Chapter – 51
အခုဆို၃ရက်ပြည့်ပြီမို့ခြောက်ယောက်အုပ်စုတစ်ခုဟာ
တောစပ်ကိုဦးတည်နေကြသည်။
အပြင်ကိုရောက်တဲ့အထိကိုယ့်ရဲ့အမြုတေကို
ကာကွယ်ရမယ်ပြီးရင်သူတိုတာဝန်ပြိးပြီ။အကယ်ဒမီက အမြုတေတွေယူမှာမဟုတ်ဘူး
ကိုယ့်အမြုတေကိုယ်သုံးရမှာပါ။
ထိုသိုသွားနေစဉ်မှာဂျင်ချန်အပါအဝင်တစ်ဖွဲ့လုံးက အလွန်သတိရှိနေခဲ့သည်။အခုအချိန်က
အရေးကြီးတဲ့အချိန်မို့အချိန်မရွေးသူတို့တွေ
ချုံခိုတိုက်ခိုက်ခံရနိုင်သည်။ဂျင်ချန်နဲထိုင်းတက
အေးဆေးပေမယ့်ချင်းးယန်ဟူနဲကျန်သူတွေကတော့ဒဏ်ရာတွေရထားကြသည်ပဲဖြစ်သည်။အကယ်၍သူတို့တွေအခြားအဖွဲ့ထံမှအတိုက်ခိုက်ခံရမယ်ဆိုရင်
ဂျင်ချန်ကရှောင်ချင်တာတောင်မှ
ကျန်သူတွေကရှောင်နိုင်မည်မဟုတ်ပေ။
ဂျင်ချန်ကထိုင်းတနဲအတူလျှောက်နေပြီးတော့ ကျန်သူတွေကနောက်မှလိုက်လာကြရာ
သူတို့တွေအဖြူရောင်အလင်းစက်တွေကျရာမယ်မြေသို့
ရောက်ခါနီးကြပြီဖြစ်သည်။
၃ရက်ရဲ့နောက်ဆုံးနေဖြစ်တာနဲအညီ ယခုငြိမ်းချမ်းသောနေရာက
လမ်းပျောက်သွားတဲ့ကျောင်းသားတွေကိုကူညီကယ်ဆယ်ဖို့အတွက်ဆူညံသည့်အဖြစ်သိုပြောင်းသွားလေပြီ။ ဂျင်ချန်ဝိဉာဉ်စွမ်းအားက
ပတ်ဝန်းကျင်မှာဖြန်ကျက်နေလေသည်။တတိယနယ်မြေက
ဒုတိယနယ်မြေလိုငြိမ်းချမ်းလှသည်မဟုတ်။
မှော်ဝင်သားရဲတွေရန်ကကာကွယ်ဖိုလိုသည့်အပြင်အခြားကျောင်းသားတွေဆီကလည်း
ကာကွယ်ဖို့လိုသေးသည်။အခြားကျောင်းသားတွေက လမ်းမှာစောင့်နေပြိးလုယက်ဖကြိုးစားနေနိုင်သည်ပေ ထိုကြောင့်နီးလာလေအန္တရာယ်က
များလာလေလေပေ။ငြိမ်းချမ်းသည့်နယ်မြေမှာတော့
ကျောင်းသားတွေကိုကူညီဖို့လူလွှတ်ထားသည်ကြောင့်
တောထဲကထွက်ပြီးချုံခိုတိုက်ခိုက်သူတွေနှင့်တွေ့ဖို့ လိုက်ရှာကြတာမျိုးလည်းရှိသည်။
နာရီအနည်းငယ်ကြာတဲ့အခါတတိယနယ်မြေထွက်ပေါက်နှင့်
အလွန်နီးလာပြီဖြစ်သည်။လမ်းတစ်လျှောက်က
အေးချမ်းနေပြီးမှော်ဝင်သားရဲအလောင်းတွေကိုမကြာခဏတွေ့ရသည်။ထိုအလောင်းတွေက တစ်နေရာထဲသိုဦးတည်ထားကြသည်။
နောက်ထပ်နာရီအချို့ထပ်သွားပြီးနောက်သူတိုတွေ တတိယနယ်မြေရဲ့ထွက်ပေါက်သို့ရောက်လာကြသည်။သူတို့တွေချောမွေ့စွာပဲကျော်ဖြတ်ကာ
ဒုတိယနယ်မြေသို့ဝင်လာကြသည်။ ထိုအချိန်ရောက်တော့
