Switch Mode

Chapter – 46

အသည်းမာမာ ငြင်းဆန်ခြင်း

အခန်း (၄၆)
အသည်းမာမာ ငြင်းဆန်ခြင်း

“ဆရာချန် အမြစ်ပြတ် ကုသဖို့ နည်းလမ်း ရှိတာလား”

ခဏ တွေဝေသွားသော အကြီးအကဲဂျီက စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

သူ့ဒဏ်ရာသာ ပျောက်ကင်းသွားပါက ဂျီကလန်ကို အတိမ်းအစောင်း မဖြစ်အောင် စောင်ရှောက် နိုင်ပေလိမ့်မည်။

“ခင်ဗျား ဒဏ်ရာဟောင်းတွေက ပိုဆိုးလာပေမဲ့ အဲအရိုးတွေကို ဖယ်ထုတ်ပစ်ဖို့နည်း ရှိတယ်။ ခင်ဗျား ခန္ဓာကိုယ်ပုံစံ ပြောင်းသွားရင် ဒဏ်ရာဟောင်းတွေကို အလိုလို ပျောက်ကင်း သွားလိမ့်မယ်”

“ပြန်လည် မွေးဖွားခြင်းလား ဆရာချန်က ကျွန်တော် ခန္ဓာကိုယ်ကို ပြန်လည် မွေးဖွားအောင် လုပ်ဖို့ နည်းရှိတာလား”

အကြီးအကဲဂျီ ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ပင်။ သူ့ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် လူငယ်လေး တစ်ယောက်လိုပင် ဖြစ်သွားသည်။

“ဟုတ်တယ်။ ဒါပေမဲ့ အဲလိုမလုပ်ခင် ခင်ဗျားက သွေးဂျင်ဆင်း ကျွန်တော့်ကိုပေးဖို့ လိုလိမ့်မယ်”

ရဲချန်ဖန် သူ လိုချင်တာကို ပြောလိုက်သည်။

“အဲဒါက ပြဿနာ မရှိဘူး။ ကျွန်တော် သွားယူခိုင်း လိုက်မယ်”

ရဲချန်ဖန်၏ ထူးဆန်း သိမ်မွေ့သော ဆေးပညာရပ်ကို မြင်ဖူးပြီးနောက် အကြီးအကဲဂျီက ရဲချန်ဖန်ကို အကြွင်းမဲ့ ယုံကြည်နေပြီ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ဂျီရန်ယုံကို ခေါ်ပြီး သွေးဂျင်ဆင်းကို ယူခိုင်းလိုက်သည်။

“သွေးဂျင်ဆင်းက တကယ့်ကို နာမည်ကျော် ထိုက်ပါပေတယ်”

ဂျီရန်ယုံ လက်ထဲမှ ကျောက်စိမ်း သေတ္တာကိုယူပြီး ရဲချန်ဖန် ဖွင့်ကြည့်လိုက်ရာ လက်ဖဝါးအရွယ် သွေးရောင် ဆေးမြစ်ကို တွေ့လိုက်ရသည်။ ဆေးတွင် အလွန်ပြင်းထန်သော အသက်သွေး စွမ်းအင်များ ထွက်ပေါ် နေလေသည်။ သေချာ ထိန်းသိမ်းထားသော သွေးဂျင်ဆင်းကို ကြည့်ပြီး ရဲချန်ဖန် ကျေနပ် နေလေသည်။

“အကြီးအကဲဂျီ ဒီဆေးကို ကျွန်တော် ကြိုက်တယ်။ ဒါကြောင့် အလဲအလှယ် အနေနဲ့ ဒီကျောက်စိမ်း မှတ်စုစာရွက်ကို ခင်ဗျားကို ပေးလိုက်မယ်”

ရဲချန်ဖန်က အစိမ်းရောင် ကျောက်စိမ်း မှတ်စုစာရွက်ကို ထုတ်ပြီး အကြီးအကဲဂျီကို ပေးလိုက်လေသည်။

အစိမ်းရောင် ကျောက်စိမ်း မှတ်စုစာရွက်သည် ရဲချန်ဖန်က နတ်ဦးနှောက်ကို အသုံးပြု၍ ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် ပထမနှစ်ပိုင်းကို စာရွက်ထဲ ထည့်သွင်း ထားခြင်းပင်ဖြစ်သည်။ သာမန် မျက်လုံးဖြင့် ဖတ်ရှု၍ မရနိုင်ဘဲ ဝိညာဉ်စွမ်းအင်ဖြင့်သာ ဖတ်ရှုရနိုင်သည်။

အကြီးအကဲဂျီ ဝိညာဉ်စွမ်းအင် ထည့်ပြီး ဖတ်ရှုလိုက်ရာ သူ၏ အိုမင်းနေသော မျက်နှာတွင် ကြောက်ရွံ့မှု၊ အံ့ဩသင့်မှု၊ ဝမ်းသာခြင်း ခံစားချက်များ တစ်ပြိုင်နက် ဖြစ်ပေါ်လာလေသည်။

“ဒါ ဒါထိပ်တန်း အဆင့်ရှိ ဝိညာဉ်အဆင့် ခန္ဓာကိုယ် ကျင့်စဉ်ပဲ”

အကြီးအကဲဂျီက ဤကျင့်စဉ်မှာ အလွန်တန်ဖိုးကြီးပြီး အဖိုးဖြတ်၍ မရနိုင်ကြောင်း သိသည်။ ဤကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်သည် သူလေ့ကျင့်နေသော မည့်သည့် ကျင့်စဉ်ထက်မဆို သာလွန် ကောင်းမွန်နေသည်။

အကြီးအကဲဂျီက ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်တွင် ပါဝင်သည့် အချက်များကို လုံးဝပင် ယုံကြည်စိတ်ချကာ လေ့ကျင့်တော့မည် ဖြစ်ရာ သူ့ခန္ဓာကိုယ် ပြန်လည် မွေးဖွားသည့်အတိုင်း ဖြစ်ရန်မှာ အချိန်တစ်ခုသာ လိုလေသည်။ မြေကမ္ဘာ သားရဲအဆင့် တက်ရောက်ရန်မှာမူ သူ့အတွက် အိပ်မက် မဟုတ်တော့ပေ။

“အကြီးအကဲဂျီ၊ ဒီကျောက်စိမ်း စာရွက်ထဲပညာက ကျွန်တော့်ဆရာက ကျွန်တော့်ကို သင်ပေးထားတဲ့ ပညာပဲ။ ဒီပညာကို လျှောက်မပြောဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော့်ဆရာက အပြစ်တင်ရင် ခင်ဗျားပါ ဒုက္ခလှလှ တွေ့လိမ့်မယ်”

ရဲချန်ဖန်က အလွန်စိတ်လှုပ်ရှားနေသော အကြီးအကဲ ဂျီကို သတိပေးလိုက်သည်။

“ဆရာချန် စိတ်ချပါ။ ဒီကျေးဇူး ကျွန်တော် မမေ့ပါဘူး။ ကျွန်တော် ကျိန်ဆိုပါတယ်။ ဆရာချန်ရဲ့ ခွင့်ပြုချက် မရဘဲ တတိယလူကို ဒီပညာနဲ့ ပတ်သက်ပြီး မပေါက်ကြား စေရပါဘူး”

အကြီးအကဲဂျီက ကတိပေး လိုက်လေသည်။

“ဆရာချန်ရဲ့ ဆရာက ဂိုဏ်းကြီး တစ်ခုခုက အကြီးအကဲနဲ့ တူတယ်”

အကြီးအကဲဂျီက တွေးနေမိသည်။ ကျောက်စိမ်း စက္ကူထဲတွင် ပညာရပ်များကို ထည့်သွင်း သိမ်းဆည်းနိုင်သည့် ပညာများမှာ ထိပ်တန်းဂိုဏ်းကြီးတွေသာ ရှိနေသည်။ သူတို့ ဂျီကလန်သာ ဆရာချန်ကတစ်ဆင့် ဆရာချန်ဆရာနှင့် မိတ်ဆွေများ ဖြစ်ပြီး သိကျွမ်းနိုင်ပါက ဂျီကလန်အနေဖြင့် အလွန်ကြီးမားသော အခွင့်အရေးများ ရရှိလာနိုင်သည်။ ဇီကျင်နိုင်ငံ၏ အင်အား အကြီးမားဆုံး ကလန်ကြီး ဖြစ်လာနိုင်သည်။

“ကျွန်တော့်ဆရာက လျှို့ဝှက်ချက်ပဲ။ ပေါက်ကြားလို့ မရဘူး”

ရဲချန်ဖန်က အကြီးအကဲဂျီ၏ ရည်ရွယ်ချက်ကို နားလည်ရာ ထပ်၍ မေးမရအောင် ပြောလိုက်လေသည်။

“အကြီးအကဲဂျီ သိပ်လည်း မစောတော့ဘူး။ ဆေး စကုရအောင်။ ခဏနေကျရင် ငွေအပ်ကို သုံးပြီး ခင်ဗျားရဲ့ အဓိက သွေးကြောမကို စိုက်မယ်။ စိုက်နေတုန်း နာကျင်နိုင်ပေမဲ့ ရမယ့် အကျိုးကျေးဇူးက အရမ်းများလိမ့်မယ်။ ခဏတော့ အောင့်ခံထားပါ”

ရဲချန်ဖန် ကောင်းကင်အပ် ဆေးပညာ သုံးကာ ကုသခြင်းကို စတင်တော့သည်။

အကြီးအကဲဂျီ ကံကောင်းသည်မှာ သူငယ်စဉ်က အခြေခံက အလွန်ခိုင်မာခဲ့ခြင်းပေ။ ထို့ကြောင့် ရဲချန်ဖန် အချိန်ကုန် အများကြီး သက်သာသွားစေသည်။

“အကြီးအကဲဂျီ ခံနိုင်သေးလား”

မျက်နှာတွင် ချွေးသီးများ တပေါက်ပေါက် ကျကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

“ပြဿနာ မရှိဘူး။ ကျွန်တော် ခံနိုင်သေးတယ်”

အကြီးအကဲဂျီက အံများကြိတ်၊ လက်သီးများ ဆုပ်ကာ ဖြေလိုက်သည်။ ဤကဲ့သို့ နာကျင်မှုမျိုးသည် သာမန်လူများ သည်းခံနိုင်သောအရာ မဟုတ်ပေ။

နှစ်နှစ်ရီခန့် ကြာသောအခါ ရဲချန်ဖန် ဝိညာဉ် စွမ်းအင်များ ကုန်ဆုံးလာပြီး အလွန်မောပန်း လာလေသည်။ သူ့ ဝိညာဉ်စွမ်းအား ပါသော အပ်များက ဒဏ်ရာရနေသော သွေးကြောများကို ကုသလို့ ပြီးစီး သွားသည်။

“နောက်ဆုံးတော့ ကုသလို့ အောင်မြင်သွားပြီ။ ခု ကောင်းကောင်း အနားယူဖို့ပဲ လိုတယ် အကြီးအကဲဂျီ”

ရဲချန်ဖန် လေပူများ မှုတ်ထုတ်လိုက်ပြီး အပ်များကို ပြန်လည် ထုတ်ယူနေသည်။

“ဆရာချန် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အများကြီး သက်သာ လာပါပြီ။ ခု ကျွန်တော့် သွေးလည်ပတ်မှုတွေ ပိုကောင်းလာတယ်လို့ ခံစားနေရတယ်”

အကြီးအကဲဂျီ မျက်နှာတွင် သွေးရောင်များ လွှမ်းလာနေသည်။

“အနာဂါတ်မှာ ဆရာချန်ကို ကျွန်တော်တို့ ဂျီကလန်က အစွမ်းကုန် ကူညီပါ့မယ်”

“အကြီးအကဲဂျီ အရမ်းအာရုံ မစိုက်ပါနဲ့။ ရပါတယ်”

ရဲချန်ဖန်က အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးမှ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေရင်း ပြောလိုက်လေသည်။

“သား၊ ဂျီကလန်ရဲ့ ဆုအပြင် ထပ်ပြီး ဆရာချန် လိုအပ်တာကို မေးပြီး ထပ်ပေါင်းပေးလိုက်ပါ”

ရဲချန်ဖန် အားအနည်းငယ် ပြန်ပြည့်လာသည်နှင့် အကြီးအကဲဂျီက သူ့သားကို ဆုအပြင် ရဲချန်ဖန် လိုအပ်သည်များ ပေးရန် အမိန့်ပေးလိုက်သည်။

“အဘိုး ဒဏ်ရာက ဘယ်လိုနေလဲ”

ဂျီချင်ရွှယ်က ရဲချန်ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းလေး တစ်ချက်ချကာ စိုးရိမ်စွာ မေးလိုက်သည်။

ငါးမိနှစ်ခန့် ကြာသောအခါ ရဲချန်ဖန်သည် အားအနည်းငယ် ပြန်ပြည့်လာသည်ပြီး ရတနာများကို ရွေးချယ်တော့သည်။ ဝိညာဉ်စွမ်းအားကို အလျင်အမြန် ပြည့်ဖြိုးစေမည့် ဆေးနှစ်လုံး၊ အစွမ်းထက်သော လျှို့ဝှက်လက်နက် (သံဘောလုံးပုံစံကဲ့သို့ လက်နက်) ၊ အလွန်အိုမင်း ဟောင်းနွမ်းနေသော စက္ကူလိပ် တစ်ခုတို့ကို ရွေးယူလိုက်သည်။

ရဲချန်ဖန်က တန်ဖိုး မရှိသည့်ပုံ ပေါ်နေသော စက္ကူလိပ်ကို ရွေးချယ်လိုက်ခြင်းမှာ သူ့နတ် ဦးနှောက်က သူ အဲစက္ကူလိပ်ကို ထိတွေ့လိုက်စဉ် လှုပ်ရှား သွားသောကြောင့် ဖြစ်သည်။

“အကြီးအကဲဂျီ၊ ကျွန်တော် လုပ်စရာလေးရှိလို့ ပြန်တော့မယ်”

ရတနာများကို ရွေးချယ် ပြီးနောက် ရဲချန်ဖန် ပြန်ရန် လောနေမိသည်။ သူ နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ကို စုပ်ယူပြီး သူ ကောင်းကင်ကျင့်စဉ်ကို အဆင့်တက်အောင် လုပ်ရပေမည်။

“ဆရာချန် ကျွန်မနဲ့ ရှီအာကို အဖြူရောင် တိမ်တိုက် တောင်တန်းမှာ ကယ်ခဲ့လားဆိုတာ ပြောပြပေးပါ”

ပြန်ရန် ပြင်နေသည့် ရဲချန်ဖန်ကို ဂျီချင်ရွှယ်က အလွန်အမင်း မျှော်လင့်နေသော မျက်လုံးများနှင့် ကြည့်ပြီး ရဲချန်ဖန် အနားသို့ ခြေတစ်လှမ်း တိုးကာ ထပ်မံ မေးလိုက်လေသည်။

“ကယ်ခဲ့လား၊ မကယ်ခဲ့ဘူးလားက အရေးကြီးလို့လား။ ဘာလို့ အတိတ်ကို အစဖော်နေတာလဲ”

ရဲချန်ဖန် မရေမရာ ဖြေလိုက်သည်။

“အဲဒါက ဘယ်လိုလဲ သမီး။ သမီးနဲ့ ရှီအာကို အဖြူရောင် တိမ်တိုက် တောင်တန်းမှာ ကယ်ခဲ့တာ ဆရာချန်လား”

ဂျီရန်ယုံ မျက်ခုံးများပင့်ကာ အံ့ဩသွားလေသည်။

“ဆရာချန်ကသာ မဖြေရင် ကျွန်မနဲ့ ရှီအာကို ကယ်ခဲ့တာ ဆရာချန်ပဲ”

ရဲချန်ဖန် သေချာ ပြန်မဖြေသော်လည်း သူမကို ကယ်တင်ခဲ့သူမှာ ဆရာချန်မှန်း ပိုသေချာ သွားလေသည်။

“ငါ တကယ် မသိလိုက်ဘူး။ ဆရာချန်ကို ငါတို့ ကျေးဇူးကြွေး ရှိနေတယ်ဆိုတာ”

“ဆရာချန် ကျွန်တော် မသိဘူး။ ဆရာချန်က ချင်ရွှယ်ကို ဘယ်လိုမြင်လဲဆိုတာ။ ဆရာချန်က စိတ်ဝင်စားရင် ဆရာချန်နဲ့ ချင်ရွှယ်ကို လက်ထပ်ပေးပြီး ကျွန်တော်တို့ ကလန်ရဲ့ ကျေးဇူးကြွေးကို ဆပ်ချင်ပါတယ်”

အကြီးအကဲဂျီက စသလိုလို ဘာလိုလိုနှင့် ပြောလိုက်လေသည်။

အကြီးအကဲဂျီ စကားဆုံးသည်နှင့် ဂျီချင်ရွှယ်၏ မျက်နှာလေးသည် ရှက်သွေးများ လွှမ်းကာ မြင်သူတကာ ငေးမောရအောင်ပင် လှပသွားသည်။ သူမ နှလုံးခုန်သံသည်လည်း ရင်ဘတ်ထဲမှ ကွဲမတတ်ပင် ထိန်းမရနိုင်အောင် ဆူညံ နေတော့သည်။

“အကြီးအကဲဂျီရဲ့ မြေးက အရမ်းတော်ပြီးသားပဲ။ ကျွန်တော် သိသလောက်ဆို သူမက ရဲချန်ဖန် ဆိုတဲ့လူနဲ့ အင်ပါယာမြို့မှာ အတူတူ နေပြီးပြီဆို”

ရဲချန်ဖန် စိတ်ထဲတွင် သရော်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

“အို၊ မဟုတ်ဘူး။ မဟုတ်ဘူး။ သူနဲ့ ကျွန်မက သဘောတူညီမှု တစ်ခုကြောင့်ပဲ လက်ထပ်တာ။ ကျွန်မတို့ ကြားမှာ ဘာချစ်သူ လင်မယား အဲလိုဆက်ဆံရေး လုံးဝ မရှိဘူး”

သူမ ရဲချန်ဖန် အဖြေကို ကြားလိုက်သည်နှင့် မျက်နှာတွင် သွေးမရှိလောက်အောင် ဖြူရော်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“ဟားဟား၊ လက်ထပ်တာကို အရောင်းအဝယ်လို လုပ်လို့ရတယ်ပေါ့။ ကျွန်တော့်အတွက် ဂျီချင်ရွှယ်က တကယ့်ကို ဆရာပါပဲ။ ဟားဟား”

ရဲချန်ဖန်က လှောင်ပြောင် ထေ့ငေါ့ လိုက်လေသည်။ သူ့ကို အတင်းကာရော ပြန်ငြင်းရန် ပြင်နေသည့် ဂျီချင်ရွှယ်ကို လှည့်၍ပင် မကြည့်ဘဲ ထွက်လာခဲ့လေသည်။
အပိုင်း (၄၆) ပြီး၏။ (၄၇) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset