Chapter – 42
သူမပြောစကားကြောင့်ကျန်လူကြီးများခါးသက်စွာပြုံးလိုက်ကြသည်။
သူတို့တွေဝံပုလွေအူသံကြားတော့
ကျောင်းသားတစ်ယောက်ဒုက္ခရောက်နေပြီဆိုပြီးအမြန်ပြေးလာခဲ့ကြတာ။အဲ့ဒိအကြောင်းတစ်ခုထဲနဲ့ သူတို့တွေတတ်နိုင်သမျှမြန်မြန်ပြေးလာပြီး
ကယ်ဆယ်ဖိုကြိုးစားကြတာပင်။တစ်လမ်းလုံး
ကျောင်းသားတွေအန္တရာယ်ကင်းဖ့ိုဆုတောင်းကာလာခဲ့ြ
ကရာသူတို့ရောက်တဲ့အခါမှာတော့အလွန်အံ့သြသွားခဲ့ရသည်ပဲ။
သူတော်စင်တောင်မဖြစ်သေးတဲ့ကလေးနှစ်ယောက်ကဝံပုလွေအုပ်ကိုအခက်အခဲမရှိဘဲ
ကိုင်တွယ်နိုင်နေခဲ့သည်။နောက်ဆုံးမှာ
အကောင်၄၀လုံးသေသွားခဲ့ကြသဖြင့်
သူတို့မျက်လုံးသူတို့မယုံနိုင်ဖြစ်ခဲ့ကြ၇သည်။ “အိုးစကားမစပ်ချင်းယန်ရှင်းတန်
မင်းငါတို့ကိုဘယ်လိုတွေ့သွားတာလဲ”
သက်လတ်ပိုင်းအရွယ်လူကသိချင်စိတ်ပြင်းစွာမေးသည်။ အခြားဆရာ၃ယောက်သည်လည်းသိချင်စိတ်ဖြင့်
ဂျင်ချန်ကိုသာကြည့်နေကြသည်။
သူတို့တွေအလွန်အမင်းကိုသိချင်နေကြသည်။
မြက်ပင်ရှည်တွေကြားပုန်းနေစဉ်ကသူတို့ဘာလှုပ်ရှားမှုနဲ့ဘာအသံမှမထွက်ခြဲ့ကတာကို
ဂျင်ချန်ကမည်သိုသိသွား၇သနည်း…ဂျင်ချန်ကရယ်လျက်ပြန်ဖြေသည်။
“ဆရာတို့ရောက်ကတည်းကကျွန်တော်သိတာပါ”
“ဘာ။ငါတိုရောက်ကတည်းကမင်းသိတာဟုတ်လား။
အဓိပ္ပါယ်မရှိတာပဲ”
ဆရာမဆိုသူကမယုံကြည်နိုင်စွာပြောသည်။
အခြားဆရာ၃ယောက်ကလည်းယုံကြည်နိုင်ခြင်းမရှိ။“ကျွန်တော်ကဝံပုတွေနဲတိုက်ခိုက်နေပေမယ့်
ပတ်ဝန်းကျင်ကိုအာရုံစိုက်ထားတုန်းပဲ။ကျွန်တော်ကို
အဘက်ဘက်ကနေတိုက်ခိုက်လာနိုင်နေတာကို ကျွန်တော်ဘယ်လိုလုပ်သတိလွတ်ရဲမှာလဲဗျ။”
ဒီစကားကြားမှကျန်လူတွေကနားလည်သွားကာ
ခေါင်းညိတ်ကြသည်။
ဂျင်ချန်ကဆက်လက်ရှင်းပြသည်။
“ဆရာတို့ကဘာအသံမှမထွက်ခဲ့ပေမယ့်
ရောက်ရောက်ချင်းတုန်းက
လှုပ်ရှားမှုအသံထွက်သွားတယ်လေ။ဒါကြောင့်
ကျွန်တော်ကအစောကြီးကတည်းကသိနေခဲ့တာပဲ” ဂျင်ချန်ပြောသည်ကိုကြားတော့သူတို့အမှားကိုသိပြီး အကြီးအကဲကသက်ပြင်းချကာပြောသည်။
“အံ့သြစရာပဲ။ တကယ်ကို အံ့အားသင့်ဖွယ်ပါပဲ။ ချင်းယန်ရှင်းတန်ငါမင်းကိုလေးစားတယ်။
ငါမင်းအရွယ်တုန်းကဆိုမင်းကိုလုံးဝမယှဉ်နိုင်ဘူး”
ဆက်မပြောသေးခင်အကြီးအကဲက
ခဏရပ်လိုက်သေးသည်။
“ကဲမင်းတို့တွေကအန္တရာယ်မရှိတော့ဘူးဆိုတော့ ငါတိုသွားတော့မယ်။အခြားကယ်ရမယ့်
ကျောင်းသားတွေရှိသေးတယ်”
အကြီးအကဲကထိုသ့ပြောပြီးသည်နှင့်
မဆိုင်းမတွထွက်သွားဖို့ဟန်ပြင်သည်။ “ကျေးဇူးပြုပြီးခဏစောင့်ပေးပါဦးဗျ” ဂျင်ချန်အော်ပြောလိုက်သည်။
သစ်ပင်ပေါ်မှာပုန်းနေဆဲဖြစ်တဲ့လီရန်
ရှောင်လဲ့ကိုလက်ညိုးထိုးပြကာ
“ဆရာတို့ဒီကျောင်းသူကိုအန္တရယ်ကင်းအောင်
ခေါ်သွားပေးပါလား။သူမအနေနဲ့ဒီမှာထပ်မနေရဲတော့ဘူး”
ဆရာကမျက်မှောင်ကျုံကာပြောသည်။“ပြဿနာမရှိပါဘူး။ဒါပေမယ့်
မှော်ဝင်သားရဲအမြုတေ၂ခုကိုသူမပေးမယ်ဆိုရင်တောင်ရှုံးမှာပဲ။ဘာလိုဆိုဒီမှာနေတာ
၃ရက်မပြည့်သေးဘူးလေ”
“ဟင့်အင်းငါမသွားဘူး။ငါဒီမှာ၃ရက်ပြည့်အောင်နေမှာ”
လီရန်ရှောင်လဲ့ကမြေပေါ်ခုန်ချရင်းငြင်းဆိုသည်။သူမ
ဂျင်ချန်အနားလျှောက်သွားကာရပ်လိုက်သည်။
“နင့်ကိုဆရာတွေကခေါ်သွားပေးရင်မှော်ဝင်သားရဲတွေ နင့်ကိုအန္တရာယ် ပေးမှာကိုကြောက်စရာမလိုတော့ဘူး။ဘာလဲမင်းအိမ်မပြန်ချင်သေးဘူးလား”
ထိုင်းတကမကျေမနပ်ဖြစ်ကာပြောသည်။လီရန်
ရှောင်လဲ့ကသတ္တိနည်းလွန်းသည်လေ။
သူမကမှော်ဝင်သားရဲကိုမြင်တာနဲအော်ငိုတယ်ဒါကထိုင်းတကိုအာရုံနောက်စေတယ်။
လီရန်ရှောင်လဲ့ကထိုင်းတကို
တွန်ဆုတ်စွာကြည့်ရင်းပြောသည်။ “ငါမသွားချင်ဘူး”
“ဒါဆို
မင်းမှော်ဝင်သားရဲတွေကိုမကြောက်ေတော့ဘူးပေါ့” ထိုင်းတကစပ်စုစွာမေးသည်။
“မကြောက်တော့ဘူး”“မင်းကြောက်သေးရင်
ဘာလိုဆရာတွေနဲမလိုက်သွားလဲ”“နင်တို့ဒီမှာရှိနေတာကိုး”
ထူးဆန်းသည့်စကားကြောင့်
ထိုင်းတဆက်မပြောနိုင်တော့။
ဂျင်ချန်ကလီရန်ရှောင်လဲ့ကိုအကူအညီမဲ့စွာကြည့်လျက် ဆွဲဆောင်သည်။
“လီရန်ရှောင်လဲ့မင်းဆရာတွေနဲလိုက်သွားသင့်တယ်။ဒီတောထဲကမှော်ဝင်သားရဲတွေကအရမ်းများတယ်ငါတိုမင်းကိုကာကွယ်နိုင်မယ်လို့အာမမခံနိုင်ဘူး”
ဂျင်ချန်ကိုအားကိုးမယ်လို့ဆုံးဖြတ်ထားတဲ့လီရန်ရှောင်လဲ့ မျက်နှာလေးကသနားစရာကောင်းသွားသည်။
အသနားခံသည့်အသံလေးဖြင့်သူမပြောသည်။
“စီနီယာရယ်ငါ့ကိုအတူတူသွားခွင့်ပေးပါနော်။ဒီနေရာက သားရဲတွေကိုပထမဆုံးအကြိမ်မြင်ဖူးတာမိုလို့ပါ။
ဒါကြောင့်မို့ငါအရမ်းကြောက်နေခဲ့တာပါ။ဒါပေမယ့်ငါအာမခံပါတယ်။
နောက်တစ်ခါမှော်ဝင်သားရဲတွေနဲတွေ့ရင် ငါအော်မငိုတော့ပါဘူး”
ဂျင်ချန်နဲထိုင်းတရဲ့အင်အားကြီးမားပုံကိုမြင်ပြီးတဲ့ လီရန်ရှောင်လဲ့အနေနဲ့သူတိုအနားမှာသာရှိရင် ဘာအန္တရာယ်ကိုမှ မကြောက်တော့။ ဒါ့အပြင်ဆရာတွေကပါ
ဂျင်ချန်တ့ိုကအဆင့်၂မှော်ဝင်သားရဲတွေနဲတွေ့ရင်တောင်
အန္တရာယ်မရှိနိုင်ဘူးလိုပြောထားသေးတော့ဒီလိုအကာအကွယ်ကောင်းရှိနေတာကို
သူမအရှုံးပေးတော့မည်မဟုတ်။
ဂျင်ချန်ခေါင်းကိုက်သွားရသည်။လီရန်ရှောင်လဲ့က
မွေးကတည်းကအလိုလိုက်ခံလာရတဲ့ကလေးမမို့
သူတို့အတွက်တာဝန်ကြီးသည်။
သူတို့နောက်ထပ်မှော်ဝင်သားရဲတွေနဲ့တိုက်ခိုက်တဲ့အခါ သူမအဆင်ပြေရဲ့လားလို့လိုက်ကြည့်နေရလိမ့်မည်ပေ။“ချင်းယန်ရှင်းတန်မင်းနဲထိုင်းတသာပေါင်းရင်
ဒီနယ်မြေကဘယ်မှော်ဝင်သားရဲမှ
မင်းတို့ကိုမခြိမ်းခြောက်နိုင်ပါဘူး။ဒါကြောင့်
ကလေးမကိုကြည့်ပေးလိုက်ပါကွာ။ကျောင်းသားတွေ အချင်းချင်းရိုင်းပင်းသင့်တယ်။
မင်းတို့နှစ်ယောက်အတွက်ဆိုရင်
ဒါကစမ်းသပ်စစ်ဆေးတဲ့ပွဲနဲ့ကိုမတူတော့ဘူး။” ရယ်နေရင်းမှ
သက်လတ်ပိုင်းအရွယ်မိန်းမကြီးကပြောသည်။ ဂျင်ချန်
ဒေါသထွက်စွယကျိတ်ကာသက်ပြင်းချလိုက်သည်။
ဆရာတွေကသူတို့နဲအတူလိရန်ရှောင်လဲ့ကို
ဆွဲခေါ်သွားစေချင်နေသည်။သူကမည်သိုငြင်းရမည်လဲ။ဂျင်ချန်လက်လျှော့လိုက်ပေမယ့်
ထိုင်းတကမကျေနပ်သေး..။သိုပေသိ
သူဘာမှတော့မပြောခဲ့။တစ်နေ့ကုန်သွားပြီးသည့်နောက်
သူဂျင်ချန်ကိုခေါင်းဆောင်အဖြစ်မြင်လာပြီဖြစ်သည်။
ဂျင်ချန်ဘယ်လိုပဲဆုံးဖြတ်ဖြတ်
ထိုင်းတကငြင်းလိမ့်မည်မဟုတ်။ဂျင်ချန်ကဗျူဟာအရမ်းကောင်းကာ
ထိုင်းတထက်အတွေ့အကြုံများသည်။မည်သို့ပင်ဆိုစေ ထိုင်းတကဂျင်ချန်ထက်လည်း
တိုက်ခိုက်ရေးတွင်နိမ့်သည်ပဲ။
ဆရာတွေပြန်သွားပြီးတဲ့နောက်ထိုင်းတနဲ့ဂျင်ချန်က လီရန်ရှောင်လဲ့ကိုလျစ်လျူရှုကာ
ဝံပုလွေပြာအလောင်းတွေဆီကိုသာသွားလိုက်သည်။အဆင့်၁မှော်ဝင်သားရဲအမြုတေအခု၂၀တောင်ဖြစ်ရာသူတို့မဖြုန်းတီးလိုကြပေ။
ဝံပုလွေပြာတွေရဲ့အမြုတေကခေါင်းမှာရှိတာမို့ ဂျင်ခန်နဲထိုင်းတတို့ရှာဖွေကာ
အမြုတေကိုဆွဲထုတ်ယူနေကြသည်။ထိုသိုဆွဲထုတ်ယူဖို့
ခေါင်းကိုဆွဲဖြဲကာရှာရသည်ဖြစ်ရာ
လီရန်ရှောင်လဲ့မျက်နှာကဖြူဖျော့သွားရ၏။
လီရန်ရှောင်လဲ့ကမကြောက်တော့ဘူးဆိုပေမယ့်ခဏအကြာတော့ကြောက်လန်မိသေးသည်ပဲ။
သူမရဲ့ကြောက်ရွံ့စိတ်ကိုခက်ခဲစွာတိုက်ထုတ်ရင်း
ဂျင်ချန်နဲထိုင်းတတို့ဝီရိယရှိစွာအမြုတေဆွဲထုတ်နေသည်
ကိုကြည့်နေရသည်။သူမအနေနဲလည်းအတွေ့အကြုံတွေရသည်မဟုတ်လား။
ဝံပုလွေတွေရဲ့အလစ်ဝင်တိုက်ခိုက်မှုပြီးနောက် ညကအေးချမ်းစွာကုန်ဆုံးသွားသည်။
နေကဖြည်းညင်းစွာထွက်ပေါ်လာပြီးသည့်နောက်တင်ပလ္လင်ခွေထိုင်ကာ လေ့ကျင့်နေခဲ့တဲ့ဂျင်ချန်ကမတ်တပ်ထရပ်ကာအပျင်းဆန်သည်။
ဂျင်ချန်ထရပ်ပြီးနောက်
ထိုင်းတသည်လည်းထလာသည်ကိုသူသိလိုက်သည်။ထိုင်းတသည်လည်းထရပ်လိုက်သည်။သူတို့
တစ်ညလုံးလေ့ကျင့်နေခဲ့သလို
ပတ်ဝန်းကျင်ကိုလည်းသတိထားနေခဲ့ရသေးသည်။
မြက်ပင်ရှည်တွေကိုဖြတ်ကာလေတိုက်လာသည့်အသံကြ
ားလျှင်မှော်ဝင်သားရဲတွေများလားဟု
သတိချပ်ရသေးသည်။
“ထိုင်းတမီးမွှေးဖိုအတွက်သစ်ကိုင်းခြောက်တွေ သွားရှာပေး။ငါကမှော်ဝင်သားရဲအသားကို
သွားယူလိုက်မယ်။ငါတို့မနက်စာအတွက်ပြင်ကြတာပေါ့”
ဂျင်ချန်ကပြောလိုက်သည့်အခါထိုင်းတကမငြင်းဘဲ
တောထဲသို့ထင်းရှာရန်လှည့်ထွက်သွားသည်။
ခဏကြာတော့သစ်ကိုင်းခြောက်အစည်းကိုသယ်ကာထိုင်းတပြန်ရောက်လာသည်။ထိုအချိန်မှာ
ဂျင်ချန်ကလည်း သူတိုညကသတ်ခဲ့တဲ့ဝံပုလွေတွေဆီကအသားကိုဖြတ်ယူကာအတုံးလေးတွေတုံးထားနှင့်ပြီးပြီ။ အနားမှာရေမရှိတာမို့မှော်ဝင်သားရဲအသားတွေကို
မဆေးကြောဖြစ်ပေ။ရေမဆေးတော့ဘဲတုတ်မှာထိုးကာမီးပုံပေါ်တင်၍ကင်လိုက်သည်။
မကြာခင်မှာမှော်ဝင်သားရဲအသားရဲရနံ့ကပျံ့လာသည်။ ဟင်းခတ်အမွှေးအကြိုင်တွေမရှိပေမယ့်
မှော်ဝင်သားရဲ၏အသားကကောင်းမွန်ပြီးသားပေ။
မှော်ဝင်သားရဲကအဆင့်မြင့်လေလေစားလို့ကောင်းလေလေပင်။ဒါ့အပြင်
ခန္ဓာကိုယ်အတွက်လည်းကောင်းသေးသည်။
အဆင့်၅မှော်ဝင်သားရဲဆိုသူအသားကိုစားလျှင်
ခွန်အားကိုတိုးစေသည်။
မှော်ဝင်သားရဲကင်နံရတော့လီရန်ရှောင်လဲ့အိပ်ငိုက်နေရာမှနိုးကာ
သစ်ပင်ပေါ်မှခုန်ဆင်းလာသည်။၅မီတာ
၆မီတာမျှမြင့်တဲ့သစ်ပင်ကလီရန်ရှောင်လဲ့လို
သူတော်စင်အဆင့်၈ရောက်နေသူအတွက်တော့
ပြဿနာမဟုတ်ပေ။
“မွှေးနေတာပဲအရမ်းကောင်းမယ့်ပုံပဲ”သူမအကြည့်က
မီးပုံပေါ်မှာတွဲလောင်းချကာကင်ထားသည့်နီရဲနေသည့်အသားကင်ထံ ရောက်သွားကာတံတွေးမြိုချသည်။
အတိုင်းတိုင်းအပြည်ကရတဲ့အစားသောက်ကောင်းတွေကိုသူမစားဖူးပေမယ့်ဒီ့မတိုင်ခင်ကအထိ
မှော်ဝင်သားရဲအသားတွေစားဖူးခဲ့။ တစ်ခုထဲကိုပဲစားရပါများရင်
လူတိုင်းကအ၇သာအသစ်ကိုတောင်းတကြတယ်။ထိုဟာကဂေါ်ဖီထုပ်ဆိုရင်တောင်
ကောင်းတယ်ထင်ကြမှာပဲ။
ထိုင်းတကလီရန်ရှောင်လဲ့အားမကျေမနပ်ကြည့်ကာ
တိုးတိုးပြောသည်။
“မနေ့ညကမင်းကအော်ကြီးဟစ်ကျယ်အော်ငိုတယ် အခုတော့မြန်မြန်မေ့သွားပြီပေါ့။
ငါတိုကနောက်ထပ်မှော်ဝင်သားရဲအများကြီးနဲတိုက်ခိုက်၇
ဦးမှာမင်းငိုမနေရပါစေနဲပဲဆုတောင်းနေ၇မှာ’
ထိုင်းတရဲ့အသံကတိုးညှင်းလွန်းတာမို့
သူကိုယ်တိုင်တောင်ခပ်တိုးတိုးသာကြားရသည်။
ဘေးနားကဂျင်ချန်ပင်မကြား၇လိုက်။
လီရန်ရှောင်လဲ့ကထိုင်းတကိုကြည့်ကာစပ်စုသည်။“ထိုင်းတနင်ဘာပြောလိုက်တာလဲ”
မနေ့ညကဆရာတွေက
ဂျင်ချန်နဲထိုင်းတဆိုပြီးနာမည်တပ်ခေါ်သွားတာမို့ လီရန်ရှောင်လဲ့သိနေခြင်းဖြစ်သည်။
“အာဘာမှမဟုတ်ပါဘူး။“
ထိုင်းတကအထူးအဆန်းမဟုတ်ကြောင်းလက်ကိုယမ်းရင်းခေါင်းခါပြသည်။
လီရန်ရှေင်လဲ့ကစိတ်ထဲမထား။သူမကဂျင်ချန်နဲ့ ထိုင်းတကိုကြည့်ကာပြုံးသည်။
“အဆင့်၁မှော်ဝင်သားရဲအကောင်၂၀ကိုနင်တ့ိုသတ်နိုင်
တာငါမအံ့သြတော့ဘူး။နင်တို့က
ချင်းယန်ရှင်းတန်နဲထိုင်းတဖြစ်နေတာကိုး။ငါနင်တိုနှစ်ယောက်နဲတွေ့ခွင့်ရခဲ့တာ
အရမ်းကံကောင်းတာပဲ။
ယခုလက်ရှိလီရန်ရှောင်လဲ့၏အပြအမူမှာ
မနေကနှင့်ခြားနားနေသည်။တစ်ညကုန်သွားပြီးနောက် မနေကအဖြစ်အပျက်ကိုသူမစိတ်ထဲ
သိမ်းထားလိုက်ပြီထင်သည်။ယခု
သူမမျက်နှာမှာကြောက်ရွံ့မှုတွေမတွေ့ရ။
ဂျင်ချန်က အသားကင်ကိုယူကာဖဲ့ပြီး လီရန်ရှောင်လဲ့ကိုပစ်ပေးလိုက်သည်။
“ဒီတောထဲ့မှာမှော်ဝင်သားရဲတွေအများကြီးရှိတယ်။
၃ရက်ထက်ပိုမနေရဘူးဆိုပေမယ့်ထွက်သွားလိုလဲ မ၇သေးဘူး။မင်းမကြောက်ဘူးလား’
လီရန်ရှောင်လဲ့ကအသားကင်ကိုဖမ်းလိုက်ကာခပ်သေးသေးကိုက်ရင်းပြန်ဖြေသည်။
“ငါကြောက်တော့ကြောက်ပေမယ့်အဆင်ပြေမယ်လိုယုံကြည်တယ်။
ပြီးတော့နင်တို့ကငါ့ထက်အသက်လည်းမကြီးသေးဘဲနဲ့
ညကမှော်ဝင်သားရဲတွေကိုမကြောက်မလန်ကဘဲ သတ်ပစ်ခဲ့တယ်။နင်တို့ကအခြားကောင်တွေထက် ပိုသဘောကျဖိုကောင်းတယ်။
ဟမ့်အခြားကောင်တွေကအသုံးမဝင်ဘူး။လူငါးယောက်ပေါင်းတာတောင်
မှော်ဝင်သားရဲ၁ကောင်ကိုမသတ်နိုင်ကြဘူး။
သူတို့ကြောင့်ငါငါ့ညီမတွေနဲကွဲခဲ့ရတာ”
နောက်တော့လီရန်ရှောင်လဲ့က
ကောက်ကာငင်ကာမတ်တပ်ထရပ်ပြီးကြေငြာသည်။“ငါဆုံးဖြတ်ပြီးပြီ။အခုကစပြီးနောက်၂ရက်လုံး
ငါစီနိယာတွေဆီကနေသေချာသင်ယူမယ်”ဂျင်ချန်မသိမသာခေါင်းငြိမ့်လိုက်မိသည်။ လီရန်ရှောင်လဲ့ရဲ့ယခုအခြေအနေကို
ဂျင်ချန်သဘောကျသည်။သူမကအရမ်းကို
မှော်ဝင်သားရဲတွေကိုကြောက်လွန်းအားကြီးပေမယ့်အဲ့ဒါသိပ်တော့အရေးမကြီးပါဘူး။အရေးကြီးဆုံးက သူမကိုယ်တိုင်ပြင်ဆင်ပြီးသင်ယူချင်စိတ်ရှိဖိုပဲ။
မည်သူမဆိုမွေးကတည်းက
တတ်လာခဲ့ကြသည်မဟုတ်။ဗဟုသုတတွေဆိုတာက
သင်ယူရင်းနဲရခဲ့တာတွေပဲ။ဒါပေါ့ဂျင်ချန်ကတော့
ချွင်းချက်ပေါ့။
လီရန်ရှောင်လဲ့ကမြင့်မြတ်သည့်မိသားစုမှသမီးကြီးဖြစ်သည်။
သူမကငယ်စဉ်ကတည်းကအကာအကွယ်တွေကြားမှာြ ကီးပျင်းခဲ့တော့သူမကိုဖျက်ဆီးသလိုဖြစ်နေခဲ့ခြင်းပေ။ သူမမှာဘာဆင်းရဲဒုက္ခရဲ့အတွေ့အကြုံမှမရှိဘူး။
ဒါကြောင့်သူမရဲပထမဆုံးအကြိမ်မှာ
ကြောက်လန်လွန်းသည်ကပုံမှန်ပင်။သူမအဖြစ်ကသာမန်လူတစ်ယောက်ပထမဆုံးအကြိ
မ်သရဲအခြောက်ခံရသည်နှင့်တူသည်။ မည်သူကမကြောက်ဘဲနေလိမ့်မလဲ။