Switch Mode

Chapter – 59

Chapter – 59

ဂိုဏ်းချုပ်က
‘ချန်းရန်ရှန်းတန်မင်းသူတော်စင်ဖြစ်သွားပြီ’လို့
ပျော်ရွှင်စွာပြောလိုက်တယ်၊ ဂျင်ချန်က
‘ခုမှလက်နက်ပုံဖော်လိုပြီးတုန်းရှိပါသေးတယ်’
လို့ ပြောလိုက်တယ်၊
‘မင်းကအမြင့်ဆုံးအဆင့်သူတော်စင်လား အလယ်အလတ်လား ဆိုတာတော့ငါလည်းမသဲကွဲသေးဘူး’
လို့ဂိုဏ်းချုပ်ကပြုံးပြီးထပ်ပြောလိုက်တယ်၊တကယ်ကိုပဲ
ဂျင်ချန်ရဲ့အစွမ်းကမှန်းမရဘူး၊ဒီလောက်ချီတွေ အများကြီးစုပ်ယူနိုင်တာကိုသူတခါမှမတွေ့ဖူးဘူး၊ ဂျင်ချန်ဘယ်လိုနည်းတွေများသုံးပြီး
တောင့်ခံနိုင်ခဲ့လဲတော့သူမသိဘူး၊ဒါပေမယ့်ဒီပုံအတိုင်းဆိုဂျင်ချန်အဆင့်က
အခြေခံသူတော်စင်တေ့ာမကဘူးဆိုတာ
သိတယ်၊ဂျင်ချန်ကအခြေခံအဆင့်ကိုကျော်ပြီး အလယ်အလတ်အဆင့်ကိုရောက်တာမြင်ရတာသူအနေနဲ့သိပ်ကိုဝမ်းသာမိတယ်၊ဒီအတိုင်းဆို
ကျောင်းတော်ကြီးကဂျင်ချန်လိုလူတော်ပါရမီရှင်ကြောင့်ဂုဏ်တက်မှာကိုတွေးရင်းပျော်နေတယ်၊
ဂျင်ချန်က

`ကျွန်တော်ကခုမှလက်နက်ပဲ
ပုံဖော်ရသေးတာဆိုတော့အခြေခံအဆင့်စွမ်းအားပဲရှိသေးတာပါဂိုဏ်းချုပ်’
လို့ပြောလိုက်တယ်၊ဂိုဏ်းချုပ်ကသူအနေနဲ့ချီတွေ
အကုန်ယူနိုင်တယ်ထင်လို့ပြောနေတာသူသိတယ်လေ၊
‘ဘာအခြေခံအဆင့်ပဲရှိသေးတယ်ဟုတ်လား’
ဆိုပြီးတယောက်ကပြောလိုက်တယ်၊အသံရှင်က
ဂိုဏ်းချုပ်နောက်မှာရပ်နေတဲ့ပိုင်အန်းပဲဖြစ်တယ်၊သူကမယုံနိုင်တဲ့အကြည့်နဲ့ဂျင်ချန်ကိုကြည့်နေတယ်၊
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊မင်းကဒီလောက်
ချီတွေအများကြီးစုပ်ယူထားတာ၊အခြေခံအဆင့်လုံးဝမဖြစ်နိုင်ဘူး’
လိုထပ်ပြောလိုက်တယ်ဂျင်ချန်က
‘ကျွန်တော်လဲမသိဘူး’
လို့မချိပြုံးနဲ့ပြောလိုက်တယ်၊သူကျင့်ကြံရာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာမပြောပြချင်ဘူးလေ၊
‘ကဲချန်းရန်ရှင်းတန်လည်းဘာမှမဖြစ်ဘူးဆိုတော့ တိုလည်းသွားရအောင်လေ’
ဂျင်ချန်ကိုကြည့်ပြီးဂိုဏ်းချုပ်က

