Switch Mode

Chapter – 37

ရဲကလန်

အခန်း (၃၇)
ရဲကလန်

“ချန်ဖန်၊ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ အကယ်ဒမီ ကိုယ်စားပြုပြီး ကောင်ကင်မီးဂိုဏ်း အရည်အချင်းစစ်ပွဲ ဝင်ပြိုင်ခွင့်ရတာ”

ကျောင်းအုပ်ကြီးက ကြင်နာစွာ ပြောလိုက်ပြီး ကိုယ်တိုင်ပင် ဝင်ခွင့် တိုကင်အား ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး” ရဲချန်ဖန် တိုကင်ကို တလေးတစား ယူလိုက်သည်။

“ချန်ဖန်၊ မင်း ဒီနေ့ ငါတို့ကို အရမ်းအံ့ဩအောင် လုပ်လိုက်တာပဲ။ ငါတို့ အကယ်ဒမီမှာ ဒီလောက် အရည်ချင်းရှိတဲ့လူ ရှိနေတာပဲ။ မင်း ဒီနေ့ပြတဲ့ အရည်အချင်းနဲ့ဆို ကောင်ကင်မီးဂိုဏ်းသား ဖြစ်လာမှာပဲ။ အဲခါကျ ငါ့ကို မေ့မသွားနဲ့”

ကျောင်းအုပ်ကြီးက ရယ်ကာ မောကာ ပြောလိုက်သည်။

“ကျွန်တော် မမေ့ပါဘူး”

ရဲချန်ဖန်က ပထမဆု ရပြီးနောက် အကယ်ဒမီတွင် ဆက်မနေတော့ဘဲ ပြန်မလို့ လုပ်နေချိန် လူအုပ်ကြားထဲတွင် ဝေခွဲရခက်သည့် မျက်လုံးများနှင့် သူ့ကို ကြည့်နေသော ချောင်ဂျင်ယွမ်ကို တွေ့လိုက် ရသည်။

“ချန်ဖန်၊ ကျွန်မ ရှင့်နဲ့ နှစ်ယောက်တည်း ခဏလောက် စကားပြောချင်တယ်။ ကျွန်မကို ခဏလောက် အချိန်ပေးနိုင်မလား”

“ဆောရီး ဂျင်ယွမ်၊ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”

သူ ချောင်ဂျင်ယွမ် ဘာပြောချင်နေမှန်း ခန့်မှန်းမိသော်လည်း ထပ်ပြီး မပတ်သက်ချင်တော့ပေ။ ထို့ကြောင့် သူ ငြင်းဆန် လိုက်သည်။

“ရဲချန်ဖန်၊ အဲနေ့က ကျွန်မကို ကယ်ခဲ့တဲ့လူက ရှင်ဆိုတာ ကျွန်မ သိတယ်။ ရှင်သာ ကျွန်မကို လက်ထပ်မယ်လို့ ကတိပေးရင် ကျွန်မတို့ ချောင်ကလန်က ရှင် ကောင်းကင် မီးဂိုဏ်းဝင် ဖြစ်ဖို့ အစွမ်းကုန် ထောက်ပံပေးမယ်လို့ ကတိပေးတယ်”

ရဲချန်ဖန် ထွက်သွားသည်ကို ကြည့်ပြီး သူမ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ ရဲချန်ဖန် ရှေ့တွင် ပိတ်ရပ်ပြီး ကတိ ပေးလိုက်သည်။

ရဲချန်ဖန် ခေါင်းခါလျက် –
“ဆောရီး ဂျင်ယွမ်၊ မင်း လူမှားနေပြီ ထင်တယ်။ ကောင်းကင် မီးဂိုဏ်းအတွက် ငါ့ အရည်အချင်းနဲ့ ငါ ဝင်အောင် လုပ်မယ်”

ထို့နောက် ရဲချန်ဖန်သည် မျက်နှာ ဖြူဖျော့နေသော ချောင်ဂျင်ယွမ်ကို လျစ်လျူရှုကာ ထွက်လာ ခဲ့သည်။

ထွက်ခွာသွားသော ရဲချန်ဖန်ကို ကြည့်ရင်း ချောင်ဂျင်ယွမ် မျက်ရည်စီးကြောင်း နှစ်ခုသည် ထိန်းမရဘဲ ကျဆင်းနေသည်။

“ချန်ဖန်၊ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ ကောင်ကင်မီးဂိုဏ်း အရည်အချင်းစစ်ပွဲ ဝင်ခွင့်ရတာ”

ရဲချန်ဖန် အကယ်ဒမီမှ ထွက်လာခိုက်တွင် သူ့ရှေ့ကို လှပသော မိန်းမပျိုလေး ခုန်ထွက်လာပြီး သူ့ကို ချိုလွင်စွာ ပြောလိုက်သည်။

“ရှီအာ၊ မင်းနဲ့ အဘိုးပိုင်တို့ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ ကောင်းကင် မီးဂိုဏ်း ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ရဲချန်ဖန် လှပ၍ ချစ်စရာ ကောင်းနေသော ပိုင်ရှီအာကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“ချန်ဖန်၊ မင်းက ဒီလူကို ကယ်ခဲ့တာ။ မင်းဒုက္ခရောက်တော့ မကူညီဘဲ ထိုင်ကြည့်နေရမှာလား။ ပြန်ကူညီ ရမှာပေါ့ကွ”

အဲအချိန်တွင် အားမာန် တက်ကြွနေသော အကြီးအကဲပိုင်က အကယ်ဒမီထဲမှ ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ချန်ဖန်၊ အဘိုးနဲ့ အဖေက ရှင့်ကို ညစာ ကျွေးချင်လို့ အဲဒါ ရှင် အားလား”

ပိုင်ရှီအာ အသံလေးက ဆည်းလည်းသံလေးလို ချိုသာနေသည်။

“အားပါတယ်”

ဤတစ်ကြိမ်တွင် ရဲချန်ဖန် မငြင်းတော့ပေ။ သူ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

ပိုင်ကလန်သည် သူနဲ့ ပို၍ ဆက်ဆံရေး ခိုင်မာစေရန် စားသောက်ပွဲကို အကြီးအကျယ် ပြင်ဆင်ထားသည်။ ရှားပါး တန်ဖိုးကြီးသည့် သစ်သီးဝလံများ၊ အလွန်ချိုမြိန်သော ဟင်းလျာများကို စီစဉ် ထားသည်။

“ချန်ဖန်၊ အဘိုး မင်းကို မေးစရာ ရှိတယ်။ ဖြေလို့ရရင် ဖြေကွာ။ မင်းရဲ့ ဆေးပညာက မဟာဂိုဏ်း ကြီးတွေနဲ့ ပတ်သက်နေလား”

အဘိုးပိုင်က ပျော်ရွှင်နေရာ ရဲချန်ဖန်ကို အရက်ထည့်ပေးရင်း မေးလိုက်သည်။

“မဟုတ်ဘူး။ ကျွန်တော့် ဆေးပညာက ကျွန်တော့် ဆရာဆီက သင်ခဲ့တာ။ သူက မဟာဂိုဏ်းကြီး တစ်ခုကလား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး”

ရဲချန်ဖန်က သူ့ ဆေးပညာအကြောင်း မေးလာပါက ဖြေရန် အသင့်တွေးထားပြီး ဖြစ်သည်။ သံသယ မဝင်စေရန် ထူးခြားလျှို့ဝှက်သော ဆရာရှိကြောင်း ဇာတ်လမ်း စင်ပြောလိုက်သည်။

“ချန်ဖန်၊ သားဆရာက ဒီမြို့မှာ ရှိနေသေးလား”

အကြီးအကဲပိုင် မျက်မှောင်ကြုတ်သွားသည်။

“ဆရာ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ဆရာက ကျွန်တော့်အသက် ဆယ့်သုံး နှစ်မှာ ဆေးပညာ သင်ပေးပြီး ထွက်သွားတာပဲ”

“ချန်ဖန်၊ အဘိုးထင်တာ မမှားဘူးဆိုရင် မင်းဆရာက အရမ်းအစွမ်းထက်တဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းဂိုဏ်းကပဲ ဖြစ်မယ်။ အဲလို ဂိုဏ်းကြီးတွေမှာပဲ ဒီလို ထူးခြား ဆန်းပြားတဲ့ ပညာရပ်တွေ ရှိတာ”

အကြီးအကဲပိုင် လေသံတွင် အားကျသည့် အသံများ ပါဝင်နေသည်။

ညနေစောင်းတွင် အကယ်ဒမီ အရည်အချင်းစစ်ပွဲ ပြီးသွားပြီး ရဲချန်ဖန်က လျန်ယုလုံကို သုံးကွက်နှင့် အနိုင်ယူသွားသည့် အကြောင်းသည် တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။ လူအများကြားတွင် ရဲချန်ဖန် အကြောင်းသည် အထူး ပြောစရာ ဖြစ်နေလေသည်။

တော်ဝင်မြို့တော် အင်အား အကြီးဆုံး ကလန်သုံးခုထဲမှ ရဲကလန်သည် ရဲချန်ဖန် အကြောင်း ကြားသောအခါ အလွန် တုန်လှုပ် သွားကြသည်။

“ဒီသတင်းက အင်ပါယာမြို့က လာတာပဲ။ ဒီသတင်းကို ဘယ်လို ထင်ကြလဲ”

မျက်နှာမှာ လေးထောင့်ဆန်ပြီး ပြတ်သားသော ဟန်နှင့် ခန့်ညားစွာနှင့် ခန်းမကြီး အလယ်တွင် ထိုင်နေသော လူကြီးသည် ရဲကလန်၏ အစွမ်းထက်လှသော ခေါင်းဆောင် ဖြစ်သည်။

“ဒီခွေးကောင်၊ ဒီအခြေအနေကို ဘယ်လို ရောက်လာလဲ မသိဘူး။ ဝိညာဉ်သားရဲကို ဒုတိယအကြိမ် နိုးထနိုင်ပြီး ခုတော့ ဝိညာဉ်သားရဲ အဆင့်ခြောက် ရောက်နေပြီ”

မျက်နှာ ပျက်နေပြီး မှောင်မဲနေသော လူက ထပြောလိုက်သည်။ ထိုလူကား ရဲချန်ဖန်ကို နှင်ထုတ်ခဲ့သော ရဲထန်မင်ပင်။

“ရဲချန်ဖန်က ဘာပဲဖြစ်ဖြစ် ဝိညာဉ်သားရဲက ဒုတိယအကြိမ် နိုးထလာတဲ့ သူပဲ။ သူက အရင်ကလို ကြောက်စရာ ကောင်းတဲ့ ပါရမီရှင် ပြန်ဖြစ်နေပြီ” ရဲချင်းဟွမ်က ပြောလိုက်သည်။

“အဖေ၊ ရဲချန်ဖန်ကို ပြန်ခေါ်ချင် နေတာတော့ မဟုတ်ပါဘူးနော်”

ရဲထန်မင် မျက်နှာ အလွန်ပျက် သွားသည်။ ရဲချန်ဖန်ကို ပြန်ခေါ်ခဲ့ပါက သူ ဘာပဲဖြစ်ဖြစ် မျက်နှာပျက် ရပေမည်။

“ထန်မင်၊ မင်း ဘာတွေးနေတာလဲ သိတယ်။ ဒါပေမဲ့ မင်းသိက္ခာက အရေးကြီးလား။ ကလန်ရဲ့ အနာဂါတ်က အရေးကြီးလား” ရဲချင်းဟွမ် မျက်နှာမှာ အလွန် လေးနက်နေသည်။

“အဖေ၊ အဲရှောင်ရန် ထားခဲ့တဲ့ကောင်က ပါရမီ ရှိတာ လက်ခံတယ်။ ဒါပေမဲ့ ကလန် အနာဂါတ်ကို ပြောင်းလဲနိုင်မယ် ဆိုတာကတော့ မယုံနိုင်ဘူး”

ရဲထန်မင် စိတ်ပျက် လက်ပျက် ပြောလိုက်သည်။

“ငါတို့ရဲ့ ရဲကလန် လူငယ်ထဲမှာ ဂျန်ရိကျန်နဲ့ ဂျီချင်ရွှယ်တို့ကို ယှဉ်နိုင်မယ့်လူ ရှိတယ် ထင်လား။ နောက်နှစ်တစ်ရာလောက်ထိ ဘယ်သူက ရဲကလန်ကို ထိန်းသိမ်း နိုင်မှာလဲ”

“ဒါက ဒါက”

“ရဲကလန်က ဇီကျင်နိုင်ငံရဲ့ ကလန်ကြီး သုံးခုထဲက တစ်ခုပဲ။ ဒါပေမဲ့ မျိုးဆက်သစ် ပါရမီရှင် လူငယ်ထဲမှာဆို ပါရမီ နည်းနည်းရှိတဲ့ ရဲဇီလင်ပဲ ရှိတယ်။ ပါရမီပဲ ဖြစ်ဖြစ် သားရဲ ဖြစ်ဖြစ် ဘယ်သူက ဂျန်ရိကျန်နဲ့ ဂျီချင်ရွှယ်ကို ယှဉ်နိုင်လို့လဲ”

ကလန် အနာဂတ်ကို တွေးလိုက်လျှင် ရဲကလန် အနေဖြင့် ရဲချန်ဖန်လို ထိပ်တန်း ပါရမီရှင် လိုအပ်သည်ကို ဝန်ခံရပေမည်။

“ဒီအချိန်က အရေးကြီးနေပြီ။ ဘုရင်နေရာအတွက် ပထမ မင်းသားနဲ့ ဒုတိယ မင်းသား ပြိုင်နေ တာ။ ဘယ်သူ နန်းတက်မလဲဆိုတာ အဆုံးအဖြတ် ကာလပဲ။ ငါတို့လိုပဲ ဂျီကလန်က ဒုတိယ မင်းသားကို ထောက်ခံနေတာ။ တကယ်လို့ နန်းလုပွဲမှာ ဒုတိယ မင်းသား ရှုံးနိမ့်ခဲ့မယ်ဆို ငါတို့ ရဲကလန် ဒီနိုင်ငံကနေ ပျောက်ကွယ် သွားလိမ့်မယ်”

“ရဲချန်ဖန်ကသာ ရဲကလန် ပြန်လာပြီး ကောင်ကင်မီးဂိုဏ်းဝင် ဖြစ်သွားရင် ဘုရင်က ငါတို့ကို ဘာလုပ် ရဲမှာလဲ”

ကလန်ခေါင်းဆောင်က သက်ပြင်းချကာ ဖြစ်သမျှ အခြေအနေကို ရှင်းပြလိုက်သည်။

“အဖေ အကြံက ကောင်းပေမဲ့ ရဲချန်ဖန်က ကလန်ကို အကောင်းမြင်မှာ မဟုတ်တော့ဘူး။ သူ ပြန်လာဖို့ ကိစ္စက လွယ်မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ အဲဒါ ငါတို့ ဆန္ဒပဲ ရှိသေးတာ။ တကယ် ဆုံးဖြတ်ချက်က ရဲချန်ဖန်ဆီမှာ ရှိနေတာ။ တကယ်လို့ သူသာ ပြန်မလာချင်ရင် ငါတို့ ဘာမှ လုပ်လို့မရဘူး”

ကလန်ခေါင်းဆောင်က ရဲချန်ဖန်ကို နှင်ထုတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို နောင်တ ရနေမိသည်။

ယခုတော့ နောင်တကား အသုံးမဝင်တော့ပေ။ ရဲချန်ဖန်ကိုသာ တွေ့ဆုံပြီး သူတို့ ဆက်ဆံရေး ပြေလည်ရန်သာ ကြိုးစာရန် ရှိတော့သည်။
အပိုင်း (၃၇) ပြီး၏။ (၃၈) မျှော်
******

Comment

Leave a Reply

Options

not work with dark mode
Reset