ အစွမ်းမှာလည်း အများကြီး ကျသွားလေသည်။
ထိုအချိန်တွင် ရဲချန်ဖန်၏ ကိုယ်ခန္ဓာ စွမ်းအားမှာ ပေါင်တစ်သောင်းကျော်ရာ သူ့တိုက်ခိုက်မှုမှာ ပိုပြင်းထန်လာပြီး ခမ်းစုံကို တဖြည်းဖြည်း အသာစီးမှ တိုက်ခိုက် လာနိုင်သည်။
တစ်ချက်တွင် ခမ်းစုံက တိုက်ခိုက် လိုက်ချိန်တွင် ဟာကွက်ပေါ်လာရာ ရဲချန်ဖန်က ထိုအခွင့်အရေးကို အမိအရ အသုံးချလိုက်ပြီး ခမ်းစုံထံ ဖျက်ဆီး လက်အရိပ် လက်ညှိုးဖြင့် ထိုးလိုက်ရာ ခမ်းစုံ အကာအကွယ်များ ပျက်စီးသွားပြီး ဒဏ်ရာရသွားကာ သွေးများ အဝတ်တွင် စိုရွှဲသွားလေသည်။
“မင်းက အခုထိ အရှုံးမပေးသေး ဘူးလား”
ဒဏ်ရာရပြီး မြေပေါ်လဲကျ သွားသော ခမ်းစုံကို ဝိညာဉ်စွမ်းအား ထုတ်ပြီး ဖိနှိပ် လိုက်လေသည်။
“ငါ…ငါ အရှုံးပေး ပါတယ်”
ခမ်းစုံသည် ရဲချန်ဖန်ကို အလွန်ကြောက်ရွံ့သွားသည်။ ရဲချန်ဖန်၏ ဖိအားက သူနောက်ဆုံး ခုခံမှုကို ကျိုးပျက် သွားစေသည်။ နောက်ဆုံးတွင် သူ အရှက်ရစွာနှင့် အရှုံးပေး လိုက်ရသည်။
အခန်း ( ၆၂ ) ပြီး၏။ ( ၆၃ ) မျှော်
***