Switch Mode

Chapter – 54

Chapter – 54

အမြုတေတွေကိုမြန်မြန်ပဲရေတွက်လိုက်ကြတယ်၊အကဲဖြတ်အဖွဲ့ခေါင်းဆောင်က
‘အမြုတေ၉၈ခုရှိတယ်၊ဒီမှာကမင်းရဲ့အိတ်၊
ကျောင်းကပေးတဲ့အိတ်ကိုပြန်အပ်ပါ’
လိုပြောလိုက်တယ်၊ခေါင်းဆောင်ကဂျင်ချန်ကို
မြစိမ်းရောင်အိတ်တလုံးပေးလိုက်တယ်၊အဲဒီအိတ်ကဂျင်ချန်ရဲ့အဖေကချင်းရန်အဖွဲ့ကသူမထွက်ခွါခင်
ပေးလိုက်တဲ့အိတ်ဖြစ်တယ်၊
ဂျင်ချန်က လက်ထဲကအိတ်ကိုခဏကြည့်လိုက်ပြီး
ခေါင်းဆောင်ကို

‘ဆရာ၊ကျွန်တော်အိတ်ကိုခဏကြည့်ပေးထားပါ၊
အကဲဖြတ်စစ်ဆေးမှုပြီးသွားရင်ကျောင်းကအိတ်ကို
ပြန်ပေးပါမယ်’
လို့ဖြည်းဖြည်းချင်းပြောလိုက်တယ်၊
ဒီအကြောင်းကိုကြားတော့ခေါင်းဆောင်လည်း
စိတ်ရှုပ်သွားတဲ့ဟန်နဲ့ ‘ဘာပြောလိုက်တယ်’လိုပြောလိုက်တယ်
ဂျင်ချန်ရဲ့အမြုတေ၁၀၀နီးပါးကိုတယောက်ထဲ
ရှာနိုင်စွမ်းကိုခေါင်းဆောင်လည်းနည်းနည်းတော့ဖျားနေပုံရတယ်၊
‘ဆရာကျွန်တော်ဆီမှာ
အဆင့်၂အမြုတေတွေရှိသေးတယ်၊ခဏနေရင်အကဲဖြတ်ခံရဦးမှာ’
လို့ဂျင်ချန်ကပြောလိုက်တယ်၊ခုက
အဆင့်၁အမြုတေကိုအကဲဖြတ်တုန်းရှိသေးတာ၊ပြီးမှအဆင့်၂အမြုတေကိုအကဲဖြတ်မှာဖြစ်တယ်၊
ခေါင်းဆောင်ကမယုံနိုင်တဲ့အကြည့်နဲ့
‘ဘာမင်းဆီမှာအဆင့်၂အမြုတေရှိသေးတယ်၊ဟုတ်လား’

ဆိုပြီးသံသယသံနဲမေးလိုက်တယ်၊
ခေါင်းဆောင်တင်မကဘဲကျန်တဲ့သူတွေကလည်း
မယုံနိုင်တဲ့သံသယမျက်နှာတွေနဲ့ကြည့်နေကြတယ်၊ ဂျင်ချန်က
‘ဟုတ်ပါတယ်ခင်ဗျ’
လိုပဲပြန်ဖြေလိုက်တယ်၊
ဒီစကားကိုကြားလိုက်ရတဲ့ခေါင်းဆောင်ကသက်ပြင်းချလိုက်တယ်၊ဂျင်ချန်ကို
ခပ်တည်တည်နဲကြည့်ပြီးသူ့သတင်းတွေကြားတုန်းက မယုံခဲ့တာကိုပြန်တွေးမိတယ်၊ဒါပေမယ့်ဒီကိစ္စအတွက် စိတ်ရှုပ်မခံဖို့ဘဲတွေးလိုက်ပြီး
‘ကောင်းပြီ၊ဒီအမြုတေတွေသိမ်းထားလိုက်၊မင်း
နောက်တဆင့်တက်နိုင်တယ်’လို့ပြောလိုက်တယ်၊
အဲဒီနောက်မှာဂျင်ချန်ကအမြုတေတွေကိုအိတ်ထဲထည့်လိုက်ပြီးအကဲဖြတ်အဖွဲ့ဆီက
ပြန်ထွက်လာခဲ့တယ်၊အဲဒီနေရာမှာရှိနေတဲ့ဆရာရော၊
ကျောင်းသားတွေရောဂျင်ချန်ကို
မနာလိုအားကျအထင်သေးအကြည့်အမျိုးမျိုးနဲ့ ကြည့်နေကြတယ်၊

ဂျင်ချန်ကအဆင့်၂အမြုတေစစ်ဆေးမယ့်အဖွဲ့ကို
စောင့်နေတဲ့သူတွေဆီကိုသွားပူးပေါင်းလိုက်တယ်၊
ချန်းရန်ဟူတို့အဖွဲ့ကလွဲရင်အားလုံးကသူတေါ်စါ်နီးပါး အားမြင့်သူတွေဖြစ်တယ်၊သူတိုဟာဂျင်ချန်ကို
မယုံနိုင်တဲ့အကြည့်နဲ့ကြည့်နေကြတယ်၊သူတို့က
ဂျင်ချန်ကိုတတိယနယ်မြေမှာလည်းမတွေ့လိုက်ကြဘူး၊
ပြီးတော့သူတေါ်စင်တာင်မဖြစ်သေးတဲ့သူကအဆင့်၂အမြုတေရတယ်ဆိုတာဘယ်လိုမှ
မဖြစ်နိုင်ဘူးလေ၊သူတို့ကဂျင်ချန်ကို
တတိယနယ်မြေထဲဝင်ပြီးအဆင့်၂အမြုတေရခဲ့တယ်ဆိုတာမယုံနိုင်ကြဘူး၊
ဂျင်ချန်ရဲ့နောက်မှာထိုင်းတကတန်းစီနေတာဆိုတော့ သူပြီးတာနဲ့ထိုင်းတအလှည့်ရောက်လာတယ်၊
ဒီအချိန်မှာတော့ထိုင်းတကခာဂဲဂိုဏ်းချုပ်ရဲ့
တပည့်ဆိုတာလူတိုင်းသိနေကြတယ်၊ထိုင်းတကို
ခေါင်းဆောင်ကပြုံးကြည့်ပြီး
‘ထိုင်းတ၊မငိးဒီတခါရောဘယ်လောက်ရခဲ့လဲ’ လိုမေးလိုက်တယ်၊
ထိုင်းတကဘာမှပြန်မပြောဘဲရယ်ပြီးသူအိတ်ထဲကအမြုတေတွေကိုတဆုပ်ချင်းထုတ်ပြီး

စားပွဲပေါ်ချလိုက်တယ်၊တခါထုတ်ရင်အမြုတေ၁၄ခု
၁၅ခုလောက်ပါလာတယ်၊
ထိုင်းတရဲ့အမြုတေတွေမြင်လိုက်ရတဲ့ခေါင်းဆောင်က ‘တကယ်ပဲဂိုဏ်းချုပ်ကအမြင်ရှိတယ်၊ဒီကောင်က
ဉာဏ်သိပ်မရှိပေမယ့်အားကြီးတော့အထင်တေ့ာ
သိပ်သေးလို့မရဘူး’
လို့တွေးလိုက်တယ်၊
ထိုင်းတကတော့အမြုတေတွေကိုတဆုပ်ပြီးတဆုပ်
ထုတ်နေခဲ့တာစားပွဲပေါ်မှာအမြုတေတွေအပုံလိုက်ကြီး
ဖြစ်နေပြီ၊
အမြုတေ၁၀၀လောက်ထုတ်အပြီးမှာထိုင်းတက ရပ်လိုက်တယ်၊သူရခဲ့တဲ့အမြုတေတွေကို
ပြုံးပြုံးကြီးကြည့်ပြီး’ဆရာဒါအကုန်ပဲဗျ’ လို့ပြောလိုက်တယ်၊
အဲဒီအချိန်မှာအနားမှာရှိသမျှလူတွေအကုန်လုံးစကားမပြောနိုင်အောင်ကြောင်အသွားကြတယ်၊
သူတိုဟာစားပွဲပေါ်ကအမြုတေပုံကြီးကိုကြည့်ပြီး ကြက်သေသေနေကြတယ်၊

