Switch Mode

Chatper – 46

Chapter – 46

“ထိုင်းတ မင်းရရဲ့လား”

ဂျင်ချန်ကစိုးရိမ်စွာမေးသည်။
ထိုင်းတက ခေါင်းခါသည်။ အသက်ပြင်းပြင်းရှူကာမသဲမကွဲပြောသည်။
“ငါအဆင်ပြေပါတယ်။ဒါပေမယ့်
မီးတကယ်လောင်သွားတာဆိုတော့
တောင့်ခံဖိုတော်တော်ခက်လို့ပါ”
“မင်းအဆင်ပြေတဲ့အထိနားတာပေါ့”
ဂျင်ချန်ကစိတ်ချသွားသယောင်သက်ပြင်းချသည်။ထိုင်းတကိုမီးလောင်သွားတာကိုတွေ့တော့
ပြန်မကောင်းမှာကိုဂျင်ချန်အတော်စိုးရိမ်သွားခဲ့တာ…
ရုတ်တရက်ဂျင်ချန်အနောက်သိုလှည့်ကာသစ်ပင်ကြီးကိုပြန်ကြည့်လိုက်သည်။
သူပမျက်လုံးထဲအလင်းဖျော့ဖျော့တောက်သွားကာအပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။
“ဟုန်းဟုန်းဟုန်း”
မြေပြင်ကထပ်မံလှုပ်ခါသွားကာတိမ်မီးတောက်က ဂျင်ချန်ထံတိုးဝင်လာသည်။ခြေတစ်လှမ်းလှမ်းတိုင်း
မြေကြီးကတုန်ခါနေသည်။
တိမ်မီးတောက်ကစိတ်လှုပ်ရှားနေပုံရသည်။

အသက်ရှူနေရင်းမှတိမ်မီးတောက်ပါးစပ်ထဲကနေ
မီးပွားတွေထွက်လာနေ၍ပင်…
တိမ်မီးတောက်ချဉ်းကပ်လာတာကိုကြည့်ရင်း ထိုင်းတမျက်နှာကတည်တင်းသွားသည်။
“ချင်းယန်ရှင်းတန်
ဒီကောင်ကြီးရဲ့အသားကထူလွန်းတယ်
ငါတိုဘယ်လိုသတ်ကြမလဲ”ဂျင်ချန်ကတိမ်မီးတောက်အားအလေးအနက်ထားကြည့်ကာ
“တိမ်မီးတောက်ရဲ့အရေပြားကအရမ်းသန်မာတယ်။ ငါတိုသူတော်စင်မဖြစ်သေးဘဲနဲ့
လက်နက်တွေကတိုးမှာမဟုတ်ဘူး။ငါတိုသူ့မျက်လုံးကိုထိုးဖောက်ပြီး
အသိဉာဏ်ချို့ယွင်းသွားအောင်လုပ်ရမယ်”
ဂျင်ချန်ပြောနေစဉ်မှာတိမ်မီးတောက်ကရောက်လာကာ ကျယ်လောင်စွာဟိန်းဟောက်ရင်းမီးမှုတ်ပြန်သည်။
ထိုအခါ
ဂျင်ချန်နဲထိုင်းတတိုကဘေးသိုအမြန်ရှောင်ရှားကြတော့ သည်။
ဂျင်ချန်ကသံချောင်းကိုတင်းတင်းဆုပ်ကိုင်ထားရင်းမှ

“ထိုင်းတငါ့အတွက်အာရုံပြောင်းပေးထား”ဟု
အော်ပြောလိုက်သည်။
“စိတ်မပူနဲ့။ငါနဲထားလိုက်”
ဘေးမှာကျနေတဲ့ကျောက်ခဲတစ်ခုကိုကောက်ကာထိုင်းတကတိမ်မီးတောက်ကိုပစ်ပေါက်ပြီး
ဂျင်ချန်နှင့်ဆန်ကျင်ဘက်သို့ပြေးတော့သည်။
ကျောက်ခဲကလမ်းလယ်ခေါင်မှာတစ်ပတ်လည်နေပြီးမှထိုင်းတချိုးပစ်ခဲ့သည့်အစွယ်နေရာတည့်တည့်သို့
သွားမှန်သည်။
တိမ်မီးတောက်အတွက်တော့
အလွန်အမင်းနာကျင်မှုကိုဖြစ်သွားစေကာမျက်လ့ုးတွေပိုမိုနီရဲသွားပြိး
ထိုင်းတထံထပ်မံ၍မီးမှုတ်တော့သည်။ဂျင်ချန်က
ထိုင်းတတိမ်မီးတောက်အားအာရုံပြောင်းနေသည်ကိုစောင့်ကြည့်ရင်း
သူလက်ကသံချောင်းကိုအားဖြင့်ဖိကိုင်ထားရာသံချောင်းမှာကွေးတော့မလိုပင်ဖြစ်နေချေသည်။
ရှေ့သိုလျှင်မြန်စွာပြေးသွားကာ
တိမ်မီးတောက်၏ခေါင်းထံခုန်လိုက်သည်။

ဂျင်ချန်အရှိန်နှုန်းကလုံးဝမြန်သည်။
သူမြေပြင်ကိုဖြတ်ပြေးသွားတဲ့အခိုက်
လေထုမငြိမ်မသက်ဖြစ်ကာ
ထိုမြေနေရာမှာသဲတွေလှုပ်ရှားသွားသည်မှာမသိရင်ဂျှင်ချန်ပျံသန်းနေသည့်အတိုင်းပေ…
အချိန်တိုအတွင်းမှာ
ဂျင်ချန်ကတိမ်မီးတောက်ရဲ့ခေါင်းပေါ်ရောက်သွားသည်။ တိမ်မီးတောက်မှုတ်ထုတ်နေတဲ့မီးအပူကိုဂရုမစိုက်ဘဲတိမ်မီးတောက်ခေါင်းပေါ်ရောက်ဖို့
လေထဲတွင်တစ်ပတ်ကျွမ်းထိုးလိုက်သေးသည်။သံချောင်းကိုညာလက်မှကိုင်ကာ
တိမ်မီးတောက်ရဲ့မျက်လုံးကိုထိုးလိုက်တော့သည်။ ဂျင်ချန်ကမြန်လွန်းပေမယ့်တိမ်မီးတောက်ကလည်း
မနှေးပေ။သံချောင်းကသူမျက်စိရှေ့မှာပေါ်လာတာနဲ့ သူကမျက်လုံးးမှိတ်ပြီးသားပေ။
တိမ်မီးတောက်မျက်လုံးမှိတ်လိုက်တာကိုမြင်တော့ဂျင်ချန်ခေတ္တကြောင်သွားကာ
မျက်တောင်တဖျက်ဖျက်ခတ်လိုက်သည်။သံချောင်းသို့ သူတော်စင်စွမ်းအားတွေထည့်ကာအာရုံစိုက်ပြီး
မျက်ခွံထံသို့အားဖြင့်ထိုးစိုက်လိုက်သည်။

သံချောင်းကအခက်အခဲမရှိဘဲမျက်ခွံကိုဖောက်ဝင်သွား
သည်။တိမ်မီးတောက်ရဲ့မျက်လုံးမှ
သွေးတွေချက်ချင်းထွက်လာ၏။“ဟူး…..ဟူး……”
တိမ်မီးတောက်မှာအလွန်နာကျင်သွားရကာ
အော်ဟစ်လိုက်စဉ်
ကောင်းကင်ကြီးပါပြိုကျတော့မတတ်ဖြစ်ရသည်။ သူကိုယ်ကြီးဖြင့်အရပ်မျက်နှာတိုင်းကို
တွန်းထိုးတိုက်ကာလှည့်ပတ်နေတော့သည်။ ဂျင်ချန်ကအားထပ်စိုက်ကာ
မျက်လုံးအတွင်းထိပေါက်အောင်ထပ်ထိုးထည့်သည်။

တိမ်မီးတောက်ရဲ့ကိုယ်ကရှေ့နောက်လှုပ်ယမ်းကာ
အော်ဟစ်လာပုံကပိုကြမ်းတမ်းလာသည်။သူက
သံချောင်းကိုမျက်လုံးကနေ ကျွတ်ထွက်စေချင်ပုံရသည်။ခက်တာကသံချောင်းကအတွင်းထဲထိနစ်ဝင်နေခြင်းပင်။ ထိုကြောင့်လွယ်လွယ်ကျွတ်ထွက်မည်မဟုတ်။
တိမ်မီးတောက်ကခေါင်းကိုလှုပ်ယမ်းကာဂျင်ချန်ကိုဖယ်ခွာစေလျှင်
သူအတွက်နာကျင်မှုကပိုတိုးလာသည်။

နှစ်ခါလောက်ခေါင်းကိုလှုပ်ခါပြီးနောက်
တိမ်မီးတောက်အတွက်နာကျင်မှုကအရမ်းကိုကြောက်မက်ဖွယ်ကောင်းလာကာထပ်မံလှုပ်ယမ်းဖို့ရာ
မတတ်နိုင်တော့….
အဆုံးမသတ်နိုင်တဲ့နာကျင်မှုတွေကိုခံစားရပြီးတဲ့နောက်
တိမ်မီးတောက်မြေပေါ်ပစ်လဲကျတော့သည်။
ကြည့်ရတာအဆုံးသတ်ပေးဖိုလိုလာပြီထင်ပါရဲ့…… ဒဏ်ရာကသေစေနိုင်လောက်တာမျိုးမဟုတ်ပေမယ့်
သွေးကြောတွေကိုဖြည့်ဖြည့်းချင်းဖျက်စီးဖ့လုံလောက်ပေ တယ်။
တိမ်မီးတောက်မြေပေါ်လဲသွားသည်ကိုမြင်တော့ဂျင်ချနန်ကမာန်သွင်းကာအော်ဟစ်သည်။
“ထိုင်းတသံချောင်းကိုပိုနစ်အောင်လာလုပ်ပေး” ထိုင်းတရဲ့အလွန်အမင်းသန်မာမှုနဲဆိုရင်
ဒီကိစ္စကမခက်ခဲပေ။
“ကောင်းပြီ။င့ါတာဝန်ထားလိုက်”
ထိုင်းတကပျော်ရွှင်စွာအော်ဟစ်ကာပြေးသွားသည်။ပြိုင်ပွဲကသူ့လက်ထဲရှိနေသည်ကိုသိလိုက်သည်။
ထိုင်းတကတိမ်မီးတောက်ရှေ့အမြန်ရောက်သွားကာ သံချောင်းကိုညာလက်ဖြင့်ကိုင်ပြီးဖိသွင်းလိုက်ရာ

ပြင်ပတွင်ကျန်ရှိနေသည့်အလျားမှာ
အနည်းငယ်သာရှိတော့သည်။“ဟူးဝူး…”
တိမ်မီးတောက်ကအာခေါင်ခြစ်အော်ဟစ်လိုက်ရာဂျင်ချန်နဲထိုင်းတတို့နားတွေအူထွက်သွားရသည်။
တိမ်မီးတောက်ကသ့ူနောက်ဆုံးစွမ်းအင်တွေကုန်ဆုံးသွား
ပုံရကာမြေပြင်ပေါ်ပက်လက်လှန်ကျသွားပြီး ကျန်မျက်စိတစ်ဖက်ပါမှိတ်ကျသွားတော့သည်။
မှော်ဝင်သားရဲကြီးသေသွားတာကိုတွေ့တော့
ဂျင်ချန်နဲထိုင်းတတို့သက်ပြင်းတွေချမိလိုက်ကြတယ်။ အဆင့်၂မှော်ဝင်သားရဲကအဲ့လောက်ကြီးအံံ့သြဖို့မကောင်
းပေမယ့်သူရဲ့တိုက်ခိုက်စွမ်းအားကမြင့်သည်မို့ သတ်ရတာအရမ်းခက်သွားခဲ့သည်။
“နောက်ဆုံးတော့သေသွားပြီ။
ဒီကောင်နဲ့အတော်ဒုက္ခများလိုက်တာပဲ။ အဲ့ကောင်ကမီးမှုတ်နိုင်ပြီး
ငါ့ဆံပင်တွေတောင်လောင်သွားတယ်”ထိုင်းတကသူ့ကတုံကိုပွတ်ကာ
စိတ်ပျက်နေတဲ့အမူအယာဖြင့်ပြောသည်။

ဂျင်ချန်ကမဲမှောင်နေတဲ့ထိုင်းတအဝတ်တွေနဲ့
ပြောင်နေတဲ့ခေါင်းကိုကြည့်ကာရယ်သည်။“မင်းကိုယ်ကိုလုံသင့်တဲ့နေရာလုံအောင် တစ်ခုခုအရင်ဝတ်သင့်တယ်နော်”
ဂျင်ချန်ကသူ့သိုလှောင်ခါးပတ်ထဲက
ဝံပုလွေသားရေကိုထုတ်ရင်းပြောသည်။
ဒီသားရေခွံတွေက
သူနဲထိုင်းတတိုပြင်ဆင်ယူလာခဲ့ခြင်းဖြစ်သည်။သိုလှောင်ခါးပတ်တွေထဲမှာ
အဲ့လိုမျိုးအများကြီးထည့်လာခဲ့ရသည်မှာလမ်းမှာလိုအပ်ဦးမည်မှန်းသိ၍ပင်….
ထိုင်းတကဘာစကားမှမဆိုဘဲယူလိုက်သည်။ခဏတွင်းချင်းသူကိုယ်မှာ
အမွှေးပါသားရေကနေရာယူသွား၏။
ဂျင်ချန်နဲထိုင်းတတို့အမြုတေကိုထုတ်ယူကာ ဆက်လက်ခရီးဆက်ကြသည်။
ဂျင်ချန်တိုမြင်ကွင်းကပျောက်သွားပြီးတဲ့နောက် အနီရောင်ပုံရိပ်ကာသစ်ပင်ပေါ်မှဆင်းလာသည်။
သူမကအသက်၃၀အရွယ်ရှိမိန်းမတစ်ယောက်ဖြစ်သည်။

သူမကအလွန်အမင်းမလှပေမယ့်
နူးညံ့သည့်ပုံရိပ်ရှိသူဖြစ်သည်။
မိန်းမကြီးကတိမ်မီးတောက်အလောင်းကိုကြည့်ကာသူမမျက်နှာကအလွန်အံ့အားသင့်နေပုံပေါ်သည်။
သက်ပြင်းရှည်ကြီးချကာသူမခပ်တိုးတိုးရေရွတ်သည်။
“ထိုင်းတနဲဂျင်ချန်မင်းတို့ကနာမည်ကျော်ကြားဖို့ တကယ်ပဲထိုက်တန်ပါတယ်။မင်းတိုရဲ့စွမ်းအားအရ သူတော်စင်မဖြစ်သေးဘဲသာမန်လက်နက်သုံးပြီး အဆင့်၂မှော်ဝင်သားရဲကိုသတ်ပစ်နိုင်တယ်။
ငါတောင်ကြောက်ရွံ့မိတယ်ငါ
ကျောင်းအုပ်ကိုသတင်းသွားပိုရမယ်”မိန်းမကြီးပျောက်သွားပြီးနောက်
လူငယ်၅ယောက်ကရှင်းလင်းနေတဲ့နေရာသိုရောက်လာကြသည်။သူတိုမျက်နှာကဖုံးကွယ်ထားတာမို့
သူတို့ရုပ်သွင်ကိုမမြင်၇။
အကယ်ဒမီဝတ်စုံကိုဝတ်ထားကာလက်နက်ကိုယ်စီကိုင်ထားကြတယ်။
၂ယောက်ကဓားကြီးတွေကိုင်ထားကြပြီး၁ယောက်က ပုဆိန်ကြီးကိုကိုင်ထားတယ်။
အရပ်အရမ်းရှည်တဲ့တစ်ယောက်နဲ့

တည်လွန်းတဲ့တစ်ယောက်ကတူကြီးတွေကိုင်ကာ
နောက်ကလိုက်လာတယ်။
“အသံတွေအရတော့တော်တော်ကြောက်ဖိုကောင်းတဲ့ တိုက်ပွဲဖြစ်သွားတာနေမယ်”
ပုဆိန်လွယ်ထားသည့်ကျောင်းသားကခေါင်းညိတ်သည်။
“မဆိုးဘူး။အဲ့ကောင်ကြီးသာမပြေးသွားဘူးဆိုရင်
ဒီပတ်ဝန်းကျင်မှာပဲရှိလိမ့်မယ်”
“ဟေ့ကောင်တွေကြည့်ကြစမ်း…ဒါကဘာကြီးလဲ”အစောကပြောခဲ့တဲ့ကျောင်းသားကတစ်စုံတစ်ခုကိုလက်ညိုးထိုးကာပြောသည်။
သူတိုသူငယ်ချင်းရဲ့အှုံသြတကြီးပြောဆိုမှုကိုကြားပြီး ကျန်လူတွေလိုက်ကြည့်လိုက်ရာ
တောင်ကုန်းအရွယ်တမျှရှိတဲ့
ဆင်နဲတူတဲ့အနီရောင်အကောင်ကြီးဟာ
မြေပြင်တွင်လဲကျနေတာတွေ့လိုက်ရသည်။ “တစ်ချက်လောက်သွားကြည့်ရအောင်”
သူတို့ငါးယောက်လုံး
မှော်ဝင်သားရဲအနားသို့ချက်ချင်းရောက်သွားကြသည်။ သားရဲကိုပိုမြင်ရလေ
သူတို့အမူအယာကလေးနက်လာလေပင်။

သူတိုထဲကအတွေ့ကြုံရှိဆုံးသူကအလောင်းနားကပ်ကာ
သွေးထွက်နေတဲ့ဒဏ်ရာကိုတိုကြည့်ရင်းပြောသည်။‘ဒါတိမ်မီးတောက်မှော်ဝင်သားရဲပဲ။
ဒီကောင်ကြီးရဲ့တိုက်ခိုက်နိုင်စွမ်းက
အရမ်းမြင့်တယ်ဆိုပေမယ့်အရမ်းတော့မသန်မာဘူး။
သွေးတွေမခြောက်သေးဘဲနွေးနေဆဲဆိုတော့
သေတာမကြာသေးလောက်ဘူး။
ငါတိုခုနကကြားခဲ့ရတဲ့အသံကဒီကောင့်ဆီကဖြစ်မယ်” ဓားသမားလူငယ်ကပတ်ဝန်းကျင်ကိုကြည့်ရင်း
ဂျင်ချန်ခြေယာကိုတွေ့သွားသည်။ “လာခြေရာနောက်ကိုလိုက်ပြီး
တိမ်မီးတောက်ကိုဘယ်သူသတ်သွားလဲလိုက်ကြည့်ရအောင်။သူတို့ကငါတို့ထက်သန်မာရင်
ငါတိုအဖွဲ့ထဲထည့်ပြီးလွယ်လွယ်အမဲလိုက်ကြတာပေါ့။ ငါတိုထက်အားနည်းရင်တော့……”
အပြုံးတစ်ခုကသူမျက်နှာမှာပေါ်လာသည်။ဒီစကားကြားတော့အခြားလူတွေလည်း
တစ်ခုထဲကိုတွေးမိကြသည်။သူတိုမျက်နှာမှာ
လူယုတ်မာအပြုံးတွေပေါ်လာသည်။နောက်ချက်ချင်းပင်ဂျင်ချန်တို့နောက်လိုက်သွားကြသည်။

ထိုအချိန်မှာဂျင်ချန်နဲထိုင်းတက
တောထဲမှာလမ်းလျှောက်နေဆဲ….
မြေပြင်ကရွှံ့ဗွက်တွေထဲက
မှော်ဝင်သားရဲတွေကိုကာကွယ်နိုင်ရန်အလိုဌာသူတို့အလျှင်စလိုခရီးမသွားဖြစ်ကြ။
ထိုတခဏမှာဂျင်ချန်နားတွေလှုပ်ခါသွားပြီး
ထိုင်းတကိုရပ်ရန်ပြောလိုက်သည်။
“ဂရုစိုက်ဦးငါတိုနောက်ကိုလူတစ်ချို့လိုက်လာတယ်” ထိုင်းတကချက်ချင်းရပ်လိုက်ကာနောက်ကိုစူးစမ်းစွာ လှည့်ကြည့်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာ
လူငါးယောက်ကမြင်ကွင်းထဲရောက်လာသည်။သူတို့မျက်နှာကိုအရိပ်တွေနဲကာထားတာမို့
ဂျင်ချန်မမြင်ရ။ဒါပေမယ့်ထိုငါးယောက်က
သူတော်စင်လက်နက်ကိုယ်စီကိုင်ထားကြတော့သန်မာတဲ့သူတော်စင်တွေဆိုတာသိလိုက်သည်။ ထို၅ယောက်ကဂျင်ချန်နဲထိုင်းတကိုမြင်တော့
တစ်စုံတစ်ခုကိုသဘောတူညီချက်ရသွားသည့်အလားပြုံးကြသည်။သူတို့အရှိန်ကိုမြှင့်လိုက်ကာ
ဂျင်ချန်တို့ကိုဝိုင်းရပ်လိုက်ာကသည်။

ဒီအပြုအမူကိုမြင်ပြိးဘာဖြစ်တော့မယ်ဆိုတာ
ဂျင်ချန်နဲထိုင်းတတိုသိလိုက်သည်။
“ကျောင်းသားတို့မင်းတိုဘာလုပ်တာလဲဆိုတာ ငါမေးလို့ရမလား”ဂျင်ချန်ကမေးလိုက်သည်။
ကျောင်းသားတစ်ယောက်ကသူဓားကိုလွှဲယမ်းကာ
လူယုတ်မာအပြုံးပြုံးသည်။
“မင်းကငါတို့ဘာလုပ်တာလဲလို့မေးတာလား”“အလိုက်တသိနဲ့
မင်းတို့သိုလှောင်ခါးပတ်တွေငါတိုကိုပေးလိုက်။ အဲ့လိုမှမဟုတ်ရင်တော့ဟား…ဟား…”
တူကိုင်ထားတဲ့တစ်ယောက်ကပြောသည်။
“ငါတိုသိုလှောင်ခါးပတ်တွေကိုပေးရမယ်ဟုတ်လား။ဟမ့်တွေးတောင်မတွေးနဲ့”
ထိုင်းတကဒေါသထွက်နေသည်။ဒါကလမ်းဘေးကလုယက်တဲ့အဖွဲ့လား…
ဂျင်ချန်ကသူ့သိုလှောင်ခါးပတ်ကိုတစ်ချက်ပုတ်ကာ ပြုံးရင်းပြောသည်။
“ဒီခါးပတ်ထဲမှာငါတိုရဲ့အမြုတေတွေအများကြီးပါတယ်။ မင်းအစွမ်းရှိရင်လာယူလေ”

ထိုငါးယောက်ကသူတော်စင်တွေမှန်းသိသော်လည်း
ဂျင်ချန်နဲ့ထိုင်းတတို့ကမကြောက်ပေ။ “ဟမ့်မင်းတို့ကဒီလိုဆိုမှတော့ငါတိုကို
အပြစ်မတင်နဲ့တော့။အားလုံးပဲသူတို့ကိုတိုက်ခိုက်ကြ”
၅ယောက်လုံး
ဂျင်ချန်တ့ိုထံပြေးဝင်ကာတိုက်ခိုက်ကြသည်။သိုပေမယ့်
သေကွင်းသေကွက်တွေကိုတော့မဦးတည်ကြ။သူတို့အားလုံးနားလည်သည်က
သူတို့တွေကကျောင်းသားတွေပဲဖြစ်ပြီး
ဒါကပစ္စည်းခိုးနေတာပဲဖြစ်တယ်။ထိုကြောင့်
အခြားသူရဲ့သေနိုင်တဲ့နေရာကိုတိုက်ခိုက်၍မရခြင်းပေ။

Comment

Leave a Reply

Options

not work with dark mode
Reset