Switch Mode

Chapter – 58

Chapter – 58

သူခန္ဓာမှာဘာတွေဖြစ်နေမှန်း ဂျင်ချန်နားမလည်နိုင်တော့။သူသူခနဓာကိုယ်ကို မထိန်းချုပ်နိုင်တော့တာမို့
ကမ္ဘာကြီးကစွမ်းအင်တွေစုပ်ယူနေမှုကိုရပ်တန်လို့ မရခဲ့ပေ။
သူ့ကိုယ်ပိုင်ခန္ဓာက ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်ဖြင့်စွမ်းအားတွေစုပ်ယူနေတာမို့
ဂျင်ချန်ငြိမ်ငြိမ်နေလေးသာထိုင်နေလိုက်ပြီးအချိန်တွေကိုရပ်တန်စေလိုက်တော့သည်။
(ဆိုလိုတာကဂျင်ချန်ကစိတ်ကိုလွှင့်ထားလိုက်ပြီးအရာရာကိုလွျှတ်ထားလိုက်တာမျိုး…..
အချိန်ကုန်လို့ကုန်မှန်းမသိတော့တာမျိုးပေါ့)
အဆများစွာသောချီတွေသူ့ကိုယ်ထဲဝင်လာမှုကြောင့် သူပေါက်ကွဲမထွက်ခင်အချိန်မည်မျှဆက်နေနိုင်မည်ကိုဂျင်ချန်မသိ။သူပဟေဋိဖြစ်နေတာက
ဘယ်ကဘယ်လိုဒီလိုဖြစ်သွားရလဲဆိုတာကိုပါပဲ။သူရဲ့ဒန်တမ်ကချီစွမ်းအားတွေကို
ထိတ်လန်ဖွယ်ကောင်းသည့်အရှိန်ဖြင့်
ဘာလို့ရုတ်တရက်ကြီးစုပ်ယူလာခဲ့တာလဲ။သိုပေမယ့်

ဂျင်ချန်ကြောက်ရွံ့တာမျိုးတော့မဖြစ်မိချေ။ကမ္ဘာကြီးမှချီစွ
မ်းအားတွေကသူအနားမှာစုဝေးလာပြီး
ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်ဖြင့်လည်ပတ်နေရာမုန်တိုင်းတိုက်နေသည့်အတိုင်းဖြစ်နေကြောင်း
သူသိနေသည်။ချီမုန်တိုင်းက
ခါဂဲအကယ်ဒမီကိုရုန်းရင်းဆန်ခတ်ဖြစ်စေကာ
သစ်ရွက်တွေကျောက်ခဲတွေမှာလေထဲမှာမျောလွင့်နေပြီး
လေတိုးသံတဝီဝီကိုပင်ကြားနေရလေတယ်။သူဒန်တမ်ထဲဝင်လာတဲ့ချီတွေဟာ
သမုဒ္ဒရာထဲပစ်ချလိုက်တဲ့ကျောက်ခဲလိုပင်
ပြန်ထွက်ပေါ်ထွက်လာမည့်အရိပ်အယောင်မရှိချေ။ဤသည်ကိုသိလိုက်ရတော့
ဂျင်ချန်သက်ပြင်းချလိုက်မိသည်။အခုကဲ့သို့
သူဒန်တမ်ကပြဇာတ်ဆန်ဆန်ဖြစ်ပျက်သွားရသည်မှာ မည်သည်ကြောင့်မှန်းသူမသိသော်ငြား
ကမ္ဘာမြေကြီးမှရသည့်စွမ်းအားတွေကြောင့်
သူမပေါက်ကွဲနိုင်တော့မှန်းသိလိုက်ရတဲ့အတွက်ဝမ်းသာသွားရသည်။

ထိုအချိန်တွင်ခါဂဲအကယ်ဒမီအလယ်ရှိမျှော်စင်မှ
အဓိကခန်းမထဲတွင်ကျောင်းအုပ်ကြီးက
ဒေါသတကြီးအော်ဟစ်သည်။
“ဘာတွေဖြစ်နေတာလဲ။ကမ္ဘာမြေကစွမ်းအားတွေကဘာလိုပြင်းပြင်းထန်ထန်ဆွဲယူခံနေရတာလဲ”
သူကထိုသို့အော်ဟစ်အပြီးတွင်
နေရာမှပျောက်ကာပြတင်းမှလေလိုအလျှင်ဖြင့်ခုန်ထွက်သွားသည်။စက္ကန်ပိုင်းအတွင်းတွင် တည်နေရာအားရှာတွေ့သဖြင့်
လေထဲမှဆင်းသက်လိုက်သည်။ကျောင်းအုပ်က
ဂျင်ချန်၏အဆောင်ရှေ့တွင်ရပ်နေကာပဟေဋိဖြစ်စွာဖြင့်
စောင့်ကြည့်နေသည်။
ထိုနောက်အဖြူရောင်ပုံရိပ်ခပ်ဝါးဝါးတစ်ခုက
ကျောင်းအုပ်၏နောက်မီတာ၁၀၀ကျော်ခန်တွင်ပေါ်လာသည်။သူကဒုကျောင်းအုပ်ပိုင်အန်းပင်ဖြစ်သည်။
ပိုင်အန်းရောက်ပြီးချိန်တွင်
အခြားဒါဇင်ချီသောအရိပ်တွေကပိုင်အန်း၏အနောက်တွင်
ပေါ်လာသည်။
ထိုသူတွေကလည်း
အကယ်ဒမီရဲ့အစွမ်းထက်ဆုံးဆရာတွေဖြစ်ကာ

ကမ္ဘာကြီးကချီစွမ်းအားတွေကထိုသြိုပင်းပြင်းထန်ထန်စုပ်
ယူခံရပြီးကဏာမငြိမ်ဖြစ်နေသည့်အခါသူတို့က မည်သို့မသိဘဲနေမည်လဲ။
အစုအဝေးလိုက်ကြီးဖြစ်နေတဲ့
ကမ္ဘာမြေမှချီစွမ်းအားတွေကိုမြင်တဲ့အခါ
ပိုင်အန်းကအံ့သြစွာအော်ဟစ်သည်။
“ကျောင်းအုပ်ကြီးဒီမှာဘာတွေဖြစ်နေတာများလဲ။ ဘာလိုချီစွမ်းအားတွေက
ဒီနေရာမှာလာစုစည်းနေတာလဲ”
ကျောင်းအုပ်ကစူးစိုက်ကာအာရုံခံနေရင်းမှ
လေသံအေးအေးဖြင့်ပြန်ပြောသည်။
ကျောင်းအုပ်ကရှေ့တိုးသွားတဲ့အခါ
ပိုင်အန်းကနောက်မှလိုက်မသွားခင်နောက်လှည့်ကာဖြင့်“ဒီမှာနေခဲ့ကြ။တစ်ယောက်မှရှေ့မတိုးလာရဘူး”
ဆရာတွေကလည်း ကျောင်းအုပ်နောက်မှလိုက်၍အဖြစ်မှန်ကိုသိလိုကြသည်ပဲဖြစ်သည်။သိုသော်ပိုင်အန်း၏အမိန်ကြောင့်မူလနေရာတွင်သာ
နာခံစွာရန်နေလိုက်ကြသည်။သူတိုတွေ
ဒုကျောင်းအုပ်ကိုမလေးမစားမလုပ်ရဲပါပေ။

ထိုအခါကျောင်းအုပ်နှင့်ပိုင်အန်းက
ကမ္ဘာမြေချီစွမ်းအားတွေစုစည်းနေသည့်ဂျင်ချန်၏အခန်းရှေ့အပြင်ဘက်တံခါးသို့
လျှောက်သွားလိုက်ကြသည်။
ပိုင်အန်းကတံခါးကိုခေါက်လိုက်သည့်အခါတွင်
တံခါးကရုတ်ချည်းအစိတ်စိတ်အမွှာမွှာဖြစ်သွားကာ
ဂျင်ချန်ကိုသူတိုမြင်လိုက်ကြရသည်။လူတစ်ယောက်ကကုတင်ပေါ်တွင်
တင်ပလ္လင်ခွေထိုင်ကာလေ့ကျင့်နေသည်။များပြားလှသောချီစွမ်းအားတွေက
ဝန်းရံထားသည်ကြောင့်
ခန္ဓာအားခပ်ဝါးဝါးသာမြင်ရတော့သည်။
“ဒါသူသူကချင်းယန်ရှင်းတန်မဟုတ်လား။ဘယ်လို ဘယ်လိုဖြစ်လို့ဒီလောက်မြန်မြန်စုပ်ယူနေနိုင်တာလဲ” ပိုင်အန်းကထိတ်လန်စွာရေရွတ်သည်။
ကျောင်းအုပ်ပင်ဆွံ့အနေမိသည်ပဲဖြစ်သည်။
ဒီလောက်များပြားတဲ့ချီစွမ်းအင်တွေစုဝေးစေသည်မှာလူတစ်ယောက်ကလေ့ကျင့်နေသည်ကြောင့်ဟု
သူတို့မထင်ခဲ့။ဒါ့အပြင်စုပ်ယူသည့်နှုန်းကလည်းအတော်မြန်သည်ပဲဖြစ်သည်။

ကျောင်းအုပ်ကဂျင်ချန်အားအာရုံစိုက်ကာစူးစမ်းနေရင်းမှ
သက်ပြင်းချကာပြောသည်။
“ဒီကလေးကသာမန်မဟုတ်ဘူးပဲ”
ဤသည်ကိုပိုင်အန်းကသဘောတူထောက်ခံသည်။“အမှန်ပဲ။ချင်းယန်ရှင်းတန်ကသာမန်ကလေး
မဟုတ်ဘူး”
ပိုင်အန်းကအရင်ကတည်းကချင်းယန်ရှင်းတန်ကသာမန်ကလေးတွေနှင့်မတူကြောင်း
အသိအမှတ်ပြုထားပြီးသားဖြစ်သည်။
“ကျောင်းအုပ်ကြီးကျွန်တော်တိုအခုဘာလုပ်ကြမလဲ” “ငါတို့စောင့်ကြတာပေါ့”
ဂျင်ချန်နိုးထားသည်ကိုစောင့်ဖိုအတွက်
ကျောင်းအုပ်နဲပိုင်အန်းတို့
အခန်းတံခါးအပြင်လောက်တွင်ရပ်နေလိုက်ကြသည်။သူတို့အခန်းထဲကိုဝင်မနေခဲ့ဂျင်ချန်၏လေ့ကျင့်ရေးတွင် အနှောက်အယှက်ဖြစ်သွားမည်ကို
သူတို့စိုးရိမ်ကြ၍ဖြစ်သည်။ ဂျင်ချန်က ကျောင်းအုပ်တွေ
အခန်းရှေ့ရောက်ကတည်းကသိပြီးသားဖြစ်သည်။သိုပေမယ့်သူ့ခန္ဓာကိုယ်ကို

သူပင်မထိန်းချုပ်နိုင်သေးတာမို့သူမလှုပ်ရှုားဖြစ်ခဲ့။
သူလက်ထဲကအဆင့်၄မှော်ဝင်သားရဲအမြုတေက
ပင်းပေါင်ဘောလုံးအဖြစ်သေးငယ်သွားခဲ့ပြီဖြစ်သည်။ ခဏကြာသည့်အခါ
ဂျင်ချန်လက်အတွင်းမှအဆင့်၄မှော်ဝင်သားရဲအမြုတေက
လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ထိုအခါ
သူဒန်တမ်ထဲတွင်
အဖြူရောင်အစက်ကလေးပေါ်လာသည်။ထိုအစက်ပေါ်လာသည့်အခါ
ကမ္ဘာကြီးကစွမ်းအားတွေကို စုပ်ယူသည့်နှုန်းကအရင်ထက်အဆများစွာပိုမြန်လာသည်။ယခုအခါ
မိုင်အတော်ဝေးဝေးကချီစွမ်းအားတွေကပါဂျင်ချန်ရှိရာသို့ အလုံးအရင်းဖြင့်ဝင်လာကြကာ
အဆက်မပြတ်စုပ်ယူနေသည်။
ဂျင်ချန်၏ချီစွမ်းအားစုပ်ယူနှုန်းကမြန်လာသည့်အတွက် သူကိုလွှမ်းခြုံနေသည့်မြူတွေက
သာမန်မျက်စိဖြင့်မြင်နိုင်လောက်အောင်ပီသလာသည်။ထိုအဖြူရောင်မြူတွေက
ဂျင်ချန်ကိုယ်အားဖျော့တော့စွာကာကွယ်ထားသည်က ယခင်ကထက်ပိုအံ့သြဖွယ်ကောင်းလာတော့သည်။

ထိုမြူတွေကိုယခင်က
ကျောင်းအုပ်နဲပိုင်အန်းတိုမမြင်ခဲ့ရကြသည်မို့ အခုမြင်လိုက်ရသည့်အခါ
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဖြင့်ဆွံ့အသွားကြသည်။
နေ့တစ်ဝက်ခန်ချီစွမ်းအားတွေကိုစုပ်ယူပြီးနောက်မှာ
နောက်ဆုံးတွင်တော့ရပ်တန်သွားလေပြီ။
သူသွန်းလုပ်ထားတဲ့သူတော်စင်ဓားမှာလည်း
ရုပ်လုံးပေါ်လာလေပြီ။သူဒန်တမ်ထဲရှိ အဖြူရောင်အလင်းမှုန်က
တဖြေးဖြေးရုပ်လုံးပေါ်လာသည်။ထိုအမှုန်ကသိပ်မသိသာပေမယ့်
အလွန်အမင်းစွမ်းအားတွေပြည့်နေမည့်ပုံကတော့အမှန်ပင်။
ဒန်တမ်ထဲရှိ
အဇုရာစွမ်းအင်တွေနဲပြင်းထန်တဲ့စွမ်းအားရှိပုံပေါ်သည့်အလင်းမှုတွေကမျှတသွားသည့်အခါ
ဂျင်ချန်သူ့ရင်ထဲလေးသွားသလိုခံစားလိုက်ရသည်။ ဒီလိုသူကိုယ်တိုင်မထိန်းချုပ်နိုင်သည့်
အခြေအနေရှိလာမည်ဟုသူမတွေးခဲ့ဖူးခဲ့။

ဒီစွမ်းအားပြင်းထန်လာသည့်အလင်းမှုန်တွေကသူမထိန်းချုပ်နိုင်သည်အထိ အရှိန်ပြင်းပြင်းဖြင့်ချီစွမ်းအားတေစုပ်ယူသည့်ဖြစ်စဉ်နှင့်
ဆက်စပ်နေလိမ့်မည်ဟုသူထင်သည်။
ကမ္ဘာမြေကြီးကချီစွမ်းအားတွေကိုစုပ်ယူပြီးမှသာ
ထိုအလင်းမှုန်နှင့်အဇုရာစွမ်းအားတွေကပုံပေါ်လာခဲ့ခြင်းြ
ဖစ်သည်။
“ဒီနှစ်ခုကတစ်မျိုးမျိုးနဲ့ဆက်စပ်နေလိမ့်မယ်” ဂျင်ချန်သူ့ဘာသာတွေးတောလိုက်သည်။
သည်အချက်က
သူသိချင်နေသည့်အချက်လည်းဖြစ်သည်။သိုရာတွင် ဂျင်ချန်ကိုသံသယဖြစ်စေတာကသူဒန်တမ်ထဲကထူးခြားတဲ့ဒီအလင်းမှုန်က
ဘာဖြစ်မယ်ဆိုတာနဲ့၊ဘာလုပ်မှာလဲဆိုတာကိုပဲ။
သူအတွက်ရော အန္တရာယ်ဖြစ်စေမှာလား။ဤသည်ကသူကိုစိတ်မချဖြစ်နေစေသည့်
တစ်ခုတည်းသောအချက်ဖြစ်သည်။
ခဏမျှတုန်ဆိုင်းနေပြီးနောက်တွင်အဇုရာနှင့်
ပြင်းထန်သည့်အလင်းမှုန်တွေကိုထိန်းချုပ်ဖို့ ဂျင်ချန်ကြိုးစားကြည့်လိုက်သည်။သိုရာတွင်

လေ့ကျင့်မှုအချို့လုပ်ပြီးနောက်
သူအာရုံကလေးနက်လာသည်။
အသေးစိတ်လေ့ကျင့်ပြီးနောက်အလင်းမှုန်တွေကိုရှင်းလင်းစွာသူမြင်နိုင်လာသည်။ ထိုအလင်းမှုန်ကသူဒန်တမ်ထဲတွင်တံလျှပ်တစ်ခုကဲ့သို့ရှိနေကြောင်း သူရုတ်တရက်သတိထားမိသွားသည်။
သူထိုတံလျှပ်အားဖြတ်ကာမြင်နိုင်လာသလို
ကောင်းစွာထိန်းချုပ်၍လည်းရလာသည်။စွမ်းအားလေ့ကျင့်သူတစ်ယောက်မှာ
ဒန်တမ်နေရာကအရေးအကြီးဆုံးဖြစ်သည်။
သူဒန်တမ်ကထိန်းချုပ်မှုအောက်ကလွတ်သွားပြီး
ယခုကဲ့သိုဖြစ်လာမည်ဟုသူမမျှော်လင့်ဘူးခဲ့။ယခုတော့ ထိုတံလျှပ်ဖြင့်အရေးကြီးချိန်မှာ
တစ်ဖက်ကိုသေသည်အထိထိုးနှက်လာနိုင်တော့မည်ဖြစ် သည်။
“ဒါကကောင်းကောင်းဆိုးဆိုးကွာငါပြောင်းလိုရမှာမှမဟုတ်တာ။
စိတ်ထဲထားမနေတော့ဘူး”
သူကအချိန်တန်ရင်သေရမည့်လူတစ်ယောက်သာဖြစ်တယ်။ဒါကြောင့်

တချို့ကိစ္စတွေမှာအကြာကြီးစိတ်ရှုပ်မခံသင့်ပေ။အခု သူခန္ဓာကသူ့ထိန်းချုပ်မှုအောက်ကိုပြန်ရောက်လာပြီပဲ အခြားအရာတွေကိုထပ်တွေးမနေတော့ဘူး။
ဂျင်ချန်ကဖြေးညှင်းစွာမျက်လုံးဖွင့်လိုက်သည်။သူအကြည့်တွေကတည်ငြိမ်လျက်….
သူတော်စင်ဖြစ်လာသည်က
စိတ်လငပ်ရှုားဖိုကောင်းလောက်ပေမယ့်
အစောကဖြစ်သွားခဲ့သည်တွေကြောင့်သူမပျော်နိုင်ပေ။ဂျင်ချန်မျက်လုံးဖွင့်လာတာကိုမြင်တော့
ကျောင်းအုပ်နဲပိုင်အန်းတို့
ဂျင်ချန်ဆီလျှောက်လာကြသည်။
ကျောင်းအုပ်တိုသူဆီလာနေတာကိုမြင်တော့
ဂျင်ချန်ကအိပ်ယာပေါ်မှထကာနှုတ်ဆတ်သည်။“ကျောင်းအုပ်၊ဒုကျောင်းအုပ်”
ကျောင်းအုပ်၏မျက်နှာတွင်အပြုံးအကြီးကြီးရှိနေကာသူကပြောသည်။
“ချင်းယန် ရှင်းတန် မင်းချီစွမ်းအားတွေကိုစုပ်ယူလိုက်တာကပုံမှန်မဟုတ်ဘူး။
မင်းရဲ့လေ့ကျင့်မှုကပြဿနာရှိနေလား။ရှိနေရင် ထိန်ချန်မနေဘဲငါ့ကိုပြောလိုရတယ်။ငါကူညီမှာပါ”

ကျောင်းအုပ်ကလေးနက်စွာပြောသည်။
“စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
ကျောင်းအုပ်ကြီးခင်မျာ
ကျွန်တော့်ဆီမှာဘာပြဿနာမှမရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်”
သူဒန်တမ်ထဲကပြဿနာကို
ကျောင်းအုပ်ကဖြေရှင်းပေးနိုင်မည်ဟုသူမထင်ပေ။ထိုကြောင့်ပြောပြနေမည့်အစား
တိတ်တိတ်နေလိုက်တာပိုကောင်းမည်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset