အခန်း (၁၆) တိတ်ဆိတ်သော ည
ည တဖြည်းဖြည်း နက်လာပြီး ကမ္ဘာမြေ တစ်ခွင်ကို လရောင် ဆမ်းထားသလို အလွန်လှပ၍ တိတ်ဆိတ် ငြိမ်ချမ်းနေသည်။
“ညဉ့်နက် လာပြီ။ အနားယူတော့။ ငါ အပြင်ထွက် လိုက်ဦးမယ်”
တိတ်ဆိတ်ခြင်းက ကြီးဆိုးလာနေပြီး သူတို့ နှစ်ယောက်လုံး အတူ ရှိနေသော်လည်း စကား တစ်လုံးမှ မပြောဖြစ်ကြချေ။ ရဲချန်ဖန် ပြတင်းပေါက် မှတစ်ဆင့် ကြယ်ရောင် မှိတ်တုတ်မှိတ်တုတ် လင်းနေသော ကောင်းကင်ကို ကြည့်နေလိုက်သည်။
“ချန်ဖန် မသွားနဲ့ဦး၊ ငါ အကူအညီ တောင်းစရာ ရှိတယ်” သူမ မျက်နှာလေး ရှက်သွေးဖြာ၍ နီမြန်းနေသည်။
“ဘာ ကူညီရမှာလဲ”
“ငါ ငါတို့အတူတူ အိပ်နေတာကို မှတ်ဉာဏ် ကျောက်တုံးနဲ ရိုက်ထားချင်လို့”
ဂျီချင်ရွှယ်က ရဲချန်ဖန်လို ပိုက်ဆံမက်သူကို အထင်မကြီး၍ အိပ်ရာတစ်ခုတည်း အတူ အိပ်ရမည်ကို စိတ်ညစ်နေသည်။
“ရတယ်လေ”
သူ ဂျီချင်ရွှယ် မည်သည့် မြင်ကွင်းမျိုး လိုချင်သည်ကို နားလည်လိုက်ပြီး ပျော်ပျော်ကြီး သဘောတူ လိုက်သည်။
“ချန်ဖန် ခဏနေဦး။ ငါ ညဝတ်အင်္ကျီ လဲလိုက်ဦးမယ်” သူမ၏ အဘိုး အတင်းအကျပ် ပေးစားခြင်းကို လွန်ဆန်ဖို့ ကြိုးစားရာတွင် အတက်နိုင်ဆုံး သရုပ်တူအောင် လုပ်ရပေမည်။ ထိုသို့ ပြောပြီးနောက် သူမ မျက်နှာ အလွန် နီရဲနေပြီး အဝတ်လဲရန် ထ ထွက်သွားသည်။
“ရဲချန်ဖန် ဝင်လာလို့ ရပြီ” မကြာမီပင် သူမ၏ ချိုသာသော အသံလေးကို ကြားလိုက်ရသည်။
သူ အခန်းထဲ ဝင်လိုက်ချိန်တွင် မိန်ဖျော့ဖျော့ ညမီး အလင်းရောင် အောက်တွင် သူ ဝင်လာသည် ကို ကြည့်နေသည့် ညအိပ်ဝတ်စုံနှင့် လှချင်တိုင်း လှနေသည့် အလှနတ်သမီးလေးကို အိပ်ရာအစွန်းတွင် တွေ့လိုက်ရသည်။
ညဝတ်အင်္ကျီဖြင့် သူမသည် အလွန်လှနေပြီး မည်သည် ယောက်ျားမဆို တန်းတန်းစွဲသွား စေနိုင် သည်။ သူမ၏ ကြည်လင်သော အသားအရေ၊ အချိုးကျလှသည့် ခန္ဓာကိုယ်က ငြင်းဆန်ရန် ခက်ခဲမည့် မမြင်ရသည့် ဆွဲဆောင်အား ထွက်နေသည်။
ရဲချန်ဖန်သည် ဂျီချင်ရွှယ်အကြောင်း မတွေးတာ ကြာပြီ ဖြစ်သော်လည်း သူမ အလွန်လှပ သည်ကိုတော့ ဝန်ခံရပေမည်။
“ချန်ဖန် ဒုက္ခပေးမိတာ အားနာလိုက်တာ”
ရဲချန်ဖန်နှင့် အကြည့်ချင်း ဆုံသွားပြီး သူမ မသက်မသာ ခံစား လိုက်ရသည်။ သူမ စိတ်ချလက်ချ ဖြစ်နေသည်မှာ ရဲချန်ဖန် စိတ်မထိန်းနိုင်ပဲ လျှောက်လုပ်မည်ကို သူမ၏ အဆင့်ခြောက် သားရဲအစွမ်းဖြင့် ထိန်းချုပ် နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
“ငါ မင်း ပိုက်ဆံယူလိုက်ပြီဆိုတော့ မင်းအတွက် အလုပ် လုပ်ပေးရမှာပေါ့”
ရဲချန်ဖန် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကို မကြည့်ရဲတော့ဘဲ သူမ ဘေးကို လျှောက်သွား လိုက်သည်။ သူ အပေါ်အင်္ကျီတွေကို ချွတ်လိုက်ရာ သူ၏ သန်မာ တောင့်တင်းသော ကိုယ်ခန္ဓာ ပေါ်လာ သည်။ ထို့နောက် သူမ ရှိနေသည့် နေရာကို တိုးဝင် လဲလျောင်းလိုက်သည်။
“ဟူး”
သူမ အသက် ခပ်ပြင်းပြင်း ရှူလိုက်ပြီး မှတ်ဉာဏ် ကျောက်တုံး ထုတ်ပြီး အိပ်ရာ၏ ဘေးနောက် တွင် ချပြီး သူမနှင့် ရဲချန်ဖန် အတူတူ အိပ်နေပုံကို ရိုက်ရန် ပြင်ဆင်လိုက်သည်။
မှတ်ဉာဏ် ကျောက်တုံး အသင့်ပြင်ပြီးနောက် အသင့်ဇာတ်တိုက် ထားသည့်အတိုင်း စောင်ကို နှစ်ယောက်သား အတူတူ ချုံပြီး လဲချလိုက်သည်။
သူတို့ ခန္ဓာကိုယ် ပူးကပ်သွားစဉ် ချင်ရွှယ်၏ အပျိုရနံ့လေး ရလိုက်သည်။ ထို့နောက် သူ့ ရင်ဘတ် ထဲတွင် အမျိုးအမည်မသိ ခံစားချက်များ ဖြစ်လာသည်။ ထိုရနံ့လေးကို စိတ်မထိန်းနိုင်ဘဲ ရှူရန် ခန္ဓာကိုယ် ကို သူမနား တိုးကပ်သွားသည်။
ရဲချန်ဖန် အပြုအမူကြောင့် သူမ မကျေမနပ် ဖြစ်သွားသော်လည်း သူမ ရည်ရွယ်ချက် ပြီးမြောက် ရန် ရွံရှာစိတ်ကို ထိန်းချုပ်လိုက်သည်။ သူမ ခေါင်းလေးကို ရဲချန်ဖန် ပခုံးပေါ် မှေးတင်ပြီး မျက်လုံးများ မှိတ်လိုက်သည်။
အဲအချိန် ခဏလေး အတွင်းတွင် အခန်းသည် တိတ်ဆိတ်မှု ကြီးစိုးသွားသည်။ သူတို့ နှစ်ယောက်သည် တစ်ယောက် အသက်ရှူသံ တစ်ယောက် ကြားနေရသည်။
အစပိုင်းတွင် သူမ ရဲချန်ဖန်နဲ့ အသားချင်း ထိပြီး နီးကပ်နေမှုကြောင့် မသက်မသာ ဖြစ်နေသည်။ သို့သော် ရဲချန်ဖန် နှလုံးခုန်သံ ကြားနေရပြီး အသားမှ အနွေးဓာတ်ကြောင့် စိတ်ငြိမ်းချမ်းပြီး အေးချမ်းမှု ကို ခံစား နေရသည်။
သူမသည် လက်ထပ်ရန် ဖိအားပေး ခံရမှုကြောင့် အလွန် စိတ်ဖိစီး နေခဲ့သည်။ သူမ၏ တာအို နှလုံးသားကို သက်ရောက် စေခဲ့သည်။ သူမ ရဲချန်ဖန် နဲ့အတူ ပြီးနောက် သူမ၏ စိုးရိမ်မှု၊ ဖိအား အရာ အားလုံးသည် ပျောက်ကွယ် သွားသည်။
တဖြည်းဖြည်းနှင့် စိုးရိမ်စိတ် သူမ ဘေးရှိ လူများအကြောင်း၊ အရာအားလုံးကို တဖြည်းဖြည်းနှင့် မေ့သွားသည်။ အရာအားလုံးက ငြိမ်သက်သွားပြီး ရဲချန်ဖန် ရင်ခွင်ထဲတွင် သူမ ငြိမ်းချမ်းစွာ အိပ်မောကျ သွားသည်။
ရဲချန်ဖန် သူမ၏ ဝင်လေထွက်လေကို ခံစား သိရှိနေပြီး သူမ အိပ်ပျော် သွားသည်ကို သိလိုက်သည်။ သူမ၏ ချောမောလှပ လှသည့် မျက်နှာလေးကို ကြည့်ရင်း ခေါင်းခါလိုက်ကာ အဝတ်များ ပြန်ဝတ်ကာ အပြင်ကို ထွက်သွားသည်။
မနက်ခင်း စောစောတွင် အလင်းရောင်များ အခန်းထဲ ဝင်ရောက်လာသည်။ နှစ်ခြိုက်စွာ အိပ်မော ကျနေသည့် ဂျီချင်ရွှယ် နိုးလာသည်။
“ဟာ ငါ ငါ အိပ်ပျော် သွားတာပဲ” သူမ မျက်လုံးများ ပွင့်လာပြီးနောက် သူမ အိပ်ပျော် သွားသည်ကို မယုံနိုင် ဖြစ်နေသည်။
သူမသာ အဲမုန်းစရာ ကောင်းသောသူ ရင်ခွင်ထဲ အိပ်ပျော်သွားမည်ဟု မတွေးထားမိချေ။ ကြောက်လန့်စိတ်များ ဖြစ်လာပြီး သူမ လန့်သွားသည်။
“သူ ငါကို ဘာမှ မလုပ်ပါဘူးနော်၊ ဟုတ်တယ်မလား”
သူမ ကြောက်လန့်ကာ မှတ်ဉာဏ် ကျောက်တုံး ထုတ်လိုက်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာ ပြန်ကြည့် လိုက်သည်။
သူမ ရဲချန်ဖန် ရင်ခွင်ထဲ အိပ်မောကျပြီး နောက်တွင် ရဲချန်ဖန် ထ ထွက်သွားသည်ကို တွေ့လိုက် ရသည်။
“အနည်းဆုံးတော့ သူ ရိုးသား သားပဲ။ နင် ငါ့ကို ထိခဲ့ရင် ငါ နင်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး” သူမ ကျေနပ် သွားသော်လည်း သူမ စိတ်ထဲတွင် ဝေခွဲမရသော စိတ်လေး ဖြစ်ပေါ်လာသည်။
သူမ နားမလည် နိုင်သည်မှာ သူမ ရဲချန်ဖန် နှင့်အတူ ရှိနေစဉ် သူမ စိတ်နှလုံး ငြိမ်းချမ်းမှု ခံစားရခြင်း ဖြစ်သည်။
“ဟူး ငါ့အဆင့်က အခြေခိုင်သွားပြီ”
တစ်ညလုံး လေ့ကျင့်ပြီးနောက် သူ အဆင့်သုံး အခြေခိုင် တည်ငြိမ်သွားသည်။ သူ သွေးဥမှ ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်နေပြီး သူခန္ဓာကိုယ်နှင့် အလွန် ထူးခြားစွာ ချိတ်ဆက် ပေါင်းစပ် သွားသည်။
သူ မနက်စောစော ထကာ အဖြူရောင် အင်ပါယာ မြို့တော် အရှေ့ဘက်၌ ရှိသော အင်ပါယာ အကယ်ဒမီရှိ ရဲဇီလင် နေရာကို သွားလိုက်သည်။
“ရဲချန်ဖန် နောက်ဆုံးတော့ ပြန်လာပြီ။ သူ ပျောက်နေတာ ရက်တော်တော် ကြာပြီ” သူ အကယ်ဒမီထဲ ဝင်လိုက်သည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဒီဝမ်ရှီနှင့် တွေ့လိုက် ရသည်။ ဒီဝမ်ရှီ မျက်နှာ မည်းမှောင်သွားပြီး သူကို အကောက်ကြံ သွားသည်ကို တွေးပြီး ဒေါသအလွန် ထွက်နေသည်။
“ရဲဇီလင် နိုးပြီလား”
သူ ရဲဇီလင် နေတဲ့ နေရာကို ရောက်သည်နှင့် တံခါး ခေါက်လိုက်သည်။
“နင် ငါကို ဘာလို့ ထပ်လာရှာတာလဲ”
ရဲချန်ဖန် အသံကြားပြီး စိတ်ရှုပ်ကာ တွေဝေပြီးနောက်တွင် တံခါးဖွင့်လိုက်ပြီး လေသံမာနှင့် မေးလိုက်ရာတွင်
“အထင်မလွဲပါနဲ့။ ငါ အကြွေးဆပ်ဖို့ လာတာ”
သူ စကပ်တိုလေးနှင့် ချောမော နုပျိုသည့် ရဲဇီလင်ကို ပြောရင်း ငွေသုံးသောင်းကို ပြန်ပေး လိုက်သည်။
“ငါ နင့်ကို ပြောပြီးပြီပဲ။ ငါ နင့်ကို ပေးလိုက်တာ ပြန်ဆပ်စရာ မလိုဘူးလို့”
“ငါမှာ ပိုက်ဆံ ရှိနေပြီ။ ငါ နင့်ကို အကြွေး မတင်ချင်ဘူး။ ရဲမိသားစုရောပဲ”
ရဲချန်ဖန် ချက်ချင်း လှည့်ထွက် လာခဲ့သည်။
ရဲချန်ဖန် ထွက်သွားသည်ကို ကြည့်ပြီး သူမနှင့် ရဲချန်ဖန် ကြားတွင် အရင်လို ပြန်မဖြစ်နိုင်တော့ ကြောင်း ခံစားလိုက်ရသည်။
အခန်း (၁၆) ပြီး၏။