Chapter – 48
ထိုင်းတကတော့ အမှုမထားဟန်နဲ့
‘ကြည့်ရတာမှော်သတ္တဝါတကောင်ကောင်နဲ့လူတယောက်ချနေတာနေမှာပေါ့ဗျာ’
လို့ ခပ်ပေါ့ပေါ့ပြောလိုက်တယ်၊။
ပထမတော့ဂျင်ချန်လည်းဒီလိုပဲတွေးလိုက်မိတယ်၊
ဒါပေမယ့်သူရဲ့အတွေ့အကြုံအရခုကြားနေတဲ့အသံဟာ လူနှစ်ယောက်အသေအကျေတိုက်နေတဲ့အသံတွေလိုပဲသူထင်နေမိတယ်၊ပြီးတော့ဒီနေရာမျိုးမှာက
သတိကြီးကြီးထားနိုင်ပါမှတော်ရုံကျမယ်ဆိုတာ
တိုက်ခိုက်ရေးသမားတွေကသူကို
မကြာခဏလာတိုက်နေကျအတွေ့အကြုံအရ သူသိနေတယ်၊အတွေ့အကြုံရင့်ကျက်တဲ့
တိုက်ခိုက်ရေးသမားတွေတောင်အခြေအနေအရပ်ရပ်ကိုသတိမမူမိလို့ကျဆုံးခဲ့ရတဲ့သာဓကတွေလည်း
ရှေ့မှာအများကြီးကြုံခဲ့ရဖူးပြီးပြီ၊ဂျင်ချန်ဆိုတဲ့မိမိလည်း သူတိုလိုအဆုံးမသတ်မချင်ရင် သတိထားရမယ်လေ၊။ပတ်ဝန်းကျင်မှာကြားနေရတဲ့အသံတွေက်ု
နားစိုက်ထောင်လိုက်တယ်၊
အာရုံစိုက်နားထောင်လိုက်တယ်ဆိုရင်ပဲအသံတွေကိုထင်ထင်ရှားရှားကြားလာရတယ်၊ဒါဟာလူနှစ်ယောက်အသေအကျေတိုက်နေကြသံဆိုတာလုံးဝသေချာတယ်၊အသံကတဖြေးဖြေးနီးကပ်လာတယ်၊ဂျင်ချန်က
ထိုင်းတကို
‘ဒါဟာလူနဲ့တိရစ္ဆာန်တိုက်နေတာလုံးဝမဟုတ်ဘူး၊ တိုက်ပွဲဖြစ်နေကြတယ်ဆိုတာလုံးဝသေချာတယ်၊အသံကလည်းတဖြေးဖြေးနီးလာနေပြီဆိုတော့
အသင့်ပြင်ထား၊ငါတိုပါဝင်တိုက်ရနိုင်တယ်’လို့
ပြောလိုက်တယ်၊
နေရာရွေ့ဖ့ိုတော့ဂျင်ချန်မတွေးထားဘူး၊သူတို့ရဲ့
စွမ်းအားနဲဆိုအလွယ်တကူအသာစီးရနိုင်တယ်လေ၊ ပြီးတော့သူကသတ္တိကြောင်တဲ့သူမျိုးမဟုတ်ဘူး၊။ထိုင်းတကချက်ချင်းပဲလက်စွဲတော်ပုဆိန်ကိုကိုင်ပြီး အသင့်ပြင်လိုက်တယ်၊
‘လူဘယ်နှစ်ယောက်လောက်ရှိမယ်ထင်လဲချင်းရန်
ရှင်းတန်၊ကျုပ်တို့သွားကြည့်သင့်တယ်မထင်ဘူးလား’ လိုမေးလိုက်တယ်
၊ဂျင်ချန်ကသံချောင်းကိုစွဲကိုင်လိုက်ရင်း”မလိုဘူး။
ငါတိုသွားကြည့်စရာမလိုဘဲရှေ့ကိုမကြာခင်ရောက်လာ လိမ့်”လို့ဖြေလိုက်တယ်၊
သူပြောတာကြားပြီးနောက်တိုင်းတလည်းဣန္ဒြေမပျက်
ပြန်ထိုင်နေလိုက်တယ်။
သိပ်မကြာခင်မှာပဲအသံတွေက
ကျယ်သထက်ကျယ်လာပြီး တိုင်းတတောင်သဲသဲကွဲကွဲကြားလာရတယ်၊လူရိပ်တချို့ဟာ ချုံပုတ်ကြားကနေမီးပုံရှိရာကို
အလျင်အမြန်ရွေ့လာနေကြတာကိုမြင်လိုက်ရတယ်၊ အဲဒီအုပ်စုရဲ့နောက်မှာ
ဝတ်စုံမည်းဝတ်ထားတဲ့လူတယောက်ထပ်ကြပ်မကွာလိုက်လာနေခဲ့တယ်၊ ‘မိတ်ဆွေတို့ရေ၊ဒီလူတွေက
ကျုပ်တိုရဲ့မှော်ဝင်သားရဲအမြုတေကိုခိုးချင်နေတာဗျ၊ သူတို့ကလူအင်အားသာနေတော့
ခင်ဗျားတို့နှစ်ယောက်မကူရင်ကျုပ်တ်ုမနိုင်လောက်ဘူး၊
ကျုပ်တိုကြိုးစားထားသမျှ ရေစုန်မျောသွားနိုင်တယ်၊ကူညီကြပါဦး’လို့ဝတ်စုံမည်းကလှမ်းအော်လိုက်တယ်၊
ဂျင်ရန်တိုကနှစ်ယောက်ထဲဆိုပေမယ့်ပူးပေါင်းလိုက်ရင် အားကြီးလာနိုင်တယ်လေ၊
ဂျင်ရန်ကဒီအသံကိုကြားဖူးနေသလိုပဲလို့တွေးရင်း မျက်မှောင်ကြုတ်လိုက်တယ်၊ဒါပေမယ့်
ဘယ်သူလဲဆိုတာလုံးဝတွေးမရဘူးဖြစ်နေတယ်၊
ရှေ့ကပြေးနေတဲ့လူတွေက
တဖြေးဖြေးနီးလာနေကြတယ်၊ဝတ်စုံမည်းကအရှိန်မြှင့်လိုက်ပြီးလူအုပ်ကိုကျော်တက်ကာ လမ်းကြောင်းပိတ်ဆိုလိုက်တယ်၊ ပြီးတော့အချိန်ဆွဲမနေဘဲရှေ့ဆုံးကလူကိုဓားနဲ့
လွှဲခုတ်လိုက်တယ်၊အဲဒီလူကလည်းဓားနဲပဲ
ပြန်ခုခံလိုက်တယ်၊ဒါပေမယ့်လည်းဝတ်စုံမည်းကို
မယှဉ်နိုင်ပဲအဝေးကိုလွင့်ထွက်သွားတယ်၊ဒီအချိန်မှာပဲဝတ်စုံမည်းဘက်ကလူတွေ
ထပ်ရောက်လာပြီးတိုက်ပွဲကိုဝင်တိုက်လာကြတယ်၊ ထပ်ရောက်လာတဲ့လူရှစ်ယောက်ပါပေါင်းလိုက်ရင်
ဝတ်စုံမည်းကနိုင်ဖို့သေချာနေသလောက်ရှိပြီ၊
‘လောင်ဂျင်၊အဲ့နားမှာပဲနေ၊ဘယ်မှထွက်မသွားနဲ့’လို့ အစောကလူကပဲထပ်အော်လိုက်တယ်၊
ဒီအသံကိုကြားလိုက်တာနဲ့
သူအစ်ကိုကြီးချင်းရန်ဟူရဲ့အသံမှန်းသူသိသွားခဲ့တယ်၊ အစ်ကိုကြီးလိုအော်လိုက်ရင်းဂျင်ချန်တိုက်ပွဲကို
ဝင်တိုက်ဖို့ပြင်လိုက်တယ်၊ဂျင်ချန်အရိပ်အခြည်ကို ကြည့်နေတဲ့တိုင်းတကလည်း
လက်စွဲတော်ပုဆိန်ကိုကိုင်ပြီး
နောက်ကလိုက်လာခဲ့တယ်၊ပြီးခဲ့တဲ့သုံးရက်အတွင်းတိုင်းတဟာသူကိုယ်သူတောင်သတိမထားမိဘဲ
ဂျင်ချန်အမိန်ဆိုလိုက်နာပြီးသားဖြစ်နေခဲ့တယ်၊
ဂျင်ချန်ရဲ့အတွင်းအားတွေပြန်ပြည့်လာခဲ့ပြီးတောထဲမှာ ရှင်သန်ဖို့သုံးခဲ့တဲ့နည်းဗျူဟာတွေကို
မျက်မြင်ကြုံခဲ့ရပြီးနောက်မှာထိုင်းတဟာ
ဂျင်ချန်ကိုလေးစားလာခဲ့တယ်၊
ကွင်းပြင်ကိုဖြတ်ပျံသွားရင်းဂျင်ချန်ဟာတိုက်ပွဲထဲကိုခုန်ဝင်လိုက်တယ်၊
သူလက်စွဲတော်သံချောင်းဟာချင်းရန်ဟူနဲ့
တိုက်နေတဲ့လူရဲ့ကိုယ်ထဲကိုဖောက်ထွက်သွားပြီး
အဲ့လူရဲ့နာနာကျင်ကျင်အော်လိုက်သံဟာ ပျံ့နံှသွားတယ်၊တိုက်နေကြတဲ့လူတွေဟာ
ဂျင်ချန်တို့နှစ်ယောက်ကိုသတိထားနေကြပေမယ့် ဒီလောက်မြန်မြန်ကြီးတိုက်ပွဲထဲပါလာလိမ့်လို့ ထင်မထားမိကြဘူး၊အမှောင်ရိပ်ကြောင့်
ဂျင်ချန်လက်ထဲကသံတုတ်ကို
သတိမထားမိကြတာကလဲသူတိုကို အငိုက်မိသွားစေခဲ့တယ်၊ဂျင်ချန်ဟာ
အော်နေတဲ့သူရဲ့ရင်ဘတ်ကိုခြေထောက်နဲ့
ကန်ထုတ်လိုက်တယ်၊အဲ့လူဟာဘယ်လိုမှမခုခံနိုင်ဘဲ အဝေးကိုလွင့်ထွက်သွားတယ်၊
တချိန်ထဲမှာပဲတိုင်းတကသူရဲ့ပုဆိန်ကိုဝှေယမ်းပြီး ရန်သူကိုတိုက်နေခဲ့တယ်၊ထိုငိးတနဲ့တိုက်နေတဲ့ လူကလည်းလူညံ့တယောက်တော့မဟုတ်ဘူး၊
ထိုင်းတရဲ့အားပြင်းတဲ့ပုဆိန်ခုတ်ချက်ကို
သူရဲ့ဓားနဲ့ချက်ချင်းပဲထိုးခံလိုက်တယ်၊
နှစ်ယောက်အကြိတ်အနယ်တိုက်ကြရင်း
နောက်ဆုံးမှာတော့ထိုင်းတရဲ့အားကိုမခံနိုင်တော့ဘဲ လွင့်ထွက်သွားခဲ့တယ်၊ထိုင်းတရဲ့ဘီလူးတကောင်လို ခွန်အားကိုယှဉ်တိုက်သူကလည်းရှားသားလား၊
တိုင်းတရဲ့ပုဆိန်ကနည်းနည်းပဲ့ထွက်သွားတယ်၊ တိုင်းတသာမှော်အားနဲ့ထိန်းမထားခဲ့ရင်ပုဆိန်က လုံးဝပျက်ဆီးတာကြာပြီပေါ့၊တိုင်းတဟာပုဆိန်ကို
ခေါင်းပေါ်မှာဝှေယမ်းရင်းမာန်သွင်းအော်ဟစ်လိုက်တယ်၊
အုပ်စုထဲကလူနှစ်ယောက်ခုန်ထွက်လာပြီးထိုင်းတကိုဝင်တိုက်ကြတယ်၊ထိုင်းတရဲ့အားကိုမသိဘဲ
လူတယောက်ဟာပုဆိန်ခုတ်ချက်ကိုဓားနဲ့
မိုက်မိုက်မဲမဲဆီးခံလိုက်ပြန်တယ်၊အဲ့ဒီလူဟာချကိချင်းပဲလွင့်ထွက်သွားပြီးထိုင်းတရဲ့ပုဆိန်ကတော့
နည်းနည်းထပ်အက်သွားတယ်၊
ပုဆိန်ကလက်နက်ကောင်းတခုဖြစ်ပေမယ့်
မှော်လက်နက်တွေလိုတော့စွမ်းအားမြင့်မနေခဲ့ဘူးလေ၊
မှော်လက်နက်တွေကကိုယ်ပိုင်စွမ်းအားတွေရှိနေတေ့ာ သူတိုကို သုံးစွဲတဲ့လူက စွမ်းအားမြင့်ရင် မြင့်သလို ပိုပြီးထိခိုက်ပျက်ဆီးအောင်လုပ်နိုင်ကြတယ်၊
ထိုင်းတတို့နဲ့တိုက်နေသူတွေဟာ သာမန်အဆင့်စွမ်းအားရှင်တွေဖြစ်လို့
အလွယ်တကူအနိုင်တိုက်ပေမယ့်ပုဆိန်ကတော့ သာမန်လက်နက်ပဲမို့အားနဲ့သုံးတာများလာတဲ့အမျှ ပိုပြီးအထိအလိုက်မခံနိုင်တော့ဘူး၊
‘သတိထား၊အဲ့ဒီလူကအရမ်းအားကြီးတယ်’
လို့ဒဏ်ရာရသွားသူကလှမ်းအော်ပြီးသူ့လူတွေကိုသတိပေးလိုက်တယ်၊
သတိပေးချက်ကိုကြားတာနဲ့ထိုင်းတနဲ့တိုက်နေသူဟာ ပုဆိန်ခုတ်ချက်ကိုဆီးမခံတော့ပဲငုံ့ရှောင်ကာထိုင်းထရဲ့ ခါးပတ်ကိုလှမ်းဆွဲလိုက်တယ်………
ဂျင်ချန်ကလည်းသံချောင်းကိုစွဲကိုင်ရင်
အလင်းရဲ့အလျင်လိုရန်သူတွေကိုတိုက်နေခဲ့တယ်၊ အမှောင်ရိပ်အောက်မှာတစ္ဆေတကောင်လို
သွေးချင်းချင်းနီတဲ့သံချောင်းကိုကိုင်ပြီး
ချန်းရန်ဟူရဲ့ဘေးမှာတိုက်နေပေမယ့်သူ့လက်နက်ကို သတိမမူမိကြဘူး၊
လျင်မြန်လွန်းလှတဲ့သူကိုရန်သူတွေတိုက်ရတာဟာ
လေကိုတိုက်ရသလိုပဲခက်ခဲလွန်းလှတယ်၊ဂျင်ချန်ဟာရန်သူပေါင်ကိုသံချောင်းနဲ့
ထုတ်ချင်းပေါက်ထိုးလိုက်တယ်၊
ရန်သူကိုယ်ဟန်ပျက်သွားတာကိုအခွင့်ကောင်းယူပြီး
ချင်းရန်ဟူကလည်းဓားနဲ့ရန်သူလက်ကို
ခုတ်ပိုင်းချလိုက်တယ်၊ရန်သူဟာ
ပြတ်လုနီးပါးဖြစ်သွားတဲ့ လက်ကိုကိုင်ပြီးနာနာကျင်ကျင်အော်ဟစ်လိုက်တယ်၊
ဒီအချိန်မှာပဲအလင်းတန်းတခုထွက်ပေါ်လာပြီးဂျင်ချန်ဆီကိုဧရာမဓားကြီးထိုးဝင်လာတယ်
၊’လေဟုန်ခွင်းဓား’
လို့အော်လိုက်ရင်းဂျင်ချန်ဟာသိမ်မွေ့နက်နဲတဲ့ ပညာရပ်ကိုသုံးကာ လေထဲမှာ အရိပ်တခုသဖွယ်ကွယ်ပျောက်သွားခဲ့တယ်၊
သူရပ်နေခဲ့တဲ့နေရာလွတ်ကိုဓားကအရှိန်ပြင်းပြင်းနဲ့ ခုတ်ချလိုက်ခဲ့တယ်၊
ဂျင်ချန်ဟာသုံးမီတာအကွာမှာပြန်ပေါ်လာပြီးသူကိုဓားနဲ့ခုတ်တဲ့သူကိုလှမ်းကြည့်လိုက်တယ်၊
ထိုသူဟာသွေးစွန်းနေတဲ့ဝတ်စုံကို
မသေမသပ်ဝတ်ဆင်ထားပြီး
အမှောင်ရိပ်ကျနေတာကြောင့်မျက်နှာကိုတော့ ဂျင်ချန်ကောင်းကောင်းမမြင်ရဘူး၊
ဂျင်ချန်ဟာအာရုံစိုက်ကြည့်လိုက်ပြီး
‘လျှိုချင်း၊
မင်းကိုငါဒီနေရာတွေ့ရလိမ့်မယ်ထင်မထားမိဘူး’ လို့ခနဲတဲ့တဲ့လှမ်းပြောလိုက်တယ်၊
အပြောခံလိုက်ရတဲ့လူဟာရုတ်တရက်လန်သွားပြီး အသံရှင်ကိုစူးစူးစိုက်စိုက်လှမ်းကြည့်လိုက်တယ်၊ ညမှောင်နေချိန်ပေမယ့်မှိန်ဖျောဖျော့
ကြယ်ရောင်အောကိမှာဂျင်ချန်ရဲ့မျက်နှာကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်၊
သုံးရက်လောက်တောထဲမှာ
ကိုယ်လက်သန်စင်ချိန်မရနိုင်အောငိ
အချိန်တိုင်းတိုက်ပွဲဝင်နေကြတဲ့ဒီလူတွေဟာ
ညစ်ပတ်ပေရေနေပြီးလူရုပ်တောင်မပေါ်ကြတော့ပါဘူး၊ဒါပေမယ့်ချင်းရန်ဟူကတော့အသံကြားကြားချင်း
အံ့ဩတုန်လှုပ်သွားပြီး’ညီ၄’
လို့အော်လိုက်တယ်၊သူဟာ
ဘာလုပ်လိုလုပ်ရမှန်းမသိနိုင်အောင်ရုတ်တရတ်မှင်သက်သွားမိတော့တယ်၊
လျှိုချင်းဟာချက်ချင်းဆိုသလိုပဲသတိပြန်ဝင်လာပြီး
လှောင်ရယ်ရယ်ကာ
‘ဒီအသံကြားဖူးပါတယ်ထင်နေတာ၊လက်စသတ်တော့
ချန်းရန်ရှန်းတန်ကိုး၊
ဒီလိုမျိုးစွမ်းအားရှင်ဖြစ်လာလိမ့်မယ်လို့
ထင်တော့မထင်မိဘူးဗျာ၊ထူးဆန်းပါပေ့ဗျာ’လို့ပြောလိုက်တယ်၊မျက်နှာကပြုံးနေပေမယ့် သူရဲ့မျက်လုံးကတော့
ကြောက်စရာအရိပ်အယောင်တွေသန်းနေခဲ့တယ်
၊
ဂျင်ချန်ဟာအံ့ဩနေဆဲချန်းရန်ဟူကို
‘အစ်ကိုကြီးနောက်မှအသေးစိတ်ပြောကြမယ်၊
လောလောဆယ်တော့ဒီပြသနာကောင်ကို
အရင်ရှင်းလိုက်ဦးမယ်၊တခြားသူတွေကိုကူညီလိုက်ပါဦး’လို့လှည့်ပြောလိုက်တယ်၊