Switch Mode

Chapter – 50

Chapter – 50

‘ဟားဟားညီ၄ပြောတာမှန်တယ်ကွ၊ဒီကိစ္စကတိုအားလုံးကြိုးစားလိုအောင်မြင်တာလေ၊ကဲပါအမြုတေကိုခွဲယူလိုက်ကြရအောင်၊တဝက်ကို
ညီ၄နဲသူ့အဖွဲ့ကိုပေးလိုက်မယ်၊ကျန်တဲ့တဝက်ကို
တိုကခွဲယူကြမယ်လေ’
လို့ချန်းရန်ဟူကရယ်ပြီးပြောလိုက်တယ်၊
သူနဲဂျင်ချန်ဟာအဖေတူအမေကွဲညီအကိုဆိုပေမယ့်တွက်ကပ်နေကြတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူးလေ၊ချန်းရန်ဟူရဲ့ဆုံးဖြတ်ချက်ကိုကျန်တဲ့သူတွေက
ငြင်းဆန်မနေတော့ဘဲအမြုတေကိုခွဲယူလိုက်ကြတယ်၊တယောက်ကိုအနည်းဆုံး၄ခုစီလောက်ရကြတာမို့
အားလုံးကဝမ်းသာနေကြတယ်၊ဒီနှုန်းက ပြီးခဲ့တဲ့ရက်တွေအတွင်းသူတိုတွေ
ရခဲ့တာတွေထက်တောင်များနေသေးတယ်လေ၊
ဝေခြမ်းရေးကိစ္စတွေပြီးတဲ့နောက်မှာဘယ်သူမှဒီနေရာမှာဆက်နေဖို့စိတ်ကူးမရှိတေ့ာဘဲထွက်ခွာလာခဲ့ကြတယ်၊
နေရာသစ်ကိုရောက်တာနဲ့မီးဖိုဖိုပြီးအသားကင်ဖို့လုပ်နေကြတယ်၊

ပြီးတာနဲ့မီးပုံဘေးဝိုင်းထိုင်ကြပြီးချန်းရန်ဟူက
‘ညီ၄၊မင်းကိုငါ့အချစ်ဆုံးမိတ်ဆွေတွေနဲ့
မိတ်ဆက်ပေးမယ်၊သူကအော့ဒ်၊သူကအိုဘားသူကတော့ဒါရီရန်တဲ့၊အော့ဒ်နဲ့အိုဘားက
ရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာတွေလေ’
လို့မိတ်ဆက်ပေးလိုက်တယ်၊
ဂျင်ချန်ကသုံးယောက်လုံးကိုအပြုံးနဲ့
နှုတ်ဆက်လိုက်တယ်၊
ခဏစကားပြောပြီးကြတဲ့နောက်မှာသူတိုတွေပိုရင်းနှီးလာကြတယ်၊
ရုတ်တရက်ချန်းရန်ဟူက
‘ညီ၄၊တောထဲမဝင်ခင်တုန်းကမင်းက
သူတော်စင်မဖြစ်သေးပါဘူး၊ဒါကြောင့်မို့လဲ တတိယနယ်မြေကိုမလာရတာမလား၊ခုကျ
စွမ်းအားတွေမြင့်လာပြီး အလယ်အလတ်လေစွမ်းအားရှင်လျှိုချင်းကိုတောင်နိုင်နေပြီ။
ဒီအတောအတွင်းစွမ်းအားမြင့်လာတာလားတာင်`လိုမေးလိုက်တယ်
မီးပုံဘေးကလူအားလုံးဒီမေးခွန်းကို
စိတ်ဝင်စားနေကြတယ်၊ဂျင်ချန်ကဘလျှိုချင်းကို

ဘယ်လိုအနိုင်တိုက်နိုင်လဲဆိုတာ
သူတိုသိချင်နေကြတယ်၊ကျောင်းမှာထဲကဂျင်ချန်အစွမ်းတွေအကြောင်း
သတင်းကြားထားကြပေမယ့်
ခုလောက်ထိစွမ်းအားကြီးမှန်းသူတိုမထင်ထားဘူးလေ၊
ဂျင်ချန်ကရယ်ပြီးသူရဲ့သံချောင်းကိုပြလိုက်ကာ
‘အစ်ကိုကြီးရယ်ကျုပ်သာစ့မ်းအားရှင်ဆိုဒီလက်နက်မျိုးသုံးပါမလားဗျာ’
လိုပြောလိုက်တယ်၊
ချန်းရန်ဟူကသံချောင်းကိုသေချာကြည့်လိုက်တယ်၊ဒါဟာသာမန်သံချေးတက်နေတဲ့သံချောင်းဆိုတာ
သေချာတယ်၊
ချန်းရန်ဟူကအရမ်ူအံ့ဩသွားပြီးဘာမှမပြောနိုင်တော့ပါဘူး၊
ဒီလိုသံချေးတက်နေတဲ့သံချောင်းလေးနဲ့လျှိုချင်းကို
အနိုင်တိုက်ခဲ့တာကိုမျက်မြင်သာမကြုံခဲ့ရင်သူယုံစရာအကြောင်းကိုရှိမနေဘူး၊
တချိန်ထဲမှာပဲကျန်သုံးယောက်ကချန်းရန်ဟူလက်ထဲကသံချောင်းကိုပြူးကြည့်နေကြတယ်၊

မယုံနိုင်တဲ့အကြည့်တွေနဲ့သံချောင်းကိုကြည့်လိုက်၊
ဂျင်ချန်ကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေကြတယ်၊
သူတို့ရဲ့အံ့ဩနေတဲ့မျက်နှာတွေကိုကြည့်ပြီးဂျင်ချန်က ရယ်လိုက်ကာ
‘ထိုင်းတနဲကျုပ်ရဲ့စွမ်းအားကိုဒုတိယနယ်မြေက
မှော်သတ္တဝါတွေမယှဉ်နိုင်ကြဘူးဗျ၊ဒါကြောင့်
ဒီနယ်မြေကိုရောက်လာကြတာ’လိုပြောလိုက်တယ်
ဒီစကားကိုထပ်ကြားလိုက်ရတော့
ချန်းရန်ဟူတို့ကိုယ့်နားကိုယ်တောင်မယုံနိုင်ကြတော့ဘူး၊ ဒုတိယနယ်မြေဆိုတာ
အဆင့်၁မှော်သတ္တဝါတွေနေကြတဲ့နယ်မြေ၊အဲဒီသတ္တဝါတွေက
သိပ်ပြီးစွမ်းအားမမြင့်ဘူးဆိုရင်တောင်
သူတော်စင်တယောက်အနေနဲ့အလွယ်တော့
မတိုက်နိုင်ကြဘူး၊ပြီးတော့ဂျင်ချန်ကသူတော်စင်လဲ
မဟုတ်တော့ပိုတောင်မယုံနိုင်ကြဘူး၊ဒုတိယနယ်မြေက သူအတွက်သိပ်လွယ်နေတယ်လို့ဂျင်ချန်ပြောတာ
ကြားပြီးနောက်မှာမနာလိုတောင်ဖြစ်လာသလိုပဲ၊

ချန်းရန်ဟူတို့ဟာအချိန်အတော်ကြာ
ကြောင်နေကြပြီးနောက်မှာချန်းရန်ဟူက’ညီ၄မင်းကသူတေါ်စင်မဖြစ်သေးဘဲတောင်ဒီလောက်တော်နေတာ၊ဖြစ်များဖြစ်လာရင်
ဘယ်လောက်တောင်အားကြီးလိုက်မလဲကွာ၊ဒါနဲ့
မင်းဘယ်အချိန်လောက်သူတော်စင်ဖြစ်မယ်ထင်လဲ’
လို့အံ့ဩတကြီးထပ်မေးလိုက်တယ်၊ဂျင်ချန်က
‘ ကျုပ်က ခုမှ အဆင့်၁၀ကို အောင်ပြီးကာ ရှိသေးတာ၊ဒီတောကထွက်မှစွမ်းအားရှင်အဆင့်ကျင့်ရမှာ’
လို့တိုးတိုးလေးညည်းလိုက်တယ် ချန်းရန်ဟူကအံ့ဩနေတဲ့အသံနဲ့
‘ညီ၄မင်းကတော့တကယ့်ကောင်ပဲကွာ၊မင်းက သိပ်မကြာခင်ကတောင် အဆင့်၈
ကျောင်းသားသစ်လေးပဲ ရှိသေးတာ၊ခုကျအဆင့်၁၀တောင် အောင်သွားပြီ’
လိုပြောလိုက်တယ်
ဒီအကြောင်းကိုကြားလိုက်ရတဲ့ဒာရီရန်နဲ့
အမွှာနှစ်ယောက်ဟာဂျင်ချန်အပေါ်ထားတဲ့အမြင်တွေချက်ချင်းပြောင်းသွားကြတယ်၊ဂျင်ချန်ရဲ့စွမ်းအားဟာ

မယုံနိုင်လောက်အောင်မြင့်နေပြီး
ပျံသန်းလွင့်မြောနိုင်မှုမှာလည်းအလွန်မြန်နေတာ
ဖြစ်နေတယ်၊ဂျင်ချန်ဟာပါရမီရှင်တယောက်ဆိုတာလုံးဝသေချာတယ်၊နောက်တချိန်သူနဲတွေ့ရင်
ပြသနာမရှာမှဖြစ်မယ်လို့
သုံးယောက်လုံးဆုံးဖြတ်ချက်ချလိုက်ကြတယ်၊ ဂျင်ချန်ကစိတ်လက်ပေါ့ပါးစွာရယ်လိုက်ပြီး’အစိကိုကြီးတတိယနယ်မြေမှာ
ဘာလိုတယောက်နဲတယောက်
အမြုတေတွေလုနေကြတာလဲ၊ဘာတွေဖြစ်နေကြတာလဲ’လိုမေးလိုက်တယ်၊
ချန်းရန်ဟူကသက်ပြင်းတချက်ရှိုက်လိုက်ပြီး ‘ဘယ်ကဘယ်လိုစဖြစ်ကြမှန်းတောင်
မသိတော့ပါဘူးကွာ၊
နှစ်ရက်မြောက်နေမှာစပြီးာတယောက်က အမြုတေစလုတာပဲ၊အဲဒီနောက်တော့သတင်းပျံ့သွားပြီး
လူတိုင်းအုပ်စုဖွဲ့လုကြတော့တာပဲ၊မင်းလဲသိတာပဲလေ အဆင့်၂သတ္တဝါတွေကအဆင့်၁ထက်ပိုရှားပြီး
တိုက်ရတာခက်တယ်လေ၊ ပြီးတော့ ၁ကောင်သတ်မှတခုပဲရမှာလေ၊လုရင်ကျအမဲလိုက်ရတာထက်လည်း

ပိုလွယ်တယ်၊ကံကောင်းရင်အမြုတေအများကြီးလည်း
ရဦးမယ်ဆိုတော့ ‘
‘အဲ့တော့ကွာခုချိန်ထိတော့လုနေကြတာပဲ၊
တယောက်ထဲဖြစ်နေရင်၊ကိုယိ့အုပ်စုကလူနည်းရင်တပင်တပန်းရှာထားသမျှ
အမြုတေတွေပါသွားရော။ဒဏ်ရာရတဲ့ဘူတွေကလည်း ထွက်ကုန်ကြတော့ လူကလည်းနည်းလာတာပေါ့ကွာ’လိုပြောလိုက်တယ်

‘စောင့်ကြည့်နေတဲ့ဆရာတွေကဘာမှမလုပ်ကြဘူးလား’ ထိုင်းတကမေးလိုက်တယ်၊
‘အသေအကြေတိုက်ကြတာမျိုးမဟုတ်ရင်ဆရာတွေက ထွက်မလာကြဘူး၊ပြီးတော့ကျုပ်တိုဒီနေရာကို
လာရတဲ့အကြောင်းကိုကတိုက်ကြခိုက်ကြဖို့ပဲလေ၊ အလုမခံရအောင်အုပ်စုလိုက်
ပူးပေါင်းလုပ်ဆောင်ကြတာလည်းသူတို့ရဲ့စစ်ဆေးမှုကို
ဖြတ်နေသလိုပဲလေ၊ဒီကိစ္စမျိုးတွေက
ထျန်းယွမ်နယ်မြေမှာဖြစ်နေကျဆိုတော့တချိန်မဟုတ် တချိန်တော့ကြုံကြရမှာပဲလေ’
လို့အမွှာတယောက်ကပြောလိုက်တယ်

ထိုင်းတလည်းအခြေအနေကိုနားလည်သွားပြီး
ခေါင်းညိတ်ပြလိုက်တယ်၊
ဂျင်ချန်ကကျန်တဲ့သူတွေကိုထူးဆန်းတဲ့အပြုံးနဲ့ ကြည့်ပြီး
‘ဒီလိုမျိုးအချင်းချင်းလုခွင့်ရှိနေမှတော့သူများက
လာလုမှာထိုင်စောင့်မနေဘဲကိုယ်က သွားလုရအောင်လေ၊ဘယ်သူပါမလဲ’လို့မေးလိုက်တယ်၊
‘သေချာပေါက်ကျုပ်တို့ပါမှာပေါ့၊ချင်းရန်ရှင်းတန်ရာ မင်းနောက်ကငါတိုလိုက်မယ်၊’
လို့ဒာရီရန်ကရဲရဲဝံ့ဝံ့ပဲဂျင်ချန်ကိုကြည့်ပြီး
ပြောလိုက်တယ်၊
‘မဆိုးဘူးကွ၊အရင်တုန်းကတိုကအားနည်းနေတော့ မတိုက်နိုင်ကြဘူး၊ အခုတော့ ချန်းရန်ရှင်းတန်လည်းငာတိုဘက်မှာရှိနေပြီလေ၊ဒီနေ့က
နောက်ဆုံးနေဖြစ်နေတော့ ပွဲလေးစလိုက်ကြရအောင်’လို့အမွှာနှစ်ယောက်ကရယ်ပြီးပြောလိုက်တယ်၊
ချန်းရန်ဟူကလည်း
`ဟုတ်ပြီညီ၄၊အစ်ကိုကြီးမင်းစကားကိုနားထောင်မယ်ကွာ”

လို့ပြောလိုက်တယ်၊
ထိုင်းတကတော့ ဂျင်ချန်နောက်ဆို အမေးအမြန်းမရှိလိုက်ပြီးသားဆိုတော့ဘာမှကိုဝင်မပြောတော့ပါဘူး၊အားလုံးကစားသောက်ရင်းအစီအစဉ်တွေ
တိုင်ပင်ကြတယ်၊နောက်ဆုံးမှာအမွှာနှစ်ယောက်က
အနီးတဝိုက်လှည့်ပြီးပစ်မှတ်ရှာကြမယ်၊ပြီးရင်
ကျန်တဲ့သူတွေဆီသတင်းပိုမယိလို့ ဆုံးဖြတ်လိုက်ကြတယ်၊
အမွှာနှစ်ယောက်ကခဏအကြာမှာပြန်ရောက်လာပြီး ငါးယောက်အုပ်စုတစုကိုတွေလိုက်ကြောင်း
သတင်းပိုလိုက်တယ်၊
ဂျင်ချန်ကချက်ချင်းပဲအဲဒီနေရာကိုသွားကြဖိုပြင်ဆင်ကြတယ်၊
အဲဒီအုပ်စုကအနားယူနေကြတော့ဂျင်ချန်တိုရဲ့
အလစ်ဝင်တိုက်မှုကိုမမျှော်လင့်ထားကြဘူး၊ပြီးတော့သူတို့ကအခြေခံအဆင့်ပဲရှိသေးတော့
ဂျင်ချန်တို့အဖွဲ့ကိုမယှဉ်နိုင်ကြဘူး၊သူတို့ဆီက အမြုတေ၂၀လောက်ပဲရလိုက်တယ်၊

အမြုတေတွေရပြီးနောက်မှာတော့သူတ့ိုအဖွဲ့ကို
ဆက်ညှင်းမနေတော့ပဲတခြားနေရာကို ထွက်လာကြတယ်၊
တညလုံးဂျင်ချန်တို့အဖွဲ့ဟာမအိပ်ကြဘဲပစ်မှတ်ကို လိုက်ရှာနေကြတယ်၊တတိယနယ်မြေမှာ
လူကသိပ်မကျန်တော့ဘူးဆိုတော့
နောက်ထပ်သုံးဖွဲ့လောက်ပဲထပ်တွေ့တော့တယ်၊ ရယ်စရာကောင်းတာကသူတိုနဲ့အကြံတူတဖွဲ့နဲ့
ထိပ်တိုက်တွေ့ရတာပဲ၊လူက၆ယောက်စီညီနေပေမယ့် ဟိုဘက်အုပ်စုမှာက
အလယ်အလတ်စွမ်းအားရှင်နှစ်ယောက်ပါနေတေယ်၊ဒ၊ပေမယ့်သူတိုဟာဂျင်ချန်နဲ့ထိုင်းတကို
မယှဉ်နိုင်ကြဘူး၊နောက်ဆုံးတော့ဂျင်ချန်တို့ဟာ အမြုတေ၁၅၀လောက်ရလာပြီး
ပွလာခဲ့ကြတယ်၊ကြည့်ရတာဒီအုပ်စုကအတော်ကိုလုထားကြတဲ့ပုံပဲလို့ထင်ရတယ်၊
တတိယမြောက်တိုက်ပွဲအပြီးမှာတော့ဂျင်ချန်ကလွဲလို့ လူတိုင်းပင်ပန်းနေကြပြီးဆက်မတိုက်နိုင်ကြတော့ဘူး၊
နောက်ဆုံးတော့တနေရာရှာပြီး
အနားယူဖိုဖြင်ခဲ့ကြတယ်၊ကျန်တဲ့သူတွေက

အရမ်းပင်ပန်းနေကြတော့ဂျင်ချန်နဲထိုင်းတက
ကင်းစောင့်တာဝန်ယူခဲ့ကြတယ်၊
အုပ်စု၁က၂၀၊အုပ်စု၂က၇၀နဲ့အုပ်စု၃က၁၅၀၊ စုစုပေါင်းအမြုတေ၂၆၀ရခဲ့ကြတော့
အတော်လေးအောင်မြင်တယ်လို့ဆိုရမှာပေါ့၊
ဒီလောက်အမြုတေအများကြီးကိုမြင်လိုက်ရတော့
ဂျင်ချန်စိတ်ထဲဒီနယ်မြေကမှော်သတ္တဝါတဝက်လောက်
သေကုန်ပြီလားလို့တွေးလိုက်မိတယ်၊
တညတာကုန်ဆုံးသွားတဲ့နောက်မှာသူတို့အဖွဲ့က
တောအုပ်ထဲကထွက်လာကြတယ်၊ဆေးပင်တွေကို
ကြိတ်ပြီးအုံထားတာကြောငိ့ချန်းရန်ဟူတို့ဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာကြတယ်၊တောအုပ်ထဲမဝင်
ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကဆေးတွေကို ထည့်ပေးလိုက်ကြတယ်၊
ချန်းရန်ဟူတို့ဟာဂျင်ချန်နဲ့ထိုင်းတဝံပုလွေအုပ်ကို တိုက်တုန်းကရထားတဲ့ဝံပုလွေရေတွေကို
ခြုံထားကြတော့ဒဏ်ရာရမှန်းတောင်မသိသာကြဘူး၊

Comment

Leave a Reply

Options

not work with dark mode
Reset