Switch Mode

Chapter – 39

Chapter – 39

အမဲရောင်ခြင်္သေ့ကြီးထံမှအမြုတေကိုထုတ်ယူပြီးနောက် ဂျင်ချန်နဲထိုင်းတတို့မှော်ဝင်သားရဲတွေကိုသတ်ရန်
ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
သူတော်စင်မဖြစ်သေးတဲ့ကျောင်းသားတွေအတွက်အဆင့်၁မှော်ဝင်သားရဲကိုသတ်ရန်မှာ
ခက်ခဲသည့်အလုပ်ဟုပြောကြပေလိမ့်မည်။
ဘဝတစ်ကွေ့မှာအခက်အခဲကမည်သည့်နေရာကမဆို ဝင်လာနိုင်သည်။သိုပေမယ့်
ဂျင်ချန်နဲထိုင်းတအတွက်ကတော့
ဆော့ကစားနေသလိုပင်။သူတို့အတွက်တော့

ဒုတိယနယ်မြေဆိုတာက
အမြုတေတွေပေါများသည့်ရတနာသိုက်ကြီးပါပင်။
နေ့အချိန်ကလျှင်မြန်စွာကုန်သွားကာ
ညရောက်လာသည်။ထိုင်းတနဲဂျင်ချန်တို့တောတွင်းက စစ်တလင်းတစ်နေရာမှာပဲစခန်းချလိုက်ကြသည်။
မီးပွဲဘေးတွင်ထိုင်နေပေမယ့်မှုန်ဝါးဝါးသာရှိသည်မှာ
မီးရောင်၏အရိပ်ကြောင့်ဖြစ်မည်။
သူတို့ရဲ့အရိပ်တွေကကျောဘက်တွင်ကနေကြသည်။ တစ်ဦးနှင့်တစ်ဦး
သတ်ဖြတ်နေကြသောနတ်ဆိုးတွေအသွင်ပေါက်အောင် ဖန်တီးယူထားသည်။
အမှောင်ထုက
ထောင့်လေးထောင့်ပုံစံဖြင့်သူတို့အားဝိုင်းထားသည်။ အကယ်၍သူတိုသာမီးပုံဘေးမှထွက်သွားပါက
ကိုယ့်လက်ကိုယ်ပင်မြင်ရတော့မည်မဟုတ်။ထိုနေရာကငြိမ်းခြမ်းနေသည်တော့မဟုတ်
အဝေးကမှော်ဝင်သားရဲတွေဟိန်းဟောက်နေသံတွေ၊အူနေသံတွေကို ကြားနေရသည်ပေ။ ထိုအသံတွေကလူတွေကိုကြောက်လန်စေဖိုလုံလောက်နေပြီပေ။

နဂိုကြောက်နေသူသာဆိုရင်တော့ဖြင့်
ပို၍ခြောက်ခြားသွားပေလိမ့်မည်။ထိုင်းတ
သူလက်ထဲကအမြုတေကိုမီးနားကပ်ကာမြှောက်ထားလိုက်ရင်းလင်းစေလိုက်သည်။
ထိုနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့်
သူတို့အဝတ်အစားတွေအခြေအနေမကောင်းတော့ဘဲ
သွေးတွေပေကျံနေသည်ကိုမြင်နိုင်သည်။
သွေးတွေကတော့မှော်ဝင်သားရဲတွေဆီမှဖြစ်ပြီးအင်္ကျီပြဲတာကတော့ဆူးချွန်တွေဖြင့်ခြစ်မိကာ
ပြဲထွက်ခဲ့ခြင်းကြောင့်ပင်။
“ချင်းယန်ရှင်းတန်မင်းကတကယ်အံ့သြဖိုကောင်းတယ်။အသုံးမဝင်တဲ့သံတုံးကြီးကိုတောင်
ကောင်းကောင်းအသုံးချနိုင်တယ်။
ဒီနေတိုက်ခိုက်ခဲ့သမျှမှော်ဝင်သားရဲတွေက
မင်းသတ်ခဲ့တာတွေချည်းပဲ။မြွေစိမ်းသားရဲကိုသာငါသတ်ခဲ့ရတာ”
ထိုင်းတကဂျင်ချန်အား
လေးစားသည့်အရိပ်အယောင်တွေဖြင့်ပြောနေသည်။ဂျင်ချန်မျက်နှာတွင်အပြုံးအကြီးကြီးပေါ်လာသည်။

“ငါကအခွင့်အရေးရတာနဲ့တန်းသတ်ပစ်လိုက်လို့ပါကွ။မင်းရဲ့ပုဆိန်ကြီးကြောင့်မှော်ဝင်သားရဲဒဏ်ရာရသွားမှ တိုက်ခိုက်ရင်ပိုခက်သွားမှာစိုးလို့ပါ”
ထိုင်းတကရယ်သည်။ဒီစကားက
သူကိုသက်တောင့်သက်သာရှိစေသည်။
“ချင်းယန်ရှင်းတန်ငါ့ကိုပြောပြပါ။
အနားမှာမှော်ဝင်သားရဲတွေရှိမရှိ မင်းဘယ်လိုသိတာလဲ”ထိုင်းတကဤအကြောင်းကိုသိချင်နေသည်မှာကြာပေပြီ။ တစ်ချိန်လုံးပဟေဠိဖြစ်စွာသူငြိမ်နေခဲ့၇သည်။
အခုတိုက်ဆိုင်တဲ့အကြောင်းရှိလာပြီဆိုတော့
သူမအောင့်နိုင်တော့ဘဲထုတ်မေးလိုက်တော့သည်။ ဂျင်ချန်ကမဖြေဘဲနေရမည့်အစားသူနားနဲ့
ခေါင်းကိုညွှန်ပြလိုက်သည်။“ဒါတွေကိုငါသုံးလို့လေ”
ဂျင်ချန်နားနဲခေါင်းကိုကြည့်ကာ
ထိုင်းတကသိချင်စိတ်ပြင်းစွာမေးသည်။
“မင်းရဲ့နားနဲနားထောင်ပြီးခေါင်းကတွေးတောတာလား” “တစ်ဝက်ပဲမှန်တယ်”
စကားကိုရပ်ကာသံတုံးမှအဖုအထစ်များကို
ပြောင်ရှင်းအောင်တိုက်နေသည်။နောက်မှသူကဆက်၍

“ငါ့နားနဲနားထောင်တာမဟုတ်ဘဲ
ငါ့ဝိဉာဉ်စွမ်းအားကိုသုံးပြီးပတ်ဝန်းကျင်ကိုအာရုံခံတာ။ ဒါပေမယ့်ဒီနည်းလမ်းကအခြားသူတွေကအတွက်
သိပ်ခက်လိမ့်မယ်”“အိုး….“
အနည်းငယ်တွေးတောပြီးနောက်
ထိုင်းတကာနားလည်သွားသလိုခေါင်းငြိမ့်သည်။ သံတုံးကချောမွတ်သွားပြီလို့ယူဆရတော့
သူရပ်လိုက်သည်။သူသိုလှောင်ခါးပတ်ကိုယူကာ
ပြောသည်။
“ထိုင်းတငါတိုဒီနေ့ရှာလာရတာတွေကိုစစ်ကြည့်ရအောင်”
ဂျင်ချန်သူသိုလှောင်လက်ကောက်ကိုလှုပ်လိုက်တော့
မှော်ဝင်သားရဲအမြုတေတွေထွက်လာသည်။“အမြုတေ၄၈ခုငါ့မှာရှိတယ်”
ဂျင်ချန်ကရယ်ရင်းပြောသည်။
ဒီနေကအတော်ရှာဖွေလိုက်နိုင်သည်ပေ။‘ငါက၄၉ခု။ငါတစ်ခုအသာနဲ့မင်းကိုနိုင်တယ်” ထိုင်းတလုံးဝကိုပျော်နေသည်။
ဒီလောက်များတဲ့မှော်ဝင်သားရဲအမြုတေတွေကို

အရင်ကသူမမြင်ဖူးပေ။သူ့လို
သာမန်မိသားစုကမွေးလာသူအတွက်
အဆင့်၁အမြုတေအများကြီးရလိုက်သည်ကပိုက်ဆံအများအပြားရှာလိုက်နိုင်သလိုပင်။
“ပထမဆုံးနေ့ကမဆိုးပါဘူး။အများဆုံးဆုရဖို့
ငါတိုအမြုတေဘယ်နှစ်ခုလိုမလဲမသိဘူး။ ဆုကအတော်ကြီးတယ်အဆင့်၄အမြုတေနဲ့ သိုလှောင်လက်စွပ်”
ဂျင်ချန်တောင် ဆုကြေးတွေကိုစိတ်ဝင်စားသည်။သူတကယ်လိုချင်သည်က အဆင့်၄အမြုတေပင်။ထိုသည်ကအဆင့်၃တုန်းကထက်
များစွာသောစွမ်းအားတွေပါနေမည်မှာသေချာသည်။ထိုအချိန်တွင်
ဂျင်ချန်မျက်လုံးကရုတ်ချည်းမှောင်သွားကာ သူခပ်တိုးတိုးပြောသည်။
“သားရဲအမြုတေတွေအမြန်သိမ်း။လူတွေလာနေတယ်” သူပြောပြီးပြီးချင်းအမြုတေတွေကို
သိုလှောင်လက်ကောက်ထဲထည့်သိမ်းသည်။

ထိုင်းတကလည်းလျှင်သည်။
သူလည်းအမြန်ကောက်သိမ်းရာ
ဂျင်ချန်နှင့်တစ်ပြိုင်တည်းပြီးသွားသည်။သူတိုသိမ်းပြီးလို့
စိတ်မသက်မသာဖြင့်အသက်ရှူပြီးပြီးချင်း
မြက်တွေထဲမှပိန်ပိန်ပါးပါးလူတစ်ယောက်
လျှောက်လာသည်ကိုသိလိုက်ရသည်။
မီးပုံဘေးမှာထိုင်နေတဲ့သူတိုနှစ်ယောက်ကိုမြင်တော့
ထိုသူ့အမူအယာဟာအလွန်ပျော်သွားပုံ၇သည်။ထိုသူက
ကောက်ရိုးမျှင်လေးကိုင်ကာယိုင်နဲနြ့ဖင့်လျှောက်လာသေ
ာမိန်းကလေးတစ်ဦးပင်ဖြစ်သည်။
“လူတွေကိုရှာတွေ့ပြီ။နောက်ဆုံးတော့ လူတွေနဲတွေ့ပြီ။ငါတောင်းပန်ပါတယ်
ငါ့ကိုပစ်မထားပါနဲ့။ငါ့ကိုမှော်ဝင်သားရဲတွေက စားပစ်လိမ့်မယ်”
သူမအသံကတုန်ယင်နေသည်။
သူမအသံကြားမှထိုသူကမိန်းကလေးဖြစ်ကြောင်းဂျင်ချန်တို့သိလိုက်ရသည်။
ကောင်မလေးကမီးအနားကပ်ကာ
သူမရဲ့ကျောင်းဝတ်စုံကိုသူတိုနဲတူကြောင်းပြသည်။

သစ်ကိုင်းတွေ၊စူးချွန်တွေကြောင့်
ကျောင်းဝတ်စုံကစုတ်ပြဲနေရာသူမရဲ့အတွင်းခံကိုပါ
မြင်နိုင်သည်အထိပေ။ထိုဝတ်စုံကိုကြည့်ခြင်းဖြင့် သူမအကြိမ်များစွာချော်လဲခဲ့ကြောင်းသိနိုင်သည်။
သူမမျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရအောင်အထိ
ရွံ့တွေဖြင့်ပေတူးနေသည်။
သူမကငိုနေရာမှဂျင်ချန်ကိုကြောက်ရွံ့စွာကြည့်လာသည်။ သူမမျက်လုံးထဲ
အကူအညီလိုအပ်နေဟန်တွေအထင်းသား..“ထိုင်ပါ”
ဂျင်ချန်သူ့ကိုယ်သူငြင်သာအောင်ကြိုးစားလိုက်သည်။ သူမပုံစံကိုကြည့်ကာဘာတွေဖြစ်လာမှန်း
သူနားလည်လိုက်သည်။ဒီလောကကြီးမှာ
စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့ကောင်တွေတောင်မိန်းကလေးတစ်ယောက်ကိုပစ်ထားမိရင်
စိတ်မကောင်းဖြစ်ကြလိမ့်မည်။
လှပတဲ့ကောင်မလေးမှန်းလည်းသိရော
ထိုင်းတသူ့အကာအကွယ်ကိုဖယ်ရှားလိုက်သည်။ ပုဆိန်ကြီးကိုခပ်ဖြည်းဖြည်းချထားလိုက်ရင်း
ကောင်မလေးကိုစူးစမ်းနေသည်။

ဂျင်ချန်
သူမအားကြည့်ကာတည်တည်ကြည်ကြည်အသံဖြင့်မေးလိုက်သည်။
“မင်းနာမည်ကိုငါ့ကိုပြောနိုင်မလား”
“ကျွန်မကျွန်မနာမည်ကလီရန်ရှောင်လဲ့ပါ။
“အသံကထစ်ငေါ့နေသည်။
ဂျင်ချန်နဲထိုင်းတတို့မျက်လုံးတွေလက်သွားတာကို
မြင်ရတော့သူမတုန်ယင်သွားသည်။အခုအခြေအနေကသူမအဖိုလုံးဝမလုံခြုံသည့်အနေအထားမှာရှိသည်။
“မင်းလိုမိန်းမပျိုုကဘာလိုတစ်ယောက်ထဲဖြစ်နေတာလဲ။ မင်းကြောက်တယ်ဆိုရင်ဘာလိုတစ်ယောက်ထဲလာပြီး
လျှောက်သွားနေသေးလဲ။
သာမန်ဟိန်းဟောက်သံလေးကိုတောင်မင်းကကြောက်နေမယ့်ပုံကို“
ထိုင်းတကဝေခွဲမ၇သည့်အသံဖြင့်မေးသည်။ သူမထိုင်းတကိုကြည့်ကာ
ငြိမ်သက်ရင်းခဏကြာပြန်ဖြေသည်။
“ပထမကသူငယ်ချင်းတွေနဲ့ငါအတူလာခဲ့တာ။ဒါပေမယ့်
မှော်ဝင်သားရဲတစ်ကောင်နဲ့တွေ့ခဲ့ရတယ်။ အဲ့ဒိကောင်ကြီးကအရမ်းသန်မာတယ်။

ငါ့သူငယ်ချင်းတွေမသတ်နိုင်ခဲ့ဘူး။နောက်တော့
ငါတိုတွေဒဏ်ရာတွေရပြီး
ထွက်ပြေးရင်းနဲလူစုကွဲသွားတာပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset