အခန်း (၂၉) အသက်လု တိုက်ပွဲ
“ချင်ရွှယ်၊ နင် ဘာဖြစ်လာတာလဲ” အပြင်တွင် စောင့်နေသော ပိုင်ရှီအာက ဆီးကြို၍ မေးလိုက် သည်။
“ဘာမှ မဖြစ်ဘူး။ သွားကြရအောင်” ဂျီချင်ရွှယ်က ပိုင်ရှီအာ လက် ကို ဆွဲကာ အလျင်အမြန် ထွက်လာခဲ့သည်။ သူမ အရမ်းစိတ်ဆိုးပြီး စက်ဆုပ်ရွံရှာနေသည်။
ဂျီချင်ရွှယ် တို့ သုံးယောက် ထွက်သွားသော်လည်း သူ မခံစားရချေ။ သူ စိတ်ပျက်စရာ အတွေး များ မတွေးတော့ဘဲ ဝိညာဉ်စုပ်သိုင်း လေ့ကျင့်ပြီး အဆင့်ငါး သားရဲရှင်အဆင့် အခြေခိုင်မာအောင် ဝိညာဉ် ကျောက်တုံးများ စုပ်ယူနေသည်။
ညအချိန်တွင် အဖြူရောင် အင်ပါယာမြို့သည် လရိပ်အောက်တွင် သက်ဝင် လှုပ်ရှားနေသည်။
“သခင်လေးဂျန်၊ ဒီခြံက ရဲချန်ဖန် နေတဲ့ နေရာပဲ။ ကျွန်တော်တို့ သတင်းတွေ အရတော့ သူ အခု ခြံထဲမှာ ရှိနေတယ်” သက်လတ်ပိုင်း ယောက်ျား တစ်ယောက်သည် လက်တစ်ဖက်တွင် မှန်ပြောင်းကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် ဓါးရှည် ကိုင်ထားသည်။
” ဂျီချင်ရွှယ် မင်းက ငါနဲ့ ယူမယ်အစား အဲအသုံးမကျတဲ့ ကောင်နဲ့ ဒီလို စုတ်ပြတ် ပေတေတဲ့ နေရာမှာ အတူတူ နေချင်တယ်ပေါ့” မှုန်ပြပြ အလင်းရောင် အောက်တွင် ရဲချန်ဖန် နေသည့် နေရာကို ကြည့်ပြီး ဒေါသ ထွက်သထက် ထွက်လာရာ သူ့လူများ ခေါ်ကာ ဝင်သွားသည်။
“ရဲချန်ဖန်၊ မင်းအိမ်ထဲက ထွက်လာခဲ့စမ်း ” ဂျန်ရှန်ရှိကကျယ်လောင်စွာ အော်လိုက်သည်။
“မင်း ရူးနေပြီလား။ ဘာလို့ အဲလောက် အော်နေတာလဲ။ ငါက မင်းကို စိတ်ဆိုးအောင် မလုပ်ရပါဘူး“ အခန်းထဲမှ ထွက်လာသည့် ရဲချန်ဖန်က မကြောက်မလန့် အကုန်လုံးကို ကြည့်ပြီး မခန့်လေးစား ပြောလိုက်၏။
“ငါ**မသား သေတော့မှာတောင် ခေါင်းမာချင်နေသေးတယ် ဟုတ်လား။ မင်းကိုယ်မင်း ရဲကလန် ရဲ့ ပါရမီရှင်လို့ ထင်နေ သေးတာလား။ ရဲကလန်က မင်းကို အကာအကွယ်ပေးမယ် ထင်နေတာလား။ ရဲချန်ဖန်၏ မကြောက်မလန့် ပြန်ခံပြောနေတာ ကြားပြီး ဂျန်ရှန်ရှိ ထိန်းမရအောင် ဒေါသ ထွက်လာ သည်။
“မင်းတို့ နှစ်ယောက် သူ့ကို သွားပြီး ခြေထောက်တွေ ရိုက်ချိုးလိုက်။ ပြီးရင် ဒူးထောက်ခိုင်းထား” ဂျန်ရှန်ရှိ ဒေါသတကြီး အမိန့်ပေးလိုက်သည်။
“ဟုတ် သခင်လေး” သက်လတ်ပိုင်းခန့် အဆင့်ခြောက် သားရဲရှင် နှစ်ယောက်ဆီမှ အော်ရာသည် အလွန် ကြီးမားသော ဖိအားကို ပေးနေပြီး ရဲချန်ဖန်ဆီ တစ်လှမ်းချင်း လျှောက်လာသည်။
တောင်တစ်လုံးကဲ့သို့ တည်ငြိမ်သော ရဲချန်ဖန်သည် သူတို့ ရောက်လာသည်နှင့် တိုက်ခိုက်ရန် ပြင်ထားသည်။
ရဲချန်ဖန်က ပို၍ အစွမ်းကြီးလှသော အော်ရာ ထုတ်လိုက်ချိန်တွင် ထိုလူတို့သည် သွေးများ ပွက်ပွက်ဆူကာ ခန္ဓာကိုယ် ပေါက်ကွဲမတတ်အောင် နာကျင်အောင် ဖိအားပေးသလို ခံလိုက်သည်။ ကြည့်ရသည်မှာ အလွန်ကြမ်းတမ်းသော ရေနဂါးကြီးက သူတို့ အော်ရာကို ဆွဲချေလိုက်သလိုပင်။ သူတို့ကို ထိမှန်သွားပြီး ခဏမျှ အသက်ရှူလို့ မရအောင် ဖြစ်သွားစေသည်။
ရဲချန်ဖန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အဆင့်ခြောက် သားရဲရှင် နှစ်ယောက်၏ ရင်ဘတ်ကို လက်သီးများဖြင့် ထိုးလိုက်သည်။
“အခြေအနေ မကောင်းဘူး” ရဲချန်ဖန်၏ ကြောက်မက်ဖွယ် ထိုးချက်များကို မြင်ပြီး အဆင့်ခြောက် သားရဲရှင် နှစ်ယောက် မျက်နှာ အလွန်ပျက်သွားသည်။ သူတို့ ဝိညာဉ်စွမ်းအင် ထုတ်လိုက်ပြီး သားရဲနှင့် ပေါင်းစပ်ကာ ခုခံရန် ကြိုးစားလိုက်သည်။ ထိုးချက်တိုင်းတွင် ဂျင်ငါးထောင် စွမ်းအား ပါဝင်ပြီး သူတို့ ရင်ဘတ်ကို ထိုးခံလိုက်ရသည်။ မီတာပေါင်း များစွာ လွင့်ပြီး မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိပြီး မေ့မြော သွားကြသည်။
“ဘာလဲဟ” ဂျန်ရှန်ရှိက သူ့မျက်လုံးကိုပင် သူ မယုံနိုင် ဖြစ်နေသည်။
“ဘာလို့ သူ ဒီလောက် အစွမ်းကြီးရတာလဲ” ဂျန်ရှန်ရှိ အမြင်အရဆိုလျှင် ရဲချန်ဖန်ကို သတ်ရန် ပုရွက်ဆိတ် တစ်ကောင်ကို နင်းချေသလိုပင် လွယ်ကူမည်ဟု ထင်ထားသည်။ သို့သော် လက်တွေ့မှာ သူ့ကို မယုံနိုင်စရာပင်။ သူ အိပ်မက် မက်နေသလိုပင်။
“သူ ငါတို့ကို လှည့်စား ထားတာပဲ။ ငါတို့အားလုံး အလိမ် ခံလိုက်ရပြီ” ခုနက မှန်ပြောင်း ကြည့်ခဲ့သော လူက ဂျန်ရှန်ရှိ ရှေ့တွင် ရပ်လိုက်ပြီး အက်ကွဲကွဲ အသံနဲ့ ပြောလိုက်သည်။
“မစ္စတာဝူ သူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်” သားရဲသခင် ဒုတိယအဆင့် ဘေးမှာ ပါနေသော ကြောင့် ဂျန်ရှန်ရှိ စိတ်အေးသွားသည်။
“ငါ့တာဝန် ထားလိုက် သူ့ကို” မစ္စတာဝူဆီမှ ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး အကြေးခွံများ ဖုံးနေသော ကြီးမားသည့် မြွေကြီး ထွက်ပေါ်လာသည်။ မြွေကြီးသည် ရဲချန်ဖန်ကို လှမ်းပေါက် လိုက်သည်။
“ရဲချန်ဖန်၊ မင်း ဘယ်လို ကံကောင်းတာတွေ ကြုံခဲ့လဲ ငါ မသိဘူး။ အေး၊ ဒါပေမဲ့ မင်း ဒီနေ့ သေချာပေါက် သေရလိမ့်မယ်။ ငါ မင်းကို ဖမ်းပြီးရင် အရေခွံ ဆုတ်ပစ်မယ်။ မင်း နာကျင်ပြီး ဖြည်းဖြည်းချင်း သေရမယ်” ဂျန်ရှန်ရှိက ရဲချန်ဖန်ကို ရက်စက်စွာ ကြည့်ပြီး ပြောလိုက်သည်။
“ရပ်စမ်း” မစ္စတာဝူက သားရဲဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ချိန် ညအမှောင်ထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ပိုင်ရှီအာသည် ပိုင်ကလန် ထိပ်သီး တန်ခိုးရှင်များ နှင့်အတူ ရောက်လာ သည်။
“ဟမ်၊ ဘယ်လောက်တောင် လှပတဲ့ မိန်းမချောလေးလဲ။ အဖြူရောင် အင်ပါယာမြို့မှာ အဲလို ပြိုင်ဘက်ကင်း အလှပိုင်ရှင် ရှိနေမယ် မထင်ထားမိဘူး” ဂျန်ရှန်ရှိက လရောင်အောက်တွင် အဖြူရောင် ဝတ်စုံလေးနှင့် လှချင်တိုင်း လှနေသော ပိုင်ရှီအာကို တပ်မက်စွာ ကြည့်လိုက်သည်။ ပိုင်ရှီအာသည် အထူးလှနေပြီး သူမ အသားမှာ ကျောက်စိမ်းရောင်လိုပင် သန့်ရှင်း စင်ကြယ်နေသည်။ သူမ မျက်လုံး များမှာမူ မျှော်လင့်ချက်များ ပြည့်နေသည်။
“ပိုင်ရှီအာ၊ သူမက ဘာလို့ ဒီကို ရောက်လာတာလဲ” ရဲချန်ဖန်သည် ဒီလို သူ အစွမ်းထုတ်ပြ နေချိန်တွင် ပိုင်ရှီအာက သူ့ကလန် ထိပ်သီးများနှင့် ရောက်လာမည် မထင်ထားပေ။
ပိုင်ရှီအာ ရောက်လာသောကြောင့် သူ့ အစီအစဉ်များ ပျက်သွားလေပြီ။ သူ့အနေဖြင့် သားရဲ သခင်နဲ့ တိုက်ခိုက်ပါက မယှဉ်နိုင်လျှင်တောင်မှ ထွက်ပြေးဖို့မှာ မခက်ခဲပေ။
ယခုတော့ သူ ဘာမှ လုပ်၍ မရတော့ပေ။ အကယ်၍ တိုက်ခိုက်ကြချိန်တွင် ပိုင်ရှီအာသာ ဂျန်ရှန်ရှိ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါက သူမ ဘဝသည် သေတာမှ ပိုကောင်းပေလိမ့်မည်။
“ချန်ဖန်၊ ရှင် အဆင်ပြေလား” သူမ ရဲချန်ဖန်ဆီ အလျင်အမြန် လျှောက်လာပြီး စိုးရိမ်စွာ မေးလိုက်သည်။
“ငါ ဘာမှ မဖြစ်ဘူး။ ဒီနေရာက အန္တရာယ် အရမ်းများတယ်။ မြန်မြန် ထွက်သွားရင် ကောင်းမယ်” ရဲချန်ဖန် ညင်သာစွာ ပြောလိုက်သည်။
“ငါတို့ အတူတူ သွားမယ်” ပိုင်ရှီအာက ရဲချန်ဖန်၏ တည်ငြိမ်သော မျက်နှာကို ကြည့်ပြီး ခေါင်းမာ နေသည်။
“ရဲချန်ဖန်၊ မင်းလို အလကားကောင်က မိန်းကလေးတွေနဲ့ ဒီလို ဆက်ဆံရေးတွေ ရှိမယ်ဆိုတာ ငါ ဘယ်တုန်းကမှ မတွေးထားဖူးဘူး။ ငါတောင် မင်းကို တော်တော် အားကျလာပြီ” ဂျန်ရှန်ရှိက ပိန်သွယ်ပြီး ကျက်သရေ ရှိလှသော ပိုင်ရှီအာကို သူ့ သားကောင်လို ကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။
“ဒီကနေ ထွက်သွားဖို့ စိတ်မကူးနဲ့”
“သခင်မလေး၊ ဒီကနေ အရင်သွားနှင့် ကျွန်တော် နောက်မှ လိုက်လာခဲ့မယ်” ပိုက်ကလန် တန်ခိုးရှင်များသည် မစ္စတာဝူနှင့် ဂျန်ရှန်ရှိ ဘေးရှိ အပြာရောင် ဝတ်စုံနှင့် လူထံမှ အန္တရာယ် အငွေ့အသက်များ ရနေသည်။ ပိုင်ကလန် တန်ခိုးရှင်က လှံရှည် ကိုင်ထားပြီး ထိုလူနှစ်ယောက်ကို တားဆီးကာ ရဲချန်ဖန်တို့ကို မြန်မြန် ထွက်သွားရန် လောလိုက်သည်။
ပိုင်ကလန် တန်ခိုးရှင် ပြောပြီးလျှင် ပြောပြီးချင်း မစ္စတာဝူနှင့် အပြာရောင်ဝတ်စုံနှင့် လူတို့သည် တစ်ပြိုင်တည်း တိုက်ခိုက် လိုက်ကြသည်။
“ဒုတိယအဆင့် သားရဲသခင် နှစ်ယောက်” ထိုလူနှစ်ယောက်၏ အစွမ်းကို အာရုံခံ မိလိုက်ပြီး သူတို့ဆီမှ အော်ရာများက ရဲချန်ဖန်ကို ဖိအားပေးလာသည်။ သူ လက်ရှိ စွမ်းအားအရ သားရဲသခင် ပထမ အဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းအား ရှိသော်လည်း ဒုတိယ အဆင့်နှင့်တော့ ပြိုင်ဘက် မဟုတ်ချေ။
သို့သော် အဲအချိန်တွင် သူ့တွင် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပေ။ သူ့ ခြေထောက်ဆီသို့ မိုးခြိမ်းသံကဲ့သို့ အသံ မြည်းဟိန်းလာသည်။ အပြာရောင် ဝတ်စုံနှင့် လူ၏ ရဲရဲနီနေသည့် လက်အိတ် တစ်စုံက တိုက်ခိုက်လာသည်။
“ယား” အပြာရောင်ဝတ်စုံနှင့်လူ၊ အဖြူရောင် ကြံကြီးနှင့် ပေါင်းစပ် လိုက်သောအခါ ထိုလူ၏ အစွမ်းများ ပိုတိုးလာသည်။ အပြာရောင် ဝတ်စုံနှင့် လူ၏ တိုက်ခိုက်မှုကြောင့် ရဲချန်ဖန် ကိုယ်သည် တုန်ခါ သွားသည်။ သွေးများ အန်ထုတ်လိုက်ပြီး ခြေလှမ်းများစွာ နောက်ဆုတ် လိုက်ရသည်။ အပြာရောင် ဝတ်စုံနှင့် လူသည် ရဲချန်ဖန်ကို အဆက်မပြတ် တိုက်ခိုက်တော့သည်။ ထိုလူသည် ရဲချန်ဖန်ကို အခွင့်အရေး မပေးဘဲ ဒဏ်ရာ အပြင်းအထန် ရပြီး တစ်ချက်တည်း အနိုင်ယူရန် အစွမ်းကုန် တိုက်ခိုက် လိုက်သည်။
ဤအခိုက်အတန့်ကား အသက်လု တိုက်ပွဲပင် တကား။
အပိုင်း (၂၉) ပြီး၏။ (၃၀) မျှော်
*****