Chapter – 45
“လီရန်ရှောင်လဲ့ .. နင် လာနောက်နေတာလား။သူတိုနှစ်ယောက်လုံးက သူတော်စင်တွေမှမဟုတ်တာ ဘယ်လိုလုပ်မှော်ဝင်သားရဲအကောင်၇၀ကျော်ကို တစ်နေ့ထဲနဲ့သတ်နိုင်မှာလဲ။မဖြစ်နိုင်တာပဲ”
လူငယ်တစ်ယောက်ကမယုံကြည်နိုင်စွာပြောသည်။
“ဟုတ်တယ်။အဲ့ဒါဟာသလိုပဲ။
အဆင့်၁မှော်ဝင်သားရဲတွေကိုသူတော်စင်တွေတောင်မှ အဲ့လောက်သတ်ဖို့လွယ်တာမဟုတ်ဘူး။
သူတော်စင်မဟုတ်သေးဘူးဆိုရင်တော့
ပြောမနေနဲ့တော့။ငါသံသယရှိတာကတော့သူတိုတွေရဲ့
သူတော်စင်စွမ်းအားတွေကအကန်အသတ်မရှိမှာကိုပဲ”
လေးစားသည့်လေသံဖြင့်
ကောင်မလေးတစ်ယောက်ကပြောသည်။ထိုအချိန်တွင်ဂျင်ချန်နှင့်
ထိုင်းတတို့ကိုအဖွဲ့ထဲဝင်ဖိုဖိတ်ခေါ်ခဲ့သူလူငယ်ကဆိုသ ည်။
“လီရန်ရှောင်လဲ့သူတို့ကိုနင်သိလား။ငါတိုခါဂဲအကယ်ဒမီမှာဘယ်တုန်းက
အဲ့လိုအံ့သြဖို့ကောင်းတဲ့လူတွေရှိသွားတာလဲ။ သူတော်စင်မဟုတ်ပေမယ့်
အဆင့်၁မှော်ဝင်သားရဲတွေကို
လွယ်လွယ်သတ်နိုင်တယ်ဟုတ်လား။တကယ်ပဲသူတိုကဘယ်သူတွေလဲ”
လီရန်ရှောင်လဲ့မျက်နှာက
ချက်ချင်းကိုဂုဏ်ယူဝင့်ကြွားသည့်အမူအယာပြောင်းသွားသည်။အေးအေးလူလူသူမပြောသည်။
“ငါပြောပြနိုင်ပါတယ်။
ပုဆိန်ကိုအမြုတေနဲလဲသွားတဲ့တစ်ယောက်က
အကယ်ဒမီမှာနာမည်ကြီးနေတဲ့
ကျောင်းအုပ်ရဲ့အလုပ်သင်ထိုင်းတပဲ။
နောက်တစ်ယောက်ကလူသစ်ပြိုင်ပွဲမှာပထမရသွားတဲ့ ချင်းယန်ရှင်းတန်ပဲ။’
လူတိုင်းကစိတ်လှုပ်ရှုားစွာမအော်ဟစ်မိကြခင်တခဏမျှ
ကြောင်အသွားကြသေးသည်။
“ဒီတော့သူတို့ကသာမန်မဟုတ်တဲ့သူတွေပေါ့။ ငါမအံ့သြတော့ပါဘူး”
“ထိုင်းတက
သခင်ချန်းနဲလက်ရည်တူနီးပါးတိုက်ခိုက်နိင်ခဲ့တယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်”
“အဲ့ဒိချင်းယန်ရှင်းတန်ဆိုတာက
သူတော်စင်ဖြစ်တဲ့ကဒီယန်ကိုအနိုင်တိုက်ခဲ့တာ။ငါအဲ့မှာရှိနေခဲ့တယ်။အဲ့ကောင်ရဲ့စွမ်းအားက
တကယ်အံ့သြဖိုကောင်းတယ်”
လီရန်ရှောင်လဲ့ရဲ့နောက်ကလိုက်ရှုပ်ခြင်းမရှိတော့
ဂျင်ချန်နဲထိုင်းတတိုကအမြန်သွားကြရာမကြာခင်မှာတတိယနယ်မြေကိုရောက်သွားတော့တယ်။
သူတိုတတိယနယ်မြေကိုစဝင်ပြီးတဲ့အခါ
ဒုတိယနယ်မြေနဲသိပ်မကွာခြားကြောင်းသိလိုက်ရတယ်။
သူတို့အထဲဝင်လာလေလေ
ပိုပြီးစိတ်မချမ်းမြေ့လာလေလေပင်။
တတိယနယ်မြေနှင့်စာလျှင်ဒုတိယနယ်မြေကမှသုခဘုံဟုခေါ်၍ရသေးပေမည်။
မြေကြီးကြောင့်လည်းဖြစ်နိုင်ပေသည်။ တတိယနယ်မြေမှာတော့
မြက်ပင်တွေသိပ်မရှိဖြောင့်တန်းနေသည့်လမ်းတွေကိုမြင်နိုင်ပေသည်။
ဂျင်ချန်နဲထိုင်းတတို့ရွံ့ဗွက်တွေထဲက မနည်းရုန်းကန်ကာထွက်လာကြရာ
သူတိုကိုယ်တွင်ပေတူးသွားတော့တယ်။ ကောင်းကျိုးကအင်းဆက်တွေကိုက်ခြင်းမှကာကွယ်ပေးနိုင်ခြင်းပေ။
“ချင်းယန်ရှင်းတန်
မင်းကတောနဲအတော်ရင်းနှီးတယ်ထင်တယ်။ဒါမှမဟုတ်
မင်းဒီတောထဲကိုအရင်ကရောက်ဖူးတာပဲဖြစ်ရမယ်။
ငါကတော့မင်းကိုတကယ်အံ့သြတယ်”
ဂျင်ချန်ကတဟားဟားရယ်ကာပြောသည်။“ငါကစာကြည့်တိုက်မှာ
စာအုပ်တွေအများကြီးဖတ်ခဲ့တယ်လေ။ဒါကြောင့်
တောတွင်းနဲပတ်သတ်ရင်ငါ့အသိဉာဏ်ကမြင့်တာပေါ့”
“သြော်မအံ့သြတော့ပါဘူး”
ထိုင်းတပြောပြီးနောက်ဂျင်ချန်အမူအယာကအခြေအနေမပြောင်းသေး။တစ်ချိန်ထဲတွင်
မြေကြီးကလှုပ်လာကာငလျင်လှုပ်သလို
ဖြစ်လာတော့တယ်။
ဂျင်ချန်ဘာမှမပြောပေမယ့်
ထိုင်းတကသဘောပေါက်လိုက်ကာပုဆိန်ကြီးကိုလက်နှစ်ဖက်နဲမြဲအောင်ကိုင်ထားလိုက်သည်။
ဂျင်ချန်ကဘယ်ဘက်သိုလှည့်ကြည့်ကာပြောသည်။“ထိုင်းတဂရုစိုက်။ဒီတစ်ခါငါတိုတွေ့မယ့်
မှော်၀၀င်သားရဲကအတော်ကြီးတယ်”“အေး”
တည်ကြည်သောအမူအရာနှင့်ထိုင်းတကပြန်ဖြေသည်။
အခုကတတိယနယ်မြေကိုရောက်နေတာဆိုတော့အဆင့်၁မှော်ဝင်သားရဲတော့ဖြစ်မှာမဟုတ်ဘူး။ အဆင့်၂မှော်ဝင်သားရဲဆိုကတည်းက
အဆင့်၁မှော်ဝင်သားရဲထက်အဆများစွာသန်မာပြီးသား။
ထိုကောင်တွေကသူတော်စင်တွေနဲတောင်
ယှဉ်တိုက်နိုင်သည်ပဲ…
ထိုကောင်ရဲ့စွမ်းအားကသိပ်မသန်မာဘူးဆိုရင်တောင်မှ
လျှော့တွက်လို့တော့မရပေဘူး။
သူတို့နှစ်ယောက်စိုးရိမ်စွာပတ်ဝန်းကျင်ကိုကြည့်နေစဉ်မှာ
မှော်ဝင်သားရဲကမြင်ကွင်းထဲဝင်လာသည်။
ထိုသားရဲရဲ့တစ်ကိုယ်လုံးကနီရဲနေကာ၃မီတာမြင့်ပြီး
၅မီတာကျယ်၏။သူ့ပါးစပ်မှငေါထွက်နေတဲ့ အစွယ်နှစ်ချောင်းမှာကြွက်သားတွေကို
အလွယ်တကူထိုးဖောက်နိုင်မည့်ပုံပင်။
နှာခေါင်းကရှည်နေတဲ့အတွက်
သူအရင်ဘဝကတွေ့ဖူးတဲ့အကောင်ဖြစ်တဲ့ဆင်နှင့်ပင်တူ
နေသေးသည်ပေ။သိုရာတွင်ဆင်ထက်တော့အကောင်ကြီးလေတယ်။
“ထိုင်းတသတိထားနော်။ဒီအဆင့်၂မှော်ဝင်သားရဲက တိမ်မီးတောက်သားရဲပဲ။ သူပါးစပ်ကနေ မီးမှုတ်နိုင်ပြီးရင်ဆိုင်ဖို့ခက်တယ်”
ဂျင်ချန်ကစာကြည့်တိုက်ကနေ စာအများကြီးဖတ်ထားတာမို့ အတော်များများသူသိသည်။ဘယ်လိုသားရဲဖြစ်ကြောင်းနဲ့
ဘယ်လိုသတ္တိတွေရှိကြောင်းသူသိသည်။
ထိုင်းတကခေါင်းပဲငြိမ့်သည်။စကားတစ်ခွန်းမှမဆိုဘဲသူအာရုံတွေအားလ့ုးကိုတိမ်မီးတောက်သားရဲတွင်သာ စူစိုက်ထားပြီးတိုက်ခိုက်ဖိုအသင့်ဖြစ်နေသည်။
“ဟောင်း…”
အရွယ်အလွန်ကြီးမားသည့်တိမ်မီးတောက်သားရဲကြီးက ဟိန်းဟောက်လိုက်ကာသူ့ခြေတုတ်ကြီးတွေဖြင့်
ဂျင်ချန်နဲထိုင်းတဆီလျှောက်လာတော့သည်။
ခြေတစ်ဖက်မြေသိုချတိုင်း
ကမ္ဘာကြီးတုန်သွားသလိုပင်ထင်ရလေသည်။ဂျင်ချန်မျက်လုံးတွေကအာရုံစူးစိုက်မှုကြောင့် တဖျက်ဖျက်လက်နေသည်။
“ငါကရှေ့ကတိုက်ခိုက်မယ်။မင်းက
ဘေးကနေပတ်သွားပြီးနောက်ကနေတိုက်ကွာ”
ပြောပြီးနောက်လေထဲသို့ခုန်တက်ကာ
တိမ်မီးတောက်သားရဲဆီတည့်တည့်ပြေးဝင်သွားတော့သည်။
ဂျင်ချန်စလှုပ်လိုက်သည်နှင့်
ထိုင်းတကလည်းလှုပ်ရှုားလေသည်။
တိမ်မီးတောက်ကိုစက်ဝိုင်းပုံပတ်ကာရှောင်သွားပြီးအနောက်သိုပြေးလေသည်။
သားရဲ၏ခေါင်းအထက်တွင်ရပ်ကာဂျင်ချန်မာန်သွင်းရင်း သူသူတော်စင်စွမ်းအားကိုသံချောင်းထဲထည့်ကာ
သားရဲ၏ခေါင်းထံပစ်သွင်းလိုက်သည်။“ဒင်း…”
သံမဏိဖြင့်လုပ်ထားသလို
သားရဲ၏ခေါင်းတွင်အစင်းရာလေးသာထင်သွားစေပြီးအထဲသို့ဖောက်အောင်လုပ်ဖိုရာမဖြစ်နိုင်ခဲ့။
ဂျင်ချန်မျက်နှာအမူအရာပြောင်းသွားသည်။
တိမ်မီးတောက်ကအရမ်းသန်မာတယ်ဆိုတာသိပေမယ့်အခုလောက်ကြိးးထိတော့ဖြစ်မည်မထင်မိခဲ့။
သူသံချောင်းတောင်မှသက်ရောက်မငမရှိဘူးတဲ့…
“အဟ“
တစ်ချက်ဟိန်းဟောက်ကာ
ထိုင်းတကသူ့ရဲ့သန်မာလွန်းတဲ့ခွန်အားတွေကိုသုံးပြီး တိမ်မီးတောက်ရဲ့ဖင်ကိုပုဆိန်ဖြင့်ခုတ်ပိုင်းလိုက်သည်။ သိုပေမယ့်ဂျင်ချန်နည်းတူပင်။သူပုဆိန်က
အသားကိုထိသွားပေမယ့်ကြီးကြီးမားမားမဟုတ်ခဲ့။
သူတို့ရဲ့တိုက်ခိုက်မှုက
တိမ်မီးတောက်ကိုဒေါသထွက်စေကာ
ဟိန်းဟောက်လာလေတော့တယ်။ခေါင်းကိုမော့ကာဂျင်ချန်ကိုတိုက်ထုတ်သည်။ထိုအခါ
ဂျင်ချန်လွင့်ပျံသွားပေမယ့်
သူခြေထောက်ကိုသူအမြန်အရှိန်ထိန်းလိုက်ကာ
သစ်ကိုင်းတွေကိုခုန်ကျော်ပြိး အနားရှိသစ်ကိုင်းပေါ်ခုန်တက်လိုက်သည်။
ဂျင်ချန်ကိုတိုက်ထုတ်ပြီးနောက်ထိုင်းထဘက်လှည့်ကာ ကိုက်ဖိုပြင်သည်။
ထိုင်းတချက်ချင်းခုန်ရှောင်ထွက်လာကာ
သူပုဆိန်နှင့်ချက်ချင်းပင်တိမ်မီးတောက်၏အစွယ်တွေကို ခုတ်ပစ်သည်။
“ဒင်“
ပုဆိန်ကအစွယ်တစ်ချောင်းကိုအမြစ်ကနေ
ကျိုးထွက်သွားစေပေမယ့်ထိုင်းတရဲ့ပုဆိန်သည်လည်း အစိတ်စိတ်အပိုင်းပိုင်းကွဲထွက်သွားသည်။
“ဟောင်း….”
တိမ်မီးတောက်ကဒေါသထွက်သွားကာ
ထိုင်းတထံဝင်လာပြန်သည်။
တိမ်မီးတောက်သူထံပြေးလာသည်ကိုကြည့်ကာထိုင်းတမျက်လုံးတွေက အန္တရာယ်ကို ခံစားမိပြီးတဖျက်ဖျက်ခတ်သွားသည်။ရှောင်မနေတော့ဘဲ
ပုဆိန်ကိုလွှတ်ချလိုက်ကာသူလက်နှစ်ဖက်ကိုသာသုံးးပြီး ကျန်နေတဲ့အစွယ်ကိုကိုင်ကာချိုးလေတော့တယ်။
တိမ်မီးတောက်ကိုအနောက်ဆုတ်သွားအောင်တွန်းထိုးရင်းကြိုးစားကာတိုက်ခိုက်နေလေသည်။
ထိုင်းတကအခုဆိုရင်
ကြောက်မက်ဖွယ်ကောင်းတဲ့သားရဲအဖြစ်ပြောင်းသွားပြီ။သူလက်နှစ်ဖက်နဲ့
တိမ်မီးတောက်ရဲ့အစွယ်ကိုကိုင်ပြီးတွန်းနေတာများဆို မသိရင်ခွန်အားချင်းယှဉ်ပြိုင်နေသည့်အလားပေ။
ထိုင်းတကအရမ်းသန်မာလွန်းပေမယ့်
တိမ်မီးတောက်လိုအကောင်ကြီးကြီးနဲယှဉ်ရင်တော့
သူကသေးငယ်လွန်းနေသည်။
အခြေအနေကမဟန်တော့ဘဲသူသာ
နောက်သိုပြန်ဆုတ်နေရရာ
မြေပြင်တွင်ခြေရာအစင်းကြောင်းကြီးတောက်လျှောက်က ပ်ပါနေတော့သည်။
“အား”
ထိုင်းတရဲ့မျက်လုံးတွေမှာရူးနှမ်းမှုတွေပေါ်လာကာသူဟိန်းဟောက်သည်။သူလက်မောင်းတွေမှ
သွေးကြောတွေပင်ပေါ်လာကာ
သူနဂိုထက်အားပိုထည့်လိုက်သည်။“ဖန်း”
ကျန်နေတဲ့အစွယ်တစ်ချောင်းလည်းကျိုးသွားကာတိမ်မီးတောက်ရဲ့ပါးစပ်မှာ
သွေးချင်းချင်းနီသွားတော့တယ်။ခွန်အားအများသုံးခဲ့ရတာမို့
ထိုင်းတရဲ့အခြေအနေကသိပ်မဟန်တော့။လတ်စသတ် လိုသဖြင့်ကျိုးသွားတဲ့အစွယ်ဖြင့်
တိမ်မီးတောက်ရဲ့ခေါင်းကိုထိုးစိုက်ပစ်လိုက်သည်။
တိမ်မီးတောက်ရဲ့အစွယ်ကဂျင်ချန်ရဲ့သံချောင်းနဲယှဉ်ရင် အလွန်ချွန်ထက်သည်။သိုပေမယ့်လည်း
အပေါက်သေးသေးလေးကိုသာဖြစ်စေပြိး
သွေးနည်းနည်းကပန်းထွက်လာလေသည်။
ထိုင်းတကရိုင်းစိုင်းစွာနဲသူအစါယ်ကိုချိုးပစ်လိုက်တော့တိမ်မီးတောက်ရဲ့မျက်လုံးတွေနီရဲသွားကာ
သူပါးစပ်ကြီးကိုနဂိုထက်ပိုကျယ်အောင်
ဟလိုက်တော့သည်။
ကျယ်လောင်တဲ့ဟိန်းသံကြီးနှင့်အတူ
တိမ်မီးတောက့်ပါးစပ်ထဲမှမြွေတွေထွက်လာသကဲ့သို့ မီးတွေကလိမ်တွန်ကာထွက်လာတော့တယ်။
ပတ်ဝန်းကျင်ရဲ့အပူချိန်ဟာ
ချက်ချင်းတိုးတက်လာတော့သည်။မီးမုန်တိုင်းသဖွယ်
မီးတောက်တွေကသူထံတိုးဝင်လာတာကိုမြင်ရသည့်အခါမှာတော့ထိုင်းတအမူအရာပြောင်းသွားကာ
လွတ်ရာသို့အမြန်ခုန်ရှောင်ရတော့သည်။သူခွန်အားအ၇ လွတ်အောင်ရှောင်ဖိုမဖြစ်နိုင်လေတော့
သူကိုယ်မာမီးတွေစွဲလောင်သွားတော့သည်။
ထိုင်းတကိုယ်ကိုမီးလောင်သွားတာလည်းမြင်ရော
ဂျင်ချန်လန်သွားကာသစ်ကိုင်းတစ်ခုကိုအမြန်ချိုးယူ၍
ထိုင်းတထံသေနတ်မှထွက်လာတဲ့ကျည်ဆန်အလား
တစ်ဟုန်ထိုးပြေးသွားတော့တယ်။“ဟူး….”
တိမ်မီးတောက်ကထပ်မံဟိန်းဟောက်ကာ
မီးလောင်နေတဲ့ထိုင်းတထံပြေးဝင်လာပြန်သည်။
သူပါးစပ်ကြီးကိုဖွင့်ကာ
ထိုင်းတကိုစားဖိုကြိုးစားလေသည်။
သူပါးစပ်မီးစွဲမည်ကိုပင်ဂရုမစိုက်သည့်ဟန်…တိမ်မီးတောက်ကထိုင်းတကိုစားခါနီးမှ
ဂျင်ချန်ကအနားရောက်လာကာ
သစ်ကိုင်းထဲသူကအားအကုန်ထည့်၍ထိုင်းတကို
သားရဲနဲ့၁၀မီတာကွာသည်အထိဆွဲခေါ်လိုက်သည်။ ဂျင်ချန်ကထိုင်းတကိုသစ်ကိုင်းမှဖယ်လိုက်ကာ
မီးပူမှာကိုပင်ဂရုမစိုက်ဘဲ
လက်မောင်းတွေကိုမြန်မြန်လှုပ်ရှုားလိုက်ပြီးထိုင်းတဝတ်ထားတဲ့
ဝံပုလွေပြာသားရေကိုခွာထုတ်ပစ်လိုက်သည်။မီးကသားရေကိုစွဲနေတာမို့
ဖယ်လိုက်တဲ့အခါမှာတော့ထိုင်းတထံမီးဆက်မလောင်တော့။
ထိုင်းတရဲ့ကျောင်းဝတ်စုံကတော့
အတွင်းနေရာတွေမပေါ်ရုံတမယ်အထိစုတ်ပြဲနေလေသည်။
ထိုင်းတကမြေကြီးမှထရမည့်အစား
မြေပြင်တွင်လှိမ့်နေကာအထွန်တက်နေလေတယ်။
“ပူတယ်။ပူတယ်။အပူရှိန်ကြောင့်
ငါသေတော့မယ်ထင်တာ။ငါ့ကိုမီးလောင်သွာတာ”ထိုင်းတအော်နေပုံကိုကြည့်ကာ
ဒီကောင်တော့အတွေ့အကြုံမရှိဘူးဘဲဟု
တွေးမိလိုက်တော့တယ်။မီးအရှိန်ကြောင့်ထိုင်းတခေါင်းမှာ ဆံပင်တွေမရှိတော့ဘဲကတုံးပြောင်ကြီးဖြစ်သွားချေပြီ။
ဆံပင်တစ်ပင်လေးတောင်ကျန်မနေခဲ့။ဒါ့အပြင်
မျက်ခုံးမွှေးတွေ၊မျက်တောင်မွှေးတွေပါမရှိရှာတော့….