Switch Mode

Chapter – 18

ဖြစ်လာမည့် အကျိုးဆက်

အခန်း (၁၈) ဖြစ်လာမည့် အကျိုးဆက်

“လမ်းဖယ်ကြ။ ဘေးဖယ်ကြ၊ ဘာဖြစ်နေကြတာလဲ။ ဒါကို ဘယ်သူ လုပ်တာလဲ” လက်နက် အပြည့်အစုံနှင့် စည်းကမ်း ထိန်းသိမ်းရေးမှူး လေးဦး ထွက်ပေါ်လာသည်။
“ဗိုလ်ကြီးရှု ကျွန်တော်က ဒီဝမ်ရှီပါ။ ဒီလူက အခု ကျွန်တော်ကို သတ်ချင်နေတာ။ မြန်မြန် ကျွန်တော်ကို ကယ်ပါဦး” တဖြည်းဖြည်း ချဉ်းကပ်လာသော စည်းကမ်း ထိန်းသိမ်းရေးမှူး လေးဦးကို အော်ဟစ် အကူအညီ တောင်းတော့သည်။
“သခင်လေးဒီလား” ချမ်းသာသော ဒီကလန်မှ သခင်လေး ဖြစ်သောကြောင့် စည်းကမ်း ထိန်းသိမ်းရေးမှူး လေးဦးက သူ့ကို မှတ်မိသွားသည်။ ဒီဝမ်ရှီ ဒူးထောက်နေသည်ကို တုန်လှုပ် သွားကြ သည်။ သူတို့ ခပ်တင်းတင်း ပုံစံနှင့် ရဲချန်ဖန်ကို ဘယ်သူလဲ ခန့်မှန်း နေကြသည်။
“ဗိုလ်ကြီးရှု၊ သူက နောက်ခံ အခြေအမြစ် မရှိတဲ့ ဥပဒေမဲ့ လူရမ်းကားပဲ။ သူ့ကို ဖမ်းဖို့ ကူညီပေးရင် ဒီကလန်က သေချာပေါက် ဆုအများကြီးနဲ့ ကျေးဇူဆပ်မှာပါ”
တွေဝေနေသော ဗိုလ်ကြီးရှုတို့ တစ်သိုက် ဘာတွေးနေလဲ သိလိုက်ပြီး ရဲချန်ဖန် ဘယ်သူလဲ ပြောရင်း မက်လုံးပေး လိုက်သည်။
“ဘက်ဂရောင်း မရှိဘူး ဟုတ်လား”
ဒီဝမ်ရှီ စကားကြားပြီး ဗိုလ်ကြီးရှု စိတ်အေးသွားသည်။ ရဲချန်ဖန်ကို အေးစက်စက် ကြည့်လိုက်ပြီး ပြောင်လိုက်သည်။
“လူပုံလယ်မှာ လူသတ်ရဲတယ် ဟုတ်လား”
“လူသတ်တယ် ဟုတ်လား။ သူတို့က ငါ့ကို အရင်လုပ်တာ၊ သူတို့ ငါ့လောက် အစွမ်းမရှိတော့ ငါ လုပ်တာ သူတို့ ခံရတာပဲ” ရဲချန်ဖန် လက်နောက်ပစ်ပြီး ဘာမှ ထူးခြားသည့်ကိစ္စ မဟုတ်သည့်ပုံနဲ ပြောလိုက်သည်။
“မင်းက ငါ့ ရှေ့မှာ မောက်မာရဲတယ်ပေါ့။ မင်းတို့ ဘာ ရပ်စောင့်နေတာလဲ။ သူ့ကို သွားဖမ်း လိုက်။ ခုခံရင် တစ်ခါတည်း သတ်ပစ်”
“ဘယ်လောက် ဩဇာ ရှိလိုက်လဲ” ရဲချန်ဖန် နှာခေါင်းရှုံ့ပြီး အလွန်ကြီးမားသော အစွမ်း သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။ အဲအချိန်သည် သူသည် သင်းကွဲ ဝံပုလွေလိုပင် အစွယ်များ ထုတ်ပြ ရပေမည်။
ရဲချန်ဖန်ဆီမှ ကြောက်မက်ဖွယ် ဖိအားကို ခံစားရပြီး စည်းကမ်းထိန်း နှစ်ယောက် တုန်လှုပ် သွားသည်။ သူတို့ ထိတ်လန့်ဖွယ် ခံစားချက် ရနေပြီး အလိုလို နောက်ဆုတ် သွားကြသည်။
“မင်း မင်း ငါတို့ကို ဘာလုပ်မလို့လဲ။ ဥပဒေကို ဆန့်ကျင် မလို့လား” ဗိုလ်ကြီးရှုက ရဲချန်ဖန် အဲလောက် အစွမ်းထက်မည် မထင်ခဲ့ပေ။ အသံများပင် ထစ်နေပြီး ခြိမ်းခြောက် လိုက်သည်။
“မင်းတို့သေမှာ မကြောက်ရင် တိုက်ကြ။ အကျိုးဆက်ကို မင်းတို့ပဲ ခံရမှာ” ရဲချန်ဖန် လူ သတ်စိတ်ဖြင့် ဗိုလ်ကြီးရှုတို့ တစ်သိုက်ကို ခက်ထန်စွာ ပြောလိုက်သည်။
“မင်း” သူတို့ ကြောက်လန့်ပြီး အရမ်းကာရော မလုပ်ရဲချေ။
ဒူးထောက်နေသော ဒီဝမ်ရှီသည် ရဲချန်ဖန်၏ လူသတ်စိတ်ကို ခံစားနေရပြီး ချွေးစီးများ ထွက်နေ သည်။
နှစ်ဖက်လုံး ပေါက်ကွဲလု ဆဲဆဲတွင် အနီရောင် စကပ်နှင့် အလွန်ချောမော နေသည့် ချောင်ဂျင်ယွမ် ရောက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ရဲချန်ဖန်က ငါ သူငယ်ချင်း။ ဘယ်သူ သူ့ကို ထိရဲလဲ”
“မိန်းကလေး ချောင်”
ချောင်ကလန်နှင့် ဒီကလန် နှစ်ခုလုံး အင်ပါယာမြို့တွင် ချမ်းသာ အစွမ်းထက်သော်လည်း ချောင်ကလန်က ဒီကလန်ထက် အင်အားကြီးသည်။ ဗိုလ်ကြီးရှုက ချောင်ဂျင်ယွမ် ကြည့်ပြီး စိတ်အေးသွားပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။
ရဲချန်ဖန်က ချောင်ဂျင်ယွမ် လာကူညီမည်ဟု မမျှော်လင့်ချေ။ သူမ သူ ဘယ်သူလဲ ဆိုတာ သိသွား ပြီလား။ တောထဲတွင် သူမကို ကယ်တင်ခဲ့သည့် အချိန်မှာ သူမ သိသွားတာလား။
သို့သော် ရဲချန်ဖန် သူမကို ကယ်ချိန်တွင် သူမ အဆိပ် အလွန်တက်နေချိန် ဖြစ်ပြီး သူလည်း ရုပ်ဖျက် ထားသည်။ သူမှန်း သိဖို့မှာ ဖြစ်နိုင်ချေ အရမ်းနည်းသည်။ ဒါအပြင် သူ့ကို မှတ်မိဦးတော့ သူ ဝန်ခံမည် မဟုတ်ပေ။
ချောင်ဂျင်ယွမ် အလွန်လှသော်လည်း သူမက အလွန်စီးပွားတွက် တွက်ချက်သူ ဖြစ်သည်။ သူမနှင့် ဇာတ်လမ်း ဖြစ်ဖို့လည်း သူ မတွေးထားချေ။
“ရဲချန်ဖန်၊ ငါ နင်ကို ကိစ္စတစ်ခု ရှိလို့ ရှာနေတာ။ ငါတို့ နှစ်ယောက်တည်း စကားပြောရအောင်” ချောင်ဂျင်ယွမ်က ဗိုလ်ကြီးရှုကို အဖက်ပင် မလုပ်တော့ဘဲ ရဲချန်ဖန်ကို ဝေခွဲမရ ကြည့်ကာ ပျော့ပျော့ ပျောင်းပျောင်း ပြောလိုက်သည်။
သူမ ရဲချန်ဖန်၏ အရှိန်အဝါ ခွန်အားကို ကြည့်ပြီး ကိုလူချော၏ အရိပ်ကို အလိုလို မြင်လာ သလိုပင်။
“မိန်းကလေးချောင်၊ မိန်းကလေး မိတ်ဆွေက လူလယ်ခေါင်မှာ ဒီသခင်လေးကို ရိုက်ထားတာ။ သူ့ကို လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီကလန်ကို ကျွန်တော်တို့ မရှင်းနိုင်ဘူး”
“ရှင် ဒီကလန် မေးလာရင် ပြောလိုက်။ သူက ရဲမိသားစုဝင်ဆိုတာ။ ပိုအရေးကြီးတာက သူ လုပ်တာ မမှားဘူး။ သူ့ကို မှားဖမ်းရင် ငါတို့ ရဲမိသားစုက ထိုင်ကြည့်နေမှာ မဟုတ်ဘူး” အဲအချိန်တွင် သတင်းကြားပြီး ရဲဇီလင် အကယ်ဒမီရှေ့ ရောက်လာကာ ပြောလိုက်သည်။
“ဟင်း”
ရဲချန်ဖန် ရဲကလန်ကို ထပ်အကြွေးတင် ဆက်နွှယ်မှု မရှိချင်တော့ပေ။ သို့သော် မသိပဲနှင့် သူ ရဲဇီလင် ကျေးဇူး ရှိနေပေသည်။
“တော်ဝင် မြို့တော် ရဲမိသားစုလား”
ချောင်ဂျင်ယွမ်က ဗိုလ်ကြီးရှုကို တွေဝေစေပြီး ရဲဇီလင် ထွက်ပေါ်လာမှုက ရဲချန်ဖန် ကို ဖမ်းဖို့ မဖြစ်နိုင်တော့ပေ။ ဗိုလ်ကြီးရှု တော်ဝင်မြို့တော် ရဲမိသားစုကို ပြဿနာဖြစ်လျှင် အဖြူရောင် အင်ပါယာမြို့ မဆိုထားနှင့် ဇီကျင် နိုင်ငံထဲတွင် ခြေချဖို့ မဖြစ်နိုင်ပေ။
“တောင်းပန်ပါတယ် သခင်လေးရဲ။ မိုက်မဲမိပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ” သူ ရဲချန်ဖန် နောက်ခံသိပြီး အချိုး ချက်ချင်း ပြောင်းသွားသည်။
“ထွက်သွားစမ်း” ရဲဇီလင် စိတ်ဆိုးဆိုးနဲ့ ပြောလိုက်သည်။
“ဟုတ် ဟုတ်ကဲ့၊ အခု သွားပါ့မယ်”
ဗိုလ်ကြီးရှု ထွက်သွားပြီးနောက် ဒီဝမ်ရှီ အကြာကြီး ဆက်မနေရဲတော့ချေ။ သူ အမြန် ထပြေး သွားတော့သည်။
“ကျေးဇူးပဲ” ရဲချန်ဖန် ရဲဇီလင်ဆီ သွားပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“ရဲချန်ဖန်၊ ကိုယ်ဟာကို ဂရုစိုက်” ရဲဇီလင် စကား အများကြီး မပြောဘဲ လှည့်ပြန်သွားသည်။
“ရဲချန်ဖန်၊ နင့်ကို မေးစရာ ရှိတယ်။ ငါကို အမှန်အတိုင်း ဖြေပေးနိုင်မလား” အကုန်လုံး ထွက်သွား ပြီးနောက် ချောင်ဂျင်ယွမ်ကို မျှော်လင့်ချက်နဲ့ ကြည့်ပြီး နူးညံ့စွာ မေးလိုက်သည်။
“ဘာလဲ”
“အဲညမှာ ငါ့ကို ကယ်ခဲ့တာ နင်လား” သူမ အနည်းငယ် တွေဝေပြီး ဝေခွဲမရသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“အဲည ဟုတ်လား၊ ဘာပြောတာလဲ။ နင် လူမှားနေတာလား” ရဲချန်ဖန် မသိချင်ယောင် ဆောင်လိုက်သည်။
“အဲဒါ နင် တကယ် မဟုတ်ဘူးလား” သူမ စိတ်ပျက်သံနှင့် ပြောလိုက်သည်။
သူမ နှလုံးသားက အဲနေ့တွင် သူမကို ကယ်တင်ခဲ့သည့် ကိုလူချောသည် ရဲချန်ဖန် မဖြစ်နိုင်ဟု ပြောနေသော်လည်း ရဲချန်ဖန် ဒီဝမ်ရှီကို အနိုင်ယူ လိုက်ပုံမှာ ကိုလူချောနှင့် အလွန်တူနေသည်။
“ဝမ်းနည်းပါတယ်။ နင် ပြောနေတာ ငါ နားမလည်ဘူး” သူ ခေါင်းခါပြီး ပြောလိုက်သည်။
“ရပါတယ်။ ငါ သွားတော့မယ်” သူမ ရဲချန်ဖန် အမူအရာကို မခန့်မှန်းနိုင်ဘဲ သူမကိုယ်သူမ ရယ်ကာ ရဲချန်ဖန်ကို စိတ်မဝင်စားတော့ချေ။
“ချောင်ဂျင်ယွမ်” သူ့နားက ထွက်ခွာသွားသော လှပသော ပုံရိပ် ကြည့်ပြီး သက်ပြင်းသာ ချမိသည်။
ဝိညာဉ်စုပ်သိုင်းနှင့် အစွမ်းထက် ပညာများ ရပြီးနောက် သူရှိမည့် နေရာသည် ဤနေရာတွင် မဟုတ်တော့ပေ။ ဤနေရာသည် သူ၏ အတိတ် မှတ်ဉာဏ်သာ ဖြစ်လာလိမ့်မည်။ အတွေးများ စုစည်းလိုက်ကာ သိပ်မခံစားတော့ချေ။ မဟုတ်က သူ့ တာအို နှလုံးသားကို ထိခိုက်လာလိမ့်မည်။
အခန်း (၁၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset