Switch Mode

Chapter – 22

မှားတဲ့လူ မောင်းထုတ် ခံရမည်

အခန်း (၂၂) မှားတဲ့လူ မောင်းထုတ် ခံရမည်

“အဘိုးပိုင် ဟတ်ပီဘက်ဒေး မွေးနေ့ကစ နောင်နှစ်ပေါင်းများစွာ ချစ်ရတဲ့ လူတွေနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေ။ တန်ခိုးအစွမ်းတွေ ထက်ပြီး အဆင့် အမြင့်ဆုံး ရောက်နိုင်ပါစေ။ သမီး ဆုတောင်း ပေးပါတယ်” နတ်မိမယ်လေး ဂျီချင်ရွှယ်က အကြီးအကဲပိုင်ဘေး သွားကာ ပန်းချီကားချပ်ကို လက်ဆောင် ပေးရင်း ချိုသာစွာ ပြောလိုက်သည်။
“ချင်ရွှယ်၊ သမီး ဘယ်တုန်းထဲက အင်ပါယာမြို့ ရောက်နေတာလဲ။ ဘာလို့ အဘိုးကို ကြိုမပြော တာလဲ။ အဘိုးကို တစိမ်းလို သဘောထား နေတာလား။ ဟင်” အကြီးအကဲပိုင် ဂျီချင်ရွှယ်ကို အပြစ်တင် သံနဲ့ ပြောလိုက်သည်။
“အဘိုးပိုင်ကလည်း သမီးက အဘိုးကို အံ့ဩ သွားစေချင်လို့ကို” ဂျီချင်ရွှယ် အကြီးအကဲပိုင် လက်ကို လှုပ်ကာ နွဲ့ဆိုး ဆိုးကာ ပြောလိုက်သည်။
“ပြီးတော့ သမီး အဘိုးကို မိတ်ဆက်ပေးစရာ လူရှိတယ်” သူမ ရဲချန်ဖန် လက်မောင်းကို ချိတ်ကာ ဆွဲခေါ်ပြီး မိတ်ဆက် ပေးလိုက်သည်။
“ချန်ဖန်၊ အဘိုးပိုင်ကို ဂါဝရ ပြုပါတယ်။ သက်ရှည် ကျန်းမာပါစေ” ရဲချန်ဖန် ဂါဝရ ပြုလိုက်သည်။
“သူက ဘယ်သူလဲ” အကြီးအကဲပိုင် မျက်မှောင်များပင် ကြုတ်သွားသည်။
” အဘိုးပိုင် သူက သမီး ခင်ပွန်းလောင်းလေ။ သမီး ဒီကို လာတာက သူနဲ့ အတူတူ နေတော့မလို့။ ပြီးတော့ ခုသူနဲ့ သမီး တူတူနေနေတာ။ ဘဝတစ်ခု တည်ထောင်မလို့” သူမ ရှက်သွေးများ ဖြာကာ ပြောလိုက်သည်။
” တူတူ နေနေတာ၊ အိမ်ထောင်ပြုမလို့” ရဲချန်ဖန်တွင် သားရဲ မရှိ၍ ရဲမိသားစုမှ နှင်ထုတ်ခံရ သည့် အကြောင်းကို အကြီးအကဲပိုင်က ကြားဖူးသည်။
” ဘာလို့ ဒီလိုကောင်မျိုးကို ရွေးတာလဲ” အကြီးအကဲပိုင် တွေးနေမိသည်။
” သမီးအဘိုး ဒီအကြောင်းကို သိလား” အကြီးအကဲပိုင် ဂရုတစိုက် မေးလိုက်တယ်။
” သမီးအဘိုးကို ပြောတော့မလို့ အချိန်ကောင်းကို စောင့်နေတာ။ သူ နောက်သုံးလေးရက် အတွင်း သိမှာပါ ” ဂျီချင်ရွှယ် ပြောလိုက်သည်။
” အင်း၊ သမီး ပျော်တယ်ဆို ပြီးတာပဲလေ” အကြီးအကဲပိုင် သက်ပြင်းချ လိုက်မိသည်။
“ကျေးဇူးပဲ အဘိုးပိုင်၊ ဒါဆို သမီးတို့ သွားတော့မယ်” သူမ လာရင်း (ရည်ရွယ်ချက်) ကိစ္စ ပြီးသွားသဖြင့် ရဲချန်ဖန် လက်ကို ဆွဲကာ ခပ်မြန်မြန် ထွက်လာခဲ့သည်။
“ဂျီချင်ရွှယ်၊ မင်း ကျေနပ်ပြီလား” ရဲချန်ဖန် သူမ၏ ချောမွတ်သော လက်ကလေးကို ဖယ်ချပြီး ခံစားချက် မဲ့စွာ ပြောလိုက်သည်။
” ချန်ဖန် စိတ်မဆိုးပါနဲ့။ နောက်ခါ နင့်ကို အသုံးမချတော့ပါဘူး။ ငါ ကတိပေးပါတယ်” ဂျီချင်ရွှယ် ရဲချန်ဖန်၏ ခံစားချက် ကင်းမဲ့နေသည့် မျက်ဝန်းများကို မြင်လိုက်ချိန်တွင် ဘာကြောင့်မှန်း မသိဘဲ ရင်ထဲတွင် ကပြောင်းကဆန် ဖြစ်သွားသည်။
“ချန်ဖန်၊ ချင်ရွှယ် နင်တို့ ဗိုက်ဆာနေရင် ငါ ဝိုင်းပြင်လိုက်တော့မယ်” ကျက်သရေ ရှိလှသည့် ပိုင်ရှီအာ ရောက်လာသည်။
“အင်း၊ ချန်ဖန်က ခုပဲပြောနေတာ၊ သူ ဗိုက် တော်တော် ဆာနေပြီ” ပိုင်ရှီအာ သံသယဝင်မည် စိုးကာ သူမ ချိုချိုသာသာလေး ပြောလိုက်သည်။
“အင်း၊ ကို ဗိုက်ဆာနေပြီ” သူ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး ဂျီချင်ရွှယ် ခါးလေးကို သိမ်းဖက်ကာ ပြောလိုက်သည်။ သူမ မျက်နှာ ရဲတွတ်သွားသည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်နေလို့လား။ ဘာလို့ တုန်နေတာလဲ။ ညီမ” ရဲချန်ဖန် ကြင်ကြင် နာနာလေး မေးလိုက်သည်။
“အို၊ ဘာမှ မဖြစ်ဘူး။ ညီမ အဆင်ပြေတယ်” သူမ သိလိုက်သည်။ ရဲချန်ဖန် သူမကို လက်စား ချေရန် ကြိုးစားနေကာ လှောင်ပြောင်နေခြင်း ဖြစ်သည်။ သူမ ဒေါသထွက် နေသော်လည်း ပြုံးနေ ရသည်။
“ချန်ဖန်၊ ချင်ရွှယ်၊ နင်တို့က အရမ်းချစ်ကြတာပဲ၊ ဟွင်း” ပိုင်ရှီအာ အားကျနေသည်။
“ရှီအာ တစ်နေ့ နင်လည်း ချစ်တဲ့သူ တွေ့မှာပဲကို”
“အင်း၊ မျှော်လင့်တာပဲ” ပိုင်ရှီအာ ဆရာချန်ကို ဖျတ်ခနဲ တွေးလိုက်မိသည်။
အကြီးအကဲပိုင်သည် အလွန်ကြီးမြတ်သည့်လူ ဖြစ်သည့်အပြင် မြို့တော်ဝန် အဖေလည်း ဖြစ်သောကြောင့် သူ့မွေးနေ့ကို ကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ် အများအပြား တက်ရောက် လာသည်။ တက်ရောက်လာသူများကို ခမ်းနားလှသော ညစာစားပွဲနှင့် တည့်ခင်း ဧည့်ခံရန် အကြီးအကျယ် ပြင်ဆင် ထားခဲ့သည်။
ရဲချန်ဖန် ကျွေးမွေးနေသည့် ဧည့်ခန်းမကြီးဆီ ဝင်လာခိုက် လျန်ဆန်းအွန်နှင့် သူ့အဖော်တွေ သူ့ဘက် လျှောက်လာသည်ကို တွေ့လိုက်သည်။
သူတို့ ရည်ရွယ်ချက်ကို ဂရုမစိုက်ဘဲ ဂျီချင်ရွှယ် လက်ကလေးကို ဆွဲပြီး သူ့နားကပ်အောင် ဖက်ထား လိုက်ကာ လျန်ဆန်းအွန်နား ဖြတ်လျှောက်လိုက်သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် မိန်းမချောလေးက နာကျင်စွာ အော်ဟစ် လိုက်သည်။
သူမ အသံကြောင့် လူအားလုံးသည် သူမကို ကြည့်လာပြီး ဘာဖြစ်တာလဲ စိတ်ဝင်စား သွားကြသည်။
“ဟောင်ရန် ဘာဖြစ်တာလဲ” အော်ဟစ်လိုက်သော မိန်းမလှဘေးတွင် ရှိနေသော လျန်ဆန်းအွန် က မဲ့ပြုံး ပြုံးလိုက်ကာ ရည်ရွယ်ချက် ရှိရှိ ကျယ်လောင်စွာ မေးလိုက်သည်။
“အဲလူ၊ အဲလူ ညီမ တင်ပါးကို လာရိုက်တယ်” ထိုလုံးကြီးပေါက်လှ မိန်းမလှလေးသည် ရဲချန်ဖန် ကို လက်ညိုး ထိုးလိုက်သည်။ သူမ မတရား ခံရဟန်နှင့် ရဲချန်ဖန်ကို စွပ်စွဲလိုက်သည်။
“ရဲချန်ဖန်၊ မင်း တော်တော် သတ္တိရှိနေတယ်ပေါ့။ ငါ့ သူငယ်ချင်းကို စော်ကားရဲတယ် ဟုတ်လား။ ငါ မင်းကို ဒုက္ခိတ ဖြစ်သွားအောင် မလုပ်ရဲဘူး ထင်နေလား” လျန်ဆန်းအွန် စိတ်ဆိုး မာန်ဆိုးဖြင့် အော်ဟစ် လိုက်သည်။
“သူ့ တင်ပါးကို ငါ ရိုက်တယ် ဟုတ်လား” သူတို့နှစ်ယောက် ကောက်ကျစ်စွာ အကောက်ကြံနေပုံ မြင်လိုက်ပြီး သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်နေလဲ သိလိုက်သည်။
“တောင်းပန်ပါတယ်။ ငါ မင်း ရုပ်ရည်လောက်ဆို စိတ်မဝင်စားဘူး။ မင်း ငါ့ကို ကိုင်စေချင်ရင် တောင်မှ မင်းကို မထိဘူး” ရဲချန်ဖန် နှုတ်ခမ်းများပင် ကွေးတက်အောင် ပြုံးလိုက်ပြီး ခပ်ရိုင်းရိုင်း ပြန်ပြောလိုက်သည်။
“ရှင် ရှင်” လုံးကြီးပေါက်လှ မိန်းမလှလေးသည် ရဲချန်ဖန် လန့်မသွားရုံ သာမက သူမကို လူရှေ့ တွင် ပြန်အရှက်ခွဲမှာကို မမျှော်လင့်ထားချေ။
“အစ်ကိုလျန်၊ သူ၊ သူ ညီမကို အသားလည်း ယူတယ်။ စော်ကားမော်ကားလည်း ပြောတယ်။ အစ်ကို၊ ညီမအတွက် ပြန်လက်စားချေ ပေးမှရမယ်” သူမ အရမ်း စိတ်ဆိုးကာ လျန်ဆန်းအွန် လက်မောင်းကို လှုပ်ရမ်းကာ ပြောလိုက်သည်။
” ရဲချန်ဖန် ငါတို့က လူကြီးလူကောင်းတွေ။ မင်းလုပ်ရဲရင် ခံရဲရမယ်။ မင်းလုပ်တာ ဝန်မခံရဲ ဘူးလား” လျန်ဆန်းအွန် အော်ဟစ် လိုက်သည်။
” စိတ်ပျက်စရာပဲ ” ရဲချန်ဖန် စိတ်ပျက် လက်ပျက် ခေါင်းယမ်းလိုက်သည်။
“ရှင်၊ ရှင်၊ လူလိမ် နှာဘူးကောင်” လူတွေ တဖြည်းဖြည်း စုပြုံလာတာ တွေ့လိုက်သဖြင့် သနားစရာ ပုံစံဖြစ်အောင် သူမ၏ သရုပ်ဆောင် ပါရမီကို ထုတ်ပြတော့သည်။ သူမ ငိုပြီး နာကျည်းစွာ စွပ်စွဲလိုက်သည်။
“မင်းနဲ့ငါက ဒီအတိုင်း ဘေးချင်းကပ် ဖြတ်သွားတာ။ မင်းကို ငါ ရိုက်လိုက်တယ် မင်း ပြောနေတာ မင်းမှာ သက်သေရှိလား။ ငါတို့မှာ မျက်လုံး သုံးလုံးပါရင်တောင် ဘယ်သူကမှ တွေ့တယ် မပြောနိုင်ဘူး။ ပြီးတော့ မင်းက ငါ့ ဇနီးလောင်းထက် ပိုလှတယ် ထင်နေတာလား။ မင်းကို အမှန်အတိုင်း ပြောရရင် မင်းကိုယ်တုံးလုံး ငါ့ရှေ့ လာရပ်နေရင်တောင် ငါ စိတ်ဝင်စားမှာ မဟုတ်ဘူး” သူ သနားစရာ ဟန်လုပ်နေသည့် လူလိမ် အမျိုးသမီးကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။ သူမ၏ ယုတ်မာသော သဘောထား အကြောင်း တွေးလိုက်ပြီး သူ ခပ်ရိုင်းရိုင်း ပြောလိုက်သည့်အတွက် အပြစ်ရှိသည်ဟု မခံစားရပေ။
လုံးကြီးပေါက်လှ မိန်းမလှသည် စော်ကားမော်ကား ပြောခံရသဖြင့် ဒေါသများ ထွက်ကာ တုန်ရီနေသည်။
“ရဲချန်ဖန်၊ မင်းကို ငါ ဘာမှ မလုပ်ရဲဘူး ထင်နေတာလား” လျန်ဆန်းအွန် အလွန်တရာ လူသတ်စိတ်ဖြင့် စိုက်ကြည့် လိုက်သည်။
“ငါ ထင်တာ၊ ဒါမှ မင်းရဲ့ တကယ့် ရည်ရွယ်ချက်။ ဒါပေမဲ့ ငါ မင်းဆန္ဒ ဖြည့်ဆည်း ပေးမယ်” သူ့ နှုတ်ခမ်းများပင် ကွေးကာ ရိုးရိုးလေး ပြောလိုက်သည်။
“လာခဲ့၊ မှားတဲ့လူ ဒီကနေ မောင်းထုတ်ခံရမယ်”
အပိုင်း (၂၂) ပြီး၏။ (၂၃) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset