Switch Mode

Chapter – 25

အန္တရာယ် ကျရောက်ခြင်း

အခန်း (၂၅) အန္တရာယ် ကျရောက်ခြင်း

ညတာ လွန်မြောက်၍ နေ့သစ် ရောက်လေပြီ။ နေရာကား အဖြူရောင် တိမ်တိုက် တောင်တန်း အလွန်နက်ရှိင်းသော တောတွင်း တစ်နေရာရှိ ချောင်ကျသော ရေခဲအိုင်ကြီးတွင် ဖြစ်၏။
“ငါ မီးတောက် ဆေးလုံး နှစ်လုံးလုံးရဲ့ ဆေးစွမ်းကို စုပ်ပြီးရင် ငါ့ခန္ဓာကိုယ် ဘယ်လောက် သန်မာသွားမလဲ မသိဘူး” ရဲချန်ဖန်သည် ရေထဲ စိမ်နေသည်။ ထို့နောက် ဆေးတစ်လုံးကို ထုတ်သောက် လိုက်သည်။
ဆေးသောက်လိုက်သည်နှင့် တစ်ပြိုင်နက် ရဲချန်ဖန် အလွန်ပူပြင်းသော စွမ်းအင် ထွက်လာပြီး သူ့ တစ်ကိုယ်လုံး လောင်ကျွမ်းနေသည်။ သူ မီးတောက် ဆေးလုံး သောက်ဖူးသော်လည်း အလွန်နာကျင်မှု ကြောင့် မျက်နှာ ဖြူဖျော့သွားသည်။ သူ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို သုံးကာ လေ့ကျင့် တော့သည်။
အပူစွမ်းအင်သည် သူ့ဆဲလ်များကို ပြုပြင်နေပြီး သူ့ခန္ဓာကိုယ်လည်း စတင် ပြောင်းလဲ လာနေသည်။ ငါးနာရီခန့် ကြာပြီးနောက် ရဲချန်ဖန် ဆေးစွမ်း အားလုံးကို စုပ်ယူ ပြီးသွားသည်။ ဆေးဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်သည်မှာ ထိရောက်သော်လည်း ကျင့်နေစဉ် ကာလသည် အလွန်နာကျင် လေသည်။ သူ့မျက်နှာတွင် သွေးပင် မရှိတော့အောင် ဖြူဖျော့နေသည်။ ရေခဲကန်သည် နာကျင်မှုကို သက်သာစေပြီး သူ့ကို ပိုမို သန်စွမ်း လာစေသည်။
“နောက်တစ်ဆင့်က ဝိညာဉ် ကျောက်တုံးထဲက စွမ်းအင်ကို စုပ်ယူရမယ်”
ဝိညာဉ်စုပ်သိုင်းကို စတင် လေ့ကျင့် တော့သည်။ စွမ်းအင် အနည်းငယ်သာ ကျန်သည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို သူ့လက်ထဲတွင် ကျန်တော့သည်။ ဝိညာဉ်စွမ်းအင် အများအပြားက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး သူ့ကိုယ်ထဲ ရှိသည့် အညစ်အကြေးများကို ဖယ်ရှားကာ ပိုမိုသန်မာ လာစေသည်။
“အင်း ကောင်းကင် ခန္ဓာကိုယ် အဆင့်နှစ် ရောက်ဖို့ သုံးပုံနှစ်ပုံလောက်တော့ ကျင့်ပြီးပြီ။ ငါ အစွမ်း ဂျင်တစ်ထောင်လောက် ထပ်တိုးလာမယ် ထင်တယ်။ အင်း၊ ငါ မီးတောက် ဆေးလုံး နောက်တစ်လုံးကို စုပ်ယူနိုင်မယ် ထင်တာပဲ” ရဲချန်ဖန် ပြိုလဲကျမလိုပင် အားအင် ကုန်ခမ်း သွားသည်။ သူ ကန်ထဲမှ တက်လာခဲ့သည်။ သူ့ခန္ဓာကိုယ် ကျင့်စဉ်ကို သုံးပုံနှစ်ပုံ နီးပါး လေ့ကျင့် ပြီးသွား၍ သူ့ဒဏ်ရာမှ ပြန်သက်သာသော စွမ်းရည်သည် အလွန် တိုးတက်လာသည်။ ခဏလေးအတွင်း ပင်ပန်း နွမ်းနယ်မှု အားလုံး ပျောက်သွားသည်။
“ကျန်တဲ့ မီးတောက်ဆေးလုံးက ဒီအဆင့်ကို အောင်မြင်ဖို့ မျှော်လင့်ရတာပဲ” သူ အသက် ပြင်းပြင်း ရှုလိုက်ကာ ဝိညာဉ်ကျောက်တုံးထဲရှိ လက်ကျန် စွမ်းအင်များ စတင် စုပ်ယူ လိုက်သည်။ သူ့ခန္ဓာကိုယ် အခြေအနေ အထွတ်အထိပ် ရောက်သည်နှင့် လက်ကျန် ဆေးကို သောက်လိုက်သည်။
ရဲချန်ဖန် တောနက်ထဲတွင် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် ဒုတိယအဆင့် ရောက်အောင် လေ့ကျင့်နေစဉ် အင်ပါယာမြို့တော်တွင်ကား ဂျန်ကလန်မှ စေလွှတ်လိုက်သော လုပ်ကြံသူများသည် ရဲချန်ဖန်ကို ရှာဖွေလျက် ရှိသည်။ ရဲချန်ဖန်ကို လုပ်ကြံပြီး ဂျီချင်ရွှယ်ကို ပြန်ပေးဆွဲရန် စီစဉ်လျက် ရှိသည်။
“ချင်ရွှယ် ငါ တောင်းပန်ပါတယ်။ လျန်ဆန်းအွန်က ချန်ဖန်ကို လုပ်ကြံ သိက္ခာချမယ် မထင်ထား မိဘူး။ နင်နဲ့ ချန်ဖန် စိတ်ထဲ မထားနဲ့သိလား” ရဲချန်ဖန် မရှိသောကြောင့် ဂျီချင်ရွှယ် တစ်ယောက်တည်း ပျင်းနေကာ ပိုင်ရှီအာကို အဖော်လုပ်၍ စျေးဝယ် ထွက်နေခြင်း ဖြစ်သည်။ သူတို့ မြို့ထဲ ပတ်နေစဉ် ပိုင်ရှီအာက တောင်းပန်လိုက်သည်။
“ဘာမှမဖြစ်ဘူး။ ငါရော ချန်ဖန်ရော စိတ်ထဲ မထားဘူး ဟုတ်ပြီလား”
“ချင်ရွှယ် ချန်ဖန်က ဘယ်လို လူစားလဲ” ရဲချန်ဖန် အကြောင်းကို ပိုမိုသိအောင် ပိုင်ရှီအာ တစ်ယောက် ဂျီချင်ရွယ်ထံမှ စကားနှိုက်နေသည်။
သူမ မသိသည်မှာ ဂျီချင်ရွယ် တစ်ယောက်လည်း ရဲချန်ဖန် အကြောင်း နားမလည်ပေ။ သူတို့ နှစ်ယောက် အတူတူ နေနေသည်မှာလည်း သဘောတူညီမှု တစ်ခုကြောင့်ပင်။
“အင်း၊ ချန်ဖန် က နည်းနည်းတော့ ကပ်စီးနဲတယ်။ ပြီးတော့ ယောက်ျားတော့ နည်းနည်း ပီသတယ်။ သူ့ဘေးမှာ ရှိနေရင် စိတ်လုံခြုံမှု ရှိတယ်” ဂျီချင်ရွှယ် တစ်ယောက် ရဲချန်ချန်အကြောင်း တွေးရင်း တိုးတိုးသာသာလေး ပြောလိုက်သည်။ သူမ မသိသည်မှာ ရဲချန်ဖန် အကြောင်း ပြောနေစဉ် သူမ နှုတ်ခမ်းတွင် အပြုံးများ ဝေနေပြီး ပျော်ရွှင်နေခြင်းပေ။
သူတို့နှစ်ယောက် စကားပြောရင်း လျှောက်လာရာ မြို့ပြင်နားရှိ ကျူပင်များ ဝန်းရံနေသော ရေကန်နား ရောက်လာ၏။
အေးစက်သော လေညင်းက ဖြတ်တိုက်သွားပြီး ရေပြင်တွင် လှိုင်းလေးများ ပြေးသွားသည်။ သူတို့ လန်းဆန်းမှုကို ခံစားရပြီး ပို၍ သက်တောင့်သက်သာ ဖြစ်သွားသည်။
လူရှင်းသည့်နေရာ ရှာ၍ ထိုင်နားရန် ပြင်လိုက်စဉ် ဂျီချင်ရွှယ် ရုတ်တရက် ရပ်လိုက်သည်။ စိုးရိမ်ပူပန်မှုများ သူမ မျက်လုံးထဲ ပေါ်လာသည်။
“ဘာဖြစ်လို့လဲ ချင်ရွှယ်” ပိုင်ရှီအာ အဆင့်နေဖြင့် အန္တရာယ်ကို အာရုံ မခံနိုင်သော်လည်း ဂျီချင်ရွှယ် မျက်နှာအမူအရာ ကြည့်ပြီး သူမ စိတ်လှုပ်ရှား ကြောက်လန့်လာသည်။
“ရှီအာ စကားမပြောနဲ့။ ငါ့နောက်က မြန်မြန်လိုက်ခဲ့” သူမ လျင်မြန်စွာ လှုပ်ရှားပြီး အလွန် ပြင်းထန်သည့် စွမ်းအားပါသော အနက်ရောင် သလင်းကျောက်ကို ထုတ်ယူ လိုက်သည်။ သူမ လက်ထဲတွင် ကျောက်တုံးကို တင်းကျပ်စွာ ကိုင်ထားသည်။
“မိန်းမချောလေးတွေ ဘာလို့ လောနေတာလဲ။ ဘယ်သွားကြမလိုလဲ” သူမတို့ အင်ပါယာမြို့ကို ပြန်မည့် အချိန်တွင် အေးစက် စူးရှသောအသံ သူတို့ နားထဲ ကြားလိုက်ရသည်။
တစ်စပ်တည်းပင် အနက်ရောင်ဝတ်စုံ ဝတ်ထားသော ယောက်ျားလေးယောက်သည် အနက်ရောင် မျက်နှာဖုံး တပ်ကာ ချွှန်ထက် တောက်ပသော ငွေရောင်ဓါးတွေ ကိုင်ပြီး သူမတို့ရှေ့ ရောက်လာသည်။
သူတို့ထံမှ အလွန် အင်အားကြီးသော အော်ရာများ ထွက်နေပြီး သူမတို့အပေါ် ပြင်းထန်သော ဖိအား သက်ရောက်နေသည်။
“ရှင်တို့က ဘယ်သူတွေလဲ။ ဘာလိုချင်လို့လဲ” သူတို့၏ လူသတ်လိုစိတ် ပြည့်နေသော မျက်လုံးများကို ကြည့်ပြီး ပိုင်ရှီအာ တည်ငြိမ်အောင် ကြိုးစားကာ အော်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ကိုယ်တို့နောက် လိမ်လိမ်မာမာ လိုက်ခဲ့ရင် မင်းတို့ မနာကျင် စေရဘူး” လူဆိုး ခေါင်းဆောင်က စိတ်လှုပ်ရှားမှု မရှိဘဲ ပြောလိုက်သည်။
“ရှင်တို့က ဂျန်ကလန်ကပဲ” ဂျီချင်ရွှယ် မျက်နှာ လေးနက်သွားသည်။ သူတို့ ထုတ်လွင့်နေသည့် အော်ရာ ကြည့်ခြင်းဖြင့် သူတို့သည် အနိမ့်ဆုံး အဆင့်ခြောက် သားရဲရှင်များ ဖြစ်သည်။
အင်အားကြီးသော ဂျန်ကလန်မှာသာ ထို့သို့ အစွမ်းထက် ပုဂ္ဂိုလ်များကို ဆွဲဆောင်နိုင်ပြီး ပြန်ပေးဆွဲရန် စေလွှတ်နိုင်သည်။
“မင်းက အဓိပ္ပာယ် မရှိတာ ပြောနေတာပဲ။ မင်းတို့ ငါပြောတာ နားမထောင်ရင် ငါတို့ အဓမ္မ လုပ်ရလိမ့်မယ်။ မင်းတို့ ဒဏ်ရာရမှ ငါ သတိမပေးဘူးလို့ အပြစ်မတင်နဲ့” အနက်ရောင်နဲ့ လူဆိုး ခေါင်ဆောင်က အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ထဲရှိ ချွန်ထက်သော ဓါးသည် ဂျီချင်ရွှယ်နား နီးကပ်လာပြီး သူမကို နောက်ဆုတ် သွားစေသည်။
“သဲ စတိုက်ရအောင်” ဂျီချင်ရွှယ်သည် သူမတို့ လူဆိုးလက်ထဲ ရောက်သွားပါက မည်သို့ ကံကြမ္မာကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သေချာသိသည်။ သူမ ဝိညာဉ်သားရဲ ရေခဲငှက်နှင့် ပေါင်းစည်း လိုက်သည်။
ဂျီချင်ရွှယ် ရေခဲငှက်နှင့် ပေါင်းစည်း လိုက်ချိန်တွင် ပိုင်ရှီအာက အဆင့်လေး သားရဲ အဖြူရောင် မြွေကြီးနဲ ပေါင်းစည်းကာ အစွမ်းများ ထုတ်လိုက်သည်။
“ပြေးမယ်” ဂျီချင်ရွှယ် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး လေးမှ လွတ်သည့်မြားလို ထွက်လာပြီး ဝိုင်းရံ ပိတ်ဆို့ထားခြင်းမှ လွတ်အောင် ကြိုးစားလိုက်သည်။
“မင်းက ဘယ်ကို သွားမလို့လဲ”
“အရိပ်ခွဲဓါး”
မိန်းကလေး နှစ်ယောက် လွတ်မြောက်ရန် ကြိုးစားနေခြင်းကို လူဆိုးအဖွဲ့က ပိတ်ဆို့ လိုက်သည်။ လူဆိုးခေါင်းဆောင် လက်ထဲမှ ဓါးရှည်သည် အစိမ်းရောင် အလင်းများ ထွက်နေပြီး ဓါးက လေကို ခွဲကာ သူမတို့ဆီ တိုက်ခိုက်လာသည်။ သူမတို့ ယုတ်ပျက် ဆင်းပျက် ရှောင်လိုက်ရပြီး သူတို့ ပြေးသည့်အရှိန် လျော့သွားသည်။
“အဲလူက အဲလူက ဝိညာဉ်သခင် အဆင့်ပဲ”
ဝိညာဉ်သခင်အဆင့် ပြန်ပေးသမားကို ကြည့်ပြီး ဂျီချင်ရွှယ် စိတ် အလွန်လေးသွားသည်။ သူမ ပါရမီ ဘယ်လောက်ရှိရှိ ဝိညာဉ်သခင် အဆင့်နှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ဝိညာဉ်သခင်အဆင့် လူဆိုးခေါင်းဆောင်မှ တိုက်ခိုက်လိုက်ရာ သူမတို့ ထွက်ပြေးရန် လမ်းပိတ် သွားသည်။ ကျန်နေသည့် ပြန်ပေးသမား လေးယောက်က သူတို့ကို ဖမ်းရန် ကြိုးစား လိုက်ကြသည်။ သူမ ဖမ်းချုပ် ခံရခါနီးတွင် သူမ လက်မောင်းထဲတွင် ဝှက်ထားသော အနက်ရောင် ကျောက်တုံးဖြင့် ဝိညာဉ် သခင်အဆင့် လူဆိုးခေါင်းဆောင်ကို ပစ်ပေါက်လိုက်သည်။
“ဘိုင်း” အနက်ရောင် ကျောက်တုံးဖြင့် တိုက်ခိုက်လိုက်သည်နှင့် အလွန်ပြင်းထန်သော ပေါက်ကွဲအားသည် လူဆိုးလေးယောက် မရှောင်နိုင်အောင် ထိခိုက်သွားပြီး သုံးယောက်မှာ တစ်ခါတည်း သေဆုံး သွားစေသည်။ သူမတို့လည်း ပေါက်ကွဲမှုမှ အပြင်းအထန်ပင် ဒဏ်ရာ ရသွားသည်။ ကျန် တစ်ယောက်မှာလည်း သေလားရှင်လား မသိနိုင်ချေ။
သေရေးရှင်ရေးအချိန်တွင် သူမတို့ ဒဏ်ရာကို ဂရုမစိုက်နိုင်ဘဲ ကုန်းရုန်းထကာ ထွက်ပြေး တော့သည်။
သူမတို့ ကြောက်သည်မှာ ဂျန်ကလန်မှ နောက်ထပ် ပြန်ပေးသမားများ ရှိနေမှာကိုပင်။ ထို့ကြောင့် အချိန်မဆိုင်းဘဲ အဖြူရောင် တိမ်တိုက် တောင်တန်းဆီသို့ ပြေးဝင် လိုက်ကြသည်။ ညအချိန် ကျရောက် နေပြီး မြေပြင် အနေထားကလည်း ခြေရာခံရန် အလွန် ခက်ခဲပေသည်။
အပိုင်း (၂၅) ပြီး၏။ (၂၆) မျှော်
******

Comment

Leave a Reply

Options

not work with dark mode
Reset