Switch Mode

Chapter – 53

Chapter – 53

ဂျင်ချန်စကားကိုကြားသည့်အခါ ထိုင်းတမှလွဲပြီးကျန်သူအားလုံးဟာ အံ့အားသင့်စွာကြည့်လာကြလေတယ်။တချို့ကတော့ သူတို့နားကြားများလွဲတာလားဆိုပြီး
မယုံကြည်နိုင်ဖြစ်နေကြတယ်။သူတို့အမြင်အရတော့
မှော်ဝင်သားရဲအမြုတေကိုရေတွက်ချင်ရင်
စားပွဲပေါ်တင်လိုက်ရုံပင်ဟု….။ဒါကိုဘာကြောင့် ဒီထက်ကြီးတဲ့စားပွဲကိုတောင်းဖိုလိုမှာလဲ။
တမင်ဒုက္ခများအောင်လုပ်နေတာ မဟုတ်ဘူးလား…..“အဲ့ကောင်ကဘယ်သူလဲ။တကယ်ကို
စဉ်းစားဆင်ချင်နိုင်စွမ်းမရှိတဲ့ကောင်ပဲ။
ဆရာတစ်ယောက်ကိုတောင်စားပွဲခုံလဲခိုင်းရဲတယ်” “အဲ့ကောင်ကတကယ်ရူးနေတာဖြစ်မယ်။
လူတွေအများကြီးရှေ့မှာဆရာစတီဗ့်ကို
ဒီစားပွဲကအရမ်းသေးတယ်လိုတောင်သူကပြောရဲတယ်။ဆရာစတိဗ့်ကိုစားပွဲလဲခိုင်းတာက
တကယ်ရိုင်းတဲ့အပြုအမူပဲ။

ဒီကောင်ခါဂဲအကယ်ဒမီမှာတက်နေပြီး စည်းကမ်းကြီးကြောင်းနာမည်ကြီးတဲ့ ဆရာစတိဗ့်ကိုတောင်မသိဘူးလား”
အားလုံးကဂျင်ချန်အားအရူးတစ်ယောက်လိုကြည့်ကာ
ဝေဖန်ပြောဆိုနေကြလေတယ်။
စစ်ဆေးသည့်ဆရာ၏အမူအယာကပြောင်းသွားသည်။
မျက်မှောင်ကျုံကာဖြင့်
ဂျင်ချန်အားထပ်ခါတလဲလဲစူးစိုက်၍ကြည့်နေပြီး အသံနိမ့်ဖြင့်ပြောသည်။
“မင်းနာမည်ကဘာလဲ။ဆရာတစ်ယောက်ကိုတောင် ဒီလိုပြောင်းခိုင်းရဲတယ်။ဒီစားပွဲ့အရင်ကတည်းက
ဒီအတိုင်းပဲသုံးတာ။မင်းပြောမှ ငါကပြောင်းစရာလား”
ဂျင်ချန်ပြောလိုက်သည့်စကားကိုစစ်ဆေးသည့်ဆရာကမ
ကျေနပ်ချေ။အချို့ဆရာတွေတောင်မှ
ဂျင်ချန်ကိုစိတ်ပျက်သည့်အမူအယာတွေနှင့်ကြည့်နေကြ သည်။ဤအပြုအမူက
ဆရာတွေကိုမလေးစားတာပဲမဟုတ်လား။ဂျင်ချန်အတွက်ကတော့ဒီစားပွဲက
သူသိုလှောင်ခါးပတ်ထဲကအမြုတေတွေမဆန်နိုင်လောက်သည့်အတွက်စားပွဲအသစ်တောင်းခြင်းသာဖြစ်တယ်။

