Chapter – 47
ဂျင်ချန်နဲ့ ထိုင်းတက ဘေးသို့ ချက်ချင်းရှောင်ထွက်သည်။ မှော်ဝင်သားရဲတွေကို နှစ်ရက်လုံးသနားညှာတာမှုကင်းစွာ သတ်ဖြတ်ပြီးတဲ့နောက်မှာတော့ ခေါင်းမာတဲ့ထိုင်းတတောင်မှ တိုက်ပွဲဝင်အတွေ့အကြုံအတော်ရနေပြီဖြစ်သည်။ ဒီလိုဖြစ်လာမှတော့ထိုင်းတက
နောက်ထပ်ရောက်လာမယ့်တိုက်ခိုက်မှုတွေကိုခုန်ရှောင်
ထွက်ကာ
တစ်ဖက်မှသူ့ခြေထောက်ထံလျှပ်တပြက်အတွင်းတိုက်ခို က်လာမှုကိုသူပုဆိန်ကိုလွှဲရင်းပြန်ခံပေးလိုက်သည်။
သိုရာတွင်သူတိုရှေ့ကအုပ်စုကရင်ဆိုင်ဖို့ခက်ခဲသည်။ ပုဆိန်ကသူတို့ထဲကတစ်ယောက်ရဲ့ပေါင်ကိုထိခါနီးမှာ ဓားတစ်ချောင်းကပျံသန်းကာရောက်လာပြီး
ပုဆိန်ကိုလာခံပေးရာက
လက်နက်နှစ်ခုထိခိုက်မိသည့်အသံထွက်လာသည်။“ဒန်း…..”
သတ္ထုချင်းထိတွေ့မိကာ
ထိုင်းတရဲ့ပုဆိန်ကပိတ်ဆို့ခံလိုက်ရသည်။
ထိုင်းတရဲ့ခွန်အားကြောင့်ပုဆိန်ကဓားရဲ့အသွားထဲ နစ်ဝင်သွားစေသည်။ထိုအခါ
ဓားကိုကိုင်ထားတဲ့လူငယ်က
သူလက်ထုံထိုင်းသွားသလိုခံစားလိုက်ရသည်။
ပုဆိန်ကသူလက်ကိုပါတွန်းကန်လာလေရာ
လက်တစ်ဖက်လုံးတုန်ယင်လာတော့တယ်။
လူငယ်ကတုန်လှုပ်သွားကာသူသူငယ်ချင်းတွေကို
အော်ပြောသည်။
“အားလုံးပဲသတိထားကြပါ။ဒီကောင့်ရဲ့ခွန်အားက
သာမန်မဟုတ်ဘူးအရမ်းကိုသန်မာတယ်။
သူလက်မောင်းတွေနားမရောက်တာအကောင်းဆုံးပဲ”သတိပေးစကားကိုကြားတဲ့အခါမှာ
ထိုင်းတကိုတိုက်ခိုက်နေတဲ့အခြားနှစ်ယောက်က ပုဆိန်ကြီးနဲထိပ်တိုက်မတွေ့ဖို့
တတ်နိုင်သမျှရှောင်ကြလေတော့တယ်။အခြားတစ်ဖက်မှာ
ဂျင်ချန်ကဓားကိုင်ထားတဲ့အခြားလူငယ်နဲ့
အပြင်းအထန်တိုက်ခိုက်နေတယ်။ဂျင်ချန်လက်နက်ကသာမန်သံလက်နက်ဖြစ်ပေမယ့်
သူရဲ့တိုက်ခိုက်ရေးစွမ်းအားက ထိုင်းတထက်လုံးဝမနိမ့်ကျပါပေ။သူကလုံးဝအားမနည်းတဲ့အပြင်သူပြိုင်ဘက်ရွေ့လျားတဲ့ဘက်ကို
လျှင်မြန်စွာနဲ့တိုက်ခိုက်နိုင်နေတယ်။
လှုပ်ရှားမှုတွေကိုမြင်နိုင်နေပြီးတော့
မြန်ဆန်လွန်းသောအရှိန်ဖြင့်ပြိုင်ဘက်ရဲ့ပေါင်ထံ သံချောင်းကိုလှမ်းပစ်လိုက်လေတယ်။
ဒီကောင်ကလည်းကျောင်းသားတစ်ယောက်မို့ သူအလွယ်မသတ်နိုင်ရဲသေးပေထို့အစား
ဒဏ်ရာရသွားရုံသာလုပ်နိုင်လေတယ်။
ဂျင်ချန်အလျှင်ကမြန်လွန်းရကာတစ်ဖက်သူမှာ မည်သို့မှရှောင်ချိန်မရလိုက်ဘဲ
အံ့သြစွာသာကြည့်နေလိုက်ဖြစ်ချိန်မှာတော့သံချောင်းကသူပေါင်ထဲထိုးစိုက်သွားခဲ့ပြီ။ “အား…..”
