Switch Mode

Chapter – 27

မိန်းမချောလေးနှင့် ကယ်တင်ရှင် ကိုကို

အခန်း (၂၇) မိန်းမချောလေးနှင့် ကယ်တင်ရှင် ကိုကို

ဂျင်ငါးထောင် စွမ်းအားနဲ့ လက်သီးသည် ညအချိန် ကြွေသည့် ဥက္ကာပျံလိုပင် အလွန် လျင်မြန်စွာနှင့် လူဆိုးခေါင်းဆောင်၏ နောက်ကျောကို ထိုးချလိုက်သည်။ ရဲချန်ဖန် မျက်နှာဖုံးကို စွပ်ထားပြီး ဝိညာဉ်စုပ်သိုင်း သုံး၍ အော်ရာကို ဖုံးကွယ် ထားသည်။ ညအချိန်လည်း ဖြစ်သဖြင့် ညရောင် ကို အသုံးချကာ အလစ် လုပ်ကြံလိုက်သဖြင့် လူဆိုးခေါင်းဆောင်သည် လုံးဝ အငိုက်မိ သွားသည်။
လက်သီး ဖြတ်သန်းရာ တစ်လျှောက်တွင် လေထုထဲတွင် ပေါက်ကွဲသံများ မြည်ဟည်း သွားသည်။ တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သည်။
“ဘန်း”
“အား” လူဆိုးခေါင်းဆောင်သည် ခေါင်းထောင်ပြီး အလွန်နာကျင်စွာ အော်ဟစ် ညည်းညူပြီး မြေပေါ် လဲကျသွားသည်။ ထို့နောက် ဝိညာဉ်စွမ်းအင် ထုတ်လိုက်ရာ ဝက်ဝံသားရဲ ထွက်ပေါ်လာပြီး အစွယ်များနှင့် ဝှေ့ယမ်း တိုက်ခိုက်တော့သည်။ ကုတ်ခြစ် တိုက်ခိုက်မှုသာ ထိမှန်သွားပါက အရိုးတခြား အသားတခြား ဖြစ်သွားနိုင်သည်။
ရဲချန်ဖန် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် ကနဦးအဆင့် အောင်မြင်ပြီးနောက် သူ့ ရုပ်ပိုင်းဆိုင်ရာ အားတစ်ခုတည်းပင် ဂျင်ငါးထောင်သို့ ရောက်ရှိ သွားသည်။ သူ့ဆဲလ်တိုင်းသည် သက်ဝင် လှုပ်ရှားပြီး သွေးကြောများသည် စွမ်းအင်များ စီးဆင်းကာ လက်သီးဆီ အားအင်များ ပို့လွှတ် လိုက်သည်။
အလွန်ပြင်းထန်သည့် လက်သီးသည် မယုံနိုင်စရာ ဖိအားများ သက်ရောက် နေပြီး ဝက်ဝံကြီး၏ ကုတ်ချက်နှင့် ထိမှန်သွားသည်။ အလွန်ကြီးမားသော အားက ဝက်ဝံကြီး ကုတ်ချက်ကို ပျောက်ပြယ် သွားစေပြီး ဝက်ဝံကြီးကို ဟန်ချက် ပျက်သွားစေသည်။ နောက် လက်သီးတစ်ချက်ကမူ ဝက်ဝံကြီး၏ နောက်ကျောပေါ် ကျရောက်သွား၏။ သတ္တုချင်း ရိုက်ခတ်မိသည့် အသံလို ထွက်လာပြီး ဝက်ဝံဝိညာဉ် သားရဲကြီး၏ ခုခံမှုကို ချိုးဖျက်ပြီး ၎င်း၏ ကိုယ်ခန္ဓာကို ကျိုးကြေ သွားစေသည်။ လူဆိုးခေါင်းဆောင်၏ ကိုယ်သည် မြေပြင်နဲ့ ပြင်းထန်စွာ စောင့်မိပြီး အလွန်မာသော မြေပေါ်တွင် ချိုင့်ခွက်ကြီး ဖြစ်သွား စေသည်။
“ဝိညာဉ်စုပ်သိုင်း စုပ်ယူစမ်း” ရုပ်ပိုင်းဆိုင်ရာ အားတစ်ခုတည်း အသုံးပြု၍ ဝက်ဝံသားရဲကြီးကို ပြင်းထန်စွာ ရရှိစေလိုက်၏။ ထို့နောက် ဝိညာဉ်စုပ်သိုင်း လည်ပတ်လိုက်ရာ သူ့လက်ဖဝါးတွင် အလွန်ကြောက်စရာ ကောင်းသည့် ဝဲကတော့ကြီး ဖြစ်ပေါ်လာသည်။ ရဲချန်ဖန် လက်ဝါးကို ဝက်ဝံကြီး ပေါ် ဖိလိုက်ပြီးနောက် အလွန်တရာ နာကျင်သောအသံ ထွက်လာပြီး ဝိညာဉ်စွမ်းအင်များ စစုပ်ယူ တော့သည်။
“အား” ဝိညာဉ်သားရဲကြီးကို ရဲချန်ဖန် စုပ်ယူပြီးနောက် ဒဏ်ရာ အပြင်းအထန် ရနေသည့် လူဆိုး ခေါင်းဆောင်သည် ဝိညာဉ် ကျိုးပဲ့သောဒဏ်ကို ခံစားလိုက်ရသည်။ အလွန်များပြားသော သွေးများသည် ဒွါရ ခုနစ်ပေါက်မှ စီးထွက်နေသည်။
“မလုပ်ပါနဲ့။ ကျွန်တော့်ကို မသတ်ပါနဲ့။ မသတ်ဘူးဆိုရင် ကျွန်တော့်ကို ဘာခိုင်းခိုင်း လုပ်ပါ့မယ်” သေလုမြောပါး ဖြစ်နေသော လူဆိုးခေါင်းဆောင်သည် ရဲချန်ဖန် သူ့ ဝိညာဉ်သားရဲကို စုပ်သည်ကို တွေ့ပြီးနောက် အလွန်ကြောက်လန့်ကာ တောင်းပန်တော့၏။
ရဲချန်ဖန်က တွေဝေတတ်သောသူ မဟုတ်ပေ။ သူ ဝိညာဉ်စုပ်သိုင်းကို လူဆိုးခေါင်းဆောင် မြင်တွေ့ပြီးဖြစ်ရာ ဤကမ္ဘာကြီးထဲတွင် အသက်ရှင်ခွင့် ပေးရန်မှာ မဖြစ်နိုင်တော့ပေ။
“ဘန်း” ရဲချန်ဖန် ကန်ချက်နှင့်အတူ လူဆိုး၏ လည်ပင်း ကျိုးသွား၏။ လူဆိုးခေါင်းဆောင်ကို သတ်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ရှာဖွေလိုက်ရာ မည်သည့် တန်ဖိုးကြီး ပစ္စည်းများ မတွေ့ရပေ။ သူ စိတ်ပျက် သွားပြီးနောက် မြေပေါ်တွင် လဲကျနေသော မိန်းကလေး နှစ်ယောက်၏ ဒဏ်ရာကို စစ်ဆေးရန် ပြန်သွားလိုက်သည်။
လရောင်အောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရထားသည့် ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာသည် ကြောက်လန့်နေသော ကြက်ကလေးများလိုပင် တစ်ယောက်နှင့် တစ်ယောက် မှီကာ လဲလျောင်း နေသည်။
အဝတ်များမှာ ပြဲထွက်နေသောကြောင့် လှပသော ပေါင်တံများမှာ ဖုံးဖိမရအောင် မြင်နေရပြီး လှပသော ယုန်နှစ်ကောင်မှာလည်း တစ်စိတ်တစ်ပိုင်း မြင်နေရသည်။ သူမ၏ သနားစရာပုံနှင့် ပေါင်းစပ် လိုက်သောအခါ ပိုင်ရှီအာသည် အလွန့် အလွန်ကို ဆွဲဆောင်မှု ရှိကာ လှပလွန်းနေသည်။
“မကြောက်တော့နဲ့။ အဲလူကို ငါ သတ်ပစ်လိုက်ပြီ။ မင်းတို့ အန္တရာယ် ကင်းပြီ” ရဲချန်ဖန်က သူ့ လျှိူ့ဝှက်ချက်ကို စောစောစီးစီး မသိစေလိုပေ။ ထို့ကြောင့် မျက်နှာဖုံးကို မချွတ်ဘဲ အသံကို ဖျက်ကာ ပြောလိုက်၏။
“ကျေးဇူး အရမ်းတင်ပါတယ်။ ကျွန်မတို့ အသက်ကို ကယ်တင်တာ” ရဲချန်ဖန် အချိန်မီ ရောက်လာ၍ မကယ်တင်ခဲ့ပါက သူမ သေဆုံး နေလောက်ပြီ။
ဂျီချင်ရွှယ်ကမူ ဘာမှ မပြောသော်လည်း သူမ မျက်ဝန်းများတွင် ကျေးဇူးတင်မှုများ ပြည့်နှက် နေသည်။ ကျေးဇူးတင်ခြင်းအပြင် တခြား အဓိပ္ပါယ်များလည်း ပါဝင် နေသလိုပင်။ ဤသည်မှာ ရဲချန်ဖန် နားတွင် ရင်းနှီးသည့် ခံစားချက်များကို ရနေသောကြောင့် ဖြစ်သည်။
သူမ တစ်ယောက်တည်းသာ ထိုသို့ ခံစားရသည် မဟုတ်ပါ။ ပိုင်ရှီအာလည်း ရဲချန်ဖန်ကို ကြည့်လိုက်ချိန်တွင် ရင်းနှီးသော ခံစားမှုကို ရနေသည်။
“ဘာလို့ ကျွန်မတို့ကို ကယ်တာလဲ။ ကျွန်မတို့ အရင်က တွေ့ဖူးလား” ခဏမျှ တုံ့ဆိုင်း နေပြီးနောက် ဂျီချင်ရွှယ် မနေနိုင်တော့ဘဲ သံသယနှင့် မေးလိုက်သည်။
“ဒီအတိုင်း ဖြတ်သွားရင်းနဲ့ ကယ်လိုက်တာ။ ငါတို့ မမြင်ဘူးပါဘူး” ရဲချန်ဖန် အသံ ဩောဩောက ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
“ကောင်းပြီ။ ဒီနေရာက သိပ်မလုံခြုံဘူး။ ဒီကနေ အရင် သွားရအောင်” မိန်းကလေး နှစ်ယောက်ဆီ လျှောက်သွားကာ အနှောင်အဖွဲ့များ ဖြေပေးလိုက်၏။
“အင်း၊ သူမတို့လည်း တစ်ယောက်ကို တစ်ယောက် ကူကာ ထလိုက်ပြီး ရဲချန်ဖန် နောက်က လိုက်သွားကြသည်။ သူတို့ တောထဲက ထွက်ပြီးနောက်ပင် သွေးနံ့ နည်းနည်း ရနေသေးပြီး တောင်ကြော တစ်လျှောက် စီးနေသော စမ်းချောင်းလေး ဘေး ရောက်သွားကြသည်။
“မင်းတို့ စမ်းချောင်းမှာ ကိုယ်လက် သန့်စင်လိုက်ကြ။ ငါတို့ ဒီည ဒီမှာ စခန်းချရအောင်။ မနက်မှ တောင်ပေါ်က ဆင်းရအောင်” သူမတို့ ဒဏ်ရာမှာ အလွန်ပြင်းထန်နေပြီး ရှေ့ဆက် ခရီးဆက်ပါက သူတို့ ဒဏ်ရာများ ပိုပြင်းထန် လာနိုင်သည်။
“အမ်” အန္တရာယ်ကို ကျော်လွှားပြီးနောက် သူတို့သည် သွေးများ စွန်းထင်းနေခြင်းကို ဆေးကြောရန် မစောင့်နိုင် ဖြစ်နေသည်။ လရောင်အောက်တွင် သူတို့သည် စမ်းချောင်းဆီ လျှောက်သွား ကြ၏။
စမ်းရေသည် သူတို့ နှစ်ယောက်၏ ရင်နှစ်မြွှာကြားကို ဖြတ်သန်း စီးဆင်းသွားသည်။ သူတို့ ရေထဲ ကိုင်းလိုက်ပြီး မျက်နှာ၊ ကိုယ်ခန္ဓာတို့ကို ဆေးကြော လိုက်သည်။ သူတို့ ခါးကုန်းသည့် အနေအထားတွင် မျက်နှာသစ်ရန် ခေါင်းမော့ လိုက်သည့်အတွက် သူမတို့၏ လုံးဝန်းသည့် တင်ပါး ကောက်ကြောင်းမှာ ပို၍ ပေါ်လွှင်လာပြီး မည်သည့် ယောက်ျားမှ ထိန်းချုပ်နိုင်စွမ်း မရှိအောင် ပြုစားနေသည်။
အထူးသဖြင့် ပိုင်ရှီအာ စကပ်မှာ အစိပ်စိပ် အမြွှာမြွှာ ကွဲနေ၍ စမ်းရေထဲတွင် သူမမှာ ပို၍ ဆွဲဆောင် နေသည်။
ရဲချန်ဖန်သည် မည်သည့် ယောက်ျားသားမှ မလွန်ဆန်နိုင်အောင် လှပနေသော ပုံရိပ် နှစ်ခုကို ကြည့်ပြီး သရေကျ မနေနိုင်အောင်ပင် ဖြစ်သွားသည်။
အဲဒီချိန်တွင် ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာ အလွန်ချောမောသည်ဟု ဝန်ခံရပေမည်။
“ဟူး” ရဲချန်ဖန် အသက်ပြင်းပြင်း ရှုလိုက်ပြီး အတွင်းမီးကို ချိုးနှိမ်လိုက်သည်။ သူ ဆွဲဆောင်မှု ရှိသော ကိုယ်လုံးများမှ အကြည့်ဖယ်ခွာကာ စမ်းချောင်းဘေးတွင် ထိုင်ပြီး မျက်စိမှိတ်၍ စိတ်တည်ငြိမ်အောင် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်လိုက်သည်။ ထို့နောက်တွင် အနက်ရောင် ဝက်ဝံကြီး၏ ဝိညာဉ် စွမ်းအင်ကို သွေးဥထဲ စုပ်ယူ တော့သည်။
နောက်တစ်နေ့ မနက်။ မနက်ခင်း နေမင်းသည် တဖြည်းဖြည်း ထွက်လာပြီး အရာရာတိုင်း လှပနေသည်။
တစ်ညလုံး အားဖြည့်ပြီးနောက် မိန်းကလေး နှစ်ယောက်သည် သူတို့ ဒဏ်ရာကို ထိန်းလိုက် နိုင်သည်။ သို့သော် ဝိညာဉ်မှာ အပြင်းအထန် ဒဏ်ရာ ရသွားသဖြင့် ရက်အနည်းငယ် ကြာမှသာ အပြည့်အဝ သက်သာလာမည် ဖြစ်သည်။
သူမတို့ ရဲချန်ဖန်ကို နှိုးမလို့ လုပ်လိုက်ချိန်တွင် အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင် တုန်ခါမှုသည် ရုတ်တရက် ရဲချန်ဖန် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဝိညာဉ်စွမ်းအင် တုန်ခါမှုကြောင့် ရဲချန်ဖန် ဘေးပတ်ဝန်းကျင် လေထုသည်ပင် တုန်ခါနေသည်။
“ဒါ သူ နောက်တစ်ဆင့် တက်တဲ့ အော်ရာလား” ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအင် တုန်ခါမှုကို ကြည့်ပြီး မိန်းကလေး နှစ်ယောက်သည် ဘေးတွင် စိတ်ရှည်ရှည် စောင့်နေကြသည်။
အမွှေးတိုင် တစ်ထွန်းစာ ကြာပြီးနောက် ရဲချန်ဖန် ဝိညာဉ်နယ်မြေရှိ သွေးဥတွင် စတုတ္ထမြောက် အက်ရာ ပေါ်လာသည်။ အစွမ်းထက်လှသော ဝိညာဉ် စွမ်းအင်သည် တစ်ကိုယ်လုံး စီးဆင်းသွားပြီး အဆင့်ငါး သားရဲအဆင့်ကို တက်ရောက် သွားသည်။
အပိုင်း (၂၇) ပြီး၏။ (၂၈) မျှော်
******

Comment

Leave a Reply

Options

not work with dark mode
Reset