Switch Mode

Chapter – 57

Chapter – 57

ဆုပေးပွဲအခမ်းအနားပြီးသွားတဲ့နောက်မှာ
ကျောင်းသားတွေဟာအားကစားကွင်းထဲကနေ
တယောက်မကျန်ထွက်ခွာသွားခဲ့ကြတယ်၊
ပြီးခဲ့တဲ့၃ရက်အတွင်းတောထဲမှာမှော်သတ္တဝါတွေနဲ့ တိုက်ခိုက်ခဲ့ရတာကြောင့် ကျောင်းသားတိုင်းနီးပါးကဒဏ်ရာတွေရနေကြတယ်၊ဆုပေးပွဲကပြီးပြီဆိုတော့
ကျောင်းသားတွေကအိပ်ဆောင်ပြန်ပြီးဒဏ်ရာတွေကိုကုသနေကြတယ်၊အားကစားကွင်းထဲ
ကျန်နေတဲ့သူတွေဟာအစထဲကပြိုင်ပွဲကို ဝင်မပြိုင်ခဲ့ကြသူတွေဖြစ်တယ်၊
ဒီကိစ္စပြီးတဲ့နောက်မှာဂျင်ချန်နဲထိုင်းတရဲ့ အရည်အချင်းကိုလူတိုင်းက
အသိအမှတ်ပြုသွားကြတယ်၊ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေဆိုပြီးလူတိုင်းက
ဆွေးနွေးနေကြတယ်၊

ချန်းရန်ဟူတို့သုံးယောက်နဲ့ဂျင်ချန်တို့ဟာ
နှုတ်ဆက်စကားပြောကြပြီးကိုယ့်အဆောင်ကိုဒဏ်ရာကုဖို့ပြန်လာခဲ့ကြတယ်၊
ကျောင်းဝင်းရဲ့အလယ်မှာတော့
၁၀မီတာပတ်လည်လောက်ကျယ်တဲ့မျှော်စင်ကြီး
တစ်ခုရှိတယ်၊ဒုဂိုဏ်းချုပ်ချိန်ပိုင်အန်းကမျှော်စင်ထိပ်က
အခန်းရဲ့အလယ်မှာမတ်မတ်ရပ်နေတယ်၊
သူရှေ့မှာတော့ဂိုဏ်းချုပ်ကပြုံးပြိးပျင်းပျင်းရိရိပုံစံနဲ့ ထိုင်နေတယ်၊သူမျက်လုံးမှာပျော်ရွှင်မှု၊
စိတိလှုပ်ရှားမှုတွေထင်ဟပ်နေတယ်၊’ပိုင်အန်းရေ၊ဒီတကြိမ်တော့
ပါရမီရှင်တယောက်ထွက်လာပြီထင်တယ်ကွ၊’လိုပြုံးပြီးဂိုဏ်းချုပ်ကပြောလိုက်တယ်၊
ဒုဂိုဏ်းချုပ်ကပြုံးပြီးခေါင်းညိတ်လိုက်ကာ
‘ဂိုဏ်းချုပ်နည်းနည်းတော့လွဲနေတယ်၊ပါရမီရှင်က တယောက်မဟုတ်ဘူးဗျ၊နှစ်ယောက်လေ’
လိုပြောလိုက်တယ်၊
ဂိုဏ်းချုပ်ကပြုံးပြီးခေါင်းယမ်းလိုက်ကာ

‘မဟုတ်ဘူးကွ၊ထိုင်းတကအရည်အချင်းရှိပြီး
အားအရမ်းကောင်ပေမယ့်ချန်းရန်ရှင်းတန်ကိုမီဖို့က လိုသးတယ်’
လိုပြောလိုက်တယ်၊
ဒုဂိုဏ်းချုပ်ကအံ့ဩသွားပြီးသံသယအသံနဲ့
‘ဂိုဏ်းချုပ်ဘာကိုပြောချင်တာလဲ’
လိုမေးလိုက်တယ်၊
ဂိုဏ်းချုပ်ကသက်ပြင်းချလိုက်ကာ
‘မင်းချန်းရန်ရှင်းတန်ကိုအထင်မသေးနဲ့၊သူက
နားလည်ရခက်တဲ့ကောင်လေးကွ၊ချန်းရန်အဖွဲ့က လူတိုင်းချီးကျူးကြတာတကယ်ကိုမဆန်းပါဘူးကွာ’လိုပြောလိုက်တယ်၊
‘တကယ်တော့မနေ့ကသူတိုနှစ်ယောက်
တတိယနယ်မြေမှာအဆင့်၂မှော်သတ္တဝါတွေသတ်တယ်ဆိုတဲ့သတင်းကြားထဲက
ငါလျို့ဝှက်စစ်ဆေးခဲ့တယ်၊သူတော်စင်
မဟုတ်သေးပေမယ့်သူတို့ကအထင်သေးလို့မရဘူး၊အထူးသဖြင့်ချန်းရန်ရှင်းတန်ပဲ၊သူက
သံချောင်းအကျိုးနဲတောင်တတိယနယ်မြေမှာ
တော်တော်အစွမ်းပြနိုင်တယ်၊လှုပ်ရှားမှုတွေက

မြန်ဆန်တိကျတယ်၊သူက၁၅နှစ်အရွယ်
ကလေးတယောက် တိုက်ခိုက်ပုံမဟုတ်ဘူး၊ တကယ်ကိုအတွေ့အကြုံရင့်တဲ့စစ်သူကြီးတယောက်တိုက်သလို တိုက်ခဲ့တာ၊ တကယ်တော့ အမြုတေတွေက သူကြောင့်ရလာတာ၊ထိုင်းတကတိုက်ပွဲမှာဝင်ပါခဲ့ရုံပဲလို့
ပြောလို့ရတယ်’
ဂိုဏ်းချုပ်ကဆက်ပြောလိုက်တယ်၊
ဒီစကားကိုကြားလိုက်ရတော့ဒုဂိုဏ်းချုပ်ကအံ့ဩသွားပြီး
‘ဂိုဏ်းချုပ်ပြောသလောက်ကိုဒီကောင်လေးကစွမ်းတာလား’
လိုမေးလိုက်တယ်၊
ဂိုဏ်းချုပ်ကခေါင်းညိတ်ပြလိုက်ပြီး
“ငါသာမျက်မြင်မကြုံရဘူးဆိုရင်ဒီကလေးရဲ့အစွမ်းကို ငါလည်းယုံနိုင်မှာမဟုတ်ဘူး၊ပိုအရေးကြီးတာကသူရဲ့ တိုက်ခိုက်ပုံံနဲ့နည်းဗျူဟာတွေပဲ၊ဒါတွေက
ကိုယ်တိုင်မတိုက်ဘူးပဲဘယ်လိုမှဒီလိုမျိုးတွေ
မလုပ်နိုင်ဘူး၊အကြီးအကဲချိန်ကချီးကျူးတာလည်း
မပြောနဲ့ဒီကလေးကတကယ်ကိုပါရမီရှင်ပဲ၊ကြည့်ရတာ အကြီးအကဲကသေချာသင်ပေးထားတယ်ထင်တယ်၊’

လို့ပြောလိုက်တယ်
ဒုဂိုဏ်းချုပ်ကစိတိသက်သာရာရသွားတဲ့ဟန်နဲ့ “အကြီးအကဲချန် ကိုယ်တိုင်သင်ပေးထားမှတော့ဒီကလေးတော်တာမဆန်းပါဘူး’
လိုပြောလိုက်တယ်၊
ဂိုဏ်းချုပ်ကခေါင်းညိတ်လိုက်ပြီး
“အကြီးအကဲချန်ကိုယ်တိုင်လမ်းညွှန်ပေးတယ် ဆိုရင်တောင်မှကလေးကနဂိုအရည်အချင်းမရှိရင်
ဘယ်နည်းနဲ့မှဒီလိုမတော်နိုင်ဘူး၊တကယ်လို့သူသာချန်းရန်အဖွဲ့ကသခင်လေး၄မဟုတ်ရင်
ငါ့တပည့်အဖြစ်တောင်လက်ခံချင်တယ်၊
ဒီလိုပါရမီရှင်မျိုးကရှားတယ်၊ဒီအတိုင်းသာဆို
ဂီဆန်နိုင်ငံအတွက်ဒီကလေးကကံကောင်းခြင်းတွေယူလာပေးနိုင်တယ်’
လိုပြောလိုက်တယ်၊
ဆုပေးပွဲပြီးတဲ့နောက်မှာဂျင်ချန်ကဝတ်စုံသစ်ယူပြီး
ရေချိုးဖို့ထွက်လာခဲ့တယ်၊
ကိုယ်လက်သန်စင်ပြီးနောက်မှာဝတ်စုံသစ်ကိုဝတ်ပြီးလန်းလန်းဆန်းဆန်းနဲ့အဆောင်ကိုပြန်လာခဲ့တယ်၊ သုံးရက်လုံးတောထဲမှာအသေအကျေ

