Switch Mode

Chapter – 44

Chapter – 44

ထိုပုံရိပ်တွေက မှော်ဝင်သားရဲတွေမဟုတ်မှန်းလည်းသိရော ကျောင်းသား၉ယောက်မှာ သက်ပြင်းတွေချလိုက်ကြတယ်။ သူတို့မျက်နှာမှာလည်း အပြုံးတစ်ပွင့်ရှိနေတယ်။
အခုလူအသစ်တွေရောက်လာပြီဆိုတော့
သူတို့အဖွဲ့အင်အားတောင့်တော့မှာပေါ့။နောက်ပြီး အခုရှိနေတဲ့သူတို့အားလုံးက
၃ရက်ပြည့်အောင်နေဖို့အတွက်

သန်မာတဲ့လူတွေကြီးပဲဖြစ်တယ်ဒါ့အပြင်
အတွေ့အကြုံလည်းအတော်ရှိထားကြပြီးဖြစ်သည်။
ရောက်လာတဲ့သူတွေကတော့ဂျင်ချန်၊ထိုင်းတနဲ့ လီရန်ရှောင်လဲ့တိုပါပဲ။
လာရာလမ်းအတိုင်းပြန်လှည့်လာပြီးတစ်ဝက်လောက်ရေ
ာက်တော့လူတစ်ခုကိုသူတို့တွေ့လိုက်ရပြီ။
အခုကနောက်ဆုံးရက်ဖြစ်နေကတည်းက
လူအများကြီးသိပ်မကျန်လောက်တော့။အများစုကတော့ ထွက်ပြေးသွားကြပြီ ဆိုတော့လူအနည်းငယ်သာ
ကျန်နေတော့တာပေါ့။
လီရန်ရှောင်လဲ့ရဲ့အကြည့်က
၉ယောက်အုပ်စုထဲမှမိန်းမလေးထံရောက်သွားတဲ့အခါ သူမကလည်းမြင်သွားပုံရကာဇဝေဇဝါကြည့်လာသည်။ “အမ်…လီရှား”
လီရန်ရှောင်လဲ့အော်ဟစ်ကာသူမအနားပြေးသွားသည်။ရင်းနှီးနေတဲ့အသံကိုကြားတော့ထိုကောင်မလေးက
သူမရဲ့လှပတဲ့မျက်ဝန်းတွေကိုတဖျက်ဖျက်ခတ်ကာ သူမထံပြေးလာနေသူကို
ထူးထူးဆန်းဆန်းကြည့်လိုက်သည်။လီရန်ရှောင်လဲ့ရဲ့မျက်နှာက

ညစ်ပတ်ပေရေနေသည်ကိုး…..သူမခေါ်လိုက်တဲ့လီရှား
ကလီရန်ရှောင်လဲ့နဲသိပေမယ့်အခုပုံက လုံးဝမမှတ်မိစေခဲ့…
လီရန်ရှောင်လဲ့ကတော့သူမအနားကပ်သွားကာတင်းတင်းကျပ်ကျပ်ပြေးဖက်လိုက်သည်။
ပျော်ရွှင်မှုတွေပြည့်နေတဲ့အသံဖြင့်သူမပြောသည်။
“လီရှားငါနင်နဲဒီမှာပြန်တွေ့မယ်လို့လုံးဝမထင်ထားဘူး။ ငါနင်တောထဲကထွက်သွားပြီတောင်ထင်နေတာ”
အလွန်အမင်းရင်းနှီးတဲ့အသံကြားမှလီရှားကသူမကိုမှတ်မိသွားသည်။
“နင်နင်ကရှောင်လဲ့”
“ဟုတ်တယ်လီရှား။ငါကရှောင်လဲ့ပဲ။”
သူမသူငယ်ချင်းရဲ့စကားးကိုလီရန်ရှောင်လဲ့က
ထောက်ခံပေးလိုက်သည်။
“ရှောင်လဲ့တကယ်ပဲနင်ပေါ့။ကောင်းလိုက်တာ။ငါကနင်တောထဲကထွက်သွားပြီထင်နေတာ။
ဒီမှာပြန်တွေ့ရမယ်လို့လုံးဝမထင်ထားဘူး”
လီရှားကဝမ်းသာအားရပြောကာလီရန်ရှောင်လဲ့အား တင်းတင်းပြန်ဖက်လိုက်သည်။

ကောင်မလေးနှစ်ယောက်ဟာ
ဖက်ထားလျက်မှခုန်ပေါက်နေကြလေတယ်။လီရှားကအကျယ်ကြီးအော်ရယ်ရင်းမှ
“ရှောင်လဲ့ငါတိုတွေလူစုကွဲသွားပြီးမှ
အခုလိုပြန်တွေ့မယ်လို့ငါလုံးဝမထင်ထားဘူး”
“ဟဲလို….”
စုတ်ပြတ်နေသောအဝတ်အစားနှင့်လူငယ်က
ပြောလာသည်။
“ဒီမှာမင်းတိုနဲ့တွေ့ရတာဝမ်းသာပါတယ်ကွာ။ငါဘယ်လိုပြောရမလဲအင်း
မင်းတို့သဘောတူမလားတော့မသေချာဘူးပေါ့။ ဒါပေမယ့်ငါမေးချင်တယ်။
မင်းတို့ငါတို့နဲပူးပေါင်းမလား။ငါတို့အဖွဲ့ထဲဝင်မယ်ဆိုရင်ေ တာ့မှော်ဝင်သားရဲတွေနဲ့တိုက်ခိုက်တဲ့အခါ
ပိုပြိးလွယ်ကူသွားမယ်လို့ငါအာမခံနိုင်တယ်။ထပ်ပြောရရင်ကွာဒီပေါင်းပင်တွေကြားက
ဘယ်အချိန်မဆိုမှော်ဝင်သားရဲတွေကထွက်လာနိုင်တော့ငါတိုအတူတိုက်ခိုက်မယ်ဆိုအဆင်ပြေနိုင်တယ်ကွ”
ထိုလူငယ်ကလေသံအေးအေးနဲပြောရင်းဂျင်ချန်နဲထိုင်းတဆီလျှောက်သွားရာမှ

နီရဲကာစိုရွှဲနေတဲ့ဂျင်ချန်အင်္ကျီကိုသတိထားမိပြီး
အံ့အားသင့်သွားခဲ့တယ်။ဒီသွေးတွေသာဂျင်ချန်ဆီကဆိုရ င်သွေးတွေအများကြီးဆုံးရှုံးထားရတာတောင်မှ
အခုလိုနေနိုင်သေးတယ်ဆိုရင်ထိုလူငယ်ဟာ
သေချာပေါက်အားမနည်းနိုင်ဘူးဟုသူတွေးလိုက်သည်။
အဲ့လိုမှမဟုတ်ရင်အခုလိုမတ်တပ်ရပ်ပြီး
စူးရှုတွေအကြည့်တွေထုတ်လွှတ်နိုင်မှာမဟုတ်ဘူး။ဂျင်ချန်ကခေါင်းယမ်းကာ
ယဉ်ယဉ်ကျေးကျေးငြင်းဆန်သည်။“တောင်းပန်ပါတယ်ဗျာ။
ကျွန်တော်တို့ကဒီကထွက်သွားတော့မှာမိုလို့ ခင်များတို့အဖွဲ့ထဲမဝင်တော့ပါဘူး”
ထိုအခါ
လူငယ်ကနောင်တ၇တဲ့အမူအယာနဲဆက်ဖြောင်းဖျသေးသည်။
“ငါ့ညီတို့မှော်ဝင်သားရဲတွေက
ကြောက်ဖိုကောင်းတယ်ဆိုပေမယ့်ငါတိုမှာလူအင်အားများတယ်လေ။
ငါတိုသာပူးပေါင်းဆောင်ရွက်မယ်ဆိုရင်
မှော်ဝင်သားရဲနှစ်ကောင်နဲ့တွေ့မယ်ဆိုရင်တောင်

ငါတိုအဆင်ပြေနေမှာပဲ။ငါတိုအားလုံးသာ
အမြုတေတစ်ယောက်နှစ်ခုထက်မနည်းရမယ်ဆို
တော်တော်အဆင်ပြေမှာပဲ”ဆွဲဆောင်နေသူလူငယ်က
စူးရှုသောအကြည့်ဖြင့်ဂျင်ချန်တိုအားကြည့်နေသည်။သူသိနေသည် ဒီကောင်လေးတွေဟာ သေချာပေါက်သန်မာပြီးခွန်အားကြိးမှာ…
“ကျွန်တော်တို့ဆုံးဖြတ်ပြီးနေပြီမို့ခွင့်လွှတ်ပါဗျာ။ အကိုတိုအဖွဲ့နဲ့မပူးပေါင်းတော့ပါဘူး”
တစ်ဖက်က ယဉ်ယဉ်ကျေးကျေးဖိတ်ခေါ်နေသည်ဖြစ်ရာဂျင်ချန်ကလည်းယဉ်ယဉ်ကျေးကျေးသာ
ပြန်ငြင်းလိုက်သည်။
ဂျင်ချန်နဲထိုင်းတကတကယ်ထွက်သွားတော့မည်ကိုသိရ
တော့လူငယ်ကစိတ်ပျက်သွားလေသည်။
နောက်ဆုံးတစ်ရက်ပဲကျန်တော့တာကို
ဒီကောင်လေးတေကထွက်သွားတော့မယ်တဲ့သူတိုကမှော်ဝင်သားရဲအမြုတေ
တစ်ယောက်နှစ်ခုဆီပေးမှာကိုတောင်မှ သူတို့အဖွဲ့ထဲမဝင်ဘူးတဲ့။

ထိုလူငယ်ထင်တာကဂျင်ချန်နဲထိုင်းတက
အရှုံးပေးပြီးတောထဲကထွက်တော့မယ်လိုပေါ့… သူတို့ပြောတဲ့ထွက်တော့မယ်ဆိုတာက
ဒုတိယနယ်မြေကထွက်ပြီး
တတိယနယ်မြေကိုဝင်မှာဆိုတာ
ထိုလူငယ်စိတ်ကူးထဲတောင်ထည့်ပြီးတွေးမိမည်မဟုတ်။
ထိုအချိန်မှာထိုင်းတက
အဖွဲ့ထဲမှကျောင်းသားတစ်ယောက်ကိုင်ထားတဲ့ပုဆိန်ကို တစ်ချက်ကြည့်ပြီးသူ့အကြည့်တွေမှာ
ပျော်ရွှင်မှုတွေပြည့်သွားတယ်။
ထိုကျောင်းသားဆီလျှောက်သွားလိုက်ပြီးသိပ်မသဲကွဲတဲ့လေသံနဲမေးလိုက်သည်။
“ဟေး…ငါမင်းကိုမှော်ဝင်သားရဲအမြုတေ၂ခုပေးမယ် မင်းကငါ့ကိုအဲ့ပုဆိန်ပေး။“
ထိုသို့ပြောပြီးပြီးချင်း
လက်တစ်ဖက်ကနောက်ကျောမှာလွယ်ထားတဲ့ပုဆိန်ကိုဆွဲထုတ်လိုက်ပြီးကျန်တစ်ဖက်ကသိုလှောင်ခါးပတ်ထဲမှ အမြုတေ၂ခုထုတ်လိုက်တယ်။ထိုအမြုတေမှာ
အခုထိသွေးတွေလွှမ်းကာနီရဲနေဆဲ။

ထိုအချိန်မှတစ်ဖွဲ့လုံးကလူတွေသတိထားမိကြသည်မှာ
ထိုင်းတလက်ထဲမှပုဆိန်ကသွေးတွေဖြင့်
စိုရွှဲနေသည်ကိုပေ။မျက်နှာတစ်ပြင်လုံးသွေးတွေဖြင့် စိုကပ်နေကာ
လူသတ်သမားတစ်ယောက်၏လက်နက်အလားပင်ထင်ရ
စေသည်။ဒီ့ထက်ပိုဆိုးသည်ကပုဆိန်၏အသွားတွေက
ကွေးသည့်နေရာမှာကွေးကာ၊ပဲ့ထွက်သည့်နေရာမှာပဲ့ထွက်နေခြင်းပင်။သေချာပေါက်
ထိုပုဆိန်ကသံမဏိဖြင့်လုပ်ထားမှာဖြစ်ပေမယ့်ယခုတော့ တုံးနေခဲ့ကာသုံးမရတော့…
သူတိုဒီအဖြစ်ကိုမည်သို့လက်ခံရမည်မှန်းမသိတော့….
သေချာတာကတော့ထိုင်းတကသူ့ပုဆိန်သုံးပြိး ကိုယ်တိုင်သတ်ခဲ့တာပဲဖြစ်ရပေမည်။
ထိုအမေးခံရတဲ့ကျောင်းသားမှာသူမျက်စိရှေကဖြင့်
သွေးဖြင့်ထုလုပ်ထားသည်ဟုထင်ရသောပုဆိန်ကြီးကိုကြည့်ကာခဏမျှကြောင်အနေလေတယ်။ ထိုအခါ
ထိုင်းတ၏အမေးကိုကြားသောအခြားကျောင်းသားက
ပြောလာသည်။
“ငါညီလေးငါ့ဓားနဲလဲမယ်ဆိုရင်ရော’

ဓားအကြီးကြိးကိုလွယ်ထားတဲ့ကျောင်းသားကထိုင်းတ
ကိုပြုံးကာကြည့်ရင်းပြောသည်။
ဒီစကားကြားတော့ထိုင်းတကခေါင်းခါသည်။“မလိုဘူး။ငါကဒီပုဆိန်နဲပဲလဲချင်တာ”
ထိုအခါထိုကျောင်းသားကအတော်စိတ်ပျက်သွားသည်။ ဒီအချိန်မှာအဆင့်၁မှော်ဝင်သားရဲအမြုတေ၂ခုထက် ဘယ်အရာကမှအရေးမကြီးပေ။သူတင်မဟုတ်
အခြားကျောင်းသားတွေကလည်း
ဖြစ်နိုင်ရင်လဲချင်ကြသည်ချည်း…
အရပ်ရှည်ပြီးခန်ညားတဲ့ကျောင်းသားကငတုံးမဟုတ်ပေ။ သူကအနည်းငယ်ဆုံးဖြတ်ပြီးသည့်နောက်
သူကပျော်ရွှင်စွာဖြင့်သူပုဆိန်နဲလဲလိုက်သည်။ ဘယ်သူကမလဲပဲနေချင်မည်လဲ။
လဲလျယ်ပြီးတဲ့နောက်
ထိုအုပ်စုဟာထိုင်းတကိုအကြည့်တစ်မျိုးဖြင့်ကြည့်လိုက်ကြသည်။
ထိုပုဆိန်ကထိုင်းတနဲအရမ်းသင့်တော်သည်ကိုသူတို့တွေးမိလိုက်ကြသည်။
ဒီအချက်မှထိုင်းတရဲ့သာမန်မဟုတ်လောက်တဲ့ခွန်အား ကိုလည်းသတိပြုမိရသည်။

ဘယ်လိုလူမျိူးကအမြုတေ၂ခုကို
အလွယ်တကူထုတ်ပေးနိုင်မှာလဲ။
တောထဲမဝင်ခင်ကတည်းက
ဆရာတွေကကျောင်းသားတွေကိုစစ်ဆေးခဲ့ပြီးသား
ဘယ်သူမှအပြင်ကနေအမြုတေခိုးထည့်လာလိုမရချေ။
ဖြစ်နိုင်တာကဒိအမြုတေတွေက
ကိုယ်တိုင်သတ်ဖြတ်ပြီးမှရတာပဲနေမှာပဲ…သိုပေမယ့်သူတိုနားမလည်တာက
ဂျင်ချန်နဲထိုင်းတကအရမ်းသန်မာလျက်သားနဲ့ ဘာလိုအရှုံးပေးရတာလဲ။
ဘာလို့၃ရက်ပြည့်အောင်မနေကြတာလဲ။
အကယ်ဒမီကတရားဝင်ကြေငြာထားပြီးသား
၃ရြက်ပည့်အောင်နေပြီးမှအမြုတေ၂ခုပေးရမှာပေ။ သူတို့အခုထွက်သွားရင်လုံးဝအောင်မှာမဟုတ်ဘူး။ “ကြည့်ရတာကတော့
သူတိုကဆုကိုဂရုမစိုက်တာများလား။ဒါမှမဟုတ်သူတိုကတကယ်ထွက်သွားမှာမဟုတ်ဘဲနဲ့
ငါတိုနဲ့မပူးပေါင်းချင်လို့များလား”

လူတိုင်းကဖြစ်နိုင်ချေရှိတာတွေကို
တွေးကြည့်နေကြသည်။ထိုသိုတွေးပြီးနောက်ဂျင်ချန်တို့အားမကျေမနပ်ကြည့်လိုက်ကြသည်။
သူတို့ရဲ့အမူအယာတွေကိုဂျင်ချန်ကဂရုမစိုက်ဘဲ လီရန်ရှောင်လဲ့ကိုသာလှမ်းပြောလိုက်သည်။
“လီရန်ရှောင်လဲ့မင်းအခုမင်းသူငယ်ချင်းနဲတွေ့ပြီဆိုရင်
ဒီအဖွဲ့မှာပဲနေခဲ့တော့မှာမဟုတ်လား။ ဒီမှာလူလည်းများတယ်လေ”
လီရန်ရှောင်လဲ့ကသူသူငယ်ချင်းကိုတစ်ချက်ကြည့်ပြီးမှ ထိုင်းတတို့ဘက်လှည့်ကာခေါင်းငြိမ့်သည်။
“ဒါဆိုနင်တို့တွေဂရုစိုက်ဦး”
ထိုအခါဂျင်ချန်နဲထိုင်းတကအချိန်ထပ်ဖြုန်းမနေတော့ဘဲထွက်ခွာသွားကြတော့သည်။
ဂျင်ချန်တို့ထွက်သွားပြီးတဲ့အခါလီရှားက လီရန်ရှောင်လဲ့အားမေးသည်။
“ရှောင်လဲ့အဲ့ကောင်တွေကဘယ်သူတွေလဲ။သူတိုကအရမ်းမာနကြိးီတာပဲ
ငါတိုနဲ့တောင်မပူးပေါင်းဘူး”

“လီရှားနင်အထင်မှားနေပြီ။
သူတို့နင်တိုနဲ့မပူးပေါင်းချင်တာမဟုတ်ဘူး
သူတိုကဒီနေရာကနေတကယ်ထွက်သွားတော့မှာ”“မဖြစ်နိုင်တာ”
လီရှားကမယုံဘဲအထွန်တက်သည်။
“လီရှားအဆင့်၁မှော်ဝင်သားရဲအမြုတေ၂ခုကိုပေးပြီး
လက်နက်နဲလဲသွားကတည်းက
သူတို့တွေအမဲဆက်လိုက်မှာထင်ရှားနေတာပဲဟာ။ သူတိုကဘယ်လိုလုပ်ထွက်သွားမှာလဲ’
“ဟုတ်တယ်ရှောင်လဲ့နင်အလိမ်ခံလိုက်၇ပြီ’
ဘေးမှလူငယ်တွေကဝင်ပြောကြသည်။ လီရန်ရှောင်လဲ့ကပြုံးသည်။
“သူတို့ကဒီနေရာကနေတကယ်ထွက်သွားကြမှာပါ။ဒါပေမယ့်နင်တိုကိုရှင်းရှင်းမပြောခဲ့လို့သာ။
တကယ်တော့သူတို့ကဒုတိယနယ်မြေထဲကထွက်ပြိးတတိယနယ်မြေကိုဝင်မှာ”
“ဘာလီရန်ရှောင်လဲ့။
နင်ဘယ်လိုဟာသကိုလာပြောနေတာလဲ။
အဆင့်၂မှော်ဝင်သားရဲတွေကိုအမဲလိုက်ဖို့ဆိုတာ ကလုံးဝမဖြစ်နိုင်ဘူး။“

“သူတ့ိုကသူတော်စင်တွေဖြစ်နေပြီလား။အဲ့ဒါလည်း
မဟုတ်သေးပါဘူး။သူတော်ဆိုတွေသာဆိုလက်နက်ကိုလာလဲပါ့မလား”
“တတိယနယ်မြေကိုသွားမယ်ဟုတ်လားဘယ်လိုတောင်လိမ်ပြောခဲ့ကြတာလဲ’“သူတသေချင်နေတာပဲဖြစ်မယ်”
လီရန်ရှောင်လဲ့ဆီမှစကားကိုကြားပြီးတစ်ဖွဲ့လုံးဟာ
ငြင်းခုန်သံတွေ၊ထင်ရာမြင်ရာပြောသံတွေနဲဆူညံသွားတော့တယ်။ဂျင်ချန်နဲထိုင်းတတို့တတိယနယ်မြေကနေ လွတ်မြောက်မယ်လို့ဘယ်သူမှမထင်ကြဘူး။
လီရှားကလီရန်ရှောင်လဲ့လက်ကိုဆွဲကိုင်ကာ မယုံကြည်သည့်အသံဖြင့်မေးလာသည်။“ရှောင်လဲ့။အဲ့လူတွေ
တတိယနယ်မြေကိုသွားချင်နေကြတာသူတိုတွေက
ရူးနေတာများလားဟင်”
လီရန်ရှောင်လဲ့ခေါင်းညိတ်လိုက်သည်။“ဟုတ်ပ။သူတိုတွေ
တတိယနယ်မြေကိုတကယ်သွားကြလိမ့်မယ်။လီရှားနင်တော့သိမှာမဟုတ်ဘူးသူတိုတွေကတကယ်ကိုရှိန်လောက်တဲ့အစွမ်းတွေရှိတယ်”

“သူတနှစ်ယောက်လုံးကသူတော်စင်တွေဖြစ်နေလို့လား”
လီရှားကအံ့အားသင့်စွာမေးသည်။
အကယ်ဒမီကကြေငြာခဲ့သည်ကသူတော်စင်တွေသာတတိယနယ်မြေထဲဝင်နိုင်လိမ့်မည်ဟု..
“မဟုတ်ဘူး။
သူတိုကသူတော်စင်လက်နက်မသုံးနိုင်သေးတော့
သူတော်စင်မဖြစ်သေးဘူး”ဒီစကားကြောင့်
လီရှားရဲ့အံ့အားသင့်မှုကပိုများသွားသည်။
သူတော်စင်အဆင့်တောင်မရောက်သေးဘဲနှင့်ဒုတိယနယ်မြေတွင်ရှင်သန်နေနိုင်တာကိုက
အတော်ခက်နေပြီပြောရပေမည်။တတိယနယ်မြေမှာကတော့အဆင့်၂မှော်ဝင်သားရဲတွေသာရှိသည့်အပြင် ထိုသားရဲတွေကအဆင့်၁မှော်ဝင်သားရဲတွေထက်
အနည်းငယ်သာသန်မာသည်မဟုတ်ပေ။ ဒီအဆင့်၂ခုကနှိုင်းယှဉ်၍ပင်မဖြစ်နိုင်။
လီရှားနဲ့လီရန်ရှောင်လဲ့ဆိုတာက
အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်။ထိုကြောင့် လီရန်ရှောင်လဲ့ကဘာမှကွယ်ဝှက်မနေတော့ဘဲ
နူးညံ့သည့်အသံလေးဖြင့်ပြောလိုက်သည်။

“လီရှားငါနင့်ကိုပြောပြမယ်။နင့်ကိုပဲနော်။မနေ့က
သူတို့နှစ်ယောက်
မှော်ဝင်သားရဲအကောင်၇၀ကိုသတ်လိုက်တာကိုငါကိုယ်တိုင်မြင်ခဲ့တာ”
လီရှားအလွန်အမင်းအံ့သြသွားရကာသူပြောသည်။
“ဘာ…ရှောင်လဲ့နင်ငါ့ကိုနောက်နေတာလား။
အဲ့နှစ်ယောက်ကမှော်ဝင်သားရဲအကောင်၇၀ကျော်ကိုတစ်နေ့ထဲသတ်လိုက်တယ်ဟုတ်လား။“
လီရှားမှာသူ့အသံကိုမထိန်းလိုက်နိုင် အသံကတဖြည်းဖြည်းပိုကျယ်သွားရာ
အနားမှာရှိတဲ့ကျောင်းသားတွေအကုန်ကြားလိုက်ကြ၇သည်။ထိုအခါသူတို့အားလုံးမှာမယုံကြည်နိုင်ရကား
ကြောင်တောင်တောင်အမူအရာတွေပြောင်းကုန်ကြသည်

“လီရှားနင်ဘာပြောလိုက်တာ။ဘယ်လိုလူနှစ်ယောက်က
တစ်နေ့ထဲနဲ့အကောင်၇၀ကျော်သတ်နိုင်မှာလဲ” လူငယ်တစ်ယောက်ကမေးသည်။
သူတို့တွေ့ခဲ့တဲ့ထိုနှစ်ယောက်ဟာ
ဂျင်ချန်နဲထိုင်းတတိုဖြစ်မှန်းသူတိုလုံးဝမစဉ်းစားမိကြ။

လီရှားအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ
သူမပါးကိုသူမ ခပ်ပျော့ပျော့တစ်ချက်ရိုက်လိုက်၏။တုန်ယင်နေသည့်အသံဖြင့်သူမပြောသည်။
“ရှောင်လဲ့ကပြောတယ်။
ခုနကငါတို့တွေ့ခဲ့တဲ့တစ်ယောက်ကတစ်နေထဲနဲ့
မှော်ဝင်သားရဲအကောင်၇၀ကျော်ကိုသတ်ခဲ့တယ်တဲ့။“
လီရှား၏အသံတွင်မယုံကြည်နိုင်မှုတွေပါနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset