Switch Mode

Chapter – 30

ရှင် ဘယ်သူလဲဆိုတာ သိပြီ

အခန်း (၃၀)
ရှင် ဘယ်သူလဲဆိုတာ သိပြီ

“မင်း ရှုံးသွားပြီ”

အပြာရောင်ဝတ်စုံနှင့်လူ၏ ကြောက်မက်ဖွယ် လက်သီးသည် ရဲချန်ဖန် လက်သီးနှင့် ပြင်းထန်စွာ ထိခိုက်သွားသည်။ ရဲချန်ဖန် ကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြိုးပြတ်သည့် စွန်နှယ် အဝေးသို့ လွင့်စဉ်သွားသည်။

“ချန်ဖန်”

ပိုင်ရှီအာသည် ရဲချန်ဖန် ဒဏ်ရာ ရသွားသည် မြင်လိုက်သည်နှင့် အလွန် စိတ်ပူသွားကာ ဘာမှပင် မစဉ်စားတော့ဘဲ ရဲချန်ဖန်ကို ကူညီရန် အဖြူရောင် မြွေကို ဆင့်ခေါ်လိုက်သည်။

“ချစ်ကလေး၊ မင်း အရမ်း စိတ်လှုပ်ရှားနေပြီပေါ့။ ကိုနဲ့ ကစားချင်နေတယ် ဟုတ်လား”

ပိုင်ရှီအာက အဖြူရောင် မြွေကို ဆင့်ခေါ်လိုက်သည်နှင့် ဂျန်ရှန်ရှိ၏ အမည်းရောင် ပင့်ကူ ပေါ်လာပြီး ပိုင်ရှီအာကို တိုက်ခိုက်တော့သည်။ ပိုင်ရှီအာသည် ဂျန်ရှန်ရှိ၏ ပြိုင်ဘက် မဟုတ်ပေ။ ပြင်းထန်စွာ ဒဏ်ရာ ရသွားပြီး ဂျန်ရှန်ရှိ၏ တိုက်ခိုက်မှုကို မခုခံနိုင်ချေ။ ခဏလေး အတွင်းတွင် သူမ အဖြူရောင် ပင့်ကူမျှင်များနှင့် ရစ်ပတ် ချည်နှောင်ခြင်း ခံလိုက်ရလေသည်။

“သခင်မလေး”

ပိုင်ကလန် တန်ခိုးရှင်မှာ ပိုင်ရှီအာ အန္တရာယ်နှင့် ကြုံသည်ကို တွေ့လိုက် သောအခါ တုန်လှုပ်သွားပြီး မစ္စတာဝူကို မတိုက်တော့ဘဲ သူမကို ကယ်တင်ရန် ကြိုးစားလိုက်သည်။ မစ္စတာဝူ၏ အဆင့်မှာ သူ့ထက် မြင့်နေသည်။ မစ္စတာဝူ လက်ထဲမှ ဓါးသည် လှုပ်ရှားသွားပြီး ပိုင်ကလန် တန်ခိုးရှင်အား ကယ်ခွင့် မရရန် ပိတ်ဆို့ ထားသည်။

“ချစ်ကလေး၊ ဒီအလကားကောင်ကို စိတ်ဝင်စားနေတာလား။ ကို မင်းကို ဒီကောင်ရဲ့ နံရိုးတွေ ကျိုးကြေပြီး အသေဆိုးနဲ့ သေအောင် လုပ်ပြ စေချင်တာလား”

ဂျန်ရှန်ရှိသည် ပိုင်ရှီအာကို အလွန် ပိုင်ဆိုင် ချင်နေသည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

“မလုပ်ပါနဲ့။ ချန်ဖန်ကို နာကျင်အောင် မလုပ်ပါနဲ့။ တောင်းပန်ပါတယ်”

ပိုင်ရှီအာ မျက်နှာလေးသည် သွေးရောင်ပင် မရှိတော့ပေ။ သူမသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး တောင်းပန်စကား ဆိုလိုက်သည်။

“ငါ့ကို တောင်းပန်တယ် ဟုတ်လား။ ဒီလိုကောင်အတွက် တောင်းပန်တယ်။ တကယ် စိတ်ဝင်စားစရာပဲ”

ပိုင်ရှီအာ၏ တောင်းပန်နေသော မျက်လုံးများကို ကြည့်ပြီး သူ့အပြုံးများမှာ ပို၍ တောက်ပ လာသည်။

“မစ္စတာဆု၊ အဲကောင်ကို ဒီခေါ်ခဲ့ပါ”

ဂျန်ရှန်ရှိ အမိန့် ပေးလိုက်သည်။

“ဟုတ် သခင်လေး”

အပြာရောင်ဝတ်စုံနှင့်လူ အေးစက်စက် ပြုံးလိုက်ပြီး သွေးဒဏ်ရာများနှင့် လဲနေသည့် ရဲချန်ဖန်ဆီ လျှောက်သွားလိုက်သည်။

သွေးဒဏ်ရာများနှင့် လဲနေသည့် ရဲချန်ဖန်သည် အသက်ရှူ မမှန်တော့ပေ။ ရဲချန်ဖန်ကို ကြည့်ရသည်မှာ ဒဏ်ရာ အလွန်ပြင်းပြီး သေခါနီး လူအလား ဖြစ်နေသည်။

ရဲချန်ဖန်ကို ဆွဲမရန် ပြင်လိုက်စဉ် မှိတ်နေသော မျက်လုံးသည် ရုတ်တရက် ပွင့်လာပြီး အလွန် စူးရှ ထက်မြက်သော အလင်းရောင် ထွက်လာသည်။ ထိုအလင်းက ရတနာ ဓါးကဲ့သို့ အပြာရောင် ဝတ်စုံနှင့် လူ၏ မျက်လုံးကို ထိုးစိုက် မိသွားပြီး ရုတ်တရက် အငိုက်မိ သွားစေသည်။

ထိုအချိန်လေးသည် စက္ကန့်ဝက်လောက်ပင် ကြာလိုက်သော်လည်း ရဲချန်ဖန်အတွက် သေကွင်း သေကွက်ကို တိုက်ခိုက်ရန် လုံလောက်ပေသည်။

ရဲချန်ဖန် လက်သီးမှ ရပ်တန့်၍ မရသော အားများ ထွက်လာပြီး အလွန် လျင်မြန်သော အရှိန်ဖြင့် အပြာရောင် ဝတ်စုံနှင့် လူ၏ ခေါင်းကို တိုက်ခိုက်လိုက်သည်။ အပြာရောင် ဝတ်စုံနှင့် လူကို တစ်ချက်တည်း သေစေရန် သူ အားကုန် ထုတ်သုံးလိုက်သည်။ လက်သီးက ဝိညာဉ် အကာအကွယ်ကို ဖြတ်ပြီး အပြာရောင် ဝတ်စုံနှင့် လူ၏ ခေါင်းကို ပြင်းထန်စွာ ထိုးမိသွားသည်။

“ခလွမ်း”

ကျယ်လောင်သော အသံနှင့်အတူ အပြာရောင် ဝတ်စုံနှင့် လူကို ထိမိသွားသည်။ ခေါင်းတွင် အက်ကြေရာများ ပေါ်လာပြီး သွေးများလည်း မထိန်းနိုင်အောင် ကျဆင်းလာသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

ဂျန်ရှန်ရှိ အပြုံးများလည်း ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူ သားရဲတစ္ဆေကို မြင်လိုက်ရသည့်နှယ် ခံစားလိုက်ရ၏။

ဒုတိယအဆင့် သားရဲသခင်၏ ဝိညာဉ် စွမ်းအင်သည် မမျှော်မှန်းနိုင်အောင် ကြီးမားသည်။ ရဲချန်ဖန် လက်သီးတွင် ဂျင်ငါးထောင် စွမ်းအား ပါဝင်ပြီး အပြာရောင် ဝတ်စုံနှင့် လူ၏ ခေါင်းကို အက်ကွဲ သွားစေသော်လည်း စွမ်းအင် အများစုမှာ ပျက်ပြယ်သွားပြီး အပြာရောင် ဝတ်စုံနှင့် လူကို သေအောင် မစွမ်းနိုင်ပေ။

“သွေးဥ ပေါင်းစည်းစမ်း”

ရဲချန်ဖန် အသက် ပြင်းပြင်းရှုလိုက်ပြီး ဒဏ်ရာများကို လျစ်လျူရကာ သွေးဥနှင့် ပထမဆုံး အကြိမ် ပေါင်းစည်းလိုက်သည်။ သွေးဥနှင့် ပေါင်းလိုက်ပြီးနှင့် သူ့အစွမ်းများ ဆတိုး၍ တိုးပွါး လာသလိုပင်။

“ဝိညာဉ်စွမ်းအင်ပဲ၊ ဒီကောင်ဆီမှာ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင် ရှိနေတာလဲ”

ဂျန်ရှန်ရှိ သူ့ မျက်လုံးကို သူ မယုံနိုင် ဖြစ်သွားသည်။ တုန်လှုပ်မှုကြောင့် သူ့ကိုယ်လုံးသည် လှုပ်ရှား၍ မရ ဖြစ်နေသည်။

“သေစမ်း၊ သွေးဥအစွမ်းနှင့် ပေါင်းပြီး သူ့အစွမ်းများ တိုးလာတယ်”

ရုတ်တရက် အစွမ်း တိုးလာမှုသည် ရဲချန်ဖန် မျှော်လင့်သည်ထက် အစွမ်းထက်နေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် သွေးဥသည် ဘယ်လောက် ထူးခြား၍ အစွမ်းထက်မည်ကို သိနိုင်ပေသည်။

“ယား”

အပြာရောင် ဝတ်စုံနှင့် လူကို ထပ်မံ ထိမိသွားသည်။ ရဲချန်ဖန် လက်သီးသည် ဝိညာဉ် စွမ်းအင်ကြောင့် ပို၍ အစွမ်းကြီးမားလာပြီး ခေါင်းကို တိုက်ရိုက် ထိမှန်သွားသည်။ ခေါင်းသည် ပေါက်ကွဲ သွားပြီး သွေးသားများသည် နေရာအနှံ့ ပြန့်ကျဲသွားလေသည်။

“ကောင်းကင်အပ် ဒဏ်ရာကို ထိန်းစမ်း”

ရဲချန်ဖန်က သူ၏ သွေးကြောများကို အပ်စိုက် လိုက်သည်။ ဒဏ်ရာများကို ပို၍ မပြင်းထန်အောင် ထိန်းထားလိုက်သည်။

“ဝိညာဉ်စွမ်းအင်ပဲ၊ ကောင်းကင်အပ်ပဲ၊ အဲဒါ သူပဲ။ ချန်ဖန်က ဆရာချန်ပဲ”

လေထဲတွင် ပျံဝဲပြီး ရဲချန်ဖန် ကိုယ်တွင် စိုက်နေသည့် ငွေအပ်များကို ကြည့်ပြီး ပိုင်ရှီအာ အလွန်ဝမ်းသာသွားသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီကောင်က အဲလောက်ကို တန်ခိုးကြီးရသလား။ ဘယ်လိုလုပ် မစ္စတာဆုကို သတ်ဖို့ အစွမ်းရှိရတာလဲ”

အပြာရောင် ဝတ်စုံနှင့်လူ အလောင်းကို ကြည့်ပြီး ဂျန်ရှန်ရှိ အလွန်တရာ ထိတ်လန့်သွားသည်။ သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့် စကားမှ ထွက်မလာချေ။

မစ္စတာဝူသည် ဤအဖြစ်အပျက်ကြောင့် အာရုံများ ထွေပြားသွားသည်။ ဤသည်ကို ပိုင်ကလန် တန်ခိုးရှင်က အခွင့်အကောင်း ယူပြီး တိုက်ခိုက်လိုက်သည်။ မြွေကဲ့သို့ လှံရှည် အလင်း ထွက်လာပြီး မစ္စတာဝူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာ ရရှိနေသည်။

“ငါ့နား မတိုးလာနဲ့။ မင်း တိုးလာရင် ငါ သူ့ကို ချက်ချင်း သတ်ပစ်မယ်”

ရဲချန်ဖန်က သူ့နား အလျင်အမြန် ရောက်လာ၍ အံ့ဩရာမှ သတိ ပြန်ဝင်လာသည့် ဂျန်ရှန်ရှိသည် ပင့်ကူမျှင်နှင့် ချီတုတ် ခံထားရ၍ မလှုပ်ရှားနိုင်သော ပိုင်ရှီအာကို သူ့နားသို့ အလျင်အမြန် ဆွဲလိုက်ပြီး ရဲချန်ဖန်ကို ခြိမ်းခြောက် လိုက်သည်။

“ငါ သိတယ် မင်း မလုပ်ဘူးဆိုတာ။ မင်း နားလည်ပါတယ်။ မင်း သူ့ကို သတ်ရင် ဘာဖြစ်မလဲ ဆိုတာ” ရဲချန်ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းမှန်တယ်။ ငါ သူမကို မသတ်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ငါ သူ့မျက်နှာကို ဖျက်ဆီးပစ်မယ်။ ဘယ်လောက် လှပတဲ့ ပန်းကလေးလဲ။ သူ့မျက်နှာ ဖျက်ဆီးပစ်ရမှာ နှမြောစရာပဲ”

ဂျန်ရှန်ရှိက အဓိပ္ပာယ်ပါပါ ဓါးကို ပိုင်ရှီအာ၏ လှပ ချောမွတ်သော မျက်နှာပေါ်တွင် ဟိုဒီပြေး ကစား ပြလိုက်သည်။

“သူ့ကို လွှတ်လိုက်၊ ငါ မင်းကို လွှတ်ပေးမယ်”

ရဲချန်ဖန် မျက်စိမျက်နှာ ပျက်ကာ ပြောလိုက်သည်။ ပိုင်ရှီအာအတွက် သူ အလျော့ ပေးရတော့မည်။

“ငါ လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့ ငါ မလွတ်ပေးနိုင်ဘူး”

ဂျန်ရှန်ရှိက မရွှင်မပြ ဖြစ်နေသော ရဲချန်ဖန်ကို အေးစက်စက် ပြုံးကာ ပြောလိုက်၏။

“မင်း ဘာဖြစ်ချင်တာလဲ”

“မင်း သွေးကြောမတွေကို ဖျက်ဆီးပစ်လိုက်။ ပြီးတော့ ဒူးထောက်လိုက်”

“မလုပ်နဲ့ ချန်ဖန် သူ့စကား နားမထောင်နဲ့။ ရှင့် သွေးကြောမတွေကို ဖျက်ဆီး ပစ်လိုက်ရင်တောင် သူက လွှတ်ပေးမှာ မဟုတ်ဘူး”

ဂျန်ရှန်ရှိ ခိုင်းတာ ကြားပြီး ပိုင်ရှီအာက အော်တားလိုက်သည်။

“မင်း အချိန်ဆွဲနေရင် ငါ ခုပဲ သူ့မျက်နှာ ဖျက်ဆီးပစ်မယ်”

ဂျန်ရှန်ရှိ ပိုင်ရှီအာ လည်းပင်းကို မ ပြီး ထပ်မံ ခြိမ်းခြောက် လိုက်သည်။

“တော်ပြီ။ မင်း နိုင်တယ်။ငါ ငါရဲ့ သွေးကြောမတွေကို ဖျက်ဆီးလိုက်မယ်။ ဒါပေမဲ့ မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်။ ငါ့ရဲ့ သွေးကြောမတွေကို ဖျက်ဆီးပစ်ပြီးရင် မင်း သူမကို လုံးဝ မထိရဘူး။ မဟုတ်ရင် ငါ သေတောင် မင်းကို ခွင့်မလွှတ်ဘူး”

ပိုင်ရှီအာ၏ နာကျင်နေသော မျက်နှာလေးကို ကြည့်ပြီး အသက်ပြင်းပြင်း ရှုကာ အလေးအနက် ပြောလိုက်သည်။

“ရတယ်။ ငါ ကတိပေးတယ်။ မင်း သွေးကြောမတွေကို ဖျက်ဆီး ပစ်လိုက်တာနဲ့ ငါ သူ့ကို လုံးဝ မထိဘူး”

ဂျန်ရှန်ရှိ အလွန်တရာ ကျေနပ်စွာ ပြုံးပြီး သဘောတူလိုက်သည်။

“ငါ မင်း ကတိတည်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါ မင်းကို အလွတ်မပေးဘူး”

ရဲချန်ဖန် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး မာကျောသော လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် ရဲချန်ဖန် အံများ တင်းတင်းကြိတ်ပြီး သွေးကြောများ ဖျက်ဆီးပစ်လိုက်ရာ မျက်စိ တစ်မှိတ် အတွင်းတွင် တစ်ကိုယ်လုံး သွေးများ စိုရွှဲသွားသည်။ သူသည် မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။
အပိုင်း (၃၀) ပြီး၏။ (၃၁) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset