Switch Mode

Chapter – 49

ဂျီချင်ရွှယ် အန္တရာယ်နှင့် တွေ့ကြုံခြင်း

အခန်း (၄၉)
ဂျီချင်ရွှယ် အန္တရာယ်နှင့် တွေ့ကြုံခြင်း

“တော်တော်လှတဲ့ မိန်းကလေးပဲ”

အရပ်ရှည်ရှည် နဖူးပြောင်ပြောင်နှင့် လူဘီလူးကြီးသည် လှပသော ဂျီချင်ရွှယ်ကို ကြည့်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။

“ဝမ်ဖေးဟုန်၊ ငါတို့ အတူတူ တိုက်ရအောင်။ ငါတို့ တူတူတိုက်ရင် ဖောက်ထွက်လို့ ရနိုင်တယ်”

ဂျီချင်ရွှယ်က သူ့ကို လူဘီလူးကြီး ကြည့်သည့် အကြည့်ကို အလွန်စက်ဆုပ်နေပြီး သူ့အဖော်ကို အော်ဟစ် သတိပေးလိုက်သည်။

“ဖောက်ထွက်မယ် ဟုတ်လား။ မင်းတို့ အစွမ်းလေးနဲ့ ရမယ်ထင်လား”

လူဘီလူးကြီးက ပြက်ရယ်ပြုလိုက်သည်။ ထို့နောက် သူ့ကိုယ်မှ အလွန်ကြောက်စရာ ကောင်းသော အော်ရာများ ထွက်ပေါ်လာပြီး ဂျီချင်ရွှယ်နှင့် သူ့အဖော်ကို ဖိနှိပ် လိုက်လေသည်။ သူတို့ ချက်ချင်းပင် အသက်ပင် ရှူလို့မရ ဖြစ်လာလေသည်။

လူ့ဘီလူးကြီးထံမှ အစိမ်းရောင် အလင်းတန်းနဲ့အတူ ရေဘဝဲတစ်ကောင် ထွက်ပေါ် လာလေသည်။ ရေဘဝဲကြီး၏ ပျော့ပျောင်းသော လက်တံများက ဂျီချင်ရွှယ်ကို ဖမ်းချုပ် လိုက်လေသည်။

“အဆင့်နှစ် သားရဲသခင်လား”

လူဘီလူးကြီး၏ အစွမ်းကို သိလိုက်ပြီးနောက် ဂျီချင်ရွှယ် မျက်နှာလေးသည် အလွန်ကြောက်လန့် တုန်လှုပ် သွားလေသည်။

၎င်းသည် ကောင်းကင် မီးဂိုဏ်းဝင်ဖြစ်ပြီး ပင်ကိုပါရမီ ကောင်းမွန်မှုကြောင့် ဂိုဏ်းက သေချာ ကြပ်မတ် သင်ကြား ပေးထားရာ ကိုယ့်ထက် အဆင့်မြင့်သော သူများကိုပင် အဆင့်ကျော်၍ ယှဉ်ပြိုင် တိုက်ခိုက် နိုင်စွမ်း ရှိလေသည်။

ထို့အပြင် လူဘီလူးကြီး၏ အစွမ်းမှာ သူတို့ထက် များစွာ သာလွန်နေပြီး အစွမ်းထက်သော ဝိညာဉ်သိုင်းများကိုလည်း တတ်ကျွမ်းထားရာ ဂျီချင်ရွှယ်တို့ အနေဖြင့် ဖောက်ထွက်ရန် မည်သို့မှ မဖြစ်နိုင်ချေ။

“ဒီက အစ်ကိုကြီး၊ ကျွန်တော်က တော်ဝင်မြို့တော်ကပါ။ ဒီမိန်းမပျိုလေးက ဂျီကလန်ရဲ့ သခင်မလေးပါ။ ဒါကြောင့် ကျွန်တော်တို့ကို မျက်နှာလွှဲပြီး လွှတ်ပေးပါလား။ ပြိုင်ပွဲပြီးတာနဲ့ အစ်ကိုကြီးကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”

သူတို့ ဘယ်လိုမှ မယှဉ်နိုင်မှန်း သိလိုက်သောကြောင့် ဂျီချင်ရွှယ်၏ အဖော် ဝမ်ဖေးဟုန်က တောင်းပန်လိုက်လေသည်။

“ဂျီသခင်မလေးကိုး။ မင်းက ဂျီချင်ရွှယ်ပဲ။ ဇီကျင်နိုင်ငံရဲ့ အလှဆုံး နတ်မိမယ်လေးပါလား”

လူဘီလူးကြီး မျက်လုံးက အရောင် ပိုမိုတောက်ပလာကာ ဂျီချင်ရွှယ် ဘယ်သူလဲကို သိသွားသည်။

“ဟုတ်တယ်။ ကျွန်မက ဂျီကလန်က သခင်မလေးပဲ။ အစ်ကိုကြီးသာ လွှတ်ပေးမယ်ဆို ငွေဒင်္ဂါး တစ်သန်းနဲ့ ငွေလတ်မှတ် နှစ်စောင် ပေးပါမယ်”

သူမ၏ ဆွဲဆောင်မှု ရှိသော နှုတ်ခမ်းများက တုန်ခါနေပြီး သူမ ကတိပေး လိုက်လေသည်။

“ဟားဟား၊ ငါက သဘောမတူဘူး ဆိုရင်ကော”

လူဘီလူးကြီးက လှပသော ဂျီချင်ရွှယ် မျက်နှာလေးကို ကြည့်ပြီး သူ့ခေါင်းထဲတွင် တခြား အကြံအစည်များကို တွေးနေလေသည်။

“ဘယ်လိုလုပ်မှ အစ်ကိုကြီးက လွှတ်ပေးမှာလဲ”

ဝမ်ဖေးဟုန်က တုန်လှုပ်စွာနှင့် မေးလိုက် လေသည်။ သူ ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ကို မလွဲချော်ချင်ပေ။

“ကောင်းပြီ။ ငါ မင်းကို လွှတ်ပေးလို့ ရတယ်”

လူဘီလူးကြီးက သူတို့ကို သနားနေသည့်ဟန် လုပ်ကာ ပြုံးလိုက်လေသည်။

“အဲဆို ချင်ရွှယ်ကရော”

ဝမ်ဖေးဟုန်က မျက်နှာဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည့် ဂျီချင်ရွှယ်ကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။

“ကောင်လေး၊ မင်းက အခုထိ အခြေအနေကို နားမလည်သေးဘူးလား။ ငါ စိတ်တိုလာအောင် မလုပ်နဲ့”

လူဘီလူးကြီး မျက်နှာမှာ ဒေါသကြောင့် ပြာသွားပြီး စိတ်ဆိုးစွာ ပြောလိုက်လေသည်။

“ကျွန်တော် … ” ဝမ်ဖေးဟုန်က ဂျီချင်ရွှယ်နှင့် ဆက်ဆံရေးကောင်း ရှိထားသော်လည်း ​ကောင်းကင်မီးဂိုဏ်း ဝင်ခွင့် အကျိုးစီးပွားက သူ့ကို ပိုမိုဆွဲဆောင်နေသဖြင့် တုံ့ဆိုင်းနေသည်။

“အေး၊ မင်းက ဘာလုပ်ရမလဲ နားမလည်ဘူးဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့”

လူဘီလူးကြီးက ဝိညာဉ် စွမ်းအင်ထုတ်ပြီး အစွမ်းထက်သော ဝိညာဉ်သိုင်းကို ထုတ်သုံးလိုက်သည်။

“ကျောက်တုံး လက်သီး”

လူဘီလူးကြီးက ဝမ်ဖေးဟုန်ကို အရှိန်ပြင်းပြင်း ထိုးလိုက်လေသည်။

“အင့်”

လူဘီလူးကြီး၏ ဝိညာဉ်သိုင်းကြောင့် ဝမ်ဖေးဟုန်၏ ဝိညာဉ် စွမ်းအားများမှာ ကျိုးပဲ့ သွားလေသည်။ ထို့နောက် သူ့ကို ထိမှန်သွားရာ လေထဲ မီတာပေါင်းများစွာ လွင့်စဉ်သွားပြီး သွေးများ အန်ထုတ် လိုက်လေသည်။

“ငါ သုံးကြိမ်အထိ ရေလို့မှ မထွက်သွားရင် မင်းကို ငါက အလွတ်မပေးဘူး ဆိုပြီး မင်း အပြစ် မတင်နဲ့”

လူဘီလူးကြီးက ဝမ်ဖေးဟုန်ကို ကြည့်ပြီး ခြိမ်းခြောက် လိုက်သည်။

“ချင်ရွှယ်၊ ငါ တောင်းပန်ပါတယ်။ ငါ ဒီအခွင့်အရေးကို လက်မလွှတ်နိုင်ဘူး”

လူဘီလူးကြီး၏ ခြိမ်းခြောက်သံ ကြားပြီးနောက် သူ အလွန်ထိတ်လန့်ကာ ဂျီချင်ရွှယ်၏ အကြည့်စူးစူးကို ရှောင်ဖယ်ကာ ဂျီချင်ရွှယ်ကို ချန်ရစ်ပြီး ထွက်ပြေး သွားလေသည်။

“အလှပဂေးလေး၊ အခု ကိုယ်တို့ကို အနှောင့်အယှက် ပေးမယ့်လူ မရှိတော့ဘူး။ ငါတို့ ဆွေးနွေး ရအောင်”

လူဘီလူးကြီးက ဂျီချင်ရွှယ်၏ အချိုးအစား ကျလှသော ကိုယ်လုံးကို ကြည့်ပြီး တဏှာသံနှင့် ပြောလိုက်လေသည်။

“ရှင် ဘာလိုချင်တာလဲ။ ငါ့ကို ထိခိုက်အောင် လုပ်ရင် အကြီးအကဲလျှူက ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဂျီချင်ရွှယ် မျက်နှာမှာ သွေးပင် မရှိတော့ဘဲ နောက်သို့ တရွေ့ရွေ့ ဆုတ်နေပြီး သတိပေး လိုက်သည်။

“ဘယ်သူက မင်းလေးကို နာကျင်အောင် လုပ်လို့လဲ။ ငါက မင်းကို နာကျင်အောင် လုပ်တာ သက်သေရောရှိမှာ မို့လို့လား”

လူဘီလူးကြီးက လှောင်ရယ် ရယ်လိုက်လေသည်။

“မင်းက ဟိုအလကားကောင်က မင်းဘက်က ရပ်တည်ပြီး သက်သေ လုပ်ပေးမယ် ထင်နေလား။ ဟမ်”

လူဘီလူးကြီး စဉ်းလဲစွာ ရယ်မောနေလေသည်။

“ပြီးတော့ အကြီးအကဲလျှူက အရည်အချင်း စမ်းသပ်ပွဲတောင် မအောင်မြင်တဲ့ လူကို အကူအညီ ပေးမယ် ထင်နေလား”

“ရှင် ရှင်က ဘယ်လိုလုပ်မှ ကျွန်မကို လွှတ်ပေးမှာလဲ”

သူမ၏ နောက်ဆုံး မျှော်လင့်ချက်ပဲ ကျိုးကြေသွားပြီး အလွန်စိတ်ဓာတ် ကျသွားသည်။

“ငါက အသက်ကြီးနေပြီ။ ဒါပေမဲ့ ငါ မြို့တော်ရဲ့ အလှဆုံး နတ်သမီးလေးနဲ့ မအိပ်ဖူးသေးဘူး။ မင်းသာ ငါ စိတ်ကျေနပ်အောင် နေပေးမယ်ဆို မင်း အရည်အချင်းစစ်ပွဲ အောင်မြင်ပြီး ကောင်းကင် မီးဂိုဏ်းဝင် ဖြစ်လာဖို့ ငါ အာမခံတယ်”

လူဘီလူးကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲအကြံအစည်ကို ရပ်လိုက်တော့”

သူမ အလွန် အရှက်ခွဲ ခံရသည်ဟု ခံစားရကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။

“ဒါ မင်း ရွေးချယ်ခွင့် မရှိဘူး”

လူဘီလူးကြီးက အောက်တွင် ကျနေသော ရှည်လျားသော သစ်ကိုင်းဖြင့် ဂျီချင်ရွှယ်ကို တိုက်ခိုက် လိုက်လေသည်။

ဂျီချင်ရွှယ်မှာ လူဘီလူးကြီး၏ ပြိုင်ဘက် မဟုတ်ချေ။ ထို့အပြင် သူမက လူဘီလူးကြီးကို အလွန် ကြောက်လန့် နေသဖြင့် သူမ၏အစွမ်း တစ်ဆယ် ရာခိုင်နှုန်းလောက်သာ ထုတ်နိုင်သည်။ ထိုကြောင့် လူဘီလူးကြီး၏ တိုက်ခိုက်မှုကိုသာ ခုခံနေရသည်။

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ချိန်လောက် အကြာတွင် သူမ အဝတ်အစားများ၌ ကြက်ခြေခတ်ရာများ နေရာအနှံ့ ပေါ်လာသည်။ ထိုသို့ သူမ အဝတ်အစားများမှာ စုတ်ပြဲသွားသော်လည်း သူမ ထိခိုက်ဒဏ်ရာတော့ မရချေ။ ကြောင်က ကြွက်ကို မစားခင် ကစားနေသလိုပင်။

“ရှင်၊ ရှင်တော်တော့ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် သတ်သေ လိုက်မယ်”

သူမ၏ အဝတ်အစားများ ပြဲကာ ဖြူဖွေးရှင်းသန့်သော အတွင်းသားများ ပေါ်ထွက်လာပြီး လှပ လုံးဝန်းသော ယုန်နှစ်ကောင်ကို မြင်နေရလေပြီ။ ထို့ကြောင့် သူမ အသည်းအသန် ရှောင်တိမ်းရင်း ပြန်ခြိမ်းခြောက် လိုက်သည်။

“ဟဟဟ၊ ဟဟ၊ ငါ့ရှေ့မှာ မင်း သက်သေလို့ရမယ် ထင်နေတာလား”

လူဘီလူးကြီးက လှပ လုံးဝန်းသော ယုန်နှစ်ကောင်၊ ကြည်လင် သန့်ရှင်းသော အသားစိုင်ကို ကြည့်ကာ သွားရည်ယိုနေပြီး မက်မောစွာ ရယ်မောလိုက်သည်။

“လက်လျော့လိုက်တော့”

လူဘီလူးကြီးက ရှေ့သို့ တက်လာပြီး ရုတ်တရက် ဂျီချင်ရွှယ်နား ချဉ်းကပ် လိုက်လေသည်။ ထို့နောက် သူမ၏ ပိုးသားလေးကဲ့သို့ နူးညံ့လှသော လက်မောင်းကို ဆွဲဖမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို လက်ဖြင့် ပွတ်သပ် လိုက်လေသည်။

“သေစမ်း”

လူဘီလူးကြီးက ဂျီချင်ရွှယ်ကို ဖက်ထားချိန်တွင် ဂျီချင်ရွှယ်၏ ကျန်လက်တစ်ဖက် လှုပ်ရှားသွားပြီး သံလုံးလက်နက်ဖြင့် ပေါက်လိုက်လေသည်။

လူဘီလူးကြီးက ရုတ်တရက် လျှို့ဝှက် လက်နက်ဖြင့် တိုက်ခိုက်ခံရသဖြင့် ချက်ချင်း ဝိညာဉ် စွမ်းအင် ထုတ်ကာ ခုခံလိုက်သည်။ သို့သော်လည်း လျှို့ဝှက်လက်နက်မှာ အနီးကပ်မှ ဖြစ်နေပြီး အလွန် ပြင်းထန်သဖြင့် သူ့ အကာအကွယ်များ ကျိုးဖျက်သွားကာ သူ့ ရင်ဘတ်ကို ထိမှန်၍ သွေးများ ဖြာကျလာလေသည်။

လူဘီလူးကြီးက ဒဏ်ရာ ရသွားပြီးနောက် ဂျီချင်ရွှယ်သည် တုံ့ဆိုင်းခြင်း မရှိဘဲ အလွန်လျင်မြန်စွာ လှည့်ပြေး လေတော့သည်။

ဤနောက်ဆုံး အခွင့်အရေးကို အသုံးချကာ လူဘီလူးကြီး လက်မှ လွတ်မြောက်အောင် ထွက်ပြေး ရပေမည်။

“အမိ မင်းက ဘယ်ကို ပြေးမလို့လဲ”

လူဘီလူးကြီးက ဂျီချင်ရွှယ်၏ လှည့်စားမှု ခံလိုက်ရ၍ သူ့ ဒဏ်ရာကို အမှုမထားဘဲ အလွန်လျင်မြန်စွာ လိုက်ဖမ်းတော့သည်။

လူဘီလူးကြီးက ဒဏ်ရာ ရထားသော်လည်း သူ့အဆင့်မှာ သားရဲသခင် အဆင့်နှစ် ဖြစ်လေရာ ဂျီချင်ရွှယ်ထက် လျင်မြန် နေသေးသည်။ ငါးစက္ကန့်ခန့် အချိန်အတွင်းမှာပင် လူဘီလူးကြီးက ဂျီချင်ရွှယ်ကို ဖမ်းမိ သွားလေသည်။

“ေ*က်ကောင်မ၊ ဒါ နင်လိုချင်တာမလား”

လူဘီလူးကြီးက သွေးများ ထွက်နေသည့် သူ့ရင်ဘတ်သူ ကြည့်ပြီး ဒေါသအလွန် ထွက်သွားသည်။ သူ၏ ဒေါသမီးများကို သနားစရာ ဂျီချင်ရွှယ်အပေါ် ပုံချလေတော့မည်။

“အေး၊ မင်းက ငါ့အလိုကို မလိုက်မှတော့ ငါကြိုက်တာ ငါလုပ်ရမှာပေါ့”

လူဘီလူးကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သနားစဖွယ် ဂျီချင်ရွှယ်နား ကပ်သွား လိုက်လေသည်။ ထိုအချိန်တွင် ဂျီချင်ရွှယ်က အဆိပ်သောက်ရန် ကြိုးစားလိုက်လေသည်။

ဂျီချင်ရွှယ် အဆိပ်မိမည်စိုးကာ လူဘီလူးကြီးက သူမကို အတင်းချုပ် လိုက်ပြီးနောက် သူ၏ အတွင်းမီးကို ဂျီချင်းရွှယ်နှင့် ငြိှမ်းသတ်ရန် ကြိုးစား လေတော့သည်။

ထို့အချိန်တွင် လူဘီလူးကြီး၏ အနောက်ဘက်မှ လေထုသည် ရုတ်တရက် အပြင်းအထန် လှုပ်ရှားသွားသည်။ သူ အန္တရာယ် အငွေ့အသက်ကို ရလိုက်ရာ သူ့အသည်းများ အေးအောင် ကြောက်လန့် တုန်လှုပ် သွားသည်။
အခန်း (၄၉) ပြီး၏။ (၅၀) မျှော်

***

Comment

Leave a Reply

Options

not work with dark mode
Reset