တချိန်လုံးတိုက်နေရပေမယ့်သူကပင်ပန်းမနေဘဲ
နညိးနည်းအနားယူလိုက်တာနဲ့ပြန်လန်းဆန်းသွားတယ်၊အရင်ဘဝတုန်းကဒီထက်ပိုဆိုးတာတွေတောင်
သူကြုံဖူးတယ်လေ၊

အခန်းကိုပြန်လာပြီးနောက်မှာဂျင်ချန်ကခုတင်ပေါ်မှာ
ထိုင်လိုက်တယ်၊အဆင့်၁အမြုတေကိုလက်တစ်ဖက်ဆီမှာကိုင်ရင်း
သမာဓိထူထောင်လိုက်တယ်၊ဂျင်ချန်က
သူတောင်စင်အဆင့်၁၀ရောက်နေပြီဖြစ်ပေမယ့်သူရဲ့
ခန္ဓာကိုယ်ကအတွင်းအားတွေကသူတော်စင်အဆင့်ထိတက်ရောက်ဖိုဆိုရင်သိပ်မလုံလောက်သေးဘူး၊
အမြုတေထဲကစွမ်းအားကိုစုပ်ယူလိုက်တာနဲ့ ဂျင်ချန်ကိုယ်ထဲက စွမ်းအားတွေဟာ မြန်မြန်ပဲထိုးထွက်လာတယ်၊သူရဲ့သမာဓိအားတွေက ကမ္ဘာကြီးကစွမ်းအားတွေကိုစုပ်ယူလိုက်တာနဲ့ဆယ်ဆပိုမြန်မြန်ထူထောင်နိုင်လာတယ်၊
နောက်၃ရက်အတွင်းမှာဂျင်ချန်က
အစားစားချိန်ကလွဲရင်အချိန်တိုင်းကျင့်ကြံနေတယ်၊ ချက်ချင်းဆိုသလိုပဲသူကိုယ်ထဲကစွမ်းအားတွေဟာ

တည်ငြိမ်တဲ့အဆင့်ကိုရောက်သွားတယ်၊
ဘယ်လောက်ပဲအမြုတေဆီကစွမ်းအင်တွေစုပ်ယူပါစေ၊ သူကိုယ်ထဲက စွမ်းအားတွေကထပ်တိုးမလာတော့ဘူး၊
ဂျင်ချန်က သူတော်စင် အဆင့်ကို မြန်မြန်ရောက်အောင်ကျင့်ကြံရမယ်ဆိုတာ သိလိုက်တယ်၊ ဒါမှ သူကိုယ်ထဲကစွမ်းအားတွေလုံးဝရပ်တန်သွားတာမျိုးမဖြစ်မှာကို
သူနားလည်လိုက်တယ်၊
သူတော်စင်အဖြစ်ကျင့်ကြံဖို့အတွက်ဂျင်ချန်က အရင်ထဲကဘယ်လိုကျင့်ကြံရမယ်ဆိုတာ
စာကြည့်တိုက်မှာလေ့လာထားပြီးဖြစ်တယ်၊ခန္ဓာကိုယ်ထဲရှိသမျှအားတွေကိုစုစည်းပြီး
လက်နက်ပုံပေါ်လာအောင်ကျင့်ကြံရတာဖြစ်တယ်၊
နောက်ဆုံးလက်နက်နဲ့ဝိညာဉ်
တသားထဲပေါင်းစည်းသွားမှထိုအဖြစ်ကို
ရောက်မှာဖြစ်တယ်၊
ဂျင်ချန်ကနားမနေတော့ဘဲဆက်တိုက်ကျင့်နေတယ်၊လိုရင်သုံးဖို့အဆင့်၄အမြုတေကိုဆောင်ထားပြီး
ကိုယ်ထဲရှိသမျှအားတွေစုစည်းပြီး လက်နက်ပုံဖော်လိုက်တယ်၊

ဂျင်ချန်ရဲ့ချီနယ်မြေကအားတွေကိုဝိညာဉ်က
စုပ်ယူလိုက်တယ်၊သူရဲ့အားကြီးတဲ့ဝိညာဉ်ဟာ ချီတွေကိုလုံးဝထိန်းချုပ်ထားနိုင်တယ်၊ဂျင်ချန်ကစိတ်စွမ်းအားတွေကို အစွမ်းကုန် စုစည်းလိုက်ပြီးဓားတချောင်းပုံဖော်လာအောင်တဖြည်းဖြည်း
ပုံသွင်းလိုက်တယ်၊
ဂျင်ချန်ရဲ့ဝိညာဉ်ကအရင်ဘဝထဲကပါလာခဲ့တာကြောင့် အရမ်းစွမ်းအားကြီးတယ်၊အားတွေကဝိညာဉ်ရဲ့
ထိန်းချုပ်မှုကို လုံးဝ မကျော်နိုင်ဘူး၊ အားတွေကဂျင်ချန်ရဲ့ဖိနှိပ်စုစည်းမှုကြောင့်ဖြည်းဖြည်းချင်း ဓားတလက်ပုံပေါ်လာတယ်၊
စွမ်းအားတွေကိဖိနှိပ်လာနိုင်တာနဲ့အမျှဂျင်ချန်ရဲ့ ချီနယ်မြေကတဖြည်းဖြည်းလျော့ရဲလာတယ်၊
အတွင်းအားတွေကတော့ တဖြည်းဖြည်းတိုးလာပြီးလက်နက်လဲပိုပြီးပုံပေါ်လာကာ
ဓားသေးသေးလေးတချောင်းပုံပေါ်လာတယ်၊
တချိန်ထဲမှာပဲ ဂျင်ချန်က ပိုပြီး ထိန်းချုပ်နိုင်အောင်ကြိုးစားနေရတယ်၊
ဂျင်ချန်ကဓားတလက်ဖြစ်အောင်ပုံဖော်နိုင်ပေမယ့် သူတေါ်စင်ဖြစ်သွားပြီလိုတော့မဆိုနိုင်ဘူး၊

ထျန်းယွမ်နယ်မြေထဲကလူတော်တော်များများ
ကျော်ဖြတ်ဖို့ခက်ခဲတဲ့နောက်ဆုံးအဆင့်ကိုဖြတ်နိုင်ဖို့ လိုသေးတယ်၊
နောက်ဆုံးအဆင့်မှာဓားနဲ့ဝိညာဉ်တသားထဲဖြစ်ဖို့ ကျင့်ကြံရမှာဖြစ်တယ်၊တချိန်ထဲမှာပဲဓားနဲသူနဲ့
တသားထဲကျနေရမှာလည်းဖြစ်တယ်၊
ပြောရတာလွယ်ပေမယ့် ကျင့်ကြံဖိုကျတကယ်ခက်တယ်၊ကျန်တဲ့သူတွေအတွက်ခက်ကောင်းခက်နိုင်ပေမယ့်
ဂျင်ချန်လိုလူမျိုးအတွက်ကတော့အလွယ်တကူ
ကျင့်နိုင်တယ်၊ဂျင်ချန်ကသူဝိညာဉ်ကိုခွဲထုတ်လိုက်ပြီးဓားနဲ့တပေါင်းထဲဖြစ်အောင်ပေါင်းစည်းလိုက်တယ်၊ သူရဲ့ကျင့်သားရနေတဲ့စွမ်းအားကိုသုံးပြီး
ပေါင်းစည်းလိုက်တာကြောင့်ခဏချင်းမှာပဲနှစ်ခုဟာ တသားထဲဖြစ်သွားတော့တယ်၊
ဒီအဆင့်ပြီးတဲ့နောက်မှာတော့ ဂျင်ချန်က တကယ်ကိုသူတော်စင်တယောက်ဖြစ်သွားတယ်၊
နောက်ဆုံးအဆင့်ကသူအတွက်အခက်အခဲမရှိဘဲ
ကျော်ဖြတ်သွားနိုင်ခဲ့တယ်၊
ဒီအဆင့်ပြီးတဲ့နောက်မှာဂျင်ချန်ဟာထူးဆန်းတဲ့
ခံစားချက်တခုရလာတယ်၊သူပုံဖော်လိုက်တဲ့ဓားက

သူရဲ့ခြေလက်တခုလိုပဲသူလိုသလိုသုံးလို့ရနေတာ
သူခံစားလိုက်ရတယ်၊
ဒီအချိန်မှာတော့ဂျင်ချန်ရဲ့ချီနယ်မြေမှာအားတစက်မှ မရှိတော့ပါဘူး၊သူပုံဖော်လိုက်တဲ့ဓားပဲရှိနေပြီး
အဲဒီဓားကစွမ်းအားအရင်းအမြစ်အသစ်တခု
ဖြစ်လာနေတယ်၊ဓားလေးကအရမ်းသေးပြီး အပ်သေးသေးတချောင်းလိုပဲခံစားရတယ်၊လက်နက်ကိုကိုယ်တိုင်ပုံဖော်ပြီးတဲ့နောက်မှာ
ဂျင်ချန်ဟာလက်နက်ရဲ့အတက်အကျဖြစ်မှုတွေကိုပိုပြီး ရှင်လင်းစွာခံစားလာရတယ်၊သူတော်စင်တယောက်အနေနဲ့သူတော်စင်အဆင့်၁၀အဆင့်လောက်ကိုတော့ အလွယ်တကူအနိုင်တိုက်နေနေပြီ၊မယုံနိုင်စရာ
အခြေအနေတွေသာမဖြစ်ရင်ဘယ်လိုမှသူတေါ်စင်တယောက်ကိုအနိုင်မတိုက်နိုင်ကြဘူး၊
ဂျင်ချန်နဲ့ထိုင်းတတို့ကထူးဆန်းတဲ့ကလေးတွေ
ဖြစ်တယ်၊ထိုင်းတရဲ့ခွန်အားကိုဂျင်ချန်လို
ငယ်ငယ်ထဲကကျင့်ကြံလာတဲ့သူတောင်မမီဘူး၊စွမ်းအားရှင်မဟုတ်ပေမယ့်ထိုင်းတရဲ့ခွန်အားနဲ့ အရည်အချင်းတွေကဂျင်ချန်အတွက်လန်စရာပဲ၊

သူတို့နှစ်ယောက်အပြိုင်တိုက်ကြရင်အနိုင်အရှုံး
မသဲကွဲနိုင်ဘူး၊

ဂျင်ချန်ကသူတော်စင်အဆင့်၁၀လောက်နဲ့ အလယ်အလတ်သူတော်စင်တယောက်ကိုတိုက်နိုင်ခဲ့တယ်၊သူရဲ့အရင်ဘဝက
တိုက်ပွဲအတွေ့အကြုံတွေကြောင့်ပြီးတော့သူရဲ့ ဓားရေးကျွမ်းကျင်မှုတွေကြောင့်
အနိုင်တိုက်နိုင်ခဲ့တာဖြစ်တယ်၊
အဲဒီအချိန်မှာပဲဂျင်ချန်ရဲ့အမူအရာတွေရုတ်တရက်
ပြောင်းသွားတယ်၊သူရဲ့ချီတွေကထိန်းမရနိုင်အောင် လုှပ်ရှားလာကြတယ်၊သူရဲ့ချီနယ်မြေတခုလုံးဟာ ထိန်းမရအောင်တုန်ခါလာတယ်၊သူရဲ့
ချီအတက်အကျကိုမထိန်းနိုင်ခင်မှာပဲရုတ်တရက်
ပေါက်ကွဲသွားတယ်၊ဘေးပတ်ဝန်းကျင်ကချီတွေဟာဂျင်ချန်ဆီကိုအဆွဲခံလိုက်ရသလို
လာစုစည်းနေကြတယ်၊ဂျင်ချန်ကအဲဒီအချိန်မှာသူရဲ့ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ဘဲ
ပွင့်ထွက်သွားသလိုခံစားလိုက်ရတယ်၊

ဘေးပတ်ဝန်းကျင်ကချီတွေအကုန်လုံးကိုဆွဲယူနေသလို
ခံစားရတယ်၊
ဂျင်ချန်လက်ထဲကအမြုတေဟာလည်း
စွမ်းအင်အတန်းကြီးထွက်လာပြီးဂျင်ချန်ခန္ဓာကိုယ်ထဲတိုးဝင်သွားတယ်၊

ဂျင်ချန်ရဲ့ခန္ဓာကိုယ်တခုလုံးပေါ့ပါးသွားတယ်၊
ပတ်ဝန်းကျင်ကချီတွေဟာဂျင်ချန်ရဲ့ခန္ဓာကိုယ်ထဲကို အထိန်းအချုပ်မရှိတိုးဝင်လာနေကြတယ်၊သူလက်ထဲကအမြုတေကလည်းသေးလာနေပြီးစွမ်းအားတွေက
အရမ်းကိုမြန်မြန်တိုးဝင်လာနေတယ်၊အစကလက်သီးဆုပ်လောက်ရှိတဲ့အမြုတေဟာ
သိသိသာသာကိုသေးသွားတယ်၊

Comment

Leave a Reply

Options

not work with dark mode
Reset