အကဲဖြတ်ခေါင်းဆောင်ကသက်ပြင်းအရှည်ကြီး
ချလိုက်ပြီးထိုင်းတကိုကြည့်ကာ
‘တော်တယ်၊မင်းကဆရာကိုမျက်နှာမပျက်အောင်လုပ်နိုင်ခဲ့တာပဲ’
လို့ပြောပြီးအမြုတေတွေကိုရေတွက်လိုက်တယ်၊
ထိုင်းတအမြုတေတွေကိုဘယ်လိုရှာလာတာလဲလို့
မေးမနေတော့ဘူး၊ဂျင်ချန်နဲတွဲပြီးရှာခဲ့တာနေမှာလိုပဲ
တွေးလိုက်တယ်၊
ခေါင်းဆောင်ကရေတွက်တာရပ်လိုက်ပြီး’၉၇ခုရှိတယ်’
လိုပြောပြီးမှတ်တမ်းစာအုပ်ထဲမှတ်လိုက်တယ်၊

တ်တမ်းတင်ပြီးသွားတဲ့နောက်မှာခေါင်းဆောင်က
ကျောက်မျက်တွေစီချယ်ထားတဲ့အရမ်းကောင်းတဲ့
အနက်ရောင်ခါးပတ်အိတ်နဲ့ဂုဏ်ပြုတံဆိပ်ကိုထိုင်းတဆီ ကမ်းပေးရင်း
“ဒီမှာမင်းရဲ့အိတ်နဲ့မင်းအတွက်ဂုဏ်ပြုတံဆိပ်၊ အမြုတေတွေကိုပြန်ယူပြီးကျောင်းကအိတ်ကို
ပြန်ပေးတော့’

လို့ပြောလိုက်တယ်၊
ထိုင်းတရဲ့အိတ်ကဂိုဏ်းချုပ်ကိုယ်တိုင် သူရဲ့တပည့်အဖြစ်လက်ခံလိုက်တုန်းက
ပေးထားတဲ့အိတိဖြစ်တယ်၊ပြီးတော့
သူလိုသာမန်မိသားစုကလာတဲ့သူကဒီလိုမျိုးအိတ် ဝယ်နိုင်စရာအကြောင်းမရှိဘူးလေ၊ဒီအိတ်မျိုးက ထျန်းးယွမ်နယ်မြေမှာသိပ်မထူးဆန်းပေမယ့်
လူတိုင်းတော့မကိုင်ဘူးလေ၊
ထိုင်းတကအိတ်ကိုကြညိ့လိုက်ပြီးခေါင်းယမ်းလိုက်တာ’ဆရာပဲခဏယူထားပေးပါဦး၊ကျွန်တော့်ဆီမှာ
အဆင့်၂အမြုတေတွေရှိသေးတယ်ဗျ’လို့ပြောလိုက်တယ်၊
ခေါင်းဆောင်ကအရမ်းလန်သွားပြီးမယုံတဲ့အသံနဲ့ ‘မင်းဆီမှာလည်းအဆင့်၂အမြုတေရှိနေတယ်၊
ဟုတ်လား”
လိုမေးလိုက်တယ်၊
ကျန်တဲ့အကဲဖြတ်အဖွဲ့ဝင်တွေလည်းမယုံနိုင်ဘဲ အချင်းချင်းလှည့်ကြည့်နေကြတယ်၊သူတို့က
ဂျင်ချန်အပြင်နောက်တယောက်ပါ
အမြုတေရှိနေတယ်ဆိုတာမယုံနိုင်ကြဘူး၊

