Chapter – 56
စစ်ဆေးသည့်အကြီးအကဲကကြောငြာပြီးသည့်အခါ
လူတိုင်းကကျက်သေသေသွားကြတယ်။
ကွင်းပြင်တစ်ခုလုံးကတိတ်ဆိတ်သွားပြီးတော့ အပ်ကျသံတောင်မကြားရတော့ဘူး။
ဒီအမြုတေအရေအတွက်က
ဒုကျောင်းအုပ်ပိုင်အန်းကိုတောင်မှဆွံ့အစေတယ်။ သူအကြည့်တွေက
စားပွဲပေါ်မှအမြုတေတွေတွင်သာရှိနေပြီး
မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ဒီအရေအတွက်ကဘိုဂါဒီနဲတောင်မှအပြတ်အသတ်ကွာနေတယ်။
ခဏကြာတော့ကျောင်းသားတစ်ယောက်ကအသံကျ်ကျယ်ဖြင့်အော်ပြောသည်။
“မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။ သူကဘယ်လိုလုပ်နိုင်မှာလဲ။
သူကသူတော်စင်တောင်မဖြစ်သေးဘဲနဲ့ တတိယနယ်မြေကိုဝင်ပြီး
အမြုတေင်္တေအများကြီးရတယ်ဟုတ်လား
လုံးဝမဖြစ်နိုင်ဘူး။အဆင့်၁ဘိုဂါဒီတောင်မှ
အဲ့လောက်မရပဲ။ဒီကောင်အမြုတေတွေကိုအပြင်က ယူလာတာပဲဖြစ်မယ်”
ထိုသူ့အသံနောက်တွင်တော့
အမျိုးမျိုးသောဝေဖန်ချက်တွေထွက်လာလေသည်။
ဂျင်ချန်က
အဆင့်၁မှော်ဝင်သားရဲအမြုတေ၁၀၀နီးပါးရခဲ့တာကို မနာလိုလို့မပြီးသေးခင်မှာ
သူတိုကိုမတရားဘူးလိုခံစားနေရဆဲမှာအခုထပ်ပြီး ဂျင်ချန်ကပဲ
အဆင့်၂မှော်ဝင်သားရဲအမြုတေတွေ၁၀၀ကျော်ရခဲ့ပြန်တ ယ်။ကျောင်းသားတွေမှာမည်သို့လက်ခံနိုင်ပါတော့မလဲ။ စင်အောက်တွင်ရှိတဲ့ခါဂဲအကယ်ဒမီ၏
အဆင့်၁ကျောင်းသားဘိုဂါဒီက
ဂျင်ချန်ရဲ့နောက်ကကျောကိုစိုက်ကြည့်ကာ ခပ်တိုးတိုးရေရွတ်သည်။
“ဒီကောင်ကသူတော်စင်တောင်မဖြစ်သေးဘဲ
အမြုတေတွေအများကြီးဘာလိုရတာလဲ။ကြည့်ရတာအပြင်ကနေသယ်လာတာများလား”
ထိုသို့တွေးမိပြီးနောက်သူချက်ချင်းခေါင်းခါလိုက်မိသည်။
တောထဲမဝင်ခင်ကတည်းက
ဆရာတွေကသေချာစစ်ဆေးခဲ့ကာ
ကျောင်းမှပေးတဲ့သိုလှောင်ခါးပတ်တွေကိုသာ
ယူသွားခွင့်ရခဲ့တာမို့အပြင်မှယူနိုင်ဖွယ်ရာမရှိချေ။
ဒါ့အပြင်တောထဲမှထွက်လမ်းကတစ်လမ်းထဲရှိလေရာ
အပြင်ခိုးထွက်ပြီးယူသည်လည်းမဖြစ်နိုင်ပေ။
နောက်ထပ်တစ်ချက်က
အပြင်ကယူလာသည်ဆိုရင်တောင်မှအခု၁၀၀ကျော်ထိတစ်ပြိုင်တည်းယူဖို့ မည်သူမျှတုံးအကြမည်မဟုတ်။
အမြုတေအခု၁၀၀ကျော်ဆိုသည်မှာ ခါဂဲအကယ်ဒမီကိုလျှော့ရစေနိုင်ကာ
သူတိုကသေချာစုံစမ်းစစ်ဆေးကြပေလိမ့်မည်။ထိုအတူစင်အောက်မှလူအုပ်ထဲတွင်ရပ်နေသောကျက်သရေရှိလွန်းလှသည့်မိန်းမလှလေးမှာ
ဂျင်ချန်အားကြည့်ကာကြောင်အနေလေတယ်။
“သူကဘယ်လိုဖြစ်နိုင်မှာလဲ။သူတော်စင်မဖြစ်သေးတဲ့လူသစ်လေးကအဆင့်၂မှော်ဝင်သားရဲအခု၁၀၀ကျော်ကိုဘယ်လိုရနိုင်မှာလဲ”
အခြားတစ်ဖက်တွင်
ဂျင်ချန်ရလာသည့်အမြုတေအရေအတွက်ကို
အကြီးအကဲကကြောငြာပြီးသည့်အခါ ချန်းမင်ရှန်းမျက်လုံးပြူးကာ ဂျင်ချန်အားကြည့်လိုက်မိသည်။သိုရာတွင်သူအမူအာကချက်ချင်းပြောင်းကာ
မည်းမှောင်သွားသည်။အကြောင်းမှာ
တတိယနေရာကြောင့်ပင်ဖြစ်သည်။ရလာမယ့်ဆုကသူလိုအဓိကကလန်ကလူအတွက်ဘာမှမဟုတ်ပေမယ့်ဒါကသူဂုဏ်သိက္ခာကိုကျဆင်းစေသည်။ချန်းမင်ရှန်းကတတိယနေရာမှာရှိနေခဲ့သည်ကိုအခုဂျင်ချန်က
ဝင်လာကာသူ့ကိုတွန်းထုတ်လိုက်လေပြီ။
ဤသည်ကသူ့ကိုအလွန်ဒေါသထွက်စေသည်။ အထူးသဖြင့်
သူတော်စင်တောင်မဖြစ်သေးတဲ့ဂျင်ချန်ကြောင့်မို့ သူစိတ်အခြေအနေကပိုဆိုးသွားသည်။
“ချင်းယန်ရှင်းတန်”
ဂျင်ချန်အားအညိုးကြီးစွာကြည့်ကာ
ချန်းမင်ရှန်းခပ်တိုးတိုးကြုံးဝါးလိုက်သည်။
အလားတူလျှိုချင်းသည်လည်းဂျင်ချန်နောက်ကျောအား
မုန်းတီးစွာကြည့်နေသည်။သူအကြည့်တွေက
ဂျင်ချန်အား အစိမ်းလိုက်ဝါးစားပစ်တော့မည့်အတိုင်းပင်။ဂျင်ချန်ရဲ့စွမ်းအားကအရမ်းအားနည်းသေးပေမယ့်
သူဝိဉာဉ်စွမ်းအားကတော့အလွန်အားကောင်းသည်ပေ။
သာမန်အကြည့်တွေလောက်ကို
သူသတိထားမနေပေမယ့်
များစွာသောအကြည့်တွေကိုလက်ခံရသည့်အခါသူကဝိဉာဉ်စွမ်းအားကိုဖြန်ကျက်ထားခဲ့သည်။
လူသတ်လိုသောကြောက်မက်ဖွယ်ကောင်းသည့်အကြည့်
တွေကိုသတိပြုမိတော့မည်သူထံမှလာကြောင်းသိရရန်လူအုပ်ထဲသို့စစ်ဆေးလိုက်သည်။
လျှိုချင်းရဲ့မည်းမှောင်နေတဲ့အမူအယာကိုမြင်တော့
ဂျင်ချန်ကနှာခေါင်းရှုံ့ကာစိတ်ထဲထားမနေတော့။သူက လျှိုချင်းရဲ့အမြုတေတွေကိုယူခဲ့ပြီးတော့လျှိုချင်းကို
ရှုံးစေခဲ့သည်။ ထပ်ပေါင်းဆိုရလျှင် လျှိုချင်းအားသူကဒဏ်ရာရစေခဲ့သေးသည်။ထိုကြောင့်
သူကိုမုန်းနေမည်ကပုံမှန်ပင်ဖြစ်သည်။
သိုရာတွင်ချန်းမင်ရှန်းကိုတွေ့တဲ့အခါမှာတော့
ဂျင်ချန်မျက်လုံးကျုံလိုက်မိသည်။သူချန်းမင်ရှန်းကို
ဘာမှမလုပ်ထားမိပါဘူး။
စာကြည့်တိုက်ရှေ့ကကိစ္စကလည်း
ဒီလောက်ထိမုန်းတီးစွာကြည့်ဖို့မကြီးကျယ်ချေ။
အဓိကအကြောင်းပြချက်ကဂျင်ချန်ကချန်းမင်ရှန်းကိုထိပ်ဆုံး၃နေရာမှထွက်စေခဲ့မိလိုဖြစ်သည်ကိုတော့
ဂျင်ချန်သိမည်မဟုတ်။
မည်သို့ပင်ဆိုစေထိပ်ဆုံးသုံးနေရာဝင်ခဲ့လျှင် အကြီးအမားဆုံးရရှိမည့်အရာကသိက္ခာပင်။ထိုသူတွေရဲ့ကလန်တွေပင်
ကြီးစွာသောအောင်မြင်မှုတွေကိုလက်ခံရရှိမှာဖြစ်သည်။အကယ်မီရဲ့ထိပ်ဆုံးအဆင့်ကျောင်းသားတွေက
ချန်းမင်ရှန်းကိုဆုမရစေခဲ့ရင်တောင်မှ
သူဒီလောက်စိတ်ညစ်ရမှာမဟုတ်ပေ။သို့ရာတါင်ချန်းမင်ရှန်းကိုထိပ်ဆုံး၃နေရာမှထွက်စေခဲ့သူက
ကျောင်းရဲ့အတော်ဆုံးတွေထဲကမဟုတ်သည့်အပြင် သူတော်စင်တောင်မဖြစ်သေးတဲ့
လူသစ်လေးဖြစ်နေသည်။ ဤအချက်ကချန်းမင်ရှန်းလိုအကယ်ဒမီရဲ့ပါရမီရှင်ကို များစွာကျက်သရေညိုးနွမ်းစေသည်။
ဂျင်ချန်မွေးဖွားလာသည်ကိုပင်
သူမုန်းတီးနေမိတော့သည်။
ထိုင်းတဆိုရင်တောင်မှကျောင်းအုပ်ရဲ့အလုပ်သင်မို့ သူထက်အဆင့်မြင့်သည်မို့လက်ခံ၍ရသေးသည်။ ချန်းမင်ရှန်းကသေချာပေါက်ကျောင်းအုပ်ကိုတော့သွားမထိရဲဘူးပေါ့။
စစ်ဆေးသည့်ဆရာကစိတ်ငြိမ်အောင်
သက်ပြင်းရှည်ကြီးချလိုက်သည်။ဂျင်ချန်အား
လေးစားစွာကြည့်ကာပြုံးရင်းပြောသည်။“ချင်းယန်ရှင်းတန်မင်းငါ့ကို
အံ့သြအောင်လုပ်လိုက်တာပဲ။
သူတော်စင်မဖြစ်သေးတဲ့သူတစ်ယောက်က
ဒီလောက်ထိအဆင့်၂အမြုတေတွေရလိမ့်မယ်လို့ ငါဘယ်တုန်းကမှမတွေးမိခဲ့ဖူးဘူး။မင်းက
ပထမနေရာမှာရှိနေတဲ့ဘိူဂါဒီကိုတောင်
ကျော်သွားတာပဲ။အခုမင်းကပထမဖြစ်နေပြီ’ အကြီးအကဲက
ဂျင်ချန်ကိုပိုင်သိုလှောင်အိတ်ကိုပြန်ပေးရင်း တံဆိပ်ကိုပါပေးလိုက်သည်။
ဂျင်ချန်ကရယ်လျက်မှလက်ခံသည်။
“ဆရာကအရမ်းချီးမွမ်းလွန်းနေပါပြီ။ပထမနေရာကို
ဘယ်သူမှမပြောနိုင်သေးပါဘူး။ထိုင်းတက
နောက်မှာရှိနေသေးတယ်။သူရလာတဲ့အမြုတေတွေက ကျွန်တော့်ထက်နည်းမှာတော့မဟုတ်ဘူး”
ထိုသို့ပြောနေရင်းဂျင်ချန်ကသူ့အမြုတေတွေကို
ပြန်ထည့်ယူနေသည်။
ဂျင်ချန်စကားကြောင့်အကြီးအကဲက
ဂျင်ချန်အားဆွံ့အစွာကြည့်လိုက်မိသည်။ ဂျင်ချန်ကစင်ပေါ်ကဆင်းသွားပြီးသည့်အခါထိုင်းတကတက်လာကာ
အဆင့်၂မှော်ဝင်သားရဲအမြုတေတွေကိုစားပွဲပေါ်တင်လိုက်သည်။
ထိုင်းတကဂျင်ချန်နဲအတူတတိယနယ်မြေကိုဝင်ခဲ့ကာအတူတိုက်ခိုက်ခဲ့သည်။ထိုကြောင့်သူတွင်လည်း
ဂျင်ချန်နည်းတူအမြုတေတွေအများကြီးရှိသည်။စစ်ဆေးသည့်ဆရာကရေတွက်ပြီးသည့်အခါထိုင်းတတွင်အမြုတေ၁၁၉ခုရှိကာ
ဂျင်ချန်ထက်တစ်ခုပိုများနေလေသည်။စစ်ဆေးသည့်အကြီးအကဲက
ထိုင်းတ၏အမြုတေအရေအတွက်က
ကြေငြာလိုက်သည့်အခါ
အားလုံးမှာထပ်မံ၍ဆွ့ စင်အောက်တွင်
အရပြန်တော့သည်။
အကယ်ဒမီရဲ့အတော်ဆုံးကျောင်းသားစာရင်းမှ အဆင့်၅ဖြစ်တဲ့ကျင့်မင်ယွီမှာ
သူမခန္ဓာမှဝိဉာဉ်ခွဲထွက်သွားသလိုခံစားနေရသည်။
သူတော်စင်မဟုတ်သေးတဲ့ကျောင်းသားသစ်တွေက
သူမကိုဒုတိယနေရာကနေကန်ထုတ်လိုက်ကြသည်တဲ့။ဤအချက်ကလက်ခံဖ့ိုရာခဲယဉ်းလွန်းလှသည်။သူမမှာ ပင်ပင်ပန်းပန်းနဲအမြုတေတွေအများကြိးရှာလာခဲ့ရတာဒီလူသစ်တွေကျ
ဘာလိုဒီလောက်ထိအများကြီးရလာကြတာလဲ။ ထိုအချိန်တွင်
အလွန်အမင်းလှပသောကောင်မလေးတစ်ယောက်ကကျင့်မင်ယွီအနားရောက်လာကာ
ခါးကိုဖက်ကာပြုံးရင်းမေးသည်။
“အစ်မကျင့်လူသစ်လေးတွေဆီမှာရှုံးသွားလို့ စိတ်တိုနေတာလား”
ကျင့်မင်ယွီကသက်ပြင်းချကာခါးသက်စွာပြုံးသည်။
“ဒါပုံမှန်မှမဟုတ်တာ။ဒီလူသစ်နှစ်ယောက်က
သူတော်စင်တောင်မဖြစ်သေးဘဲနဲ့
အမြုတေတွေအများကြီးရလာတယ်။ဒီနှစ်ယောက်ကခါဂဲအကယ်ဒမီရဲ့အဆင့်၁ကျောင်းသားကိုတောင်
တတိယနေရာကိုရောက်စေခဲ့တယ်။ငါတော့လုံးဝမယုံကြည်နိုင်ဘူး။သူတတွေအပြင်ကယူလာတာများလား”
ထိုအခါမိန်းမလှလေးကငြင်းသည်။
“အစ်မကျင့်ထင်တာမှားနေပြီပဲ။ဒီအမြုတေတွေက သူတိုကိုယ်ပိုင်စွမ်းအားကြောင့်ရလာတယ်ဆိုတာညီမတော့ယုံတယ်”
ထိုအခါ ကျင့်မင်ယွီကကောင်မလေးအားစူးစမ်းသလိုကြည့်လာကာမေးသည်။“ရှောင်လဲ့နင်ဘာလိုဒီလိုပြောတာလဲ”
ကောင်မလေးကဘဝင်မြင့်သည့်အပြုံးမျိုးပြုံးကာအသံနိမ့်နိမ့်ဖြင့်ပြောသည်။
“အစ်မကျင့်ညီမဒုတိယနယ်မြေမှာတုန်းက
သူတို့နဲတစ်နေလုံးအတူရှိနေခဲ့တယ်။သူတိုကတကယ်ကို
တော်တာ။အထူးသဖြင့်ချင်းယန်ရှင်းတန်ပဲသူက
သံချောင်းလေးတစ်ခုနဲ့မှော်ဝင်သားရဲအတော်များများကို
သတ်ခဲ့တာ။တစ်ချက်ဆိုတစ်ချက်ပဲ”“တကယ်လား“
ကျင့်မင်ယွီကတုန်လှုပ်စွာမေးသည်။ဤသည်ကိုယုံကြည်ရမည်လား သူမ မသိတော့။“ညီမမျက်စိဖြင့်ကိုယ်တိုင်မြင်ခဲ့ရတာပါဆို
မှားစရာအကြောင်းမရှိဘူး”
ရှောင်လဲ့ကဂုဏ်ယူစွာပြောသည်။နောက်သူမကဆက်ပြောလာသည်။
“အဲ့ဒိညက
ဝံပုလေံပြာအကောင်၂၀ကျော်လောက်ရဲ့ချောင်းမြောင်း တိုက်ခိုက်တာကိုခံရသေးတယ်။ဒါပေမယ့်
သူတို့နှစ်ယောက်ကလွယ်လွ်ကူကူပဲသတ်ပစ်လိုက်တယ်လေ”
“ဘာဝံပုလွေပြာအကောင်၂၀ကျော်ဟုတ်လား” ကျင့်မင်ယွီဘာပြောရမည်မှန်းမသိတော့။သူမလို အဆင့်မြင့်အဆင့်သူတော်စင်ပင်
မှော်ဝင်သားရဲအကောင်၂၀ကိုလွယ်လွယ်မသတ်နိုင်သေးပေ။
“ဒါပေါ့အစ်မကျင့်ရဲ့။ညီကိုယ်တိုင်
မျက်မြင်သက်သေပါဆို။အဲ့ဒါကြောင့်ဒီအမြုတေတွေကသူတို့အပြင်ကယူလာတာမဟုတ်ဘူးဆိုတာ
ညိမအာမခံရဲတာပေါ့”ထိုအခါကျင့်မင်ယွီက
ခေါင်းငုံကာအသေအချာတွေးနေလိုက်သည်။
ဒီလူတွေကသူ့ကိုဒုတိယနေရာကနေ ကန်ထုတ်လိုက်ပေမယ့်
သူမကမကျေနပ်သည့်အရိပ်အယောင်မရှိပေ။ဤသည်ကိုကြည့်ခြင်းဖြင့်
သူမကအမြင်ကျဉ်းသူမဟုတ်မှန်းသိနိုင်သည်။(femaleleadဆန်ဆန်တွေပါလာရင်
ရင်ထဲမကောင်းဘူး။ကိုယ့်လူပါသွားတော့မလိုခံစားချက်ကြီးရနေတယ်။)
စစ်ဆေးခြင်းပြီးသွားသည့်နောက်
ဆုပေးသည့်အခန်းအနားကရောက်လာသည်။ဤတစ်ကြိမ်တွင်ဒုတိယနယ်မြေရော
တတိယနယ်မြေရောကဆုအတူတူပဲပေးသည်။ပထမဆုကအဆင့်၄မှော်ဝင်သားရဲအမြုတေနှင့်
ခရမ်းရောင်ရွှေတံဆိပ်ရမည်ဖြစ်ပြီးဒုတိယဆုကတော့
အဆင့်၃မှော်ဝင်သားရဲအမြုတေဖြစ်ပြီး
ရှေွှဆံဆိပ်ရမည်ဖြစ်သည်။
တံဆိပ်တွေကဘယ်လောက်မှမတန်ပါဘူးသိုပေမယ့်ဒါကအလွန်ကိုတော်သည်
မည်သည့်အမှတ်အသားပင်ဖြစ်သည်လေ။
မြင့်မြတ်သည့်မိသားစုမှလူတွေတောင်မှ
ထိုတံဆိပ်တွေထံမှအကြည့်မလွှဲနိုင်ပေ။
ဂျင်ချန်နဲထိုင်းတကအဆင့်၁မှော်ဝင်သားရဲပြိုင်ပွဲမှာရော အဆင့်၂မှော်ဝင်သားရဲပြိုင်ပွဲမှာပါ ပထမနဲဒုတိယဆုကိုအသီးသီးယူလိုက်ကြရသည်။မူထျန်ကတော့
အဆင့်၁မှော်ဝင်သားရဲတွင်တတိယရပြီးဘိုဂါဒီကတော့ အဆင့်၂မှော်ဝင်သားရဲပြိုင်ပွဲမှာတတိရသည်။
အဆင့်၄မှော်ဝင်သားရဲကိုကိုင်ထားရင်း
ဂျင်ချန်ကကျေနပ်စွာပြုံးလိုက်သည်။ သူမှာအမြုတေတွေအများကြီးကျန်နေသေးသည်။သူရဲ့လေ့ကျင့်နှုန်းဖြင့်ဆိုရင်တောင်မှ
အနည်းဆုံးတစ်နှစ်သုံးလို့ရသေးသည်ပေ။