ဒါပေါ့တချို့နားလည်တဲ့ဆရာတွေကတော့
ခပ်အေးအေးနေနေကြတာပေါ့။သူတိုမျက်နှာတွေက အနည်းငယ်ပင်ပြုံးနေသေးသည်။ထိုသူတွေကတော့
ဂျင်ချန်နဲထိုင်းတတို့ဝံပုလွေပြာအုပ်စုနဲတိုက်ခိုက်တာကို
မြင်ခဲ့သူတွေပဲဖြစ်တယ်။
ထိုအချိန်မှာ
လူအုပ်ထဲမှတောက်ပသည့်မျက်ဝန်းတွေနှင့်ကောင်မလေ
းတစ်ယောက်ဟာဂျင်ချန်အားမသင်္ကာသလိုကြည့်နေကာ
ပါးစပ်ကလည်းပွစိပွစိရေရွတ်နေလေတယ်။“ထူးဆန်းတယ်။ဒီကောင့်ကိုမြင်ဖူးတယ်လို့ ဘာကြောင့်ခံစားနေရပါလိမ့်။တစ်နေရာရာမှာ
တွေ့ဖူးတာများလား”
သူမကမျက်မှောင်ကျုံကာပြင်းပြင်းထန်ထန်
တွေးတောနေလေတယ်။ရုတ်ချည်း
သူမမျက်လုံးတွေတဖျက်ဖျက်ခတ်လာကာထအော်လေတယ်။
“ချင်းယန်ရှင်းတန်။သူကချင်းယန်ရှင်းတန်ပဲ”
သူမအသံကမတိုးတာမို့အားလုံးကြားလိုက်ရလေတယ်။ချင်းယန်

ရှင်းတန်ဆိုသည့်အမည်အားကြားလိုက်၇သည့်အခါ
ဂျင်ချန်အားရိုင်းစိုင်းသည်ဟုစွပ်စွဲနေကြသူတွေအားလုံးသည်
မိဘစကားနားထောင်သည့်သားလိမ္မာလေးများပမာချက်ချင်းပါးစပ်တွေပိတ်ကုန်ကြသည်။
ချင်းယန်ရှင်းတန်ဆိုသည့်အမည်အား
ခါဂဲအကယ်ဒမီတွင်မကြားဖူးသူဟူ၍မရှိပေ။ဂျင်ချနရုပ်ရည်ကိုလူတိုင်းမသိကြပေမယ့်
လူသစ်ပြိုင်ပွဲမှာတော့အများစုကမြင်ဖူးကြပြီးဖြစ်တယ်။အခုဂျင်ချန်ကရွံ့ဗွက်တွေပေလူးနေကာ
အဝတ်တွေကလည်းစုတ်ပြတ်သတ်နေသဖြင့်
မမှတ်မိကြတာဖြစ်သည်။သူကယခုသူတောင်းစားနှင့်ပင်တူနေသည်မဟုတ်လော…။ဒီလိုပုံစံကြောင့်
အားလုံးရဲ့ရှေ့မှာရပ်နေပေမယ့် သူကိုဘယ်သူမှမမှတ်မိကြခြင်းပင်။
ချင်းယန်ရှင်းတန်နာမည်ကိုကြားလိုက်ရသည့်
စစ်ဆေးသည့်ဆရာလည်းဂျင်ချန်အားအနားကပ်ကာစစ်ဆေးလေတယ်။သူနာမည်ဟာဆရာတွေပါ
မသိသူမရှိရတဲ့အထိကျော်ကြားနေတာဖြစ်တယ်။ ဒါကြောင့်

စစ်ဆေးသည့်ဆရာမှာပိုပြီးမယုံကြည်နိုင်ဖြစ်သွားရတော့
တယ်။သူနာမည်ကျော်ပေမယ့်လည်း
ဆရာတစ်ယောက်ကိုစားပွဲမယူခိုင်းသင့်သေးဘူးလေ။ထိုဆရာကနောက်တဖန်စကားပြောဖို့ပါးစပ်ဟရုံရှိသေး ဒုကျောင်းအုပ်ပိုင်အန်း၏အသံကျယ်ကြီးက
အရင်ထွက်လာတယ်။
“အခုချက်ချင်းဒီ့ထက်ကြီးတဲ့စားပွဲနဲ့လဲလိုက်ကြစမ်း” ပိုင်အန်း၏မျက်နှာတွင်ရှုံ့ချမှုအစား
စိတ်လှုပ်ရှုားမှုကိုသာမြင်တွေ့ရလေတယ်။
ဂျင်ချန်ဘာအတွက်ကြောင့်စားပွဲလဲခိုင်းသည်ကို သိသည့်အလား
သူကမျှော်လင့်ချက်တွေပြည့်နေသည့်အကြည့်ဖြင့်ကြည့်
နေလေတယ်။
ဒုကျောင်းအုပ်ပိုင်အန်းက
အသက်၃၄နှစ်သာရှိသေးပေမယ့်သူလုပ်သက်က
ကျောင်းအုပ်ထက်၂နှစ်သာနိမ့်လေသည်။ သူကပြောလိုက်သည့်အခါ
ဆရာတွေကငြိမ်သက်သွားကြသည်။
အချို့ဆရာတွေကလွဲရင်ကျန်ဆရာများက
ပိုင်အန်းမည်သည်ကိုဆိုလိုသည်ကိုနားလည်ကြသည်။

နဂိုရှိသည့်စားပွဲကကျောင်းသားတစ်ယောက်ဆီက
အမြုတေတွေထည့်ဖိုလုံလောက်သည်ဖြစ်ရာဒီ့ထက်ကြီးသည့်စားပွဲကိုမလိုအပ်ချေ။
မကြာခင်တွင် ၃မီတာရှည်ပြီး ၂မီတာကျယ်သည့်စားပွဲကြီးကိုစင်ပေါ်မတင်လာကြသည်။
စစ်ဆေးသည့်ဆရာကန၈ိုရှိနေသည့်စားပွဲဟာ
ဖယ်ထုတ်လိုက်သည်။
“ချင်းယန်ရှင်းတန်မင်းကျေနပ်ပြီလား” စစ်ဆေးသည့်ဆရာ၏အသံက
မကျေနပ်နေဟန်အထင်းသားပါပင်။
ဂျင်ချန်ရဲ့တောင်းဆိုမှုကအသက်၄၀-
၅၀အရွယ်ရှိတဲ့ဆရာတစ်ယောက်ကိုမလေးစားရာကျလွန်းသည်။
ထိုဆရာကသူ့ကိုအမြင်မကြည်တာကိုသိတော့ ဂျင်ချန်ခါးသက်စွာပြုံးလိုက်သည်။
ဒီလိုဖြစ်မယ်လိုသူမမျှော်လင့်ထားခဲ့ပေမယ့်စိတ်ထဲလည်းထားမနေတော့ပေ။
ဂျင်ချန်ကသူ့သိုလှောင်ခါးပတ်ကိုဖြုတ်လိုက်ပြီး အခြားကျောင်းသားတွေလို
တစ်လုံးချင်းစီထုတ်မနေတော့။လက်တစ်ဆုပ်စာ

အမြုတေ၁၀လုံးကိုတစ်ခါထဲဆွဲထုတ်လိုက်ပြီး
စားပွဲပေါ်သို့ပေါ့ပေါ့ပါးပါးတင်လိုက်သည်။
အမြုတေတွေအားလုံးကအဖြူဖျော့ဖျော့အရောင်ရှိပြီး ဆယ်ကျော်သက်တစ်ယောက်၏လက်ထက်ကြီးသောစက်ဝိုင်းပုံအလုံးတွေဖြစ်ကြသည်။
ဂျင်ချန်ကအမြုတေ၁၀ခုကိုတစ်ခါထဲဆွဲထုတ်လိုက်တာကို
မြင်တော့စစ်ဆေးသည့်အကြီးအကဲက
ဂျင်ချန်ရဲ့အရင်အပြုအမူကိုသဘောမကျပေမယ့် စိတ်ထဲမှာတော့ကျိတ်ပြီးထောက်ခံလိုက်သည်။
ဒီ၁၀ခုကဂျင်ချန်ပါလာသမျှအကုန်လို့ထင်လိုက်ချိန်မှာပဲ ဂျင်ချန်လက်ကသိုလှောင်ခါးပတ်ထဲပြန်ဝင်သွားပြီး
နောက်တစ်ကြိမ်အမြုတေ၁၀ခုကိုထပ်ဆွဲထုတ်ကာစားပွဲပေါ်တင်လိုက်ပြန်သည်။
မျက်စိရှေ့တွင်အမြုတေအခု၂၀ရှိနေပြီဖြစ်သည်။ စစ်ဆေးသည့်ဆရာက
ဂျင်ချန်ကိုမျက်လုံးဝင့်ကြည့်လိုက်ကာ ခပ်တိုးတိုးရေရါတ်လိုက်သည်။
“ဒီချင်းယန်ရှင်းတန်ကတော့
တကယ်ကိုတော်ပါပေတယ်။အေးလေ

သူကသူတော်စင်မဖြစ်သေးဘဲနဲတောင်
သူတော်စင်တစ်ယောက်ကိုအနိုင်ယူခဲ့တာပဲ”
ဂျင်ချန်ကနောက်တစ်ကြိမ်အမြုတေ၁၀ခုကိုထုတ်ကာစားပွဲပေါ်ငြင်ငြင်သာသာချလိုက်ပြန်သည်။စားပွဲပါ်မှ အမြုတေအချင်းချင်းထိမိသံပင်ထွက်လာ၏။
ဂျင်ချန်ကနောက်ထပ်အမြုတေထုတ်ယူဖိုပြင်နေသည်ကို
တွေ့ရတော့
စစ်ဆေးတဲ့ဆရာ၏အမူအယာမှာပြောင်းသွားသည်။အံ့သြမှုကြောင့်သူမျက်လုံးတွေပြူးကျယ်နေသည်။ အခုအမြုတေအလုံး၃၀ရှိနေပြီဖြစ်ကာ
မူထျန်ထက်၇ခုတောင်များနေပြီပေ။
သူတော်စင်မဖြစ်သေးတဲ့ကျောင်းသားတစ်ယောက်က
တောထဲမှာ၃ရက်ထဲနေပြီး
အဆင့်၁မှော်ဝင်သားရဲအကောင်၃၀ကိုသတ်နိုင်ကတည်းကသံသယမရှိချွင်းချက်ကိုစံချိန်ချိုးသွားပြီဖြစ်သည်။ အကြီးအကဲက
လောကကြီးမှာရှင်သန်လာတာကြာနေပြီပေမယ့်
သူအတွက်အခုအဖြစ်ကအံ့သြစရာကောင်းလွန်းနေခဲ့သ ည်။အဆင့်၁မှော်ဝင်သားရဲတွေက
တိုက်ခိုက်နိုင်စွမ်းနိမ့်တယ်ဆိုပေမယ့်

သူတော်စင်မဖြစ်သေးတဲ့ကျောင်းသားတွေအလွယ်တကူ
တိုက်ခိုက်နိုင်တာမျိုးတော့မဟုတ်ပေ။
စစ်ဆေးသည့်ဆရာ၏နောက်မှအခြားဆရာများသည်ကာအံ့အားသင့်လျက်သားရှိနေကြသည်ပေ။
အချို့ဆရာအနည်းငယ်ကသာ
သဘောကျသလိုပြုံးနေကြသည်။
စီတန်းနေကြတဲ့ကျေင်းသားတွေကတော့အံ့အားတကြီးကြည့်လျက်ရှိနေကြသည်။ ဆရာတွေနဲကျောင်းသားတွေရဲ့
အံ့သြတကြီးအမူအယာတွေကိုဂရုမစိုက်ဘဲဂျင်ချန်ကသိုလှောင်ခါးပတ်ထဲက
အမြုတေ၁၀ခုကိုထပ်ထုတ်လိုက်ပြန်သည်။
ကြည့်ရှုနေကြသူတွေမှာထိုဖြစ်စဉ်ကိုမြင်ရပါများတော့ အံ့သြဖိုတောင်မေ့ကာပျင်းတိပျင်းရွဲဖြစ်လာကြသည်ပေ။ ဂျင်ချန်ကသိုလှောင်ခါးပတ်ထဲကအမြုတေ၁၀ခုကိုထုတ်လိုက်စားပွဲပေါ်တင်လိုက်ဖြင့်သံသရာလည်နေခဲ့သည်။ ဂျင်ချန်ကလက်နှစ်ဖက်လုံးဖြင့်အမြုတေတွေထုတ်ကာခုံပေါ်တင်ပြီးချိန်တွင်စားပွဲ့ပြည့်စပြုနေလေပြီ။
အမြုတေတွေရရှိထားတဲ့မှော်ဝင်သားရဲတွေကအမျိုးအစားမတူကြပေ။အသေးဆုံးက

လူကြီးတစ်ယောက်ရဲ့ခြေချောင်းလောက်ရှိပြီး
အကြီးဆုံးကကလေးတစ်ယောက်၏ဗိုက်တမျှရှိသည်။ ဆရာတွေရောကျောင်းသားတွေပါ
အကြီးအကျယ်ကိုတုန်လှုပ်နေကြပြိဖြစ်သည်။သူတော်စင်မဖြစ်သေးဘဲ
၃ရက်အတွင်းမှာအမြုတေအခု၁၀၀ရဖို့ဆိုတာက….
တစ်ယောက်ယောက်ကသာလာပြောတာဆိုရင်သူတိုယုံကြမည်မဟုတ်ပေ
ထိုအချိန်မှာလူအနည်းငယ်ကသာဂျင်ချန်ကိုယ်တိုင်ထိုသားရဲတွေကို
သတ်ခဲ့တာလို့ယုံကြည်ကြသည်။ကျန်သူများကတော့
ဂျင်ချန်ဟာအခြားသူတွေဆီကပြန်လုတာတာဟုပဲထင်မြင်ကြသည်။
စားပွဲပေါ်မှာဂျင်ချန်ရဲ့အမြုတေတေါက၁၀၀အောက်မန ည်းကာပြည့်နေသည်ကိုတွေ့တော့
ဆရာကသက်ပြင်းရှည်ချကာစတင်ရေတွက်တော့သည်။ဂျင်ချန်ကအုပ်စုဖွဲ့ကာတိုက်ခိုက်လာသည်ပဲဖြစ်ဖြစ်
သူကတော့ဂျင်ချန်ခွန်အားကိုလေးစားသည်။မရိုးသားစွာရလာသည်ဆိုလျှင်တောင်
ဒီထျန်းယွမ်တိုက်ကြီးမှာ

အင်အားကြီးသူသာအနိုင်ရမည်ဖြစ်ရာ
သူများဆီကလုလာတာဆိုလည်းသူကဂရုမစိုက်ပေ။
ဂျင်ချန်ကအမြုတေ၁၀၀ကျော်တင်လိုက်သည်ကိုမြင်တေ
ာ့ဒုကျောင်းအုပ်ပိုင်အန်းက
သင်္ကာမကင်းဖြစ်ကာကြည့်လိုက်သည်။
ဒုတိယနယ်မြေကမအောင်မြင်တဲ့သူတွေများတာက
ဂျင်ချန်ကလုထား၍ဖြစ်မည်။ မဟုတ်လျှင်ကိုယ်တိုင်အမဲလိုက်ပြီး
ကျောင်းသားအတော်များများအောင်မြင်မည်မှာမလွဲပေ။ ဒီအဖြစ်ကြောင့် ဒုကျောင်းအုပ်ပိုင်အန်းက
တိတ်ဆိတ်စွာထိုင်နေပေမယ့်
သူနှလုံးကတော့တုန်ခါနေပြီဖြစ်သည်။
အခြားတစ်ဖက်ကသံသယဖြစ်စရာလည်းရှိသေးသည်။ဂျင်ချန်နဲထိုင်းတက
လက်နက်တွေထဲချီစွမ်းအင်တွေပေါင်းမထည့်ဘဲနဲ့တောင် မှမှော်ဝင်သားရဲတွေကို
လွယ်လွယ်သတ်နိုင်နေတာများလား။
စစ်ဆေးသည့်ဆရာ၏မျက်လုံးတွေကတည်ငြိမ်ကာသူကစတင်ရေတွက်နေပြီဖြစ်သည်။
ဒီလောက်အများကြီးဘယ်လိုရလာတာလဲဟု

ဂျင်ချန်ကိုမမေး။ဘယ်လိုပဲရလာရလာ
အဖြေကရှင်းနေပြီဖြစ်သည်လေ။

Comment

Leave a Reply

Options

not work with dark mode
Reset