Chapter – 55
လူ၁၀ယောက်ကျော်မျှ စစ်ဆေးပြီးသွားသည့်အခါသာမန်မဟုတ်တဲ့အရှိန်အဝါရှိတဲ့လူတစ်ယောက် တက်လာလေသည်။
ထိုလူငယ်၏အဝတ်အစားတွေကစုတ်ပြဲနေပေမယ့်မာနကြီးကာမောက်မာဟန်ကတော့လျှော့မသွားဘဲများပြားလှသည့်မှော်ဝင်သားရဲအမြုတေတွေအား စားပွဲပေါ်တင်လိုက်လေသည်။
ထိုလူငယ်ကိုသိသည့်စစ်ဆေးတဲ့ဆရာက
အမြုတေတွေကိုရေတွက်ကာဂရုတစိုက်ပြောလိုက်သည်။
“အမြုတေ၉၃ခု။သိပ်ကောင်းတယ်။ချန်းမင်ရှန်း မင်းရဲ့ရလာဒ်ကသိပ်ကိုအားရဖိုကောင်းတယ်” ချန်းမင်ရှန်းရဲ့နာမည်ကိုကြားတဲ့အခါ
စစ်ဆေးဖ့ိုအတွက်နောက်ဆုံးတန်းမှာရပ်နေတဲ့ထိုင်းတက လှမ်းကြည့်သည်။
သူဆီမှတိုက်ခိုက်ချင်တဲ့အော်ရာတွေထွက်လာသည်။
သူတို့နှစ်ယောက်ရဲ့မပြီးပြတ်သေးတဲ့ပြိုင်ပွဲအကြောင်းကို သူမမေ့သေးပေ။
ထိုအချိန်ကသူကအခုလောက်မသန်မာသေးပေ။
တောထဲမှာ
၃ရက်သွားနေပြီးမှော်ဝင်သားရဲတွေကိုသတ်လိုက်တာကို သူကိုအမှန်တကယ်သန်မာစေသည်ပေ။
ဂျင်ချန်ဆီကလမ်းညွှန်မှုတစ်ချို့လည်းရထားတာမို့
သူရဲ့ယခုစွမ်းအားကအရင်ထက်များစွာထက်မြက်လာပြီ။ သူကသူ့ကိုယ်သူယုံကြည်မှုရှိနေရာ
အခုအချိန်မှာသာသူတော်စင်တစ်ယောက်နဲတိုက်ရပါကသူခွန်အားကိုသူအပြည့်အဝအသုံးချနိုင်လိမ့်မည်ဖြစ်ပြီးသူမှာတိုက်ပွဲအတွေ့အကြုံလည်းရှိတာကြောင့်
နိုင်ဖို့များပေသည်။ချန်းမင်ရှန်းနဲဆိုလည်း သူရှုံးလိမ့်မည်မဟုတ်ပေ။
သိုပေမယ့်
အခုအချိန်ကချန်းမင်ရှန်းကိုကလန်ဖို့အချိန်ကောင်းမဟု တ်သည်ကိုသူသိလေရာတိုက်ခိုက်လိုစိတ်အပြည့်နှင့် သူချန်းမင်ရှန်းအား
ခပ်စူးစူးသာစိုက်ကြည့်နေလိုက်တော့သည်။
အကြီးအကဲ၏ချီးကျူးမှုကိုခံရသည့်ချန်းမင်ရှန်းကတော့ပြုံးနေကာအလွန်ဂုဏ်ယူပြီး
မောက်မာနေဟန်ဖြစ်နေလေတယ်။စစ်ဆေးသည့်ဆရာက
မှတ်စုစာအုပ်ထဲမှတ်နေရင်းမှပြောလာသည်။“အဆင့်၂မှော်ဝင်သားရဲအမြုတေ
၉၃ခုဘာဟုတ်သေးလိုလဲ။မင်း
ကအဆင့်၃ထဲတောင်ဝင်နိုင်သေးတယ်။ထပ်ပြောရရင်
မင်းကကျောင်းကပါရမီရှင်ပဲ
မင်းရဲ့အနာဂတ်ကအကန်အသတ်မရှိဘူး။
ရှေ့လျှောက်ပိုကြိုးစားကွာ”
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်မျာ”စစ်ဆေးသည့်ဆရာထံမှချီးကျူးမှုကိုထပ်မံရလိုက်တဲ့အတွက်ချန်းမင်ရှန်းဟာ
အောက်ခြေလွတ်တော့မတတ်ဖြစ်သွားတယ်။ချန်းမင်ရှန်းက သိုလှောင်ခါးပတ်ကိုပြန်ပေးကာသူအမြုတေတွေနဲ့အောင်မြင်မှုတံဆိပ်ယူကာ စင်ပေါ်ကဆင်းသွားသည်။
ချန်းမင်ရှန်းပြီးတော့
အခြားတစ်ယောက်ကလျှောက်လာကာအမြုတေကိုစားပွဲပေါ်တင်သည်။
လက်နဲအပြည့်ပါလာတဲ့အမြုတေတွေကိုကြည့်ကာဒီလူငယ်ဟာလည်းချန်းမင်ရှန်းအောက်
မနိမ့်ကျသည်ကိုသိနိုင်တယ်။
ဤသည်ကိုဆရာကပြုံးကာကြည့်ရင်းပြောသည်။ “မဆိုးဘူးဟွမ်တုန်း
ဒီတစ်ခါမင်းတကယ်ကိုကြိုးစားလာတာပဲ”
ဟွမ်တုန်းရဲ့နာမည်ကိုကြားလိုက်ကြသည့်အခါ
ကျောင်းသားအချို့ကအံ့သြတကြီးဖြစ်ကုန်တယ်။ ဂျင်ချန်တောင်မှထိုလူငယ့်ပုံရိပ်အား
သေချာကြည့်လိုက်မိသည်။ဟွမ်တုန်းဆိုတဲ့နာမည်က
ဂျင်ချန်နဲ့မစိမ်းသက်ပါပေ။ဒီကောင်ရဲ့စွမ်းအားအဆင့်က
ခါဂဲအကယ်ဒမီတွင်နံပါတ်၃နေရာတွင်ရှိသည်။
ဂျင်ချန်ကြားထားသည့်အတိုင်းဆိုလျှင်
ဟွမ်တုံးကသူတော်စင်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီးသူတော်စင်ကြီးဖြစ်ဖို့
ခြေတစ်လှမ်းသာလိုတော့သည်တဲ့။ထပ်ပြောရလျှင်ဖြင့်သူသူတော်စင်ကြီးဖြစ်သည်နှင့်
ဘွဲ့ရတော့မှာပင်ဖြစ်သည်။
ထိပ်ဆုံး၁၀ယောက်ထဲဝင်သည့်လူတိုင်းက
အလွန်အမင်းကိုစွမ်းအားကြီးမားသူတွေပဲဖြစ်သည်။အားလုံးဟာ
သူတော်စင်အထွတ်အထိပ်ကိုရောက်နေကြပြီးသူတော်စင်ကြီးဖြစ်ဖိုခြေတစ်လှမ်းသာ
လိုကြတော့တာလည်းဖြစ်သည်။
သူတော်စင်ကြီးဖြစ်သွားလျှင်ဘွ့ဲရတော့မည်ဖြစကာ်
ထိပ်ဆုံးစာရင်းမှလည်းထွက်ရမည်ပေ။
အကြီးအကဲ၏ချီးကျူးမှုကို
ဟွမ်တုံးကပြုံးယုံဖြင့်သာတုံပြန်ပြီးမည်သည်မျှမပြောပေ။ မကြာခင်မှာ
စားပွဲပေါ်ကအမြုတေတွေကိုအကြီးအကဲကရေလိုပြီးသွား သည်။ အားလုံးပေါင်း၉၁ခုရှိကာ ချန်းမင်ရှန်းထက်၂ခုသာနည်းလေတယ်။
ဟွမ်တုန်း၏နောက်တွင်
ထိပ်ဆုံးစာရင်းဝင်သူများတစ်ယောက်ပြီးတစ်ယောက်တက်လာကြရာအများဆုံးသူမှာအဆင့်၁ဖြစ်သည့်
ဘိုဂါဒီပင်။သူကအမြုတေ၁၀၃ခုဖြင့်လက်ရှိတွင်အများဆုံးဖြစ်နေသည်။
ထိပ်ဆုံး၁၀ယောက်စာရင်းမှ၄ယောက်သာစင်ပေါ်သိုတက်လာကြပြီးကျန်သူများမှာ
ကျရှုံးသည့်စာရင်းထဲရောက်နေလေသည်။သူတို့က စွမ်းအားအရမ်းကြီးပေမယ့်သူတို့ရှာထားသမျှဟာ အလုခံလိုက်ရပေသည်။
လျှင်မြန်စွာဖြင့်
အကယ်ဒမီရဲ့ထိပ်ဆုံး၁၀ယောက်စာရင်းကလူတွေ စင်ပေါ်ကဆင်းသွားကြတယ်။
လတ်တလောမှာအမြုတေတွေအများဆုံးရထားတာကထိပ်ဆုံး၁၀ယောက်စာရင်းမှ အဆင့်၁ဖြစ်တဲ့ ဘိုဂါဒီကအမြုတေ၁၀၃ခုနဲ့တစ်ပြေးနေတယ်။
ထိပ်ဆုံး၁၀ယောက်စာရင်းမှအဆင့်၅ဖြစ်သူကျင့်မင်ယွီကတော့အမြုတေ၁၀၁ခုဖြင့်
ဒုတိယနေရာမှာရှိနေတယ်။
တတိယနေရာမှသူကတော့
အမြုတေ၉၃ခုနဲတတိယနေရာမှာရှိတယ်။
သူကထိပ်ဆုံး၁၀ယောက်စာရင်းမဝင်ပေမယ့်လည်းသူသူတော်စင့်ပထမအဆင့်ကိုရောက်နေကာ
အကယ်ဒမီရဲ့ပါရမီရှင်များထဲမှတစ်ယောက်ဖြစ်တယ်။ သူရဲ့လေ့ကျင့်မှုအမြန်နှုန်းကလူအများထက်သာသလို သူရဲ့တိုက်ပွဲစွမ်းရည်ကလည်းမသေးလှဘူး။
လူသုံးယောက်သာကျန်တော့တဲ့အခါ
အများကအဆင့်နေရာ၃ခုကိုသတ်မှတ်လိုက်ကြပြီဖြစ်တယ်။ကျန်နေသည့်၃ယောက်က
အကယ်ဒမီရဲ့နာမည်ရှိသူတွေမဟုတ်တာကြောင့်ပဲ
ဖြစ်တယ်။ကျန်နေတဲ့သူတွေရဲ့သူတော်စင့်အဆင့်က သာမန်သူတော်စင်အခြေခံအဆင့်နဲ့
အလယ်အလတ်အဆင့်တွေမှာသာရှိသေးသောကြောင့်ပ
င်။
ချင်းယန်ဟူတို့လေးယောက်က
အမြုတေအတော်ရလိုက်တဲ့အတွက်ဂျင်ချန်ကိုကျေးဇူးတင်နေကြတယ်။
သူတိုကအမြုတေတစ်ဝက်ကိုလေးယောက်ခွဲယူလိုက်ရ တာပေမယ့် တစ်ယောက်ကို ၃၀လောက်ရခဲ့သေးတယ်။ဒီအရေအတွက်ကသူတို့အတွက်အတော်များတာမို့
နောက်ပိုင်းမှာ ရေတောင်မရေဖြစ်ခဲ့ဘူး။ဘာပဲဖြစ်ဖြစ်သူတို့က
မူလသူတော်စင်တွေပဲဖြစ်ကြသေးတာမဟုတ်လား။
နောက်ဆုံးတော့သူတော်စင်တွေအားလုံးအမြုတေစစ်ေ ဆးခြင်းပြီးဆုံးသွားလေပြီ။ အခု
ဂျင်ချန်နဲထိုင်းတတို့ပဲကျန်နေတော့တာဖြစ်တယ်။ ထိုအချိန်တွင်စင်မြင့်ပေါ်ကလူတိုင်းနှင့်
အောက်ကကျောင်းသားတိုင်းရဲ့အကြည့်က
ဂျင်ချန်နဲထိုင်းတဆီကိုသာရောက်နေလေတယ်။ဒီကျောင်းသားနှစ်ယောက်က
သူတော်စင်တွေမဟုတ်ပေမယ့်
အဆင့်၂မှော်ဝင်သားရဲတွေကိုသတ်နိုင်ခဲ့တယ်။
ဒီအချက်ကလူတွေကိုမနာလိုဖြစ်စေတယ်။
အခုအချိန်မှာအားလုံးကဂျင်ချန်တို့ အမြုတေမည်မျှရလာသနည်း
ဆိုကာခန်မှန်းနေကြလေတယ်။အများစုကတော့
၂ခုလောက်သာရမည်ထိုထက်မပိုလောက်ဘူးဟု
သတ်မှတ်လိုက်ကြသည်။
ဂျင်ချန်ကစင်ပေါ်တက်က
အကြီးအကဲထံသွားလိုက်သည်။ယခုအကြိမ်မှာတော့အကြီးအကဲရဲ့အကြည့်ကလေးစားမှုတွေပြည့်နေသည်။ပထမအကြိမ်စစ်ဆေးပြီးကတည်းက
သူဂျင်ချန်ကိုသဘောမကျတာမျိုးမရှိတော့ပေ။သိုပေမယ့်ဂျင်ချန်ရောထိုင်းတမှာပါ
အများဆုံးအမြုတေ၁၀ခုလောက်သာ
ပါမည်ဟုသူခန်မှန်းလေတယ်။မည်သို့ပင်ဆိုစေဒီကလေးတွေကသူတော်စင်မဖြစ်သေးဘဲ
တတိယနယ်မြေထဲဝင်ခဲ့တာပဲလေ။
ခါဂဲအကယ်ဒမီရဲ့သမိုင်းကြောင်းမှာတော့ ဒီအကြိမ်ဟာပထမဆုံးအဖြစ်
သူတော်စင်မဖြစ်သေးတဲ့သူကတတိယနယ်မြေထဲဝင်ခဲ့တာကိုကြုံဖူးခြင်းပဲ။
စင်ပေါ်မှာထိုင်နေတဲ့ဆရာတွေကစိတ်လှုပ်ရှားစွာဖြင့်
တစ်ယောက်ပြီးတစ်ယောက်ရဲ့အကြည့်တွေက ဂျင်ချန်ဆီရောက်လာနေတယ်။
ဂျင်ချန်က ဆရာတွေကိုတစ်ချက်ခြုံကြည့်လိုက်သည်။ဆရာတွေအကုန်လုံးကသူ့ကိုကြည့်နေကာ
မျှော်လင့်နေကြတာကိုမြင်တော့
ဂျင်ချန်ပြုံးသယောင်ဖြစ်သွားရတယ်။သူချက်ချင်းပဲ သိုလှောင်ခါးပတ်ထဲလက်နှိုက်ကာ
လက်တစ်ဆုပ်စာအပြည့်အမြုတေတွေယူပြီး
စားပွဲပေါ်တင်လိုက်တယ်။၁၀လုံးလောက်တော့ရှိတယ်။ဂျင်ချန်ကအဆင့်၂မှော်ဝင်သားရဲအမြုတေ၁၀ခုကို
ထုတ်ယူလိုက်တာမြင်တော့
ဆရာတွေအံ့အားသင့်ကုန်ကြတယ်။ဒီအရေအတွက်က သူတို့ခန်မှန်းခဲ့တဲ့အများဆုံးပမာဏပဲဖြစ်တယ်။
ခွန်အားအရပဲဆိုရင်တောင်မှ
အဆင့်၁နဲအဆင့်၂မှော်ဝင်သားရဲက
အတော်လေးကိုကွာတယ်။ဂျင်ချန်အနေနဲ့
၃၊၄ကောင်လောက်သတ်ခဲ့တယ်ဆိုရင်တောင်သူတို့အလွန်အံ့သြနေရမှာဖြစ်တယ်။အခုသူက
၁၀ကောင်တောင်သတ်နိုင်ခဲ့တယ်တဲ့….
အခြားသူတွေဘာတွေးနေမည်ကို
ဂျင်ချန်ကဂရုမစိုက်ပါဘဲ
နောက်ထပ်လက်အပြည့်အမြုတေတွေကိုစားပွဲပေါ်တင်လိုက်လေတယ်။
ယခုဆိုလျှင်စားပွဲပေါ်မှာရှိတဲ့အမြုတေအရေအတွက်က
ဒါဇင်ကျော်ပြီဖြစ်တယ်။ဒီအရေအတွက်က
အချို့သူတော်စင်တွေ၃ရက်နေမှ
ရလာခဲ့တဲ့အရေအတွက်နှင့်တူနေပြီဖြစ်တယ်။စင်ပေါ်မှဆရာတွေက
ကိုယ်တိုင်မြင်လိုက်ရပေမယ့်လည်းမယုံနိုင်ဘဲရှိနေကြတယ်။
စစ်ဆေးသည့်အကြီးအကဲတောင်မှ
အလွန်ကိုအံ့သြနေတယ်။ပထမအကြိမ်ဂျင်ချန်ကအမြုတေ၁၀၀လောက်ထုတ်ပြခဲ့တာတောင်မှ
သူဒီလောက်မအံ့သြခဲ့ဘူး။ဘယ်လိုပဲဒါဇင်ပဲရှိတဲ့အမြုတေပင်ဖြစ်ပါစေ
ဒီအရာတွေကသူတော်စင်တောင်မဖြစ်သေးတဲ့ကျောင်းသားတစ်ယောက်ဆီမှထွက်လာတာလေ…..
သူမည်သို့မအံ့သြဘဲနေမည်လဲ။
နောက်ဆုံးမှာတော့ဆရာတွေက
ဒီမှော်ဝင်သားရဲအမြုတေတွေဟာ
ဂျင်ချန်ကိုယ်တိုင်သတ်ပြီးမှရလာတာတွေဟုလက်ခံလိုက်ရတော့တယ်။သိုပေမယ့်
သူတော်စင်မဟုတ်တဲ့ဂျင်ချန်က
အဆင့်၂မှော်ဝင်သားရဲဒါဇင်ကျော်ကိုသတ်နေသည်အား
မြင်ယောင်မိလျှင်သူတို့တွေမယုံကြည်နိုင်ပြန်တော့…. ဒုကျောင်းအုပ်ပိုင်အန်းက
ကျေနပ်သည့်အပြုံးကိုဆင်မြန်းရင်းခပ်တိုးတိုးရေရွတ်သည်။
“မဆိုးဘူး။မဆိုးဘူး။လုံးဝမဆိုးဘူး။အရေးကြီးတာက သူကိုယ်ပိုင်စွမ်းအားနဲဘယ်နှကောင်သတ်ခဲ့လဲဆိုတာပဲ။ ငါနောက်မှစုံစမ်းကြည့်ရမယ်”
ဒါဇင်သောအမြုတေတွေကိုထုတ်ပြီးပေမယ့်ဂျင်ချန်ကမရပ်လေဘူး။နောက်ထပ်တစ်ကြိမ်
လက်တစ်ဆုပ်စာသောအမြုတေတွေကိုထုတ်ကာတင်လိုက်ပြန်တယ်။ဆွံ့အနေကြပြီဖြစ်သော
ဆရာတွေရဲ့အကြည့်တွေကိုဂရုမစိုက်စွာဖြင့် သူကထပ်ခါထပ်ခါသာအမြုတေတွေထုတ်ပြီး
စားပွဲပေါ်တင်နေလေတယ်။ဒီလိုဖြင့်စားပွဲပေါ်မှာ
အမြုတေတွေဖုံးလွှမ်းလာနေလေပြီ။
စားပွဲတွင်ပြည့်လေပြီဖြစ်သောအမြုတေတွေကြောင့်ဆရာတွေအားလုံးမှာ
ကြောင်အကသာကြည့်နေမိတော့တယ်။စင်အောက်မှကျောင်းသားတွေမှာလည်းဒီလိုယုံကြည်နိုင်စရာမရှိတဲ့အဖြစ်ကို
မျက်မြင်တွေ့လိုက်ရသည်မို့သာ
ကျိတ်မှိတ်ကာနားလည်အောင်ကြိုးစားနေရလေတယ်။စစ်ဆေးသည့်အကြီးအကဲကတော့
အသက်ကိုပြင်းပြင်းရှူကာ
သူအမူအယာကိုသူမနည်းပြန်ထိန်းနေရလေတယ်။ဒိအမြုတေတွေက
သူမြင်ဖူးခဲ့တြ့အဆင့်မြင့်အမြုတေတွေနှင့်မယှဉ်နိုင်လောက်အောင်ဖြစ်နေတယ်။သူပဘဝမှာတစ်ခါမှ
ဒီအမြုတေတွေကိုမမြင်ခဲ့ဖူးဘူး။ စစ်ဆေးသည့်အကြီးအကဲကအမြုတေတွေကိုမရေတွက်ခင်
ဂျင်ချန်ကိုကြည့်လိုက်မိသေးတယ်။ သူရေတွက်ပြီးသွားတဲ့အခါ
သူမျက်နှာကမယုံကြည်နိုင်နေပုံရကာ
အသက်ပြင်းပြင်းရှူပြီးစိတ်ကိုလျှော့ကာ
နောက်ထပ်တစ်ဖန်ရေတွက်ပြန်တယ်။ထိုင်ခုံမှာ
ပြန်ထိုင်ချပြီးစားပွဲပေါ်ကအမြုတေတွေကို
မယုံကြည်နိုင်စွာပြန်စိုက်ကြည့်နေပြန်တယ်။သူပါးစပ်က
အမြုတေအရေအတွက်ကိုအော်ဖို့ရာ
အတော်ကြာသည်အထိမဟနိုင်ခဲ့ဘူး။
အတော်ကြာသည့်အခါပိုင်အန်းကစိတ်မရှည်တော့ဘဲ
ပြောလေတော့တယ်။
“စတိဗ့်အမြုတေအရေအတွက်ကို
မြန်မြန်မှတ်တော့လေ”
ပိုင်အန်း၏အမူအယာကတည်ငြိမ်နေပါသော်ငြားစိတ်လှုပ်ရှားမှုကြောင့်
အသံတွေကတုန်ယင်နေလေတယ်။
ဒုကျောင်းအုပ်၏အသံကိုကြားမှအကြီးအကဲကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးမှပြောသည်။
“ချင်းယန်ရှင်းတန်အဆင့်၂မှော်ဝင်သားရဲအမြုတေ
၁၁၈ခု”