ခေါင်းဆောင်က
‘ထိုင်းတမင်းတတိယနယ်မြေကိုသွားခဲ့တာလား’ လိုမေးလိုက်တယ်၊သူနဲတော့မဆိုင်ပေမယ့်
အရမ်းသိချင်လာလို့မေးလိုက်တာဖြစ်တယ်၊အဖြေကို မှန်းဆထားပေမယ့်ကိုယ်တိုင်မကြားမချင်းမယုံချင်ဘူး၊ထိုင်းတကခောင်းညိတ်လိုက်ပြီး၊
‘ဟုတ်တယ်ကျွန်တော်သွားခဲ့တယ်’ လိုဖြေလိုက်တယ်
ခေါင်းဆောင်က
‘အဆင့်၂မှော်သတ္တဝါကိုသတ်ပြီးအမြုတေရလာတာလား”
‘လို့ထပ်မေးလိုက်တယ်၊သူမေးနေတာ
နည်းနည်းလွန်နေပေမယ့်အားလုံးကသိချင်နေကြတော့ ဘယ်သူမှမတားကြဘူး၊အားလုံးကတိတိကျကျ
သိချင်နေကြတယ်၊ထိုင်းတက
‘တချို့အမြုတေတွေကကျွန်တော်နဲ့ချန်းရန်ရှင်းတန် သတ္တဝါတွေကိုအတူပေါင်းတိုက်ပြီးရလာတာ’
လို့ဖုံးဖုံးဖိဖိပြန်ဖြေလိုက်တယ်၊
ခေါင်းဆောင်ကမယုံနိုင်တဲ့အသံနဲ့

“မင်းတို့နှစ်ယောက်ပေါင်းပြီးတိုက်ခဲ့ကြတယိ
ဟုတ်လား’
လို့ပြောလိုက်တယ်၊
ထိုင်းတက ခေါင်းညိတ်ပြီး’ဟုတ်တယ်ဗျ’
လို့ပြောလိုက်တယ်
ထိုင်းတရဲ့အဖြေကြောင့်
ဆရာတွေအားလုံးကြောင်သွားကြတယ်၊
သူတေါ်စင်တောင် မဖြစ်သေးတဲ့ ကလေးနှစ်ယောက်ကအဆင့်၂သတ္တဝါကို သတ်နိုင်တာမျိုး ကျောင်းရာဇဝင်မှာတခါမှမဖြစ်ဘူးတော့မယုံနိုင်ကြဘူး၊
အဲဒီနောက်တော့ထိုင်းတကအမြုတေတွေပြန်သိမ်းပြီး အဆင့်၂အမြုတေစစ်ဆေးမယ့်နေရာမှာရပ်နေတဲ့
ဂျင်ချန်နောက်သွားပြီးတန်းစီနေလိုက်တယ်၊
ဒီအချိန်မှာတော့အားလုံးကသူတိုနှစ်ယောက်ကို စိတ်ဝင်စားနေကြပြီးမအောင်မြင်တဲ့သူတွေက
မနာလိုတဲ့အကြည့်နဲ့ကြည့်နေကြတယ်၊အများစုက
မှော်သတ္တဝါတွေလက်က
မနည်းအသက်လုပြေးခဲ့ကြသူတွေဖြစ်ပြီးဂျင်ချန်တို့လို
ကောင်လေးနှစ်ယောက်ကသူတိုလိုစီနီယာတွေကို

ကျော်ပြီးအမြုတေနှစ်မျိုးလုံးရလာတာမယုံနိုင်ကြဘူး၊ သူတို့တွေဟာဆောက်တည်ရာမရဖြစ်နေပြီးအများစုက ရှက်လည်းရှက်နေကြတယ်၊
သိပ်မကြာခင်မှာပဲအဆင့်၁အမြုတေစစ်ဆေးပွဲ
ပြီးသွားတယ်၊ဂျင်ချန်က၉၈ခုနဲ့ပထမ၊ထိုင်းတက၉၇ခုနဲ့ ဒုတိယဖြစ်ပြီးတတိယနေရာကမူထျန်ကသူတိုထက် အမြုတေအပြတ်အသတ်နည်းလွန်းတယ်၊
မူထျနိးကဂျင်ချန်တို့ကိုအံ့အားသင့်စွာကြည့်နေပြီး “မင်းတို့နှစ်ယောက်ကိုအားကျလိုက်တာကွာ၊
သူတော်စင်တွေမလုပ်နိုင်တာတွေကိုတောင်
လုပ်နိုင်ကြတယ်၊မင်းတို့နဲ့ပူးပေါင်းချင်လိုက်တာ” လို့တိုးတို့လေးပြောနေတယ်၊
သူကိုအပြတ်အသတ်အနိုင်ယူသွားကြပေမယ့်
သူကတော့မကျေနပ်တဲ့အရိပ်အယောင်မပြပါဘူး၊အဲဒီအချိန်မှာပဲချနိးရန်ဟူကပျော်နေပုံနဲ့
‘ညိ၄မင်းတို့နှစ်ယောက်ကမိုကိတယိကွာ၊
သုံးရက်အတွင်းအမြုတေ၁၀၀လောက်ရလာကြတာ၊”‘လိုတိုးတိုးလေးပြောလိုက်တယ်၊ချန်းရန်ဟူက ဂျင်ချန်ကိုဂုဏ်ယူစွာကြည့်နေပြီးပျော်နေရှာတယ်၊

ဂျင်ချန်ကတော့ပြုံးပဲပြုံးနေတယ်၊ရုတ်တရက်
တယောက်ယောက်ကသူ့ကိုကြည့်နေသလို
ခံစားလိုက်ရတယိ၊နောက်ကိုလှည့်ကြည့်လိုက်တော့စုတ်ပြတ်နေတဲ့အဝတ်တွေဝတ်ထားတဲ့
လူငယ်တယောက်ကသူကိုမုန်းတီးတဲ့အကြည့်နဲ့
ကြည့်နေတယ်၊ သူကိုကြည့်ရတာ
သတ်ချင်နေတဲ့ပုံပေါက်နေတာကြောင့်ဂျင်ချန်ကမျက်မှောင်ကြုတ်လိုက်တယ်၊
ဒါပေမယ့်လူငယ်ကိုသေချာကြည့်လိုက်တော့
သူအမြုတေတွေလုယူခဲ့တဲ့လျှိုချင်းဖြစ်နေတာကြောင့် နည်းနည်းရင်ခုန်မြန်သွားတယ်၊
လျှိုချင်းဟာအမြုတေတွေလုယူခြင်းခံရရုံသာမက ဒဏ်ရာလည်းပြင်းပြင်းထန်ထန်ရခဲ့သေးတယ်၊
ဒီနောက်တော့သူတို့အဖွဲ့ကစိတ်ဓာတ်ကျပြီး
အမြုတေတွေဆက်မရှာနိုင်တော့တာမို့ကျရှုံးခဲ့ပြီ
ဖြစိတယ်၊
ဂျင်ချန်ကအထင်သေးတဲ့အပြုံးမျိုးပြုံးလိုက်တယ်၊သူကလျှိုချင်းလိုလူမျိုးအများကြီး အရင်ဘဝက
ကြုံခဲ့ဖူးပြီးသား၊ဒီလူတွေကပြသနာသိပ်မရှာနိုင်မို့ အဖက်လုပ်စရာမလိုဘူးလေ။

အမြုတေစစ်ဆေးပွဲကြီးစတင်တာနဲ့
အောင်မြင်သူတွေဟာအကဲဖြတ်နေရာကို
ရောက်လာကြတယ်၊
ဂျင်ချန်တို့နှစ်ယောက်ကလွဲရင်အားလုံးကသူတော်စင်
တွေချည်းပဲ။
အကဲဖြတ်အဖွဲ့ကမြန်မြန်ပဲစစ်ဆေးနေတယ်၊
တတိယနယ်မြေမှာအချင်းချင်းလုယက်ခဲ့ကြတော့ စစ်ဆေးတဲ့နေရာမှာလူရာချီရှိရမယ့်အစားလူ၃၀
၄၀လောက်ပဲအစစ်ခံနိုင်ခဲ့ကြတယ်၊တယောက်ကို
အမြုတေအနည်းဆုံး၂ခုဆီတော့ရှိကြပြီးတချို့ဆို၂၃ခု ထိတောင်ရှိကြတယ်၊

Comment

Leave a Reply

Options

not work with dark mode
Reset