Switch Mode

Chapter – 40

Chapter – 40

ဒီစကားကို ကြားရသည့်အခါ ထိုင်းတ၏မျက်နှာဟာ မယုံကြည်သည့်ဘက်သို့ ပြောင်းသွားသည်။
“အဖွဲ့လိုက်နဲကိုတောင်နင်တို့က
အဆင့်၁မှော်ဝင်သားရဲကိုမနိုင်ဘူးဟုတ်လား။
ဘယ်လိုတောင်မသုံးမကျလိုက်သလဲ။ငါနဲ့ချင်းယန် ရှင်းတန်ဆိုဒီနေ့အဆင့်၁မှော်ဝင်သားရဲ
အကောင်၁၀၀လောက်သတ်ပြီးပြီ”
ဂုဏ်ယူသည့်အပြုံးဟာ သူမျက်နှာမှာပေါ်လာကာအဖြစ်အပျက်တွေကိုမြင်ယောင်နေပုံရသည်။
“ဂွီဂွီဂွီ”

ထိုစဉ်တွင် ထူးဆန်းသည့်အသံဟာ ထွက်လာသည်။အလိုအလျောက်တုန်ပြန်မှုအရဂျင်ချန်နဲ့ထိုင်းတတို့ အသံလာရာဆီအကြည့်တွေပိုလိုက်ကြတယ်။
ထိုအသံကလီရန်ရှောင်လဲ့ရဲ့ဗိုက်မှထွက်လာခြင်းပေ။ တခဏကြာတဲ့အထိအော်မြည်နေသံကရပ်မသွားသေး…“မင်းဗိုက်ဆာနေမှာပေါ့”
ဂျင်ချန် ပြုံးသည်။“အင်း…”
လီရန်ရှောင်လဲ့ရှက်ရွံ့စွာဖြင့်ပြန်ဖြေသည်။
နောက်တွန်ဆုတ်စွာဖြင့်
“ငါဒီနေတစ်နေလုံးဘာမှမစားရသေးဘူး”
သူမပါးစပ်ကသာပြောနေတာအကြည့်တွေကတော့မီးပုံပေါ်တွင်
တံစိုဖြင့်ထိုးကာကင်ထားသည့်အသားကင်ထံပဲ
ရောက်နေသည်။သူမဆာလောင်စွာဖြင့်
လောဘတကြီးကြည့်နေသည်။သူမထိုသို့ကြည့်လေ
ဗိုက်ထဲမှအသံကပိုကျယ်လာလေလေပင်။အထူးသဖြင့်ဂျင်ချန်နဲထိုင်းတနားထဲမှာတော့
ကျယ်ကျယ်လောင်လောင်ကြီးကိုကြားနေရသည်။

ဂျင်ချန်ကပြုံးသည်။
မှော်ဝင်သားရဲကိုကင်ထားသည့်တုတ်ကိုယူကာအပူချိန်ကိုစစ်ဆေးပြီးသူလက်နဲအသားကို
ဖဲ့လိုက်သည်။နောက်လီရန်ရှောင်လဲ့ထံပေးရင်း“ပူတယ်ဂရုစိုက်စား”
လီရန်ရှောင်လဲ့လက်သီးဖွဖွဆုပ်လိုက်မိပြီးမှ
ပေနေတဲ့သူမလက်ကို
အင်္ကျီမှာအလျင်စလိုသုတ်ပြီးနောက်လှမ်းယူသည်။ အနည်းငယ်အေးသွားသည်နျင့်
သူမပါးစပ်အပြည့်စားတော့သည်။
သူမအပြုကိုထိန်းသိမ်းဖို့နည်းနည်းလေးတောင်မှ မကြိုးစားချေ။
လီရန်ရှောင်လဲ့ကအရမ်းကိုဆာနေခဲ့သည်ဖြစ်ရာသူမလက်ထဲကအသားတွေကုန်သွားသည့်အခါကျန်နေတဲ့အသားတွေကိုကြည့်နေပြန်သည်။
ဂျင်ချန်ပြုံးကာနောက်ထပ်အသားကိုခပ်ကြီးကြီးဖဲ့ပြီး သူမကိုပေးလိုက်သည်။
“ဒါကိုထပ်စားလိုက်”
ဂျင်ချန်ပေးနေတဲ့အသားကင်ကိုကြည့်ကာလီရန်
ရှောင်လဲ့တုံဆိုင်းနေသည်။အဆုံးမှာတော့

သူမလက်မခံနိုင်ခဲ့။ထိုင်းတနဲ့ဂျင်ချန်ကိုကြည့်ကာ
ဖျော့တော့စွာမေးသည်။
“ငါဒါကိုထပ်စားလိုက်ရင်နင်တို့ကဘာစားမှာလဲ” ထိုင်းတကရယ်သည်။
“စိတ်မပူနဲ့ငါတိုမှာနောက်ထပ်ရှိသေးတယ်။
သစ်ပင်အောက်ကိုကြည့်လိုက်”
ထိုင်းတညွှန်ရာကိုသူမကြည့်လိုက်တော့သူတို့နားကသစ်ပင်ကြီးရဲ့အောက်မှာ
အမည်မသိမှော်ဝင်သားရဲကြီးဟာ
မြေပြင်မှာလဲကျနေလေတယ်။
ခြေတစ်ဖက်တော့မရှိတော့ဘဲမြေပြင်က
သွေးတွေဖြင့်ဖုံးလွှမ်းကာနေတယ်။
မှော်ဝင်သားရဲအလောင်းကိုကြည့်ကာလိရန်
ရှောင်လဲ့အံ့သြကာပြောသည်။
“နင်တို့ကတကယ်တော်လွန်းတယ်။မှော်ဝင်သားရဲကို
နှစ်ယောက်ထဲသတ်နိုင်တယ်”“ခွီးနင်ဘာကိုဆိုလိုချင်တာလဲ”ထိုင်းတကစကားကိုဆက်တယ်။

အချိန်တွေကုန်သွားကာ
ထိုင်းတနဲဂျင်ချန်တို့စားပြီးသွားတဲ့နောက် အနားယူဖိုပြင်ကြတယ်။
“ဟေးငါဘယ်မှာအိပ်ရမှာလဲ”
လီရန်ရှောင်လဲ့ကခက်ခဲစွာမေးသည်။
သိပ်မဝေးတဲ့နေရာကသစ်ပင်ကိုဂျင်ချန်ကပြသည်။
“အဲ့သစ်ပင်အောက်မှာသွားနားလိုက်။ညလယ်လောက်မှာမှော်ဝင်သားရဲက
နင့်ကိုလာတိုက်ခိုက်ရင်တောင်စိတ်ပူစရာမရှိဘူး” “ဟင်မှော်ဝင်သားရဲကညဘက်တွေလည်း
တိုက်ခိုက်တတ်တာလား”
ထိုစကားပြောနေစဉ်သူမမျက်နှာကဖြူစုတ်သွားသည်။မျက်လုံးတွေကကြောက်ရွံ့မှုတွေပြည့်ကာ
သူမခန္ဓာကစတင်တုန်ရီလာတော့တယ်။
“ဒါဆိုနင်တို့ကရော။နင်တိုဘယ်သွားမလို့လဲ။ငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့။
ကြောက်ဖိုကောင်းတဲ့မှော်ဝင်သားရဲတွေက ငါ့ကိုစားပစ်လိမ့်မယ်။“
လီရန်ရှောင်လဲ့ကအထိတ်တလန်ပြောသည်။
ဂျင်ချန်နဲထိုင်းတကိုကြောက်ကြောက်ရွံ့ရွံ့ကြည့်သည်။

သူမကြောက်တာက
သူတိုထွက်ပြေးသွားပြီးသူမကိုထားခဲ့မှာကိုပဲ။
ဂျင်ချန်သက်ပြင်းချသည်။ကြောက်တတ်တဲ့လီရန်
ရှောင်လဲ့ကြောင့်သူဘာမှကိုလုပ်နိုင်မှာမဟုတ်ဘူး။
မြင့်မြတ်သည့်မိသားစုမှာမွေးဖွားလာတဲ့
သူမလိုမိန်းကလေးမျိုးက
မုန်တုန်းထန်တဲ့ပင်လယ်ရဲ့အတွေ့အကြုံဘာမှမရှိဘူး။
မွေးကတည်းကအကာအကွယ်တွေကြားမှာကြီးပြင်းလာတော့သူမရဲ့စိတ်နဲခန္ဓာက
ခံနိုင်ရည်မရှိတော့ဘူးပေါ့။
“စိတ်မပူနဲ့။ငါတိုအဝေးကြီးမသွားပါဘူး။ဟိုအရှေ့က သစ်ပင်မှာပဲနေမှာပါ”
ဒီစကားကြားမှလီရန်ရှောင်လဲ့
စိတ်သက်သာရာရတော့သည်။သိုပေမယ့်မျက်ရည်စီးကြောင်းတွေက
သူမမျက်နှာမှာရှိနေဆဲဖြစ်ကာ
နှေးကွေးစွာဖြင့်သွားလေတော့တယ်။
“အလကားကျောင်း။အလကားကျောင်းအုပ်။အကြောင်းပြချက်တောင်ပေးခွင့်မရှိဘြဲ

ကျောင်းသားတိုင်းကိုဘာလို့ဒီပွဲထဲဝင်ခိုင်းတာလဲ။ဒါက
ငါတိုကိုသေဖို့လိုက်ပိုပေးနေတာမဟုတ်ဘူးလား”သူမပြန်တွေးလေလေလီရန်
ရှောင်လဲ့ဒေါသထွက်လာလေလေပင်။သိုပေမယ့်သူမစကားတွေကမျက်ရည်တွေကိုသာ
ကျလာစေလေသည်။
ထိုင်းတနဲဂျင်ချန်ကသစ်ပင်အောက်တွင်ထိုင်ကာ တစ်ညလုံးစွမ်းအားကျင့်သည်။မီးတုတ်က
ငြိမ်းနေလေပြီ။သူတိုရဲ့အပေါ်၅မီတာ၆မီတာအကွာက သစ်ကိုင်တွင်လီရန်ရှောင်လဲ့ရှိသည်။
သူမတစ်ညလုံးအိပ်မ၇ဘဲဟိန်းသံတွေကြားတိုင်း ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေမိတော့တယ်။
သစ်ပင်အောက်မှာလေ့ကျင့်နေတဲ့လူနှစ်ယောက်ကို သူမစောင့်ကြည့်ကာစစ်ဆေးနေမိသည်။
သူမမျက်လုံးထဲတွင်တော့ သေခြင်း၊ရှင်ခြင်းကအရေးပါသည်။သူမသူတို့နှစ်ယောက်
သူမအားထားခဲ့မည်ကိုမဖြစ်စေချင်ပေ။သူမရှာတွေ့တဲ့သူနှစ်ယောက်က
သူမကိုကာကွယ်ပေးနိုင်ဖို့သာမျှော်လင့်မိ၏။

ထိုအချိန်တွင်လေကတောထဲကဖြတ်ကာ
မြက်ပင်ရှည်တွေကိုဖြတ်တိုက်လာသည်။တင်ပလ္လင်ချိတ်ကာနေသည့်ဂျင်ချန်
မျက်လုံးဖွင့်လာသည်။
သံတုံးကိုကိုင်ကာမတ်တပ်ထမရပ်ခင်
မြက်ပင်ရှည်တွေကိုစိုက်ကြည့်ကာ
သူမျက်လုံးတွေတောက်ပသွားသေးသည်။ဂျင်ချန်ထရပ်လိုက်တော့လီရန်
ရှောင်လဲ့ကြောင်သွားသည်။ဘာဖြစ်မှန်းမသိပေမယ့်သူမရင်တွေတုန်နေသည်။
“ဟေ့ဘာဖစ်လိုလဲ”
လီရန်ရှောင်လဲ့ဂရုစိုက်ကာ
ခပ်တိုးတိုးမေးလိုက်သည်။ဒီအခြေအနေမှာ
သူမအသံကျယ်ကျယ်မထွက်ရဲ။မှော်ဝင်သားရဲတွေကိုဆွဲဆောင်သလိုဖြစ်သွားမှာစိုး၍ပင်။
ဂျင်ချန်ကသူမကိုပြန်ဖြေပေးမနေဘဲ
လေ့ကျင့်နေဆဲဖြစ်တဲ့ ထိုင်းတကိုလှမ်းပြောသည်။“ထိုင်းတထတော့။မှော်ဝင်သားရဲတွေလာနေပြီ” “ဟမ်နင်ဘာပြောတာမှော်ဝင်သားရဲတွေ
လာနေပြီဟုတ်လား”

သူမမျက်နှာကဖြူစွတ်သွားကာ
ကြောက်လန်သွားလေတယ်။
ဘာဖြစ်မလဲဆိုတာကိုတွေးကြည့်ပြီးသူမခန္ဓာဟာတုန်ယင်လာတော့တယ်။
ထိုင်းတကလေ့ကျင့်နေစဉ်မှာ
အပြည့်အဝအာရုံစိုက်နေတဲ့အတွက်
ဤသည်ကိုသတိမထားမိခဲ့။ဂျင်ချန်သူ့ကိုခေါ်လိုက်တော့မှ
လေ့ကျင့်နေသည်ကိုရပ်ကာ
ပုဆိန်ကိုပခုံးပေါ်ကောက်တင်ရင်းထရပ်လိုက်လေတယ်။“ချင်းယန်ရှင်းတန်မှော်ဝင်သားရဲတွေကဘယ်မှာလဲ။”ထိုင်းတကပတ်ဝန်းကျင်ကိုလှည့်ကြည့်ရင်းမေးသည်။ တိရိစ္ဆာန်ခြေရာရောအသံရောသူဘာမှမတွေ့ရသလို
၊ကြားလည်းမကြားရ။ဂျင်ချန်ကလည်း
ပတ်ဝန်းကျင်ကိုစူးစိုက်ကာလှည့်ပတ်ကြည့်နေရာမှ
ပြောလာသည်။
“ထိုင်းတဒီတစ်ကြိမ်တော့ဂရုစိုက်မှဖြစ်မယ်။ တစ်ကောင်တည်းမဟုတ်လောက်ဘူး
အုပ်စုလိုက်ဖြစ်ဖို့များတယ်”

“အုပ်စုလိုက်’
ထိုင်းတမျက်နှာဟာဂရုစိုက်သည့်အနေအထားမှ အံ့အားတကြီးဖြစ်သည့်ဘက်သို့ပြောင်းသွားသည်။ပြီးနောက်အသင့်ရင်ဆိုင်ဖို့ပြင်ထားလိုက်သည်။
“အမ်ဘာကြီး။အုပ်စုလိုက်ဟုတ်လား။မဖြစ်နိုင်တာ။ဟဲ့
နင်တိုတွေငါ့ကိုမခြောက်ကြပါနဲ့”
သစ်ပင်ကိုကိုင်ထားရင်းကသူမကအသနားခံလာသည်။သူမဂျင်ချန်ဆီမှခြိမ်းခြောက်ခံလိုက်၇သလို
ပြုမူနေလေသည်။
ဂျင်ချန်မျက်မှောင်ကျုံကာငိုနေတဲ့လီရန်
ရှောင်လဲ့ကိုမော့ကြည့်သည်။
“နင်တိတ်တိတ်နေပေးလို့ရမလား။မှော်ဝင်သားရဲတွေကို ဆွဲဆောင်ချင်နေတာလား”
ဂျင်ချန်အမိန်သံကတကယ်အသုံးဝင်သည်။လီရန်
ရှောင်လဲ့သူမပါးစပ်ကိုလက်ဖြင့်အုပ်ထားလိုက်ကာမည်သည့်အသံမှထပ်ထက်မလာတော့။
“ချင်းယန်ရှင်းတန်မှောင်ဝင်
သားရဲဘယ်နှစ်ကောင်လောက်ရှိနေမယ်လိုမင်းထင်လဲ”“အများကြီးပဲကွာ။ အနည်းဆုံး၁၀ကောင်လောက်ရှိမယ်။သူတို့ကငါတိုကိုဝိုင်းပြီးတိုက်ဖိုပြင်နေကြပြီ”

ဂျင်ချန်အမူအယာကအရမ်းလေးနက်နေသည်။
ဂျင်ချန်ပြောသည်ကိုကြားလိုက်ရတဲ့အခါထိုင်းတအမူအယာက
ပြင်းထန်သွားသည်။မှော်ဝင်သားရဲတစ်ကောင်တည်းဆိုသူစိတ်မပူဘူး။သုံးကောင်ဆိုရင်တောင်
သူတို့နှစ်ယောက်ပေါင်းတိုက်ရင်နိုင်တယ်။ဒါပေမယ့်
အခုကအနည်းဆုံး၁၀ကောင်ဆိုတော့…
၈ျင်ချန်ပြောတာကြားတော့လီရန်
ရှောင်လဲ့ရဲ့ဖြူလျော့နေတဲ့မျက်နှာက ပို၍ဖြုစုတ်သွားတယ်။
သူမကြောက်သထက်ပိုကြောက်လာပြီ။
“သွားပြီ။ငါတို့တွေအစားခံရတော့မယ်။ငါတိုတွေမလွတ်နိုင်တော့ဘူး”
သူမခေါင်းကိုခါယမ်းကာတုန်ယင်စွာရေရွတ်နေသည်။
မြက်ပင်ရှည်တွေကြားမှဆိုင်ယမ်ဓာတ်ငွေ့အရောင်က သူတို့ရှေ့မှာပေါ်လာသည်။
အရပ်မျက်နှာတိုင်းကပေါ်လာတာဖြစ်သည်။
ဂျင်ချန်နဲထိုင်းတတို့အံ့သြကာကြောင်သွားကြသည်။ ထိုအလင်းစက်တွေကသားရဲရဲ့မျက်လ့ုးတွေဆိုတာ

သူတိုသိသည်။
အနည်းဆုံးအကောင်၂၀လောက်ရှိမည်ပေ။
“ဒါအဆင့်၁မှော်ဝင်သားရဲတွေဖြစ်တဲ့ဝံပုလွေပြာတွေပဲ။ ထိုင်းတ မင်းမသေချင်ရင် သစ်ပင်ပေါ်ပြေးတက်တော့”အရပ်လေးမျက်နှာမှဝံပုလွေပြာတွေကိုကြည့်ကာ
ဂျင်ချန်ပြောလိုက်သည်။
ထိုင်းတဒေါသထွက်ကာပုဆိန်ကြီးအားအားဖြင့်လွှဲယမ်းရင်းပြောသည်။
“စိတ်မပူနဲ့။ချင်းယန်ရှင်းတန်
မှော်ဝင်သားရဲအကောင်၂၀ပဲဟာ။ငါသူတိုကိုငါတိုကိုဒုက္ခပေးဖို့ခွင့်မပြုနိုင်ဘူး”
ဝံပုလွေပြာအကောင်၂၀ဟုလီရန်ရှောင်လဲ့ကြားလိုက်ရာ သူမသေတော့မလိုကြောက်လန်သွား၇သည်။သူ
ဂျင်ချန်တို့ကိုယုံတယ်ပဲထား
သူတော်စင်တောင်မဖြစ်သေးဘဲနဲ့
အကောင်၂၀ကိုသတ်နိုင်ဖို့မဖြစ်နိုင်ဘူး။
ကျောင်းကဆရာတွေသာလာမကယ်ရင်သူတို့သေပြီပဲ။ “ဆရာဘယ်မှာလဲ။ကျွန်မတိုကိုလာကယ်ပါ”
သူမခေါင်းကိုဘယ်ညာလှည့်ကာဆရာတွေလာမလားဟု
မျှော်လင့်နေသည်။ဆရာတွေကသာ

သူမတိုကိုကယ်နိုင်မယ်လို့သူမယုံကြည်နေတယ်။ဒါပေမယ့်မှော်ဝင်သားရဲတွေအများကြီးရှိနေတာမို့ သူမအကျယ်ကြီးမအော်ငိုရဲဘူး။မဟုတ်ရင်
ထိုမှော်ဝင်သားရဲတွေကသူမကိုအာရုံကျသွားလိမ့်မယ်။ ဝံပုလွေအကောင်၂၀က
ဂျင်ချန်နဲထိုင်းတထံဖြည်းဖြည်းချင်းကပ်လာကာ
သူတိုကိုစူးစိုက်စွာကြည့်နေကြတယ်။
၅မီတာအကွာလောက်ရောက်တော့သူတို့တွေရပ်လိုက်ကြသည်။
ဂျင်ချန်နဲထိုင်းတ
သူတိုလက်နက်တွေကိုကိုင်စွဲထားလိုက်သည်။ သူတို့တွေကိုမှော်ဝင်သားရဲအကောင်၂၀က ဝိုင်းထားပေမယ့်လည်းသူတိုမျက်နှာပေါ်မှာ
ကြောက်ရွံ့မှုတွေမရှိ။ “အာဝူး……”
ရုတ်တရက်ဝံပုလွေပြာတစ်ကောင်က
ကောင်းကင်သိုမော့ကာဖြင့်အူလိုက်သည်။နောက်ပတ်ပတ်လည်ကဝံပုလွေတွေကလည်း
စတင်အူလာကြသည်။

ဝံပုလွေအူသံတွေကိုကြားတော့လီရန်
ရှောင်လဲ့ကြောက်လန်ကာခြေချောပြီးပြုတ်ကျသည်။သူမအလွန်အမင်းကြောက်လန်နေကာသူမမျက်နှာမှာ
သွေးမရှိတော့သလိုပင်ထင်ရသည်။
ဂျင်ချန်နဲကီလိုမီတာအနည်းငယ်လောက်ဝေးသည့်နေရာ
တွင်သတ်လတ်ပိုင်းလူကြိးတစ်ယောက်ဟာ သစ်ပင်ပေါ်တွင်ထိုင်ကာလေ့ကျင့်နေသည်။ဝံပုလွေပြာတွေရဲ့အူသံလည်းကြားရော
သူမျက်လုံးတွေပွင့်လာသည်။
“မကောင်းတော့ဘူး။ဒါဝံပုလွေပြာအုပ်စုရဲ့အူသံပဲ။ သူတို့၁၀ကောင်ထက်မနည်းဘူး။
သူတို့နဲတွေ့နေတဲ့လူမှာအန္တရာယ်ရှိနေပြိ’ သူမျက်နှာအမူအရာကလေးနက်သွားကာ
သစ်ပင်ပေါ်မှခုန်ချ၍အသံလာရာဘက်သို့မရပ်နားဘဲ တရှိန်ထိုးပြေးသွားတော့သည်။
“ငါအချိန်မှီဖို့မျှော်လင့်တယ်”
သတ်လတ်ပိုင်းလူကြီးရဲ့မျက်နှာကစိုးရိမ်မှုတွေပြည့်နေသ ည်။သိုပေမယ့်
သူတတ်နိုင်သသမျှအမြန်နှုန်းနှင့်ပြေးကာနေသည်။ ဒုတိယနယ်မြေကမှော်ဝင်သားရဲတွေက

သိပ်သန်မာတာမဟုတ်ဘူး။ဒါပေမယ့်ဂျင်ချန်နဲထိုင်းတရင်ဆိုင်နေရတာကဝံပုလွေပြာအုပ်စုလိုက်…
အခြေအနေကသိပ်မကောင်းဘူး။
တစ်ချိန်ထဲမှာပဲမတူညီတဲ့အရပ်မျက်နှာတွေမှ
မတူညီတဲ့လူသုံးယောက်က
ဝံပုလွေပြာအူသံတွေကိုကြားကြားချင်း
လုပ်လက်စတွေကိုရပ်ကာအသံလာရာဆီအမြန်ဆုံးနည်းဖြင့်ပြေးလာနေကြတယ်။
ဝံပုလွေအူသံဆိုတာက
တိုက်ခိုက်ဖိုအချက်ပြတာပဲဖြစ်တယ်။
အကောင်၂၀လုံးဟာဂျင်ချန်နဲထိုင်းတဆီဝင်လာတော့တယ်။
“သွားသေစမ်း”
ထိုင်းတကြုံးဝါးကာဝံပုလွေတွေအားခုတ်ပိုင်းဖို့ ပုဆိန်ကိုအသင့်ပြင်လိုက်တယ်။
အနားကဝံပုလွေတစ်ကောင်အားပုဆိန်ဖြင့်ခုတ်ချလိုက်သည်။ပုဆိန်ကဗိုက်ထဲကိုအပြားလိုက်ဝင်သွားကာ
နားဖောက်လိုက်သလိုထုတ်ချင်းပေါက်သွားသဖြင့်ဝံပုလွေကနာကျင်စွာအော်ဟစ်၏။

“ဘုန်း”
ထိုင်းတကိုစောင့်ကြည့်နေတဲ့ဝံပုလွေကပုဆိန်လက်ချက်မိသွားကာ
သူခန္ဒာကိုယ်ကြီးတွင်ဒဏ်ရာကြီးရသွားလေသည်။ထိုဝံပုလွေပြာကနောက်ကိုလွင့်ပျံကာသွားလေ၏။ အဆင့်၁မှော်ဝင်သားရဲဖြစ်ပေမယ့်လည်း
ထိုင်းတရဲ့ခွန်အားကိုမယှဉ်နိုင်ပေ။
ပေါင်၁၀၀လေးတဲ့ပုဆိန်ကိုသိပ်မလေးသလို ထိုင်းတကဝှေ့ယမ်းနေသည်။
ဝံပုလွေတစ်ကောင်ကပ်လာတာနဲ့
သူကအဝေးကိုလွင့်ပျံသွားစေလိုက်မှာပဲ။ထိုင်းတအနားကပ်လာတဲ့ဝံပုလွေတိုင်းသူလက်ချက်နဲဒဏ်ရာရပြီး
အဝေးကိုမလွင့်သွားတာမျိုးမရှိဘူး။သိုပေမယ့်သူတို့အရေပြားကကြမ်းလွန်းတော့
ထိုင်းတကတော်ရုံမသတ်နိုင်ဘူး။ ဂျင်ချန်က
အနားကိုကပ်လာတဲ့ဝံပုလွေကိုအေးစက်စွာစိုက်ကြည့်ရင်
းသူကခုန်ဝင်လိုက်ကာချွန်နေသည့်သံတုံးတစ်ဖက်ဖြင့် အနားကဝံပုလွေရဲ့လည်ပင်းကိုချိန်ပစ်လိုက်သည်။

“ဖူး…”
ခုခံမှုအနည်းငယ်ကြားမှသံတုံးဟာဝံပုလွေရဲ့လည်ပင်က
သားရေနဲပြောင်းကိုဖြတ်သွားတယ်။ သံတုံးကိုပြန်ယူရင်းသူဆီခုန်ဝင်လာတဲ့ဝံပုလွေလက်မှ ခုန်ရှောင်လိုက်သည်။ဂျင်ချန်ကြောင့်လည်ပင်းပေါက်သွားတဲ့ဝံပုလွေက
မြေတါင်လဲကာခြေထောက်တွေကအကြောဆွဲနေကာ
ပြင်းထန်တဲ့ဝေဒနာကိုခံစားနေ၇တယ်။
သူခြေထောက်တွေကကြိုးစားပြီးထရပ်ဖို့လုပ်နေပေမယ့် မတတ်နိုင်ရှာဘဲလည်ပင်းကအနီရောင်သွေးတွေက တလဟောထွက်ကျနေလေတယ်။
သက်ရှိတိုင်းအတွက်လည်ပင်းကအားနည်းချက်ပဲဝံပုလွေပြာတွေလည်းအတူတူပဲဖြစ်တယ်။
သူအနေနဲသေဖို့ပဲရှိတော့တယ်။
ကြိုးစားပြီးအသက်ရှင်ဖို့တောင့်ခံရင်တောင်မှ အချိန်သိပ်ကျန်မှာမဟုတ်တော့ဘူး။
ဂျင်ချန်ကဝံပုလွေကို ကျွမ်းကျင်စွာရှောင်ရှားနေတယ်။သံတုံးကိုသူပစ်လိုက်တိုင်းမပေါက်ထွက်သွားဘူးဆိုတာ မရှိစေရဘူး။
ဂျင်ချန်ကိုဝံပုလွေ၁၀ကောင်ကဝိုင်းနေပေမယ့်

သူကတည်ငြိမ်စွာပဲမထင်မှတ်ထားသည့်ပုံစံတွေဖြင့်
ရှောင်ရှားနေတယ်။ချွန်ထက်နေသောသွားစွယ်တွေကသူကိုလုံးဝဖမ်းမမိဘူး။
ဝံပုလွေကသူ့ကိုကိုက်မိတော့မယ်ဆိုရင်
ဂျင်ချန်ကကွက်တိရှောင်ရှားလိုက်ပြီဖြစ်သည်။
တိုက်ပွဲစတာအသက်ပြင်းပြင်းရှူချိန်လောက်ပင်မကြာေ
သးဂျင်ချန်ကြောင့်ဝံပုလွေသုံးကောင်
လည်ပင်းပေါက်သွားခဲ့ပြီ။သွေးတွေဆုံးရှုံးလွန်တာနဲ့ ဝံပုလွေတွေကမြေပြင်မှာလဲကာ
အသက်ပြင်းပြင်းရှူနေကြရပြီး
နောက်တော့သေသွားကြရတယ်။
ဝံပုလွေပြာအတော်များများကဒဏ်ရာတေါွရှိနေပေမယ့်
သေကွင်းသေကွက်တွေတော့မဟုတ်သေးဘူးသူတို့က အရိုးအဆစ်တွေကိုထိခိုက်မိထားတာသာဖြစ်တယ်။
ဂျင်ချန်ကဝံပုလွေနှစ်ကောင်ကြားတွင်ရပ်ကာ
သံချောင်းဖြင့်ထိုးလိုက်တယ်။(ဟေးတောင်းပန်ပါတယ်။သံတုံးမဟုတ်ဘဲသံချောင်းဖြစ်ရမှာကို။
အဲ့ဒါကြောင့်တမျိုးကြီးဖြစ်နေပါတယ်လို့တွေးနေတာ။ အဟဲကျေးဇူးပြုပြီးပြင်ဖတ်ပေးပါနော်)သူလှုပ်ရှုားမှုက
မြန်လွန်းရုံတင်မဟုတ်တိကျမှုလည်းရှိသေးတယ်။

ဤသည်ကသူဘဝတစ်လျှောက်လ့ုး
တိုက်ခိုက်မှုတေံကြားမှာကခုန်လာခဲ့လို့ပဲဖြစ်တယ်။ အခြားတစ်ဖက်မှာထိုင်းတက
ပုဆိန်ကြီးကိုလေတွင်ဝှေ့ယမ်းကာမကြုံးဝါးနိုင်တော့ဘူး။ အနားကပ်လာသမျှဝံပုလွေပြာတွေကို
အဝေးကိုလွင့်ထွက်စေပေမယ့်
သေအောင်တော့မသတ်နိုင်ဘူးဖြစ်နေတယ်။ ထိုင်းတကအရမ်းစွမ်းအားကြီးပေမယ့်
ဂျင်ချန်ရဲ့အောင်မြင်မှုနဲအဝေးကြီးမှာရှိနေတယ်။
ပြောရရင်သူအခုထိတစ်ကောင်မှမသတ်နိုင်သေးဘူး။

Comment

Leave a Reply

Options

not work with dark mode
Reset