Chapter – 52
ထိုအချိန်တွင်ဒုကျောင်းအုပ်ချိန်ပိုင်အန်းက
လူအုပ်၏ရှေ့သိုထွက်လာသည်။ဒဏ်ရာပြင်းထန်ကာဆိုးရွားတဲ့အခြေအနေရှိသည့်အုပ်စုဘက်ကြည့်ရင်းသူကပြုံးကာပြောသည်။
“အရမ်းကောင်းတယ်။မျှော်လင့်ထားတဲ့အတိုင်းငါ့ကိုဘယ်သူမှစိတ်မပျက်စေခဲ့ဘူး။
တောထဲဝင်ပြီးအမြုတေ၂ခုယူလာဖို့၃ရက်နေရမယ်လိုငါ ပြောခဲ့တယ်။ ဒီပွဲစကျင်းပချိန်ကနေဆိုရင်အခုတစ်ကြိမ်လောက်
လူအများကြီး၃ရက်ပြည့်မှထွက်လာတာကိုမတွေ့ခဲ့ဖူးဘူး။ငါအခုပြောချင်တာက
အခုအခြေအနေအတိုင်းထိန်းထိန်းသိမ်းသိမ်းနဲ့
အကယ်ဒမီကိုလမ်းလျှောက်ပြီးစပြန်ဖိုပဲ”
နှစ်ဖွဲ့လုံးကကိုယ့်အခြေအနေကိုထိန်းသိမ်းကာ အကယ်ဒမီသို့စတင်ထွက်ခွာတော့တယ်။
ခရီးတစ်ဝက်လောက်ရောက်တော့
မြစ်ငယ်တစ်စင်းကိုဖြတ်ရသည်။ထိုအခါအားလုံးက
မျက်နှာတွေသစ်၊ကိုယ်တွေလက်တွေသန်ရှင်းပြီးမှ
ရှေ့ဆက်ကြသည်။မကြာခင်တွင်သူတို့ အကယ်ဒမီသို့ရောက်ကြသည်။ထိုအခါ
မြင့်မားလှသည့်စင်ကြီးအား
လေ့ကျင့်ရေးကွင်းတွင်ရှိနေကြောင်းသတိပြုမိလိုက်ကြသည်။
ကျောင်းသားတွေကထိုစင်မြင့်ရှေ့တွင်ရပ်လိုက်ကြပြီး ဒုကျောင်းအုပ်ပိုင်အန်းနဲ့ဆရာ၊ဆရာမတွေကတော့ စင်ပေါ်သိုတက်သွားကြသည်။ဒုကျောင်းအုပ်က
သဘာပတိထိုင်ခုံမှာခပ်မတ်မတ်ထိုင်ကာ
ပြစ်ဒဏ်ချတော့မည့်ဟန်ဖြင့်တည်ငြိမ်စွာပြောသည်။ “မှော်ဝင်သားရဲတွေအားအမဲလိုက်ခြင်းဆိုတဲ့ပြိုင်ပွဲကို
၃နှစ်မှာတစ်ကြိမ်တရားဝင်ကျင်းပတယ်။
အကယ်ဒမီရဲ့သတ်မှတ်ချက်အရစစ်ဆေးခြင်းပြီးသွားရင်
ဆုတွေပေးမှာဖြစ်တယ်။တောထဲမှာ၃ရက်လုံးနေခဲ့ပြီး
မှော်ဝင်သားရဲအမြုတေ၂ခုပါတဲ့လူတိုင်း
ရှေ့ကိုတစ်ပြိုင်တည်းတက်ပါ”
ထိုသိုဒုကျောင်းအုပ်ကပြောပြီးနောက်
လူရာကျော်ဟာလူအုပ်ထဲမှရှေ့သိုထွက်ရပ်ကြသည်။
“အရင်ဆုံးအဆင့်၁မှော်ဝင်သားရဲအမြုတေကို
ရေတွက်မယ်။
အဆင့်၁မှော်ဝင်သားရဲအမြုတေရှိကြတဲ့သူတွေကမင်းတို့ရလာသမျှကိုရေတွက်ဖို့စင်ပေါ်တက်လာပါ” ထိုအခါကျောင်းသားတွေကစင်ပေါ်တက်ကြရာ
ဆရာတစ်ယောက်ကရေတွက်ပေးဖို့အတွက်
အဆင်သင့်စောင့်ဆိုင်းနေတာကိုတွေ့ရလေတယ်။ ထိုလူ၁၀၀ကျော်ဟာ
ဒုတိယနယ်မြေကိုဝင်ရောက်ခဲ့ကြတဲ့သူတော်စင်မဖြစ်သေးသူတွေဖြစ်တယ်။
အဆင့်၁မှော်ဝင်သားရဲအမြုတေရှိသူတွေကစင်ပေါ်တက် သွားတော့အောက်မှာအယောက်၃၀ကျော်လောက်သာ ကျန်ရှိတော့တယ်။ဤအချက်က
တတိယနယ်မြေအကြောင်းမသိတဲ့ကျောင်းသားတွေအားပဟေဋိဖြစ်စေတယ်။
တတိယနယ်မြေမှာက
အဆင့်၂မှော်ဝင်သားရဲတွေရှိသော်လည်း သူတို့အားလုံးက
တိုက်ခိုက်ရေးစွမ်းအားတွေမြင့်ကြတယ်။
သူတော်စင်လက်နက်သွန်းလုပ်နိုင်တဲ့သူတော်စင်တွေအဖို့တစ်ယောက်တည်းအနေနဲ့
ထိုအဆင့်၂သားရဲတွေကိုတိုက်ခိုက်ရာမှသိပ်မလွယ်ကူလောက်ပေမယ့်
လူအနည်းပါတဲ့အုပ်စုတွေဖွဲ့ကာတိုက်ခိုက်ကြရတာမို့ ဒီလောက်ထိမခက်ခဲသင့်ဘူးဖြစ်တယ်။
အဆင့်၁မှော်ဝင်သားရဲတွေကိုသတ်ရတဲ့သူတော်စင်မဖြစ်သေးတဲ့ကျောင်းသားတွေထက်တတိယနယ်မြေကအခြေအနေကပိုကောင်းနေသင့်တာဖြစ်တယ်။
သာမန်လက်နက်သာသုံးရတဲ့ကျောင်းသားတွေထက်စာလျှင် သူတော်စင်လက်နက်ကိုသုံးတဲ့ သူတော်စင်တွေကအရမ်းစွမ်းအားကြီးတာဖြစ်သည်လေ….
လောဂျစ်အရဆိုရင်
တတိယနယ်မြေကအောင်မြင်တဲ့အရေအတွက်ကဒုတိယနယ်မြေထက်
ကျိန်းသေပေါက်များသင့်တာဖြစ်တယ်။သိုပေမယ့်
ဒီပွဲကဘယ်လိုအဆုံးသတ်မလဲဆိုတာ
မည်သူမှကြိုမသိနိုင်လေဘူး။တတိယနယ်မြေကစစ်ဆေးမှုကိုအောင်မြင်တဲ့လူက
၃၀ကျော်သာရှိလေတယ်ဒါကဒုတိယနယ်မြေထက်
အရမ်းကြီးကိုနည်းနေတယ်။
ပထမဆုံးစစ်ဆေးရမယ့်ကျောင်းသားကဆရာ့အနားရောက်သောအခါသူသိုလှောင်ခါးပတ်ကိုဖြုတ်ကာ
အမြုတေတွေအားစားပွဲပေါ်
တင်လိုက်သည်။ထိုကျောင်းသားကအမြုတေ၃ခုယူလာခဲ့သည်။
ထိုအမြုတေ၃ခုအား
ဆရာကစစ်ဆေးပြီးမှခေါင်းငြိမ့်ကာပြောသည်။ “အင်းမဆိုးဘူး။မင်းအရည်အချင်းက
အောင်မြင်ဖိုပြည့်မှီတယ်။မင်းနာမည်က…”
“ဆရာကျွန်တော့နာမည်ကချန်းယွန်ဖုန်းပါ။”
ထိုလူငယ်ကစိတ်လှုပ်ရှုားစွာပြောသည်။
ဆရာပြောလိုက်သည့်မဆိုးဘူး
ဆိုသည့်စကားကသူ့ကိုချီးမွမ်းခြင်းဖြစ်သည်ကိုး။
ဆရာ့ဆီကချီးကျူးခံရတာကသူကိုဂုဏ်ယူစေသည်။
ဆရာကစာရွက်မှာရေးမှတ်သည်။
“သွား အကယ်ဒမီကိုသိုလှောင်ခါးပတ်ပြန်ပေးလိုက်။အမြုတေတွေလည်းပြန်ယူသွား။ဒါက
မင်းရဲ့ဂုဏ်သိက္ခာရှိမှုအတွက်တံဆိပ်ပဲ။ဂရုစိုက်မပျောက်စေနဲ့”
ဆရာကတံဆိပ်တစ်ခုကိုယူကာ
ကျောင်းသားအားပေးလိုက်သည်။
ကျောင်းသားကပျော်ရွှင်စွာလက်ခံသည်။
တံဆိပ်ကိုဂရုတစိုက်ယူကာလျှင်မြန်သည့်အရှိန်ဖြင့်စင်ပေါ်မှပြေးဆင်းသွားသည်။
“နောက်တစ်ယောက်”
ကျောင်းသားတွေကအမြုတေတွေကို
စားပွဲပေါ်တင်ပြီးသည်နှင့်ဆရာကစာရင်းမှတ်သည်။ ဤကိစ္စကမြန်ဆန်လွန်းကာအချိန်သိပ်မကြာခင်မှာပင်
ကျောင်းသားဒါဇင်ကပြီးသွားသည်။
အနည်းဆုံးရတဲ့အရေအတွက်က ၂ခုဖြစ်ပြီးအများဆုံးရတဲ့ပမာဏက၈ခုမို့အကြီးအကဲမှာ တခဏမျှအံ့သြရသေးတယ်။
ထိုအချိန်တွင်သာမန်မဟုတ်သည့်အရှိန်အဝါရှိတဲ့ခန်ညားတဲ့ကျောင်းသားတစ်ယောက်ဟာ
သူရဲ့အမြုတေတွေကိုစစ်ဆေးဖို့ထွက်လာတယ်။
ထိုလူငယ်၏နှဖူးမှာအမာရွတ်တစ်ခုရှိရာ မကြာသေးခင်ကမှရခဲ့ပုံပေါ်ကာ
သွေးအနည်းငယ် စိုနေဆဲဖြစ်တယ်။
လူငယ်ကအကြီးအကဲနားလျှောက်သွားကာ
သိုလှောင်ခါးပတ်ကိုချွတ်လိုက်တယ်။
အမြုတေတွေကိုထုတ်ယူကာ
စားပွဲပေါ်တစ်ခုပြီးတစ်ခုတင်တယ်။စားပွဲပေါ်တွင်အမြုတေ၆ခုရောက်နေတဲ့အထိ
သူရပ်တော့မယ့်အရိပ်အယောင်မရှိဘူး။
သူကဇိမ်ကျစွာနဲအမြုတေကိုခပ်ဖြေးဖြေးထပ်ထုတ်နေတယ်။သူငအလောတကြီးမဖြစ်ဘူးအဲ့ဒိအစား
သူကတည်ကြည်တဲ့အရှိန်အဝါနဲ့ ခပ်အေးအေးသာထုတ်ယူတယ်။
လူငယ်ကအမြုတေ၆ခုကိုတင်လိုက်တော့မှ
စစ်ဆေးတဲ့ဆရာကအာရုံသေချာစိုက်လာကာပြုံးရင်းခေါင်းညိတ်နေလေတယ်။သူက
လူငယ်ကိုချီးကျူးနေလိုဟန်ရသည်။မကြာခင်မှာ
လူငယ်ကအမြုတေ၁၀ခုကိုတင်လိုက်ပြီးတဲ့အခါ
စစ်ဆေးတဲ့ဆရာရဲ့အမူအယာကပြောင်းလာသည်။
လူငယ်အားသူကြည့်သည့်အကြည့်က
ချီးကျူးချင်ရုံတင်မဟုတ်တော့ဘဲအံ့အားသင့်ဟန်တွေပါပါလာပြီဖြစ်တယ်။
သူတော်စင်မဖြစ်သေးတဲ့ကျောင်းသားတစ်ယောက်အဖို့
အဆင့်၁မှော်ဝင်သားရဲ၁၀ကောင်ကိုသတ်ဖို့က လွယ်တဲ့အလုပ်မဟုတ်ဘူး။ထပ်ပြောရလျှင်ဖြင့်သူကအမြုတေထုတ်နေရာကမရပ်သေးဘူးမို့
သူခါးပတ်ထဲကျန်နေသေးတာကိုဆိုလိုတာဖြစ်တယ်။ထိုလူငယ်ရဲ့နောက်မှာတန်းစီနေကြသူတွေမှာ
အံ့သြနေကြရတယ်။
သူတို့အနေနဲတောထဲမှာအပင်ပန်းခံပြီးအမြုတေ
၂ခု၃ခုသာရခဲ့ကြတယ်။သို့ပေမယ့်သူတို့ကဤသည်ကိုဂုဏ်ယူနေခဲ့ကြတာဖြစ်တယ်။ဒါပေမယ့်ဒီလူငယ်က
၃ရက်အတွင်းမှာအမြုတေတွေအများကြီးရလိုက်တယ်။သူတို့မအံ့သြဘဲဘယ်နေမလဲ။
မှော်ဝင်သားရဲတွေနဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးတဲ့ အခါမှာသူတော်စင်မဖြစ်သေးသ၍
ခက်ခဲနေမှာဆိုတာကိုသူတိုလက်ခံလိုက်ရတယ်။
လူငယ်ကတော့အခြားသူတွေရဲ့အမူအယာကိုဂရုမစိုက်
ကြည့်ပင်မကြည့်။သူကမရပ်တန်သေးဘဲ
အမြုတေတွေကိုတစ်ခုပြီးတစ်ခုဆွဲထုတ်နေဆဲ…။စားပွဲပေါ်မှာအမြုတေ၁၅ခုရှိနေတာတောင်မှ
လူငယ်ကရပ်မည့်ဟန်မရှိသေးဘူး။နဂိုအတိုင်း
သူကအလျှင်မလိုဘဲ
သိုလှောင်ခါးပတ်ထဲကအမြုတေတွေကို
ဖြည်းဖြည်းချင်းထပ်ထုတ်နေတယ်။စင်မြင့်ပေါ်ကဆရာတွေအားလုံး ထိုလူငယ်အားအဲ့အားသင့်စွာ၊
မယုံကြည်နိုင်စွာကြည့်နေလေတယ်။၃ရက်အတွင်းမှာ ဒီလောက်အမြုတေတွေရဖို့
အနည်းဆုံးလူ၄ယောက်လောက်ပေါင်းမှဖြစ်မယ်။သိုပေမယ့်ထိုသိုပေါင်းရင်လည်း
ဒီလောက်အထိရမှာမဟုတ်သေးဘူး။ ဒါကဆရာတွေကိုမယုံနိုင်အောင်ဖြစ်စေတယ်။ထိုမှော်ဝင်သားရဲတွေက
ဒဏ်ရာမပြင်းထန်ခဲ့တာများလား…ဒါလည်းမဖြစ်နိုင်ပေ။
စင်မြင့်ရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့
ဒုကျောင်းအုပ်ချိန်ပိုင်အန်းကပြုံးကာပြောသည်။
“ဒီကောင်လေးနာမည်ကမူထျန်တဲ့။ပြီးခဲ့တဲ့နှစ်ကမှအကယ်ဒမီကိုဝင်လာတာ။တစ်နှစ်ပဲကြာသေးပေမယ့်သူတော်စင်အဆင့်၈ကနေ
အဆင့်၁၀အထွတ်အထိပ်ကိုရောက်နေပြီ။
တိုးတက်တဲ့အရှိန်ကအတော်မြန်တယ်။သူက
သူတော်စင်တစ်ယောက်နဲတိုက်ခိုက်ခဲ့သေးတယ်ဆိုပဲ။ရှုံးခဲ့ပေမယ့်လည်းမူကလန်အတွက်ကတော့
ဒီကောင်လေးကြောင့်ထွန်းတောက်လာဦးမှာပါ”
ဒုကျောင်းအုပ်ကဆက်မပြောသေးဘဲရပ်နေသေးသည်ခဏကြာမှသူ့အကြည့်ကချင်းယန်ရှင်းတန်နှင့်
ထိုင်းတတို့ရှိရာဘက်သို့
ကြည့်ကာခပ်တိုးတိုးရေရါတ်သည်။“ချင်းယန်ရှင်းတန်နဲထိုင်းတတို့
ဘယ်လောက်ရခဲ့မလဲဆိုတာငါတကယ်သိချင်တယ်။ဒီနှစ်ယောက်ကနောက်ဆုံးနေ့မှာ
အဆင့်၂မှော်ဝင်သားရဲတွေကိုတောင်မှ အမဲလိုက်ခဲ့တယ်ဆိုပဲ။ဒီကောင်တွေ
သူတော်စင်မဖြစ်သေးတာသေချာပါတယ်။
သာမန်သံလက်နက်တွေနဲအဆင့်၂မှော်ဝင်သားရဲတွေကို
သတ်နိုင်တယ်ဆိုတာမယုံကြည်နိုင်စရာပဲ။ ဒီအဖြစ်ကမှန်မယ်လို့ငါမထင်ထားဘူး။
မျက်မြင်သက်သေသာမရှိရင်ငါလုံးဝယုံမှာမဟုတ်ဘူး။
ကျောင်းအုပ်ရွေးထားတဲ့အလုပ်သင်ထိုင်းတကသာ
တော်လွန်းနေတာမဟုတ်ဘဲ
လိုရီမြို့ကချင်းယန်ကလန်ကလည်း ချင်းယန်ရှင်းတန်ကြောင့်
တစ်ခေတ်ပြန်လည်ထွန်းတောက်လာပေဦးတော့မှာပဲ”အမြုတေကို၂၃ခုထုတ်ပြီးသွားတဲ့နောက်မှာ
ထိုကောင်လေးကရပ်သွားသည်။
စစ်ဆေးသည့်ဆရာအားထိုကျောင်းသားကပြောသည်။“ဆရာဒါကျွန်တော်ရလာတဲ့အမြုတေတွေပါ”
စစ်ဆေးသည့်ဆရာကအမြုတေ၂၃ခုကိုကြည့်ကာ
သက်ပြင်းရှည်ကြီးချသည်။လူငယ်အားတောက်ပသည့်မျက်ဝန်းတွေဖြင့်ကြည့်ကာစပ်စုသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ” “မူထျန်ပါ”
လူငယ်က
မပြောင်းလဲသည့်အသံနေအသံထားဖြင့်ဖြေသည်။
အကြီးအကဲ၏အမူအယာကလေးနက်လာကာ
သူဆက်မေးသည်။
“မူထျန်ဒီအမြုတေတွေက
မင်းတစ်ယောက်ထဲအမဲလိုက်လို့ရလာတာလား။ ဒါမှမဟုတ်အဖွဲ့လိုက်အမဲလိုက်ပြီးမှရလာတာလား” ဒီလိုမေးလာမည်ဟုကြိုသိပြီးသည့်အလား
မူထျန်ရဲ့အမူအယာကပြောင်းလဲခြင်းမရှိပေ။ “ဆရာဒါတွေကကျွန်တော်တစ်ယောက်ထဲ အမဲလိုက်လို့ရလာတာပါ”
ထိုအခါ အကြီးအကဲ၏အမူအယာကပြောင်းသွားကာချီးကျူးလေးစားသည့်အကြည့်တွေဖြင့်ကြည့်ကာ
ပြုံးပြီးခေါင်းငြိမ့်သည်။
“ကောင်းတယ်။ ကောင်းတယ်။ကောင်းတယ်။ မူထျန်နော်သိပ်ကောင်းတယ်။မင်းရဲ့ရလဒ်ကအရမ်းကောင်းတယ်။ အနာဂတ်မှာလည်းသေချာကြိုးစားကွာ”
အမြုတေ၂၃ခုကိုမည်သည့်ရလာသနည်းက
အကြီးအကဲကမမေးပေ။ထိုသည်ကအရေးမှမပါဘဲ။ထျန်းယွမ်တိုက်ကြီးတွင်
အင်အားကသာအရာရာဖြစ်သည်။ ဒီ၂၃ခုကို
မူထျန်ကတစ်ယောက်တည်းအမဲလိုက်ရာမှရလာခဲ့သည်။
နောက်ဆုံးမှာအောင်နိုင်တဲ့သူကသာ
ကျော်ဇောမည်ဖြစ်ရာမရိုးသားသည့်နည်းလမ်းတွေကို မူထျန်သုံးလာရင်တောင်မှထိုသည်ကအရေးမကြီးပေ။ အကြီးအကဲ၏စကားကိုကြားသည့်အခါ
မူထျန်ကဘာမှတော့မပြောပေမယ့် ပြုံးသွားသည်။အကြီးအကဲကမိုးပြာရောင်ခါးပတ်နဲတံဆိပ်ကိုယူကာမူထျန်အားပေးသည်။
“ဒီသိုလှောင်လက်စွပ်က
ငါတိုကျောင်းကိုမင်းပြန်အပ်ထားတဲ့ဟာပဲ။ဒါကမင်းရဲ့တံဆိပ်။
ပစ္စည်းတွေကိုသေချာဂရုစိုက်ယူသွား”မူထျန်ကတိတ်ဆိတ်စွာလက်ခံကာ
အမြုတေ၂၃ခုကိုပြန်ထည့်ပြီးစင်ပေါ်မှဆင်းသွားသည်။အစမှအဆုံးထိမူထျန်ကမောက်မာခြင်းမရှိသလို
သိမ်ငယ်သည့်ဟန်လည်းမရှိ
သူကမပြောင်းလဲသည့်အမူအယာဖြင့်သာရှိသည်။
စင်ပေါ်ကဆင်းသွားသည်အထိ ဂျင်ချန်ကမူထျန်အားအသေးစိတ်လိုက်ကြည့်နေသည်။သူနှလ့ုးသားထဲမှာ မူထျန်နာမည်အားစွဲမြဲစွာမှတ်ထားလိုက်သည်။
သူအတွေ့အကြုံအရ ဒီကောင်က ပုံမှန်မဟုတ်တာသိသည်။အနာဂတ်မှာ
ဒီလူငယ်ကလမ်းနှစ်ခုရွေးချယ်စရာရှိလာနိုင်ကာ
မျှော်မှန်းထားသည်ထက်အများကြီးထွန်းတောက်လာလိမ့်မည်။
မူထျန်ကအမြုတေ၂၃ခုတောင်ထုတ်ပြနိုင်ခဲ့တာမို့
နောက်ပိုင်းကျောင်းသားတွေကအမြုတေတွေထုတ်ပြပြီးတဲ့အခါ
မည်သည့်အမူအယာမှမပြကြတော့ပေ။
စစ်ဆေးခြင်းကလျှင်မြန်စွာပြီးဆုံးသွားနေကာမကြာခင်မှာဂျင်ချန်အလှည့်ရောက်လာသည်။
ထိုအချိန်မှာသဘာပတိခုံမှာထိုင်နေတဲ့ဒုကျောင်းအုပ်နဲ့ ဆရာအချို့ဟာခပ်မတ်မတ်ပြင်ထိုင်လိုက်ကြကာ
အမူအယာတွေလေးနက်သွားကြသည်။ဒုကျောင်းအုပ်ပိုင်အန်းမှာ
ဂျင်ချန်ကမှော်ဝင်သားရဲအများကြီးသတ်လာနိုင်ခဲ့သည်ကိုသတိသည်ဆိုပေမယ့်
အရေအတွက်မည်မျှရှိမည်ကိုကားမသိပေ။
ဂျင်ချန်ကအမြုတေစစ်ဆေးသည့်နေရာအားသွားကာ
၂မီတာကျယ်သည့်စားပွဲအားကြည့်လိုက်သည်။
အဆင်မပြေဖြစ်နေသည့်အမူအယာဖြင့်
တခဏကြာသည့်အခါသူပြောလိုက်သည်။“ဆရာကျွန်တော့်အတွက်
စားပွဲအကြီးတစ်ကြီးတစ်လုံးလဲပေးလို့ရမလားခင်မျာ” ထိုအခါစစ်ဆေးသည့်ဆရာကကြောင်သွားကာ
ပြန်မေးသည်။
“ဟမ်။မင်းဘာပြောလိုက်တာလဲ”
စားပွဲ့သိပ်ကြီးတာမဟုတ်ဘူးဒါ့အပြင်
အခြားပစ္စည်းအချို့ကလည်းတင်ထားသေးသည်။
ဂျင်ချန်ကအခက်တွေ့နေသည့်အမူအယာဖြစ်နေသည်။ စားပွဲကအရမ်းသေးသည်။
သိုလှောင်ခါးပတ်တစ်ခုလုံးပြည့်နေစေတဲ့သူရဲ့အမြုတေေ တွကိုဘယ်လိုတင်လို့ရမှာလဲ။
“ဟုတ်ပါတယ်ဆရာ။စားပွဲအကြီးတစ်လုံးနဲများ လဲလိုရမလားလို့ပါ။ဒီစားပွဲကအရမ်းသေးတယ်”
ဂျင်ချန်ကအားတုံအားနာအမူအယာနှင့်ပြောလိုက်သည်။