Chapter – 49
“ကောင်းပြီ ဒါဆိုညီ၄ဂရုစိုက်နော်။လျှိုချင်းက
သူတော်စင်အလယ်အလတ်အဆင့်ကိုရောက်နေပြီ။“
ထိုသို့ပြောကာသူသူငယ်ချင်းကိုကူရန် ချင်းယန်ဟူကထွက်သွားသည်။
ဂျင်ချန်ကိုတတိယနယ်မြေမှာမြင်လိုက်ရဖိုသူမမျှော်လင့် ထားပေမယ့်အခုချိန်က
အကြောင်းပြချက်တွေမေးနေဖို့အချိန်ကောင်းမဟုတ်ပေ။ ဂျင်ချန်နဲထိုင်းတရုတ်ချည်းပေါ်လာမှုက
ချင်းယန်ဟူတို့ကိုအကျိုးတော့မယုတ်စေပါ။ သူတို့တွေကွင်းထဲမှာကစားနေရင်တောင်မှ
ထိုင်းတရဲ့တည်ရှိမှုကြောင့်တိုက်ပွဲရဲ့လေထုဟာ ချင်းယန်ဟူတို့ဘက်ကိုအလေးသာသွားမှာပင်။ အချိန်တိုအတွင်းမှာ ကွင်းထဲကအခြေအနေဟာသူတိုဘက်ကိုရောက်နေပြီ။
လျှိုချင်းရဲ့မဲမှောင်ကာချွေးပျံနေတဲ့မျက်နှာကိုကြည့်ရင်း ဂျင်ချန်ရယ်သည်။
“လျှိုချင်းမင်းတို့ငါတိုရဲ့အမြုတေကိုခိုးမယ့်
မင်းအစီအစဉ်ကကြည့်ရတာအလုပ်မဖြစ်တော့ဘူးပဲကွ။ အဲ့ဒိအစားကွာငါတိုကိုပဲ
မင်းတို့အမြုတေတွေပေးလိုက်ပါတော့လား” လျှိုချင်းကဒေါသထွက်လာကာ
သူမျက်လုံးကအန္တရာယ်ရှိသည့်အလား
တဖျက်ဖျက်တောက်ပနေလေတယ်။
“ချင်းယန်ရှင်းတန်ငါ့ဆီကအမြုတေကိုယူဖို့မင်းမှာ အစွမ်းအဆမရှိပါဘူး”
ဂျင်ချန်ကလျှိုချင်းအားအထင်သေးစွာကြည့်နေရင်းမှ“ငါ့မှာမင်းဆီကအမြုတေကိုယူဖို့
အစွမ်းအဆရှိမရှိသိချင်ရင်စမ်းကြည့်လေ”ထိုသို့ပြောပြီးပြီးချင်းပဲ
ဂျင်ချန်ကမူလနေရာမှပျောက်သွားကာလျှိုချင်းရှေ့ရောက်သွားသည်။
လျှိုချင်းအားတုန်ပြန်ဖို့အခွင့်မပေးဘဲ အမှောင်ထု၏အကူအညီကိုယူကာ
သံချောင်းအားလက်တွင်မြဲမြံစွာကိုင်ပြီးလျှိုချင်းရဲ့ဗိုက်ကိုထုရိုက်လိုက်သည်။
သေခြင်းတရား၏အငွေ့အသက်ကိုလည်း
လျှိုချင်းခံစားမိရော
သူရဲ့ဆိုင်ယမ်ဓာတ်ငွေ့တွေထုတ်လွှတ်နေတဲ့
ဓားကြီးကိုကိုင်ထားရာက ဂျင်ချန်ထံလွှဲခုတ်လိုက်သည်။သူကသူတော်စင်အလယ်အလတ်အဆင့်ပဲရှိသေးတယ်ဆိုပေမယ့်သူ့ရဲ့လေစွမ်းအားက
အရင်ထက်ပိုမိုတိုးတက်လာခဲ့သေးသည်ပေ။ထိုကြောင့် သူဓားလှုပ်ရှုားသည့်နောက်တွင်မည်သည့်ပုံရိပ်မှ
ကျန်မနေခဲ့ပေ။
ဓားကသူခေါင်းကိုခုတ်ပိုင်းပစ်တော့မည်ကိုသိလိုက်သည့်ဂျင်ချန်ကဘေးသို့ခုန်ရှောင်ထွက်လိုက်ပြီး
သူသံချောင်းကိုလျှိုချင်းအားထုရိုက်ဖို့
ရှေ့တိုးလိုက်သည်။
သံချောင်းကအလွန်ပြင်းတဲ့အရှိန်နဲသူဆီလာနေပြီကို သိလိုက်တဲ့အခါလျှိုချင်းမျက်နှာပျက်သွားသည်။
ဒီအရေးကြီးတဲ့အချိန်မှာ
သူဓားကခုခံကာကွယ်ဖို့အတွက်ဝေးနေသည်။သိုပေမယ့် သူအမြန်နှုန်းကလည်းနိမ့်ကျသည်တော့မဟုတ်
လေစွမ်းအားကိုခန္ဓာဆီစုပ်ယူပြီး
သူကိုယ်ကိုနောက်ဆုတ်စေကာ
ဓားကိုလည်းပြန်ဆွဲယူလိုက်သည်။
ဂျင်ချန်ရဲ့သံချောင်းကသူ့အင်္ကျီကိုထိလာတဲ့အခါ လျှိုချင်းရဲ့အရှိန်ကပိုမြန်လာသည်။သိုရာတွင် သူလွတ်ရုံလေးသာရှောင်လိုက်နိုင်သည်။
လွတ်သွားချိန်တွင်
သူတော်စင်စွမ်းအားကိုဓားမှာပေါင်းစပ်ကာ
ဂျင်ချန်အားနောက်တစ်ကြိမ်ခုတ်ပိုင်းလိုက်ပြန်သည်။လျှိုချင်းရဲ့တိုက်ခိုက်ပုံကရိုးရှင်းသည်။သိုပေမယ့်
ဂျင်ချန်မျက်လုံးထဲတွင်တော့
ကလေးသူငယ်ဆော့ကစားသည်နှင့်သာတူသည်။ဤသည်ကိုတိုက်ခိုက်သည်ဟုသုံး၍မသင့်ပေ။
သိုပါသော်ငြားလည်း
ဂျင်ချန်သတိလက်လွတ်နဲ့လုပ်ရဲပါပေ။ ဂျင်ချန်ကလေထဲသို့ခုန်ကာ
လျှိုချင်း၏ဓားကိုရှောင်လိုက်သည်။သစ်ပင်ပင်စည်ကိုခြေဖြင့်ကန်ကာလျှိုချင်းဆီချက်ချင်းပြန်သွားသည်။
သူလက်မောင်းလှုပ်သွားပြီးပုံရိပ်ယောင်တစ်ခုကဲ့သို့ လျှိုချင်း၏နောက်တွင်သွားပေါ်သည်။ဂျင်ချန်လက်က
မြန်လွန်းလှတဲ့အရှိန်ဖြင့်သံချောင်းက
လျှိုချင်းထံပြေးဝင်သွားသည်။
အလင်းလိုလျှင်မြန်လွန်းရကား သာမန်မျက်စိဖြင့်မည်သို့မျှပင်မြင်ရမည်မဟုတ်ပေ။
လျှိုချင်း၏မျက်လုံးတွေးပြူးကျယ်သွားသည်။သူဓားကဝေးနေကာအမြန်ပြန်ဆုတ်ဖိုရာလည်းမမှီတော့…
သံချောင်းကသူဗိုက်ထဲခပ်နက်နက်ထိုးဝင်သွားသည်။လျှိုချင်းမျက်နှာကခက်ထန်သွားကာ
သူဗိုက်သို့စိုက်ဝင်နေသည့်သံချောင်းအား အံ့သြစွာကြည့်လိုက်သည်။
အံ့သြနေမှုကအနည်းငယ်သာစွန်းနေပြီးသူ့အမူအယာက စိတ်ပျက်အားငယ်ကာကြောက်ရွံ့သွားဟန်က
အများသားဖြစ်နေသည်။
သံချောင်းကသူဗိုက်ထဲဖောက်ဝင်သွားတာသူဘာမှကိုမရှောင်လိုက်နိုင်ဘူး။
သံချောင်းရဲ့အရှိန်ကမြန်လွန်းသဖြင့်
သူမမြင်လိုက်ဘဲဖြစ်ကာမရှောင်လိုက်နိုင်တာပင်။သူမှာလေစွမ်းအားရှိတာတောင်မှ
သံချောင်းကဗိုက်ကိုဖောက်ကာ
သူကိုဒဏ်ရာရစေခဲ့သည်။
လူတိုင်းမျှော်လင့်ထားသည်နှင့်
ခြားနားစွာဖြစ်ပျက်သွားခဲ့သည့်အချိန်မှာလူတိုင်းကရပ်တန်လိုက်ကြသည်။သန်စင်သည့်သူတော်စင်စွမ်းအားတွေက
သံချောင်းမှတဆင့်လျှိုချင်း့ဗိုက်ထဲဝင်သွားသည်။သံချောင်းကိုဖယ်လိုက်သည့်အခါမှာ
လျှိုချင်းမြေပေါ်ပစ်လဲကျတော့သည်။ဂျင်ချန်ကသူဝိဉာဉ်စွမ်းအင်ကို
လျှိုချင်းထံထည့်ပေးခဲ့ခြင်းဖြစ်ကာဗိုက်ထဲရှိအတွင်းကလီစာတွေအားစွမ်းအင်လှိုင်းတွေကဲ့သို့
လှုပ်ယမ်းကာဆုတ်ဖြဲပစ်နေတော့သည်။“ဖူး…”
လျှိုချင်းသွေးတစ်ပွက်အန်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသည့်နာကျင်မှုက သူဗိုက်ထဲတွင်ဖြစ်နေကာ
သူသေလုအောင်နာကျင်နေရသည့်တိုင်မည်သိုဖြစ်ပျက်နေမှန်းမသိပေ။
သွေးတွေလည်းထွက်လာနေကာလျှိုချင်းမှာ
မြေတွင်လှိမ့်ကာဖြင့်အော်ဟစ်နေရသည်။
လျှိုချင်း၏အော်ဟစ်သံက အားလုံးကိုဖမ်းစားသွားကာလှည့်ကြည့်လိုက်ချိန်တွင်မြေတွင်လှိမ့်နေသည့်
လျှိုချင်းကိုမြင်လိုက်ရသည့်အခါထိုင်းတမှလွဲပြီး
ကျန်သူအားလုံးကြောင်အကာ
ကြက်သေသေသွားကြတော့သည်။မည်သိုဖြစ်သွားသည်ဟုစဉ်းစားရင်း
သူတို့မယုံကြည်နိုင်စွာကြည့်နေကြလေတယ်။
လျှိုချင်းကိစ္စပြီးသည့်နောက်ကျန်အဖွဲ့သားတွေကိုလည်း ဂျင်ချန်ကအလွတ်မပေးပါချေ။သံချောင်းကိုကိုင်ထားရင်း သူကအလယ်မှာဝင်နေရာယူလိုက်သည်။
သူတွေးမိသည်ကသူအကိုကြီးနှင့်
အခုလိုတွေ့ရသည်မှာကံကောင်းတယ်ဟု…..။ သူနဲတွေ့တာသာနောက်ကျသွားရင်
အကိုကြီးရဲ့အမြုတေတွေကုန်သွားမည့်အပြင် ဒဏ်ရာကြီးကြီးမားမားပါရသွားနိုင်သည်။
ဂျင်ချန်ကတိုက်ပွဲသိုခုန်ဝင်လာသည့်အခါ
ပြိုင်ဘက်အဖွဲ့မှာလူသိပ်မကျန်တော့ပေ။ဂျင်ချန်က ရှိသမျှအခြားသူတွေလိုသူတော်စင်မဟုတ်ပေမယ့်
ယခုရှိနေသည့်သူတွေထဲမှအစွမ်းထက်ဆုံးသူကို
လှဲသိပ်ပြီးနေပြီဖြစ်သည်။
သူအရင်ဘဝကဓားပညာကိုတိုးတက်စေဖို့အတွက်
ခရီးသွားကာအမျိုးမျိုးသောလူတွေနှင့်တိုက်ခိုက်ခဲ့ရာက ပြိုင်ဘက်ကင်းခဲ့သည်။သူလှုပ်ရှားချက်ကသိပ်မြန်ကာသူလက်မှလွတ်သည်ဟူ၍မရှိဖူးခဲ့။
မျက်စိကိုမှီခိုကာတိုက်နေရတဲ့သူတွေအဖို့
သူလုပ်ဆောင်ချက်တွေကိုမြင်ခွင့်မရလိုက်ကြပေ။ဂျင်ချန်ကသာမန်သံချောင်းလေးပဲ သုံးနေပေမယ့်သူခွန်အားကတော့ထိုသိုသတ်မှတ်၍မရပေ။
သူရှေကလူတွေကသာမန်ကျောင်းသားတွေဖြစ်ကာအတွေ့အကြုံနည်းတာမို့
သူကလွယ်လွယ်ပွဲသိမ်းနိုင်ပေသည်။ ပွဲပြီးသွားတဲ့အထိ
ဂျင်ချန်သုံးတဲ့လက်နက်ကသူတော်စင်လက်နက်မဟုတ်ဘဲသာမန်သံချောင်းသာဖြစ်မှန်းမသိလိုက်ကြပေ။
ပွဲပြီးတဲ့နောက်မှာ
ပြိုင်ဘက်အဖွဲ့လူတွေအားလုံးမြေတွင်လဲနေကြပြီဖြစ်ကာ တစ်ယောက်ဆီတိုင်းမှာ
မတူညီတဲ့သံချောင်းပေါက်ရာတွေရှိကာ
ဂျင်ချန်အားကြောက်ရွံ့စွာကြည့်နေကြလေသည်။
ကျောင်းသား၈ယောက်ကိုကြည့်ကာ
ဒဏ်ရာရထားကြတဲ့ချင်းယန်ဟူနဲသူ့အဖွဲ့က
ပျော်နေကြပြီး
ဂျင်ချန်အားလေးစားစွာပြန်ကြည့်လာကြသည်။
“ချင်းယန်ဟူမင်းမှာ
ဒီလိုသိပ်တော်လွန်းတဲ့ညီငယ်လေးရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး။သူစွမ်းအားက
ငါ့ကိုတကယ်အံ့အားသင့်စေတယ်”“ဟုတ်တယ်ချင်းယန်ဟူ။ငါအရင်ကမင်းရဲ့ညီ၄အကြောင်းကြားဖူးပေမယ့် အခုလောက်ထိတော့မထင်ခဲ့မိဘူးကွ။
လျှိုချင်းလိုသူတော်စင်အလယ်အလတ်တောင်မှ
ခံလိုက်ရတယ်။တကယ်လို့မင်းညီ၄သာမကူညီရင်
ငါတိုတွေအမြုတေတွေကိုကာကွယ်နိုင်မှာမဟုတ်ဘူး” ကျန်လူသုံးယောက်နဲ့ချင်းယန်ဟူကအရမ်းရင်းနှီးကြသည်
။လူတိုင်းကသက်ပြင်းတွေချကာဆွေးနွေးနေကြ၏။ထိုအချိန်တွင်ဂျင်ချန်ကချင်းယန်ဟူဘေးရောက်လာကာဒဏ်ရာအားကြည့်ပြီးစိုးရိမ်စွာမေးသည်။
“အကိုကြီးဒဏ်ရာကပြင်းလား”
ဒီစကားကြားတော့ချင်းယန်ဟူကခေါင်းခါကာ
ဂျင်ချန်အားအံ့သြနေဆဲအမူအယာနှင့်ပြောသည်။
“ငါအဆင်ပြေပါတယ်ကွ။တကယ်အဆင်ပြေတယ်။ဒါကဒဏ်ရာသေးသေးလေးပါ။မင်းအကိုကြီးက
မြေစွမ်းအားရှိတဲ့သူတော်စင်လေ
ဒဏ်ရာကမကြာခင်မှာပျောက်သွားလိမ့်မယ်”
ချင်းယန်ဟူကစကားစခဏရပ်ကာအတော်ကြာမှ ဆက်မေးသည်။
“ဟုတ်သားပဲ။ညီ၄မင်းတတိယနယ်မြေကို
ဘယ်လိုလုပ်ရောက်နေတာလဲ။တောထဲမဝင်ခင်ကအထိမင်းသူတော်စင်မဖြစ်သေးဘူးမဟုတ်လား…
အခုဘယ်လိုဖြစ်ပြီးဒီလောက်အစွမ်းထက်သွားတာလဲ”ချင်းယန်ဟူကစပ်စုစွာမေး၏။
ဂျင်ချန်ကရယ်သည်။
“ဒီကိစ္စကနောက်မှအေးအေးဆေးဆေးပြောလည်းရပါတယ်ဗျ။
လောလောဆယ်ဒီကောင်တွေကိုအရင်ရှင်းရအောင်လေ
။အကိုကြီးသူတိုကိုဘယ်လိုအပြစ်ပေးမှာလဲ”
အတော်ကြာစဉ်းစားပြီးမှချင်းယန်ဟူကပြောသည်။
“ညီ၄ပဲရှင်းပါ။ညီ၄သာမကူညီရင်အကိုတို့၄ယောက်လုံး
အမြုတေတွေဆုံးရှုံးရမှာ”
ဂျင်ချန်မျက်နှာတွင်အပြုံးကြီးကြီးပေါ်လာသည်။ “ဒီလိုအခြေအနေမှာက
ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုပါဘူး။
သူတို့ရဲ့သိုလှောင်ခါးပတ်ထဲက
အမြုတေတွေယူလိုက်ရုံပေါ့”
ဂျင်ချန်အဆိုကိုအားလုံးကထောက်ခံကြသည်။
လျှိုချင်းတို့အဖွဲ့ရဲ့ဒေါသထွက်နေတဲ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ကြရင်း
သိုလှောင်ခါးပတ်တွေကိုဖြုတ်ယူကြတော့သည်။
ထို၈ယောက်ထံမှအမြုတေ၁၃၀တောင်ရလိုက်သည်။ဂျင်ချန်တောင်မှ
ထိုအရေအတွက်ကိုမြင်ကာအံသြသွားသည်။ချင်းယန်ဟူကပြောသည်။
“သူတိုမှာအမြုတေတွေဒီလောက်များမယ်လို့တော့
ငါမထင်ဘူး။အခြားလူတွေဆီကလုထားတာပဲဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ်၃ရက်အတွင်းမှာ
ဒီလောက်များတဲ့မှော်ဝင်သားရဲတွေကိုသတ်နိုင်မှာမဟုတ်ဘူး’
“အကိုကြီးအဲ့ဒိအမြုတေတွေကို၆ပိုင်းခွဲကြရအောင်”
“မကောင်းဘူး”
ဂျင်ချန်ကထိုသိုပြောသည့်
ချင်းယန်ဟူသူငယ်ချင်းကိုကြည့်လိုက်သည်။“ချင်းယန်ရှင်းတန်ဒီအမြုတေတွေဆိုတာက
မင်းနဲ့မင်းသူငယ်ချင်းကြောင့်ပဲရတာလေ။ငါတို့က
ဘာမှလုပ်ရတာမှမဟုတ်ဘဲငါတိုကိုခွဲပေးစရာမလိုပါဘူး”ထိုကျောင်းသား၏စကားကိုအခြားကျောင်းသားတွေကလည်းထောက်ခံသည်။ထိုထဲမှတစ်ယောက်ကပြောသည်။“ချင်းယန်ရှင်းတန်မင်းနဲမင်းသူငယ်ချင်းကြောင့်သာ
မဟုတ်ရင်ငါတိုနိုင်မှာမဟုတ်ဘူး။ဒါ့အပြင်
ငါတိုရဲ့အမြုတေတွေပါရှုံးသွားနိုင်သေးတာ။ဒါကြောင့် ရသမျှကိုမင်းနဲမင်းသူငယ်ချင်းပဲယူပါ
ငါတိုကျေနပ်ပါတယ် မလိုချင်ပါဘူး”“ဟုတ်တယ်ချင်းယန်ရှင်းတန်
မင်းနဲ့မင်းသူငယ်ချင်းရဲ့အစွမ်းကြောင့်ရထားတာတွေကို ငါတိုကအရှက်မရှိမယူရဲပါဘူးကွာ”
ဂျင်ချန်မျက်လုံးကတောက်ပသွားကာ
ကျန်သူတွေကိုလိုက်ကြည့်ပြီးကျေနပ်မှုရှိမရှိစစ်ဆေးသည်။အားလုံးကတကယ်ကျေနပ်တာမြင်တော့
ထိုသုံးယောက်ကိုသူလေးစားမိသွားသည်။
သူသူ့အကိုကြီးကိုပိုလေးစားသည်။
ဒီလိုစာရိတ္တကောင်းမွန်တဲ့လူကောင်းလေးတွေကိုအကိုကြီးဘယ်လိုများရှာလိုက်ပါလိမ့်…
ချင်းယန်ဟူမှာ
ကျားတစ်ကောင်ရဲ့ခန္ဓာနဲ့ဦးနှောက်ရှိတယ်လို့
သူတွေးမိသည်။သူအကိုကအရမ်းမရူးပါဘူး….(ခဲအိုကန်တော့:3)
ဂျင်ချန်ကရယ်ရင်းပြောသည်။
“ဒါဆိုအားလုံးကလက်ခံတယ်ပေါ့။ဟုတ်ပြီဒါပေမယ့်ကျွန်တော်ကတော့လက်မခံနိုင်ဘူးဗျ။
အကိုတိုသာဝင်မတိုက်ရင်
ကျွန်တော်တို့ရှုံးသွားမယ်လို့ထင်တယ်။ဒီတော့ကာကျွန်တော်နဲထိုင်းတကအမြုတေတစ်ဝက်ယူမယ်။ အကိုတို့ကကျန်တစ်ဝက်ကိုခွဲယူကြပေါ့”