အားလုံးကသက်သာရာရသွားသလိုသက်ပြင်းချသည်။ သူတို့ရဲ့အမြုတေတွေလုံခြုံသွားကြောင်း
သိလိုက်ကြ၍ဖြစ်သည်။သူတို့က
တတိယနယ်မြေထဲကထွက်လာပြီမို့အမြုတေ၂ခုရရမရရ ပြိုင်ပွဲကပြီးပြီဖြစ်သည်။ဒီနေရာမှာတော့
ဘယ်သူမှသူတိုဆီကခိုးယူရဲမှာမဟုတ်ပေ။
“ဟား..ဟား…
ခရီးကဒီလောက်ငြိမ်းငြိမ်းချမ်းချမ်းရှိလိမ့်မယ်လို့ ငါမတွေးထားဘူးကွ။ငါမျှော်လင့်ထားတာနဲ့
လုံးဝလွဲနေတာပဲ”
ချင်းယန်ဟူကပျော်ရွှင်စွာပြုံးသည်။သူအသံအရသူက
စိတ်လှုပ်ရှုားနေပုံပေါ်သည်။
အိုဘားကလည်းပျော်ရွှင်စွာပြောသည်။“ဟုတ်တယ်ကွ။ငါတွေးထားတာက
လမ်းမှာတိုက်ခိုက်ခံရတာတွေရှိမယ်ပေါ့။ဒါပေမယ့်အခုလောက်ငြိမ်းချမ်းနေမယ်မထင်ထားဘူးဒါက
မျှော်လင့်ထားတာထက်ပိုနေသေးတယ်”ဒါရီရန်ကသူသိုလှောင်ခါးပတ်အားပုတ်ရင်း
ပျော်ရွှင်စွာပြောသည်။
“ကြည့်ရတာတော့အမြုတေလိုက်ခိုးတဲ့ကောင်တွေ အကြီးအကျယ်ဒဏ်ရာရကုန်လိုပဲဖြစ်မှာကွဒါကြောင့်မို့ သူတိုထပ်မခိုးနိုင်တော့တာဖြစ်မယ်။ကျန်တဲ့သူတွေကငါတိုလိုအေးအေးဆေးဆေးသမားတွေပဲလေ
ရန်လိုနေတဲ့ကောင်တွေသာလိုက်ခိုးကြတာ” “ဟုတ်တယ်။မင်းတို့ပြောတဲ့အတိုင်းပဲ”
ထိုင်းတကဝင်ထောက်ခံသည်။
ဂျင်ချန်ကခေါင်းခါကာပြောသည်။
“အကိုတို့ပြောသလိုမဖြစ်နိုင်ဘူး။တကယ်တော့လမ်းမှာ ချုံထဲမှာပုန်းနေတဲ့လူအချို့ရှိတယ်။ကြည့်ရတာ
ကျွန်တော်တို့ကအင်အားများနေလို့ဒါမှမဟုတ် သူတိုထက်စွမ်းအားကြီးတယ်ထင်လို့
ထွက်မတိုက်ကြတာပဲနေမှာ။အဲ့လိုမှမဟုတ်ရင်
တတိယနယ်မြေကနေ
ကျွန်တော်တို့လုံလုံခြုံခြုံထွက်နိုင်မှာမဟုတ်ဘူး”
ထိုအခါအားလုံးရဲ့အမူအယာတွေကပြောင်းကုန်သည်။ ချင်းယန်ဟူက သက်ပြင်းရှည်ကြီးချရင်းပြောသည်။“ညီ၄ကငါတို့ကိုဒဏ်ရာမရထားသလိုနေခိုင်းခဲ့လို့သာ
ဒီလိုအန္တရာယ်ကင်းတာ။အကယ်၍ငါတိုလေးယောက်သာ
ဒဏ်ရာတွေရမှန်းသိသွားကြရင်တော့…ဟူး”ထိုအခါကျန်သုံးယောက်ကလည်း
ခေါင်းညိတ်ထောက်ခံကာ
ဂျင်ချန်အားလေးစားစွာကြည့်လာကြသည်။
“ဟုတ်ပြီအခုတော့ကျွန်တော်တိုအမြန်ထွက်မှဖြစ်မယ်။အကိုတိုကအကယ်ဒမီကိုပြန်ရောက်ရင်ဒဏ်ရာတွေကို
ဆေးထည့်ရဦးမယ်လေ”
လူခြောက်ယောက်အုပ်စုက
ပထမနယ်မြေသိုဆက်လက်ထွက်ခွာလာခဲ့ကြသည်။ ထွက်ပေါက်နဲ့နီးလာလေအကယ်ဒမီရဲ့ပုံစံက
သူတို့အမြင်ထဲဝင်လာလေလေပင်ဖြစ်သည်။ ဒဏ်ရာမရတဲ့လူအများစုရှိပေမယ့်
ထိုသူတွေကအလယ်လောက်မှာကတည်းက
လက်လျှော့လိုက်သူတွေဖြစ်တယ်။
၁၀၀၀အနည်းဆုံးတောထဲသိုဝင်ခဲ့ကြပေမယ့်
ထက်ဝက်ကျော်လောက်ကလက်လျှော့လိုက်ကြကာ လူရာကျော်လောက်သာကျန်ရှိတော့တယ်။
ထိုလူတွေကလည်းဒုက္ခအမျိုးမျိုးနဲတွေ့ကာ
အတော်များများကပြန်လာခဲ့ကြပြန်ပြီးအနည်းစုသာ
တောထဲကျန်နေခဲ့ကြတယ်။
ဂျင်ချန်ကပထမနယ်မြေကိုဖြတ်ကာ
အကယ်ဒမီသို့သွားနေကြတဲ့အခြားအုပ်စုတွေကိုကြည့်လို က်သည်။
အားလုံးနီးပါးဟာအပေါ်ပိုင်းတွင်အဝတ်မပါတော့ဘဲဒဏ်ရာဒဏ်ချက်တွေပြည့်နေလေတယ်။
ဝမ်းနည်းနေတဲ့မျက်နှာအမူအယာတွေနှင့်
သူတို့တွေကညစ်ပတ်ပေရေနေကာ
မည်သူကမည်သူမှန်းခွဲခြားလိုမရနိုင်ဘဲရှိနေသည်။
အမျိုးသမီးတွေသာ ကျောင်းဝတ်စုံကိုဝတ်ထားဆဲဖြစ်ကာထိုဝတ်စုံတွေကလည်းညစ်ပတ်ပေရေနေပြီး
စုတ်ပြဲနေလေတယ်။
သူတောင်းစားရဲ့အဝတ်အစားတွေကမှ
သူတိုထက်ကြည့်လို့အဆင်ပြေနေဦးမည်ပေ။ အထူးသဖြင့်သစ်ရွက်တွေကိုသုံးကာ
တချို့နေရာတွေအားကာထားမှုကြောင့်သူတို့ပုံစံတွေက အလွန်အမင်းသနားစရာကောင်းနေလေတော့တယ်။
အားလုံးထဲမှာအချို့သာဒဏ်ရာပြင်းထန်ကာ လမ်းမလျှောက်နိုင်တာမျိုးရှိသည်။
သူတို့ရဲ့သူငယ်ချင်းတွေကထမ်းပိုးလာခဲ့တာ တစ်လှမ်းချင်းသာသွားနေနိုင်ကြလေတယ်။
ကံကောင်းတာကဒီမှာလူတွေအများကြီးရှိနေပေမယ့်
မှော်ဝင်သားရဲကိုအရိပ်တောင်မမြင်ရတာပင်။ဒါကြောင့်ဒီနေရာကအရင်ထက်စာရင်လုံခြုံတယ်
ဟုပြောရပေမည်။
မကြာခင်မှာဂျင်ချန်တိုအဖွဲ့ဟာ
တောထဲကထွက်လိုက်နိုင်ပြီဖြစ်တယ်။အပြင်မှာတော့
ဒုကျောင်းအုပ်ပိုင်အန်းက
အဖြူရောင်ချန်ပေါင်ဝတ်စုံကိုဝတ်ပြီး
ထီးထိးကြီးရပ်နေလေတယ်။ထိုနောက်မှာတော့ဆရာအချို့ကမျက်နှာသေတွေဖြင့်ရပ်နေကြတယ်။ ဟိုးနောက်မှာတော့ကျောင်းသားတွေအများစုက
နှစ်ဖွဲ့ခွဲပြီးရပ်နေကြတယ်။ညာဘက်ခြမ်းက
အခြားတစ်ဖက်ထက်လူပိုများပြီး
အဝတ်အစားတွေစုတ်ပြတ်ကာ ငိုကြွေးနေကြလေတယ်။ခြုံပြောရရင်ဖြင့်သူတိုကဉာဏ်ကောင်းပုံရကာ
အန္တရာယ်ဖြစ်ခဲ့သည့်အခြေအနေမရှိပေ။
အခြားတစ်ဖွဲ့ကတော့အခြေအနေဆိုးသည်။
အဝတ်တွေကမရှိတော့သလောက်နီးပါးဖြစ်နေကာ
သွေးတွေပေကျံကာဖြင့်ခန္ဓာမှများစွာသော ဒဏ်ရာတွေကိုမြင်နေရသည်။
ထိုလူတွေဟာအယောက်၂၀၀လောက်ရှိပြီးအချို့က သားရဲသားရေတွေကိုဝတ်ဆင်ထားရပြီး
အချို့ကအပေါ်ပိုင်းဗလာဖြင့်ရှိနေကြလေသည်။
သိုရာတွင်တောထဲမှထွက်လာသူတိုင်းအားဆရာတွေကဘယ်ဘက်ခြမ်းတွင်သာရပ်စေသည်။
ဂျင်ချန်တို့အဖွဲ့ကမြက်ခင်းတွင်ထိုင်ချကာ
စောင့်နေကြချိန်တွင်ဂျင်ချန်နားလည်လိုက်ရသည်ကဘယ်ဘက်ခြမ်းမှသူအားလုံးဟာ
တောထဲမှာ၃ရက်လုံးနေခဲ့ကြပြီး
ဒီနေမှထွက်လာကြသူတွေပဲဖြစ်သည်ကိုပေ။
ညာဘက်ခြမ်းမှသူတွေကတော့
၃ရက်မပြည့်မှီကတည်းက
ထွက်လာခဲ့ကြသူတွေဖြစ်သည်။အကယ်ဒမီရဲ့စည်းကမ်းအရ
အမြုတေ၂ခုရရမရရသူတို့ကရှုံးမှာပင်။ ဂျင်ချန်ကအကြည့်ကစားလိုက်တဲ့အခါအချို့ကမှိုင်တွေနေတာတွေ့ရပြီး
အချို့ကဒေါသတွေပြည့်နေကာ
မျက်လုံးမှမီးတွေထတောက်မတတ်ဖြစ်နေသည်ကိုလည်း
တွေ့ရပြန်သည်။
ထိုအချိန်တွင်ဂျင်ချန်ကတစ်စုံတစ်ခုကိုအာရုံခံမိကာ
နောက်သိုလှည့်ကြည့်လိုက်သည်။
သားရဲသားရေတွေကိုဝတ်ထားတဲ့မြင်ဖူးနေတဲ့လူနှစ်ယော က်ဟာသူအားမုန်းတီးစွာကြည့်နေလေတယ်။
ထိုသူတို့ရဲ့အကြည့်တွေဟာအခုပင်
ဂျင်ချန်အားထသတ်တော့မတတ်
လူသတ်ချင်စိတ်ပြင်းထန်နေပုံရသည်။
ထိုထဲကတစ်ယောက်ကိုဂျင်ချန်အလျှင်မှတ်မိလိုက်သည်။ လျှိုချင်းပင်။မနေ့ညကအဖြစ်ကြောင့်
လျှိုချင်းသူ့အပေါ်မတရားသလိုဖြစ်ခဲ့ပေမယ့်
သူကတော့စိတ်ထဲမထားပေ။လျှိုချင်းက
သူတော်စင်လက်နက်သွန်းလုပ်နိုင်တဲ့သူတော်စင်ဖြစ်တေ
ာ့ရောဘာအရေးလဲသူကိုနိုင်တာမှမဟုတ်ဘဲ။မိသားစုနောက်ခံအရဆိုရင်တောင်သူတို့က
အရမ်းကြီးအားနည်းမယ်လို့ဂျင်ချန်မထင်ဘူးသိုပေမယ့် ဒါကလည်းသိပ်မသေချာဘူး။လျှိုချင်းက
ပျောက်ဆုံးနေတဲ့မြို့တော်က
အဓိကကလန်ခေါင်းဆောင်ရဲ့သားဖြစ်တယ်။ ဂျင်ချန်အမြင်မှာတော့လျှိုကလန်က
သူကိုပြဿနာရှာလိုရမယ်လို့မထင်ဘူး။
လျှိုချင်းကဂျင်ချန်ကြောင့်ဒဏ်ရာရခဲ့တယ်ဆိုပေမယ့်ဒါကအကယ်ဒမီကလေ့ကျင့်ပေးတဲ့ပွဲမှာဖြစ်တာလေ။ ပြီးတော့လျှိုချင်းက
သူအကိုကြီးရဲ့အဖွဲ့ကိုအရင်ရန်စခဲ့လိုသာဖြစ်ခဲ့ရတာ။
နောက်ထပ်လူတွေတောထဲကထပ်ထွက်လာပြီးနောက်
ဂျင်ချန်တို့ဘက်ခြမ်းတွင်လူ၃၀၀-
၄၀၀လောက်ဖြစ်သွားသည်။