‘မင်းကအခုမှအခြေခံအဆင့်ပဲရှိသေးတော့
လက်နက်ကိုကျွမ်းကျင်လာအောင်လေ့ကျင့်ပါ၊’
လို့ပြောပြီးကျန်တဲ့သူတွေနဲအတူထွက်ခွာသွားတယ်၊ အဆောင်ထဲကထွက်လာပြီးနောက်မှာပိုင်းအန်းက
‘ဂိုဏ်းချုပ်ချန်းရန်ရှင်းတန်ကဒီလောက်
ချီတွေအများကြီးစုပ်ယူထားတာတောင်အခြေခံအဆင့်ပဲ
ရှိသေးတာမထူးဆန်းဘူးလား’
လို့သိလိုစိတ်အပြည့်နဲ့ပြောလိုက်တယ်၊ဂိုဏ်းချုပ်က
‘ဟုတ်တယ်ဒီကိစ္စကတော်တော်ကို
ထူးဆန်းတဲ့ကိစ္စဖြစ်ရင်ဖြစ်ဒါမှမဟုတ်ဒီကောင်လေးမှာ တိုတွေမသိနဲ့လျို့ဝှက်ချက်ရှိယင်ရှိဒီနှစ်ခုတခုခုပဲ၊
မဟုတ်ရင်တော့သူဘယ်နည်းနဲ့မှချီတွေ ဒီလောက်အများကြီးမယူနိုင်ဘူး၊’
လိုပြောလိုက်တယ်၊ထပ်ပြီးတော့
‘ဒီကိစ္စကိုတို့တွေထပ်မဖော်ကြရင်ကောင်းမယ်၊
ခုချိန်ကစပြီးဒီကလေးကပြသနာအကြီးကြီးမရှာသရွေ့ တိုတွေသူကိစ္စကိုဝင်မစွက်ဖက်ပဲနေရအောင်၊သူက
ပါရမီရှင်ပဲလေ၊သူလမ်းကြောနဲသူကျင့်ကြံပါစေ၊ အခက်အခဲတွေမကျော်ဖြတ်ဘဲဘယ်သူမှ

အားမကောင်းဘူး၊အဆင်ပြေပြေ
သက်တောင့်သက်သာဖြစ်နေရင်အသုံးမကျ
ဖြစ်သွားမယ်’
လို့ပြောလိုက်တယ်၊
‘ဟုတ်ကဲ့ကျွန်တော်နားလည်ပါတယ်’
လို့ပိုင်အန်းကလေးလေးစားစားပြန်ပြောလိုက်တယ်၊ သူတို့ကျောင်းတော်ကပါရမီရှင်ထွက်နိုင်ဖို့ဘာပဲဖြစ်ဖြစ် လုပ်ရမယ်လေ၊
ဂိုဏ်းချုပ်ကကောင်းကင်ကိုမော့ကြည့်ပြီး
`ဒီကလေးကခုမှ၁၅နှစ်ပဲရှိသေးတယ်၊ဒီအရွယ်နဲ့
သူတော်စင်ဖြစ်ဖို့ဆိုတာချန်းယွမ်နယ်မြေမှာအတော်ကို ထူးဆန်းတယ်၊ကြည့်ရတာတကယ်ကိုပါရမီရှင်ပဲ
ထင်ပါရဲ့၊လမ်းမချော်သွားဖို့ပဲဆုတောင်းရမယ်၊
မဟုတ်ရင်ဂီဆန်နိုင်ငံအတွက်တကယ့်ကိုနစ်နာမှာ၊ချန်းရန်အုပ်စုဘိုးဘေးပျောက်နေလို့သာ၊သူသာ
ရှိနေရင်သူ့အစီအစဉ်တွေအောင်မြင်နေလောက်ပြီ’ လို့တိုးတိုးလေးရေရွတ်ပြောဆိုလိုက်တယ်၊
ဂိုဏ်းချုပ်တို့ထွက်သွားပြီးနောက်ဂျင်ချန်ဟာ ကုတင်ပေါ်ထိုင်ပြီးသူရဲ့ချီနယ်မြေထဲက
တောက်ပနေတဲ့မိုးပြာရောင်နဲခရမ်းရောင်အလင်းတွေကို

ကြည့်လိုက်တယ်၊အဲဒါတွေကဘာတွေမှန်း
သူမသိရုံသာမကဘဲထိန်းချုပ်လို့လည်းမရတော့ သူသက်ပြင်းချလိုက်တယ်၊ထိုင်တွေးနေရင်
အချိန်ကုန်ရုံပဲမို့အဖက်မလုပ်တော့ဘူးလိုပဲ သူတွေးလိုက်တယ်၊သူကတခါသေဖူးပြီးအတွေ့အကြုံတွေလည်းများခဲ့ပြီလေ၊
သူအမေရဲ့မေတ္တာကလွဲရင်သူတခြားဘာကိုမှ ဂရုစိုက်မနေဘူး၊
ဂျင်ချန်ကအသက်ပြင်းပြင်းရှူပြီးစိတ်ကိုတည်ငြိမ်အောင် ထားလိုက်တယ်၊သူရဲ့ညာလက်ကိုပဲ
အာရုံစိုက်လိုက်တဲ့အခါနှလုံးတချက်ခုန်သွားပြီး လက်ထဲမှာဓားရှည်တချောင်းရောက်လာတာကို
တွေ့လိုက်တယ်၊
ဓားရှည်ဟာပါးလွှာလွန်းပြီးငွေဖြူရောင်တောက်ကာ မှန်တချပ်လိုပဲကြည်လင်နေတယ်၊
ဓားက၄ပေလောက်ရှည်ပြီးလက်၂လုံးလောက်
ကျယ်တယ်၊ ဓားရိုးနားမှာ အလင်းလေလိုထွင်းထားတယ်၊ဓားပုံစံကဂျင်ချန်ရဲ့အရင်ဘဝကဓားနဲ့
ခပ်ဆင်ဆင်တူတယ်၊အလင်းလေဓားဆိုတဲ့နာမည်ကအစလာတူနေတယ်၊

ဂျင်ချန်ရဲ့ဓားပုံံစံကလျင်မြန်သွက်လက်တာကို
ကိုယ်စားပြုနေသလိုပဲ၊ဘေးပတ်ဝန်းကျင်ကို
လေရဲ့အလျင်လိုအရိပ်အထည်မမြင်ရဘဲလျင်မြန်စွာ ထိုးခုတ်နိုင်တယ်၊
အလင်းလေဓားကိုကိုင်ရင်းဂျင်ချန်ကပြုံးလိုက်တယ်၊
ဒီဓားကိုဆုပ်ကိုင်လိုက်တာနဲ့အရင်ဘဝက အကြောင်းတွေအားလုံးကို ပြန်သိလာသလိုခံစားလိုက်ရတယ်၊
တခုကွာတာကဒီဓားကသူရဲ့လက်တဘက်လိုပဲ ခံစားရတယ်၊ဓားကိုအားသုံးစရာမလိုပဲ
အလွယ်ထိန်းချုပ်နိုင်တယ်၊ပြီးတော့ဓားနဲ့စိတ်နဲ့က တသားထဲကျပြီးချိတ်ဆက်နေတယ်၊
လုံးဝကွဲပြားနေသလိုမခံစားရဘူး၊ဒါကအရင်ဘဝနဲ့ မတူတဲ့အချက်ပဲ၊
ဂျင်ချန်ကဓားကိုထိုးခုတ်လိုက်တယ်၊
ငွေရောင်အရိပ်တွေကထိုးထွက်သွားသလို
ဖြစ်သွားတယ်၊
လေထဲမှာချွင်ခနဲမြည်သံကိုကြားလိုက်ရတယ်၊ဓားကအကောင်းဆုံးသံနဲလုပ်ထားတဲ့ဓားကောင်းတလက်လိုပဲ၊

ဂျင်ချန်ကဘယ်ဘက်လက်နဲ့ဓားသွားကိုပြုံးပြီး
တယုတယနဲ့ကိုင်တွယ်လိုက်တယ်၊
ဓားသမားတွေအတွက်ကသူတို့ရဲ့ဓားက
တန်ဖိုးအရှိဆုံးဖြစ်ပြီးဘာနဲမှအစားထိုးလို့မရဘူး၊ဓားကသူတို့ရဲ့ဘဝသူတို့အသက်လိုပဲ၊ဂျင်ချန်ကလဲ
အဲဒီလိုလူတယောက်ပဲ၊
ဂျင်ချန်ကအလင်းလေဓားကိုဖန်တီးတဲ့အခါဓားကချီနယ်မြေထဲကထွက်လာပြီးသူလက်မှာ
တကယ့်ဓားအစစ်ပုံဖြစ်လာတယ်၊ဒီဓားကတိုက်ခိုက်နိုင်ရုံမကဘဲဂျင်ချန်ရဲ့
စွမ်းအင်ရင်းမြစ်တခုဖြစ်တယ်၊
ဂျင်ချန်ကဓားကိုသိမ်းလိုက်ပြီးချီနယ်မြေထဲမှာ ဓားသေးသေးလေးပြန်ဖြစ်သွားစေတယ်၊
သူတော်စင်ဖြစ်ပြီး၂ရက်အကြာမှာဂျင်ချန်ဟာသူရဲ့
ချီနယ်မြေထဲကအရောင်နှစ်ခုကိုသေချာစူးစမ်းနေတယ်၊စာကြည့်တိုက်ကိုသွားပြီးနည်းလမ်းရှာပေမယ့်
ခုထိတော့ဘာမှမတွေ့သေးဘူး၊
ဒီနှစ်ရက်အတွင်းမှာဂျင်ချန်သူတော်စင်ဖြစ်သွားပြီ
ဆိုတာတကျောင်းလုံးပြန်သွားတယ်၊ဂျင်ချန်ကျောင်းကိုစလာတုန်းကသူတော်စင်အဆင့်၈ပဲရှိသေးတာ

လူတိုင်းသိကြတယ်၊လအနည်းငယ်အတွင်းမှာပဲ
သူတော်စင်ဖြစ်သွားတော့အားလုံးကအရမ်းအံ့ဩနေကြတယ်၊အချိန်က
သိပ်မြန်လွန်းနေတယ်လေ၊အရင်ကပါရမီရှင်ချန်မင်ရှန်းရဲ့စံချိန်ကိုတောင်ချိုးသွားတယ်၊
ကျောင်းနဲ့ဝေးရာနန်းတော်ကြီးထဲကအခန်းတခုမှာ
လူလတ်ပိုင်းအရွယ်လူတယောက်က
ကျောက်မျက်ရတနာတွေနဲ့ဝတ်စုံကိုဝတ်ထားပြီး စာအုပ်တအုပ်ကိုထိုင်ဖတ်နေတယ်၊
‘အရှင်မင်းကြီးဆက်သွယ်ရေးတပ်သားရောက်လာပါပြီ’ အခန်းအပြင်ကသတင်းပို့လိုက်တယ်၊
ဒီစကားကိုကြားတာနဲ့လူကြီးကစာအုပ်ကိုချလိုက်ပြီး တံခါးပေါက်ကိုကြည့်လိုလိုက်တယ်၊’ဝင်ခဲ့’လို့
ပြောလိုက်တယ်၊ဒီလူကြီးကဧကရာဇ်ကာတီဆန်း
ဖြစ်တယ်၊
ဧကရာဇ်စကားကိုကြားလိုက်တာနဲ့အခန်းထဲကို အသက်၃၀ဝန်းကျင်လူတယောက်ဝင်လာတယ်၊
ခြေလှမ်း၃၀လောက်ရောက်တဲ့အခါဒူးထောက်လိုက်ပြီး’အရှင်မင်းကြီးခာဂဲကျောင်းကဂိုဏ်းချုပ်ဆီက
စာတစောင်ရောက်လာပါတယ်’

လိုသတင်းပို့လိုက်တယ်၊
ပုံမှန်ဆိုဧကရာဇ်ကစာတွေကိုသိပ်ဂရုမထားပေမယ့်ဂိုဏ်းချုပ်လို့ကြားတာနဲ့ချက်ချင်းပဲ
စာအုပ်ကိုချလိုက်ကာ
‘ အဲဒီစာကိုအခုပေးစမ်း’
လိုအမိန်ပေးလိုက်တယ်၊
ဧကရာဇ်ဘေးမှာရပ်နေတဲ့ကိုယ်ရံတော်တယောက်က ‘ဟုတ်ကဲ့ပါမင်းကြီး’
လို့လေးစားစွာပြောလိုက်တယ်၊သူကစာကိုလှမ်းယူပြီး
သေချာစစ်ဆေးလိုက်တယ်၊ဘာမှမရှိဘူးဆိုတာ
သေချာမှစာကိုဧကရာဇ်ဆိပေးလိုက်တယ်၊
ဧကရာဇ်ကစာကိုချက်ချင်းဖွင့်ဖောက်လိုက်တယ်၊သူကပြုံးလိုက်ပြီး
‘ဒီချန်းရန်ရှင်းတန်ကတကယ်ပါရမီရှင်ပဲ၊
သူတော်စင်အဆင့်၈နဲ့သူတော်စင်ကိုနိုင်အောင် တိုက်နိုင်ရုံမကပဲအဆင့်၁၀မှာ
နောက်ထပ်သူတော်စင်ကိုတိုက်နိုင်တယ်၊
အသပ်၁၅နှစ်လောက်နဲ့သူတော်စင်လက်နက်လဲ လုပ်နိုင်တယ်၊ဦးလေးကချီးကျူးတာလဲမပြောနဲ့
တကယ်ကိုသူတော်စင်ပဲ၊ဦးလေးကတော့တကယ်ကို

အမြင်ရှိတယ်၊ဦးလေးကဒီလောက်ချီးကျူးနေမှတော့
တခုခုတော့လုပ်ရမယ်’ လို့ပြောလိုက်တယ်၊
‘ချန်းရန်ရှင်းတန်ကချန်းရန်အုပ်စုက
သခင်လေး၄ဆိုတော့နောက်ခံကောင်းတယ်၊သူကို
ချုပ်ကိုင်နိုင်ဖို့ကမလွယ်ဘူး၊ဘာနေနေရအောင်တော့
စည်းရုံးကြည့်ရမှာပဲ၊ချန်းရန်အုပ်စုကငြိမ်နေတာ
ကြာပြီဆိုပေမယ့်အတွင်းစကားတွေအရဆိုသိပ်တော့မဟုတ်ဘူး၊သူတိုကိုအထင်သေးလို့မရဘူး၊
ငါတခုခုတော့လုပ်ရမယ်’
လို့ဧကရာဇ်ကဆုံးဖြတိချကိချပြီးသလို ဆက်ပြောလိုက်တယ်၊ချက်ချင်းပဲ
‘ မင်နဲစာရွက် ယူခဲ့ဟေ့’လိုအမိန်ပေးလိုက်တယ်၊
စာရွက်နဲမင်ရောက်လာတာနဲ့ဧကရာဇ်က စာရေးလိုက်တယ်၊ရေးပြီးတာကို
တခေါက်ပြန်ဖတ်ကြည့်ပြီးစာရွက်ကိုခေါက်ကာအခန်းထဲကထွက်သွားတယ်၊

လကိထဲမှာစာလိပ်ကိုကိုင်ထားတဲ့ဧကရာဇ်ဟာ
ကိုယ်ရံတော်တွေခြံရံပြီးအဆောင်ဆောင်ကိုဖြတ်ကာ ပန်းခြံထဲကိုရောက်လာတယ်၊
ဧကရာဇ်ရောက်လာတာတဲ့အသက်၅၀၆၀
လောက်ရှိတဲ့သူတယောက်ကအခန်းထဲကနေခြံထဲကို
ထွက်လာတယ်၊ထိုလူကြီးက
‘ဧကရာဇ်မင်းမြတ်ရောက်လာပြီကိုး၊ဒီကိုကြွပါ”လို့ခေါ်လိုက်တယ်၊
ဧကရာဇ်ကလူကြီးဆီကိုလျှောက်သွားလိုက်တယ်၊
အခန်းထဲကို မဝင်သေးဘဲ စာရွက်လိပ်ကို ကမ်းပေးကာ’အကြီးအကဲရီမင်ဒါကအရမ်းအရေးကြီးတဲ့စာ၊
ဒါကြောင့်ချန်းရန်အုပ်စုကLoreCityဆီကိုကိုယ်တိုင်ပိုစေချင်တယ်’
လို့မိန်ကြားလိုက်တယ်၊
အကြီးအကဲရဲ့မျက်နှာကပိုပြီး
အလေးအနက်ထားတဲ့ဟန် ဖြစ်လာတယ်၊စာလိပ်ကိုလှမ်းယူလိုက်ပြီး
`အရှင်မင်းကြီးစိတ်မပူပါနဲ့ကျွန်တော်ကိုယ်တိုင်
သေချာပိုလိုက်ပါမယ် ” လို့ ပြောလိုက်တယ်၊သူကိုယ်တိုင်ပို့ရမယ်ဆိုထဲက ဒီစာကပေါ့သေးသေးတော့မဟုတ်ဘူးဆိုတာအကြီးအကဲနားလည်လိုက်တယ်၊
စာပေးပြီးတာနဲ့ဧကရာဇ်ကသက်ပြင်းကြိတ်ချပြီး
`ယူးအော်နိုင်ငံတိုးတက်ဖို့နိုင်ငံရဲ့အနာဂတ်အတွက် မင်းကိုအနစ်နာခံခိုင်းရုံကလွဲပြီးအဖေမတတ်နိုင်ဘူး’ လို့တွေးလိုက်တယ်၊

Comment

Leave a Reply

Options

not work with dark mode
Reset