လူငယ်ကနာကျင်စွာအော်ဟစ်ကာ
မျက်နှာကပြာနှမ်းသွားလေတယ်။ချွေးစေးတွေကလည်း
နှဖူးမှစီးကျလာနေသည်။
သူ့သူငယ်ချင်းကအော်ဟစ်နေတာကိုကြားတော့ ကျန်တဲ့ဓားသမားရဲ့မျက်နှာကပြောင်းသွားသည်။ ဂျင်ချန်ကိုဆက်မတိုက်နိုင်တော့ဘဲ
သူသူငယ်ချင်းကိုလှည့်ကြည့်ကာအော်မေးသည်။“ဟယ်ရီမင်းအဆင်ပြေရဲ့လား”
ထိုလူငယ်ကဂျင်ချန်ကိုဆက်မတိုက်တော့ပေမယ့်လည်း
ဂျင်ချန်ကအလွတ်မပေးခဲ့ပါချေ။
ဂျင်ချန်ကထိုလူငယ်ရှေ့တိုးသွားကာ
သူတော်စင်စွမ်းအားကိုလက်သီးထဲထည့်ပြီးလူငယ့်ဗိုက်ကိုထိုးလိုက်တော့သည်။
လျှင်မြန်လွန်းသောအရှိန်ဖြင့်
ပထမပေါင်ကိုအထိုးခံရသည့်လူငယ်ထံမှအထွန်တက်မှုကိုနားမထောင်လိုတော့ဘဲ၊
နောက်လူငယ်ရဲ့တုံပြန်မှုကိုလည်းမစောင့်တော့ဘဲ
သူလက်သီးကမြွေတစ်ကောင်လိုတိုးဝင်သွားတော့သည်။“ဘုန်း”
လူငယ်ကနောက်သိုလွင့်ပျံသွားကာပါးစပ်မှလည်း
သွေးတွေထွက်လာတော့တယ်။
လူနှစ်ယောက်ကိုတိုက်ထုတ်ပြီးနောက်ဂျင်ချန်ကထိုင်းတကိုကူညီရန်ပြေးသွားလိုက်သည်။
ထိုအချိန်မှာထိုင်းတက
ဝိုင်းပြီးတိုက်ခိုက်ခံနေရချိန်ဖြစ်သည်။
သူဝတ်ထားတဲ့ဝံပုလွေသားရေကစုတ်ပြဲနေကာဒဏ်ရာမှသွေးတွေထွက်နေလေတယ်။
ထိုင်းတသာဒဏ်ရာရမနေဘူးဆိုရင်
သူတိုထိုင်းတကိုဆက်လက်တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ဂျင်ချန်ထက်စာရင်
ထိုင်းတရဲ့ဖိအားကအရမ်းများနေသည်။
ဂျင်ချန်တိုက်ပွဲဝင်အတွေ့အကြုံကအရမ်းကောင်းပြီး
သာမန်သူတော်စင်တွေတောင်မှသူနဲ့ယှဉ်မတိုက်နိုင်ပေ။
စက္ကန်အနည်းငယ်လောက်
ဂျင်ချန်နဲ့စွမ်းအားယှဉ်တိုက်ပြီးတဲ့နောက်မှာတော့ ထိုင်းတကိုဝိုင်းတိုက်နေခဲ့တဲ့၃ယောက်မှာ
ရှုံးတော့မလိုဖြစ်နေလေပြီ။၃ယောက်လုံးမှာဒဏ်ရာဒဏ်ချက်တွေပြည့်နေပြီဖြစ်ကာ
နောက်အနည်းငယ်ထပ်ကြာတော့
၅ယောက်လုံးမြေတွင်လဲကာနည်းနည်းလေးတောင်မှမလှုပ်ရှုားနိုင်တော့ချေ။
ဂျင်ချန်ကထိုင်းတကိုယ်ပေါ်ကဒဏ်ရာတွေကိုကြည့်ကာ စိုးရိမ်စွာမေးသည်။
“ထိုင်းတမင်းအဆင်ပြေရဲ့လား”
ထိုင်းတကခေါင်းညိတ်ရင်းဖြေသည်။“ငါအဆင်ပြေတယ်။ငါ့ခန္ဓာက
အတော်အကြမ်းခံပါတယ်ကွ”
နောက်သူကမြေတွင်လဲကာရ့
လက်ညိုးထိုးကာမေးသည်။
မဲ့နေသည့်လူငယ်တွေကို
“ငါတိုတွေသူတိုကိုဘယ်လိုလုပ်မလဲ”
ဒီအမေးကြားတော့ဂျင်ချန်မျက်နှာပေါ်တွင် ထူးဆန်းသည့်အပြုံးပေါ်လာသည်။
‘ထိုင်းတသူတဆီကသိုလှောင်ခါးပတ်သွားယူလိုက်
ပြီးရင်အမြုတေတွေယူထားပြီးမှပြန်ပေးလိုက်” ဂျင်ချန်ပြောလိုက်သည်ကိုကြားရတော့
လူငယ်၅ယောက်ရဲ့မျက်နှာကဖြူဖျော့သွားသည်။ အချို့ကတော့နီရဲသွား၏။
သိုလှောင်ခါးပတ်ထဲကအမြုတေတွေက
သူတို့တွေ၂ရက်လုံးလုံးအသက်စွန်ပြီးကြိုးစားထားရတာ
…အခုဆို၃ရက်ပြည့်ဖို့နေဝက်ပဲကျန်တော့တယ်။ အခုသာသူတိုရဲ့အမြုတေတွေဆုံးရှုံးရမယ်ဆိုရင် သူတို့ရှုံးပြီပဲ။
ထိုင်းတကရယ်သည်။တုံဆိုင်းမနေဘဲ
ဂျင်ချန်ပြောသည့်အတိုင်းချက်ချင်းလုပ်သည်။လူငယ်၅ယောက်ဆီက
သိုလှောင်ခါးပတ်တွေဆွဲလုယူလိုက်သည်။
ဂျင်ချန်ကသွေးတွေပေနေတဲ့သံချောင်းကိုလက်မှာကိုင်ထ
ားရင်းလူငယ်တွေအားစိုက်ကြည့်နေသည်။သူက
သားကောင်ကိုချောင်းနေသည့်ကျားအလား
မည်သည့်လှုပ်ရှုားမှုမဆိုအချိန်မရွေးလုပ်နိုင်သည့်အနေအထားဖြင့်ရှိနေသည်။
လူငယ်၅ယောက်က
မူလကပြန်တိုက်ခိုက်ဖ့အစီအစဉ်ရှိသည်။သိုရာတွင်
ဂျင်ချန်အကြည့်နှင့်
သွေးတွေပေနေတဲ့သံချောင်းကိုကြည့်ကာငြိမ်နေလိုက်ပြီး
ထိုင်းတကိုလွတ်လွတ်လပ်လပ်ယူသွားစေလိုက်တော့သည်။
သိုလှောင်ခါးပတ်တွေ၇သွားသည့်အခါထိုင်းတကဂျင်ချန်အနားပြန်လာကာ
အမြုတေတွေကိုတစ်ခုချင်းဆီရေတွက်တော့တယ်။သူတို့မှာအမြုတေ၁၂ခုရှိနေပြီးအားလုံးက
အဆင့်၂မှော်ဝင်သားရဲဟာတွေပဲဖြစ်သည်။
ဂျင်ချန်ကရယ်ကာထိုင်းတဆီကအမြုတေ၆ခုဆွဲယူပြီး သူအိတ်ထဲမထည့်ခင်စကားပြောသေးသည်။
“ထိုင်းတငါတိုတစ်ယောက်တစ်ဝက်ခွဲရင်တစ်ယောက်
၆ခုဆီပေါ့”
“အင်းဟုတ်တယ်”
ဟုဆိုကာကျန်တဲ့၆ခုကိုသူခါးပတ်ထဲထည့်လိုက်သည်။လူငယ်၅ယောက်က
ထိုင်းတနာမည်ကိုကြားလိုက်တဲ့အခါအမူအယာတွေကမသက်မသာတွေဖြစ်ကုန်သည်။ဒါသူနာမည်ဆိုရင်
အကယ်ဒမီကလူတိုင်းပြောနေတဲ့အတိုင်း
သူကကျောင်းအုပ်ရဲ့အလုပ်သင်ကောင်လေးပေါ့။ သူကသူတော်စင်မဖြစ်သေးပေမယ့်
အကယ်ဒမီတစ်ခုလုံးမှာ
ဘယ်သူမှသူ့ကိုမနှောင့်ယှက်ရဲပေ။ ထိုအခါ
ကျောင်းသား၅ယောက်ကနောင်တတွေရနေကြကာ
သွေးအန်တော့မလိုဖြစ်နေကြလေတယ်။
အစောကြီးကသာသူတိုထဲကတစ်ယောက်ကထိုင်းတမှန်းသိရင်ဘာပဲဖြစ်နေဖြစ်နေ
ကျောင်းအုပ်ရဲ့အလုပ်သင်ကိုထိပါးရဲမှာမဟုတ်ဘူး။
ဒါပေမယ့်အခုတော့သူတို့ကခိုးလည်းမခိုးနိုင်ခဲ့တဲ့အပြင် လက်တုံပြန်ဖို့လည်းမဖြစ်နိုင်တော့….
အမြုတေတွေကိုသိမ်းပြီးတော့ ထိုင်းတကပြုံးရွှင်စွာပြောသည်။
“ချင်းယန်ရှင်းတန်
မင်းကအရမ်းအံ့သြဖိုကောင်းအောင်တော်ပြီး
ဒီ၅ယောက်ကိုအနိုင်ယူနိုင်ခဲ့လို့ဒါတွေရတာ။ငါ ထိုင်းတကမင်းကိုမယှဉ်နိုင်ပါဘူးကွာ”
ဂျင်ချန်ကရယ်လျက်မှပြောသည်။
“ဟုတ်ပါပြီကွာ။
အခုငါတို့လမ်းကြောင်းအတိုင်းပြန်သွားပြီး
မှော်ဝင်သားရဲနည်းနည်းလောက်သွားသတ်ကြတာပေါ့။ဒါမှငါတိုလေ့ကျင့်ဖို့အရင်းအမြစ်ရမှာ”
ခဏကြာတော့
မြေပြင်ပေါ်လဲကျနေတဲ့လူငယ်၅ယောက်ရဲ့မျက်နှာငယ်ေ လးတွေကိုဂရုမစိုက်တော့ဘဲဂျင်ချန်နဲထိုင်းတတို့က
အဝေးကိုလျှောက်သွားကြတော့တယ်။
သူတို့တွေတောထဲကပျောက်ကွယ်သွားပြီးတဲ့နောက် လူငယ်တစ်ယောက်ကထအော်ဆဲသည်။
“သေစမ်း။ငါတိုဘယ်လိုတောင်ကံကောင်းနေတာလဲ-
ျီးတဲ့မှပဲ။
ကျောင်းအုပ်ရဲ့အလုပ်သင်နဲလာတွေ့နေရတယ်လို့
အခုတော့ရှုံးလည်းရှုံးသွားပြီ။ဒါကဘာမှမဟုတ်သေးဘူး
ငါတိုရဲ့အမြုတေတွေအခိုးခံလိုက်ရပြီး
ပြန်လက်စားချေလိုမရတာပဲ။သိပ်ကိုကံထနေတာ”မတိုင်မှီကတူကြီးကိုကိုင်ထားခဲ့သည့်လူငယ်က
ရန်လိုသည့်အသံနှင့်ပြောသည်။
“အားလုံးတော့မဟုတ်ဘူးလေ။ငါတို့ကိုထိုင်းတက
တိုက်ခိုက်ခဲ့တယ်ဆိုရင်
နောက်တစ်ယောက်ကျတော့ရော“
လူတိုင်းကသူအားမျက်လုံးလှန်ကြည့်လာသည်။“မင်းပြောတာကချင်းယန်ရှင်းတန်ကိုလား”
ထိုလူငယ်ကခေါင်းငြိမ့်သည်။“ဟုတ်တယ်။ထိုင်းတမှာ
ကျောင်းအုပ်ကထောက်ပံ့ပေးနေတယ် ဒါကြောင့်ငါတိုလက်စားချေလို့မရဘူး။ဒါပေမယ့်ချင်းယန် ရှင်းတန်မှာကျအဲ့လိုမရှိဘူးလေ”
“ဒါပေမယ့်ချင်းယန်ရှင်းတန်ကလည်းအရမ်းစွမ်းအားကြီးတာပဲလေ။
သူတစ်ယောက်တည်းရှိနေတဲ့အချိန်မှာဆိုရင်တောင်မှငါတို့၅ယောက်သူကိုမနိုင်နိုင်ဘူးကွ။“
အခြားကျောင်းသားကပြောလာသည်။။
“ဟုတ်တယ်။အရေးကြီးဆုံးအချက်က
ချင်းယန်ရှင်းတန်ကအရမ်းမြန်လွန်းတာပဲ။သူတိုက်ခိုက်သမျှကိုငါတို့ရှောင်လို့ကိုမရဘူး” ဓားသမားတစ်ယောက်ကပြောသည်။သူကား
ဂျင်ချန်လက်ချက်ဖြင့်ပေါင်ပေါက်သွားခဲ့ရသူပင်။
ထိုအခါပုဆိန်သမားလူငယ်က
“မင်းတိုတွေချင်းယန်ရှင်းတန်နဲပြဿနာတက်ထားတဲ့ အကောင်ကြီးကြီးကောင်တွေကိုမေ့နေပြီလား။
သခင်ချန်းတို့ဆရာသခင်လျှိုတိုလေကွာ။
ငါတိုသာသူတို့နဲပူးပေါင်းလိုက်ရင်များမကြာခင်မှာ ငါတိုအတွက်အခွင့်အရေးရလာမှာပါ”
မျက်တောင်တစ်ခတ်အတွင်းမှာ
ကောင်းကင်ကမှောင်မဲလာပြီ။ဒုတိယနယ်မြေနဲယှဉ်ရင်တတိယနယ်မြေမှာ
မှော်ဝင်သားရဲပိုနည်းသယောင်ရှိသည်။ထို့ကြောင့်မို့ ဂျင်ချန်နဲထိုင်းတတို့မှော်ဝင်သားရဲအနည်းငယ်ကိုသာ ရှာတွေ့ခဲ့သည်။သူတိုကတစ်ကောင်ကိုတွေ့တိုင်း
ပင်ပန်းစွာကြိုးစားပြီးမှသတ်နိုင်သည်သိုသော်ငြား
အတွေ့အကြုံတော့အတော်ရသည်ပေ။ဒီနေလည်မှာ သူတို့နှစ်ယောက်မှာအဆင့်၂မှော်ဝင်သားရဲအမြုတေ
၇ခုသာရလိုက်သည်။
ဒုတိယနယ်မြေတုန်းကနှင့်ယှဉ်၍ပင်မရနိုင်ပေ။
သိုပေမယ့်သူတိုနဲတွေ့ခဲ့တဲ့သူတော်စင်၅ယောက်က
၂ရက်ကြာတာတောင်မှ
အမြုတေ၁၂ခုသာရခဲ့ကြသည်ကိုပြန်တွေးမိတော့
ဂျင်ချန်တ့ိုသက်သာရာရကြသည်။
မှော်ဝင်သားရဲတွေကသတ်ဖို့ခက်တာမို့
အနားမယူကြသည်ကများသည်။ထိုကြောင့်အများစုက လုယက်ကြ၏။ဂျင်ချန်တို့တွေ
ကျောင်းသား၅ယောက်နဲတိုက်ပြီးမကြာခင်မှာ
နောက်ထပ်၃ယောက်နဲတိုက်ရသေးသည်။လူအနည်းဆုံးအဖွဲ့က၃ယောက်ရှိပြီး
အများဆုံး၇ယောက်အထိရှိကြသည်။ဂျင်ချန်စိတ်ပျက်သည်ကတော့
သူတို့နောက်ဆုံးတိုက်ကြတဲ့အဖွဲ့မှာ
အမြုတေတစ်ခုမှမရှိတာကိုပဲ။သိုပေမယ့်
အခြားနှစ်ဖွဲ့ကတော့အားလုံးပေါင်း၃၃ခုရှိကြတယ်။ မိုးချုပ်သွားချိန်မှာတော့ဂျင်ချန်နဲထိုင်းတတို့
မီးပုံဘေးတွင်ထိုင်ကာမှော်ဝင်သားရဲကိုကင်နေကြသည်။ ဒုတိယနယ်မြေနှင့်စာရင်
တတိယနယ်မြေကပိုပင်ပန်းသည်မို့
နှစ်ယောက်လုံးနွမ်းနယ်နေကြသည်။ ဒီအချိန်မှာ
ထိုင်းတရဲ့အကယ်ဒမီဝတ်စုံကလုံးလုံးနီးပါးမရှိတော့။ သူရင်ဘတ်မှာဆို ကြိုးစားထားသမျှက လှစ်ဟာပြနေပြီ။သူရဲ့အဓိကနေရာလေးသာ
ဝံပုလွေသားမှေးသားရေနဲဖုံးနေတော့သည်။သူကြည့်၇သည်မှာလူရိုင်းနှင့်ပင်တူနေ၏။
သူတစ်ကိုယ်လုံးမှာဒဏ်ရာဒဏ်ချက်တွေပြည့်နေကာအာလုံးဟာကြီးမားသည့်ဒဏ်ရာတွေဖြစ်ပေမယ့်
ထိုင်းတအတွက်တော့မည်သိုမျှ
သက်ရောက်မှုမရှိပေ။သန်မာလှသည့်ထိုခန္ဓာအားဂျင်ချန်တောင်မှ မနာလိုစွာကြည့်နေမိသေးသည်။အခြားတစ်ဖက်မှာဂျင်ချန်ကလည်း
အရမ်းကြီးကောင်းသည်တော့မဟုတ်။
အကယ်ဒမီဝတ်စုံကိုသူဝတ်ထားသေးပေမယ့်လည်းတစ်ထည်လုံးကသွေးတွေနဲ့ဂွှဲရွှဲစိုနေခဲ့ပြီ။
ထိုအချိန်မှာဂျင်ချန်နားက
တိုက်ပွဲဖြစ်နေသံကိုကြားလိုက်ရသည်။
အဝေးကအသံဖြစ်ပေမယ့်သူကတော့ကြားနိုင်သည်ပဲ…
ဂျင်ချန်ကထိုင်ရာမှထရပ်ကာ
အသံကြားရာဘက်လှည့်ကြည့်ရင်းပြောသည်။“ထိုင်းတဟိုဘက်မှာတိုက်ခိုက်နေကြပုံပဲ”