Switch Mode

Chapter – 31

ဂျန်ရှန်ရှိ သေဆုံးခြင်း

အခန်း (၃၁)
ဂျန်ရှန်ရှိ သေဆုံးခြင်း

“ချန်ဖန်”

သွေးအိုင်ထဲ လဲနေသော ရဲချန်ဖန်ကို ကြည့်ပြီး ပိုင်ရှီအာ အသည်းများ ကွဲကြေသလို ခံစား လိုက်ရပြီး မျက်ရည်များ ထိန်းချုပ်၍ မရအောင် ကျဆင်းနေကာ နာနာကျင်ကျင် အော်ဟစ်လိုက်သည်။

“ဟားဟား၊ ရဲချန်ဖန် မင်းဟာ တော်တော် ပိန်းပြီး အ ပါလား။ ငါ သူ့ကို မထိဘူးလို့ မင်း တကယ် ယုံနေတာလား”

ဂျန်ရှန်ရှိ ရယ်ပြီးရင်း ရယ်နေတော့သည်။ မျက်ရည်များ ရွှဲနေသော ပိုင်ရှီအာလက်ကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်ပြီး ရဲချန်ဖန်နား ရောက်လာသည်။

“ဂျန်ရှန်ရှိ၊ ရှင် ချန်ဖန်ကို လွှတ်ပေးမယ်ဆို၊ ရှင် တောင်းတာ အကုန်ပေးမယ်”

ဝမ်းနည်း စိတ်ထိခိုက်နေသော ပိုင်ရှီအာက ငိုပြီး ပြောလိုက်သည်။

“အချစ်လေး၊ မင်းဆီမှာ ခု ငါနဲ့ ဆွေးနွေးဖို့ ဘာရှိလို့လဲ။ ငါ သူ့ကို နှိပ်စက်ပြီးတာနဲ့ ငါ မင်းလေးကို အရမ်းချစ်မှာ။ မင်းကို ချစ်ဖို့ မစောင့်နိုင်တော့ဘူး”

ဂျန်ရှန်ရှိ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သွေးအိုင်ထဲ လဲနေသော ရဲချန်ဖန်ကို ကြည့်ပြီး ဂျန်ရှန်ရှိ လက်မောင်းအိုးထဲမှ ဓါးတိုလေးကို ထုတ်ယူလိုက်သည်။

ထို့နောက် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး “မင်း သွေးကြောတွေ ဘယ်လောက် ပျက်စီးလဲ ကြည့်ရအောင်။ အကုန်လုံး မပျက်ရင် ငါ ကူညီပေးမယ်”

“မလုပ်ပါနဲ့”

ရဲချန်ဖန် နှိပ်စက် ခံရတော့မည်ကို ကြည့်ပြီး သူမနာကျင်စွာ အော်ဟစ် နေသည်။ သို့သော် ပင့်ကူမျှင်များသည် သူမကို လှုပ်မရအောင် ချည်နှောင် ထားသည်။

“မဟုတ်ဘူး။ မင်း မင်း ငါ့ကို လိမ်တယ်။ မင်း သွေးကြောတွေကို မဖျက်ဆီးဘူး”

ဂျန်ရှန်ရှိက ရဲချန်ဖန်၏ ဒဏ်ရာပုံစံကို သေချာ ကြည့်လိုက်သောအခါ ရဲချန်ဖန်သည် သွေးသား အနည်းငယ်သာ ဖျက်ဆီးထားပြီး သွေးကြောများ ဖျက်ဆီးထားခြင်း မရှိပေ။ သူ ချက်ချင်း ဒေါသ ထွက်သွားသည်။ ရုတ်တရက် ရဲချန်ဖန်ဆီမှ အလွန်ပြင်းထန်သော လူသတ်စိတ်ကို ခံစားလိုက်ရသည်။ ရဲချန်ဖန်ကို ကြည့်ရသည်မှာ သားကောင် အလစ်ကို စောင့်နေသော ဝံပုလွေလိုပင်။

တစ်ဆက်တည်းပင် ရွှေရောင် အလင်းတန်းများကို မြင်လိုက်ရပြီး သူ ဘာမှ မလုပ်နိုင်ခင်မှာပင် ရွှေအပ် တစ်ချောင်းသည် ပိုင်ရှီအာကို ဖမ်းထားသော သူ့လက်အား လာစိုက်သည်။ သူ့လက်သည် အဲနေရာတွင်ပင် ကျိုးထွက်သွားတော့သည်။

ရွှေအပ်ကို အသုံးပြုကာ ဂျန်ရှန်ရှိကို ဒဏ်ရာ ရစေပြီးနောက် အလွန် ကြောက်မက်ဖွယ် ကောင်းသော လက်သီးကို ဂျန်ရှန်ရှိ ရင်ဘတ်ဆီ ရဲချန်ဖန် ထိုးချလိုက်သည်။

“ဗိုင်း”

ဂျန်ရှန်ရှိ ရင်ဘတ်သည် ချိုင့်ဝင်သွားပြီး ဆယ်မီတာကျော် လွင့်စဉ်သွားကာ မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်ပြီးမှ ရပ်တန့် သွားသည်။

“မင်း အဆင်ပြေရဲ့လား။ ဘေးသွားပြီး ရပ်နေ။ ငါ မင်းအတွက် လက်စားချေ ပေးမယ်”

သွေးဒဏ်ရာများနှင့် ရဲချန်ဖန်က ပိုင်ရှီအာ ခေါင်းလေးကို ပုတ်လိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။

“ရဲချန်ဖန်၊ မင်း ငါ့ကို သတ်လို့ မရဘူး။ မင်း ငါ့ကို သတ်ရင် ငါ့ ဂျန်ကလန်က မင်းကို အလွတ် ပေးမှာ မဟုတ်ဘူး”

သူ့ကို ရက်စက်မည့် အကြည့်ဖြင့် ကြည့်နေသော ရဲချန်ဖန်ကို ကြည့်ပြီး ဂျန်ရှန်ရှိ ဟန်မဆောင်နိုင်အောင် ထိတ်လန့်ကာ ခြိမ်းခြောက် လိုက်သည်။

“ဂျန်ရှန်ရှိ၊ မင်း တော်တော် ပိန်းပါလား။ ဒီလိုအချိန်မှာ မင်းကို ငါက လွတ်ပေးလိမ့်မယ်လို့ တွေးနေတုန်းပဲလား”

ရဲချန်ဖန်က ဂျန်ရှန်ရှိ လေသံအတိုင်း ပြောကာ ပြက်ရယ်ပြု လိုက်သည်။

“ရဲချန်ဖန်၊ မင်း သခင်လေးဂျန်ကို နာကျင်အောင် မလုပ်ရဲပါဘူး”

ထိုအချိန်တွင် ပိုင်ကလန် တန်ခိုးရှင်နှင့် တိုက်ခိုက်ပြီး ဒဏ်ရာရ လဲနေသော မစ္စတာဝူက အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဂျန်ရှန်ရှိကြောင့် အတင်းကုန်းရုန်း ထလိုက်သည်။ ထို့နောက် သူ့ ဓါးရှည်ကို ကိုင်ကာ ရဲချန်ဖန်ကို တိုက်ခိုက်တော့သည်။

မစ္စတာဝူ သူ့ ဝိညာဉ်စွမ်းအား အကုန်သုံးပြီး တိုက်ခိုက်လိုက်ရာ သူ့ဓါးသည် လျင်မြန်သော ရဲချန်ဖန်ဆီ အရှိန်ဖြင့် ဝင်လာသည်။

ရဲချန်ဖန်အတွက် ကံကောင်းသည်မှာ မစ္စတာဝူသည် အပြင်းအထန် ဒဏ်ရာ ရနေသည့်အတွက် သူ့အစွမ်းများသည် အားအလွန် ပျော့နေခြင်းပေ။ ထို့ကြောင့် ကြိုတင် ပြင်ထားသော ရဲချန်ဖန်က ရှောင်လိုက်နိုင်သည်။ ဓါးချက်ကို ရှောင်ပြီးနောက် ရဲချန်ဖန်သည် မစ္စတာဝူနား ခြေတစ်လှမ်း ကပ်သွားပြီး တရစပ် တိုက်ခိုက် လိုက်သည်။

“ပင့်ကူနက် တိုက်ခိုက်စမ်း”

ဂျန်ရှန်ရှိက ရဲချန်ဖန်ကို မစ္စတာဝူ တစ်ယောက် မနိုင်ပါက သူတို့အတွက် သေလမ်းသာ စောင့်နေသည်ကို နားလည်သည်။ ထို့ကြောင့် သူ ချက်ချင်း ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်ကာ မစ္စတာဝူနှင့် ပူးပေါင်း တိုက်ခိုက်ခိုင်းလိုက်သည်။

“သွေးဥ ပေါင်းစပ်စမ်း”

ပင့်ကူနက် တိုက်ခိုက်လိုက်ချိန်တွင် ရဲချန်ဖန်ကလည်း သွေးဥနှင့် ပေါင်းစပ် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် လက်သီးက အနီးတွင် ရှိနေသော ပင့်ကူနက်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ ထို့နောက် ရဲချန်ဖန်နောက်သို့ လျင်မြန်စွာ လှည့်ပြီး ဒဏ်ရာ အပြင်းအထန် ရနေသော မစ္စတာဝူကို တိုက်ခိုက် လိုက်သည်။

မစ္စတာဝူသည် အားအင်မှာ ကုန်ခန်းနေပြီ ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန်က ပို၍ ရဲလာသည်။ ခဏလေး အတွင်းတွင် မစ္စတာဝူမှာ ဒဏ်ရာ ပို၍ ရလာသည်။ နောက်ဆုံး၌ ရဲချန်ဖန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ လဲကျသွားသည်။

သွေးအိုင်ထဲ လဲနေသော မစ္စတာဝူကို ကြည့်ပြီး ဂျန်ရှန်ရှိ တစ်ယောက် အလွန်လန့်သွားသည်။ သူ့ ကိုယ်သည် ထိန်းမနိုင်အောင် တုန်ခါနေတော့သည်။

“ရဲချန်ဖန်၊ ငါ မှားသွားတယ်။ ငါ မှားမှန်း သိပါပြီ။ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ မင်းရဲ့ ရန်သူ မလုပ်ရဲတော့ဘူး”

အသက် ရှင်သန်ခွင့်အတွက် ဂျန်ရှန်ရှိသည် သူ့မာန၊ သိက္ခာများချကာ သူ့ဆီ တစ်လှမ်းချင်း လျှောက်လာသော ရဲချန်ဖန်ကို ခခယယ တောင်းပန်နေသည်။

“ဖျန်း”

ရဲချန်ဖန်က ဂျန်ရှန်ရှိ တောင်းပန်မှုကြောင့် စိတ်မပြောင်းသွားပေ။ သူ့ ညာလက် မြှောက်ကာ ပါးကို ဖြတ်ရိုက်ချလိုက်သည်။ ပြင်းထန်သော အားက ဂျန်ရှန်ရှိ မေးရိုးကို ကျိုးကြေ သွားစေရုံ မကဘဲ လေထဲသို့ပင် လွင့်စဉ် သွားစေသည်။

“ရဲချန်ဖန်၊ ငါ အဖြူရောင် အင်ပါယာမြို့ ရောက်နေတာ ငါ့အဘိုး သိတယ်။ ဒီမြို့မှာ ငါ တစ်ခုခု ဖြစ်သွားရင် ငါ့အဘိုးက သေချာ စုံစမ်းမှာပဲ။ အဲအချိန်ကျရင် မင်းလည်း သေဘေးက ပြေးလွတ်မှာ မဟုတ်ဘူး”

ဂျန်ရှန်ရှိသည် ကြောက်လန့်ကြီးစွာ ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။

“အဲလိုလား။ အဲဆို ငါတို့ ဆွေးနွေးရအောင်။ ငါ စိတ်ပါအောင် ပြောနိုင်ရင် ငါ စိတ်ပြောင်းပြီး မင်းကို လွှတ်ရင်လည်း လွှတ်ပေးမှာပေါ့”

ရဲချန်ဖန် နှုတ်ခမ်းများ ကွေးအောင် ပြုံးလိုက်ပြီး သတိပြုရန် ခက်ခဲသော အေးစက်စက် အပြုံး ပေါ်လာသည်။

“ဟုတ်တယ်။ မင်း ငါ့ကို လွှတ်ပေးမယ်ဆို မင်းလိုချင်တာ အကုန် ငါ လုပ်ပေးမယ်”

အခြေအနေက အကောင်းဘက် ပြောင်းလဲ လာသည်ကို မြင်ပြီး ဂျန်ရှန်ရှိ စိတ်လှုပ်ရှားကာ ငိုသံပါ ပါလာသည်။

“ချန်ဖန်၊ ရှင် သူ့ကို ယုံလို့ မဖြစ်ဘူး။ သူက ကောက်ကျစ်တဲ့ကောင်”

ပိုင်ရှီအာက စိုးရိမ်စွာ သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ လုပ်နေတာကို သိပါတယ်”

ရဲချန်ဖန် ပိုင်ရှီအာကို ပြုံးပြလိုက်ပြီး ပိုင်ရှီအာ ကိုယ်မှ အချုပ်အနှောင်များကို ဖယ်ပေးလိုက်သည်။

ထိုနောက် ဂျန်ရှန်ရှိနှင့် မေ့မြောနေသော မစ္စတာဝူတို့ကို အခန်းထဲသို့ သယ်သွားလိုက်၏။

“ရဲချန်ဖန်၊ ငါ့ကို လွှတ်ပေးဖို့ ငါ ဘာလုပ်ရမလဲ။ ငါ မင်းရဲ့ ခွေးတစ်ကောင်အဖြစ် နေနိုင်တယ်။ မင်းက ကိုက်ဆို ကိုက်မယ်။ မင်း ဟောင်ဆို ငါဟောင်ပါ့မယ်”

မြေပေါ် လဲနေသော ဂျန်ရှန်ရှိက အဆက်မပြတ် တောင်းပန်နေသည်။

“ဂျန်ရှန်ရှိ၊ ငါ မင်းကို တကယ် လွှတ်ပေးမယ်။ မင်း ထင်နေတာလား”

ရဲချန်ဖန်သည် ဂျန်ရှန်ရှိကို ရွှေအပ်သုံး၍ တိုက်ခိုက်ချိန်တွင် ချက်ချင်း မသတ်ခဲ့သည်မှာ ဂျန်ရှန်ရှိ၏ ဝိညာဉ်သားရဲ သာမက မစ္စတာဝူ၏ ဝိညာဉ်သားရဲကိုပါ စုပ်ယူချင်၍ ချက်ချင်း အသေ မသတ်ခဲ့ခြင်းပေ။ လူတစ်ယောက်သည် သေဆုံးသည်နှင့် သားရဲမှာ ပျောက်ပျက်သွားသည်။

ရဲချန်ဖန်၏ လူသတ်စိတ်ကို ဂျန်ရှန်ရှိ ထိတွေ့လိုက်စဉ် သူသည် သေမင်းမှ စိုက်ကြည့်ခံရသလို ခံစား လိုက်ရသည်။ သူ ကြောက်လန့်စွာ ရုန်းကန်ရန် လုပ်လိုက်ချိန်မှာပင် ရဲချန်ဖန်၏ လက်မှာ ဂျန်ရှန်ရှိ ခေါင်းကို ထိကပ်သွား လေတော့သည်။

တစ်ချိန်တည်းတွင် အားပြင်းသော စုပ်အားသည် ဂျန်ရှန်ရှိ ဝိညာဉ် နယ်မြေတွင် ပေါ်လာပြီး သူ့ ဝိညာဉ်သားရဲကို ရဲချန်ဖန် စတင် စုပ်ယူတော့သည်။

ဂျန်ရှန်ရှိ၏ ဝိညာဉ်သားရဲကို စုပ်ယူပြီးနောက် ရဲချန်ဖန်သည် ဘေးတွင် သတိမေ့နေသော မစ္စတာဝူ၏ ဝိညာဉ်သားရဲကို ဝိညာဉ်စုပ်သိုင်း သုံးကာ စုပ်ယူလိုက်သည်။

မစ္စတာဝူသည် အဆင့်နှစ် သားရဲသခင်အဆင့် ဖြစ်ရာ သူ၏ ဝိညာဉ်သားရဲသည် အလွန် အစွမ်း ထက်သည်။

အလွန် များပြားသန့်စင်သော ဝိညာဉ် စွမ်းအင်များ ရဲချန်ဖန်၏ကိုယ်ထဲ ဝင်ရောက်လာပြီး သွေးဥထဲသို့ ရောက်ရှိ သွားသည်။

ဝိညာဉ်သားရဲ နှစ်ကောင် စုပ်ယူပြီးနောက် ရဲချန်ဖန်က ဂျန်ရှန်ရှိနှင့် မစ္စတာဝူတို့ကို အလွယ်တကူ သတ်လိုက်သည်။ ထို့နောက် သွေးညီနံများ ပြည့်နေသော အခန်းမှ တည်ငြိမ်စွာ ထွက်လိုက်လေသည်။
အပိုင်း (၃၁) ပြီး၏။ (၃၂) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset