အခန်း (၂၆) မင်းသမီးလေးနှင့် သူရဲကောင်း
ညသည် တိတ်ဆိတ်ချင်းသာ ကြီးစိုးနေသည်။ အေးချမ်းသော လရောင်သည် တောနက်ထဲတွင် ဖြာဆင်းနေပြီး အဖြူရောင် တိမ်တိုက်ကလည်း ငွေရောင်လို ညအမှောင်တွင် တောက်ပနေသည်။
“ဟားဟား၊ နောက်ဆုံးတော့ ငါ အောင်မြင်ပြီ” နာရီပေါင်း များစွာ ကြာပြီးနောက် ရဲချန်ဖန် လက်ကျန် မီးတောက် ဆေးအစွမ်း အကုန်လုံးကို စုပ်ယူပြီးသွား၏။ မီးတောက်ဆေး နှစ်လုံးကို ဆက်တိုက် စုပ်ယူလိုက်ပြီးနောက် သူ့ကိုယ် ရဲချန်ဖန် သည် မယုံနိုင်စရာ ကောင်းအောင် ပြောင်းလဲ သွားပြီ ဖြစ်သည်။ သူ့ကိုယ်တွင်းရှိ ဆဲလ်များသည် အမြင့်ဆုံး အခြေအနေထိ ကွဲထွက် သွားပြီး မသန့်စင်မှုများကို သူ့ကိုယ်မှ ဖယ်ထုတ်လိုက်၏။
ခုချိန်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် စွမ်းအားများနှင့် ပြည့်နှက်နေသည်။ ပထမဆုံးအကြိမ် အလွန်တက်ကြွပြီး သက်သောင့်သက်သာ ဖြစ်နေသည်ကို သိရှိ ခံစား နေရသည်။
သူ့ခန္ဓာကိုယ် ပြောင်းလဲမှုသည် ဒုတိယအဆင့် အလုံးစုံ ပြောင်းလဲမှု၏ ပထမ ခြေလှမ်းသာ ဖြစ်သော်လည်း ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်၏ အစွမ်းထက်မှုကြောင့် ကြီးမားလှသော အင်အားကို အသုံးချနိုင်ပြီ ဖြစ်သည်။ ဒုတိယအဆင့် အလုံးစုံ ပြောင်းလဲသွားရန်မှု သွေးချွေးများစွာ ရင်းနှီးရန် လိုအပ် နေသေးသည်။ သူ့ကိုယ်ခန္ဓာသည် အဆုံးအစမဲ့သော ကန်ကြီးလိုပင် ရေကဲ့သို့ စွမ်းအင်များ ဖြည့်တင်း ရန်သာ လိုသည်။
ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဆေးဝါးများသည် အလွန့်အလွန်ကို ရှားပါးလှသည်။ ဇီကျင်နိုင်ငံ၏ တန်ဖိုးမြင့် လေလံများတွင်သာ တစ်ရံတစ်ခါ တွေ့ရတတ်သည်။ ဂျီချင်ရွှယ်ဆီမှ လက်ကျန် ငွေခုနစ်သိန်း ရသည့်တိုင် ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဆေးဝါးကို ဝယ်ယူရန် မဖြစ်နိုင်ပေ။
“အရေးကြီးဆုံးကတော့ ကောင်းကင် မီးဂိုဏ်းထဲ အမြန်ဆုံး ဝင်နိုင်ဖို့ပဲ။ ကောင်းကင်မီးဂိုဏ်းမှာပဲ ငါ့အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဆေးဝါးတွေကို ရဖို့ အခွင့်အရေး ရှိမယ်” သူ့ အခြေအနေကို သူ သုံးသပ်ရင်း ရေရွတ်လိုက်သည်။
ညသည် အလွန်တိတ်ဆိတ်နေပြီး ရဲချန်ဖန် အတွေးထဲ နစ်မြောနေစဉ် ရုတ်တရက် ကျယ်လောင် သော အသံက သူ့ကို အတွေးယာဉ်ကြောမှ လှုပ်နှိုးလိုက်သည်။ သူ့မျက်လုံးများ ပွင့်လာပြီး အဝေး တစ်နေရာကို လှမ်းကြည့်လိုက်သည်။
“ဂျီချင်ရွှယ်၊ မင်း ဘယ်ကိုပြေးမလဲဆိုတာ ငါ သိပြီ” သွေးများ တစ်ကိုယ်လုံး စိုရွှဲနေပြီး ရင်ဘတ်တွင် ပြင်းထန်မှု မရှိသော သွေးထွက်ဒဏ်ရာ ရထားသည့် ဝိညာဉ်သခင်အဆင့် လူဆိုး ခေါင်းဆောင်က သူမတို့ ပြေးလမ်းကို ပိတ်လိုက်သည်။
ဝိညာဉ်သခင်အဆင့် လူဆိုးခေါင်းဆောင်သည် သားကောင်ဖမ်းသော မုဆိုးလိုပင်။ သူ့လက်ထဲရှိ ဓါးရှည်သည် အဆိပ်ပြင်းသော မြွေလိုပင် သူမတို့ကို လျှပ်တစ်ပြက် တိုက်ခိုက် လိုက်သည်။
“ရေခဲငှက် တိုက်စမ်း”
ဝိညာဉ်သခင်အဆင့် လူဆိုးခေါင်းဆောင်သည် ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း သေလောက်အောင် ပြင်းထန်ခြင်း မရှိပေ။ ထို့အပြင် သူသည် ဝိညာဉ်သခင်အဆင့် ရောက်နေလေပြီ။ ထို့ကြောင့် ဂျီချင်ရွှယ် ပေါ့ပေါ့ဆဆ မလုပ်ရဲချေ။ သူမ ဝိညာဉ်သားရဲနှင့်သာ ခုခံနေရသည်။
“လေခွဲဓါး”
ရေခဲငှက်က သူ့တောင်ပံများ အလွန်လျင်မြန်စွာ ရိုက်ခတ်လိုက်ချိန်တွင် နှင်းနှင့် ရေခဲတမျှ အေးသော လေများ တိုက်ခက်လာသည်။ အတွေ့အကြုံရင့် လူဆိုးခေါင်းဆောင်သည် မပေါ့ဆရဲဘဲ လျင်မြန်စွာ ရှောင်တိမ်းပြီး ဓါးနှင့် ပြန်ခုတ်လိုက်သည်။ အလွန်လျင်မြန်သော ဓါးအလင်းတန်းသည် လေထုကို ဖြတ်ခွဲကာ ရေခဲငှက်ကို ထိမှန်သွားသည်။ ဓါးက ဝိညာဉ်သားရဲ၏ ခုခံမှုကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဖောက်ထွက် သွားသည်။ သားရဲသည် လေထဲ လွင့်မြော ပျောက်ကွယ် သွား၏။
“အင့်” ရေခဲငှက် ထိခိုက်သွား၍ ဂျီချင်ရွှယ် ဝိညာဉ် ထိခိုက် သွားလေပြီ။ သွေးများ သူမ နှုတ်ခမ်း ထောင့်မှ ကျနေပြီး သူမ အားကုန်ပြီး မြေပေါ် လဲကျသွားသည်။
“အဖြူရောင်မြွေ ရစ်ပတ်စမ်း” လူဆိုးခေါင်းဆောင်က ရေခဲငှက်ကို တိုက်ခိုက်နေစဉ် ပိုင်ရှီအာ က သူမ ဝိညာဉ်သိုင်း သုံးကာ လူဆိုးခေါင်းဆောင်ကို တိုက်ခိုက် လိုက်သည်။ အဖြူရောင် မြွေက လူဆိုး ခေါင်းဆောင်နား နီးကပ်လာပြီး လူဆိုးကို ပတ်ခွေကာ ခေါင်းကို ကိုက်ရန် ပါးစပ် ဟလိုက်သည်။
လူဆိုးခေါင်းဆောင်က အန္တရာယ် ကျရောက်လာ၍ အော်ဟစ် မာန်သွင်းလိုက်ရာ တောင်တန်း တစ်လျှောက် ပဲ့တင်သံများ မြည်ဟိန်း သွားသည်။
“ဝိညာဉ်သားရဲ အနက်ရောင် ဝက်ဝံကြီး” လူဆိုးခေါင်းဆောင်ဆီမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲ ထွက်ပြီး ဝက်ဝံသားရဲကြီး ပေါ်ထွက်လာသည်။ ကမ္ဘာ တုန်လှုပ် သွားနိုင်သောအား ထွက်လာကာ အဖြူရောင် မြွေကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲ လိုက်သည်။
အဖြူရောင်မြွေ ဆုတ်ဖြဲ ခံလိုက်ရ၍ ပိုင်ရှီအာလည်း ဝိညာဉ်တွင် ဒဏ်ရာ အပြင်းအထန် ရရှိသွား၏။ သူမ ဒဏ်ရာမှ သွေးအများအပြား ထွက်နေပြီး မြေပေါ်ပုံလျက် လဲကျသွားသည်။
“မင်းတို့က မိုက်မဲမှတော့ ငါ ရက်ရက်စက်စက် လုပ်တာ အပြစ်မတင်နဲ့” ဒဏ်ရာ အပြင်းအထန် ရကာ မြေပေါ် လဲကျနေသော မိန်းမချောလေး နှစ်ယောက်ကို ကြည့်ပြီး သူ့မျက်လုံးမှ ရက်စက်မည့် အရိပ်အရောင် လင်းလက်သွားသည်။ လူဆိုးခေါင်းဆောင်သည် သူမတို့ထံ မပေါ့ဆဘဲ ဓါးရှည်ဖြင့် တစ်လှမ်းချင်း ချဉ်းကပ် လာသည်။
“ငါတို့ကို မရက်စက်ပါနဲ့၊ မဟုတ်ရင် ငါတို့ အဆုံးစွန်ထိ တိုက်ရလိမ့်မယ်” ဂျီချင်ရွှယ် လူဆိုး ခေါင်းဆောင်ဆီမှ ရက်စက်မည့် တဏှာမျက်လုံးကို မြင်နေရ၍ တုန်လှုပ်ကာ အော်ဟစ်လိုက်သည်။
“ခုမှ ကြောက်နေလို့ အပိုပဲ” လူဆိုးခေါင်းဆောင်သည် သူလည်း အပြင်းအထန် ဒဏ်ရာရကာ သူ့ အဖွဲ့သားများလည်း သေဆုံးကုန်၍ အလွန် ဒေါသ ထွက်နေ၏။
“ရှင် ကျွန်မတို့ကို ထိခိုက်ရဲရင် ငါ့ ဂျီကလန်ရော ဂျန်ကလန်ကပါ ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး” သူမ တည်ငြိမ် ဟန်ဆောင်ကာ အပြင်းအထန် သတိပေးလိုက်သည်။
“ဂျန်ကလန်ကလား” ဂျီချင်ရွှယ်က ဘယ်သူဖြစ်ကြောင်းနှင့် သူမ ဆရာအကြောင်း တွေးမိသော အခါ လူဆိုးခေါင်းဆောင်က အမူအရာ အနည်းငယ် ပြောင်းသွားပြီး အေးစက်သော အကြည့်က ဂျီချင်ရွှယ် နီးပါး လှပသော ပိုင်ရှီအာဆီ ရောက်သွား၏။
“ငါ ငါ့အဖေက အင်ပါယာမြို့ရဲ့ မြို့တော်ဝန်ပဲ။ ရှင် ကျွန်မကို နာကျင်အောင် လုပ်ရင် ငါ့အဖေက ရှင့်ကို သေချာပေါက် သတ်လိမ့်မယ်” လူဆိုးခေါင်းဆောင်၏ အကြည့်က သူမဆီ ရောက်လာ၍ ပိုင်ရှီအာ သည် အစာငတ်နေသည့် ဝံပုလွေ ကြည့်ခံရသည့်နှယ် ခံစားလိုက်ရသည်။ သူမ ဆံပင်များ ထောင်သွားပြီး တုန်လှုပ်စွာ သတိပေး လိုက်သည်။
” ဒီတော့ မင်းက အင်ပါယာ မြို့တော်ဝန် သမီးပေါ့။ မင်း ဘာလို့ အဲလောက်လှလဲ စဉ်းစားနေတာ။ ငါ့ကို ကံကြမ္မာက မျက်နှာသာ မပေးတာတော့ မဟုတ်ဘူးပဲ” လူဆိုးခေါင်းဆောင်တွင် တဏှာကြောင့် ရူးသွပ်မည့် အရိပ်ယောင်များ ပေါ်လာသည်။ သူ ပြုံးဖြီးကာ ဝိညာဉ်စွမ်းအင် ထုတ်၍ ပိုင်ရှီအာ၏ အားအင် ကုန်ခမ်း၍ ရုန်းကန်နေသည့် ခန္ဓာကိုယ်ကို ချုပ်နှောင်ကာ ပခုံးပေါ်တွင် ပွေ့တင်လိုက်ပြီး ချောမွေ့နေသော ကျောက်ဖျာကြီးဆီ လျှောက်သွား လိုက်သည်။
“တဏှာကောင်၊ ငါ့ကို မလွှတ်ပေးရင် နင် အသေဆိုးနဲ့ သေရမယ်” လူဆိုး ခေါင်းဆောင်၏ ပခုံးပေါ်တွင် ပွေ့ချီ ခံထားရသော ပိုင်ရှီအာသည် အပြင်းအထန် ရုန်းနေကာ လူဆိုးခေါင်းဆောင်ကို သူမ လက်ဖြင့် အဆက်မပြတ် ထုနှက် နေသည်။ သူမ၏ အားအင် ကုန်ခမ်းနေသော လက်သီးသည် လူဆိုး ခေါင်းဆောင်ကို မနာကျင်စေပေ။ လူဆိုးခေါင်းဆောင်အတွက်မှု သူ့ကို ပို၍ တပ်မက်အောင် လှုံ့ဆော် နေသည့်နှယ်။ ရာဂမီးသည် ပို၍ တောက်လောင်လာသည်။
“အော်စမ်း၊ မင်း လည်ချောင်းကွဲအောင် အော်လည်း ဘာမှ မဖြစ်ဘူး။ ဒီနေရာမှာ မင်းလေးကို ဘယ်သူမှ လာမကယ်နိုင်ဘူး။ ဟားဟားဟား” လူဆိုးခေါင်းဆောင်က ပိုင်ရှီအာကို အလွန် အေးစက် နေသော ကျောက်ဖျာပေါ် ပစ်တင်လိုက်ပြီး ရိုင်းစိုင်း ကြမ်းကြုတ်စွာ ပြောလိုက်သည်။
ပိုင်ရှီအာ အန္တရာယ် ကျရောက်နေသည်ကို ကြည့်ပြီး ဝိညာဉ်စွမ်းအင်ဖြင့် ချုပ်နှောင် ခံထားရသော ဂျီချင်ရွှယ်သည် အလွန် ထိန့်လန့် တုန်လှုပ်နေသည်။ ကံမကောင်းသည်မှာ ရေခဲငှက် အပြင်းအထန် ဒဏ်ရာ ရသွား၍ သူမ ခန္ဓာကိုယ်မှာ အလွန်အင်အားနည်း နေသဖြင့် အချုပ်အနှောင်မှ လွတ်ရန် မဖြစ်နိုင်ပေ။
“ဗြိ” အင်္ကျီ ဖြဲသံများ ထွက်ပေါ် လာပြီးနောက် လူဆိုးခေါင်းဆောင်က ပိုင်ရှီအာ စကပ်လေးကို ဆွဲဖြဲ လိုက်သည်။ ထို့နောက် အလွန်လှပသော ပေါင်တံများ၊ လုံးရင်း ပြည့်တင်းသည့် တင်ပါးများ ပေါ်ထွက် လာသည်။ အလွန်ဆွဲဆောင်မှု ရှိသည့် မြင်ကွင်းကို ကြည့်ပြီး လူဆိုးခေါင်းဆောင် မျက်လုံးများ ပြူးကျယ်ပြီး သူ့ ရာဂမီးမှာ ထိန်းမနိုင်အောင် လောင်ကျွမ်းလာသည်။
“စောက်ကောင်၊ ငါ ဂျီချင်ရွှယ် ကျိန်ဆိုတယ်။ တစ်ချိန်ကျရင် နင့်ကို ငါ အပိုင်းပိုင်း ခုတ်သတ် မယ်” ပိုင်ရှီအာ အန္တရာယ် တောထဲ သက်ဆင်း ရတော့မည်ကို မြင်ပြီး သူမ အသဲကို ဓါးနှင့် မွှမ်းသလို ခံစား နေရသည်။
“စိတ်လျော့စမ်းဘာ။ သခင်လေးဂျန်က မင်းကို အဲအခွင့်အရေး ပေးမှာ မဟုတ်ဘူး။ မင်း သခင်လေးဆီ ရောက်ရင် မင်းဒီကောင်မလေးထက် ဆိုးတဲ့အဖြစ်ကို မင်း ကြုံရမှာ” လူဆိုးခေါင်းဆောင် က အလွန်တရာ ကျေနပ် အားရသံဖြင် ရယ်မောလိုက်သည်။
“ဂျန်ရှန်ရှိ၊ သူရော အင်ပါယာမြို့ ရောက်နေတာလား” အဲသတင်း ကြားပြီး ဂျီချင်ရွှယ် မျက်လုံးထဲတွင် ကြောက်ရွံမှုများနှင့် ပြည့်နှက်နေသည်။
သူမ မတွေးမိသည်မှာ ဂျန်ကလန်သည် သူမ ထင်သည်ထက် ပိုမို၍ ရူးမိုက်ပြီး အလျင်အမြန်ပင် လက်တုံ့ပြန် လာမည်ကိုပင်။
“ခွေးကောင်၊ ငါ သရဲဖြစ်တောင် နင့်ကို အလွတ်မပေးဘူး” ပိုင်ရှီအာ မျက်နှာတွင် မျက်ရည် များဖြင့် ဖုံးလွှမ်းနေပြီး ခံပြင်းမှုများနှင့် အော်ဟစ်နေသည်။ သို့သော် သူမ မျက်ဝန်းထဲတွင် ပြတ်သားမှု များ မြင်နေရ၏။
လရောင်အောက်တွင် ပိုင်ရှီအာ၏ လှပသော ကိုယ်လုံးလေးသည် ရသလောက် ခုခံနေ၏။ သူမသည် နောက်ဆုံး အခြေအနေ ရောက်ပါက လျာကိုက်၍ သတ်သေရန် ပြင်ဆင်ထားသည်။
လူဆိုးခေါင်းဆောင်၏ မျက်နှာသည် ပိုပို၍ နီးကပ်လာပြီး သူမနဲ့ ပူးကပ်မလို ဖြစ်ချိန်တွင် သူမ သည် လျာကို ကိုယ့်ဟာကိုယ် ကိုက်ရန် လုပ်လိုက်သည်။
လူဆိုးခေါင်းဆောင်၏ နောက်တွင် မှုန်းဝါးဝါး လူတစ်ယောက် ရောက်လာပြီး သေလောက် အောင် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်ကို သူမ အံ့အားသင့်စွာ မြင်လိုက်သည်။
အပိုင်း (၂၆) ပြီး၏။ (၂၇) မျှော်
*******