Switch Mode

Chapter – 38

Chapter – 38

ဂျင်ချန်၏ တိတ်ဆိတ်သွားမှုက ထိုင်းတကို သိချင်စိတ်များစေသည်။
“ဘာကလွဲလိုလဲ”
“မှော်ဝင်သားရဲအုပ်စုလိုက်နဲ့ငါတို့တွေ့ရင်တော့
အသုံးမဝင်ဘူးပေါ့ကွာ။ဒါပေမယ့်ဒီမှာရှိလားမရှိလား ငါတိုမသိရသေးပါဘူး”
ဂျင်ချန်ကတည်ငြိမ်စွာပြောသည်။
မှော်ဝင်သားရဲအဆင့်၁လောက်က
ဂျင်ချန်ကိုပြဿနာမတက်စေဘူး။သိုပေမယ့်
အုပ်စုလိုက်ကြD;လာမယ်ဆိုရင်တော့….
ထိုင်တကမျက်မှောင်ကျုလိုက်ရင်းမရေရာစွာပြောသည်။ “အဲ့လိုမျိုးကရှိလိုလား။
ငါတောထဲမှာအချိန်ကြာနေခဲ့ဖူးတယ်။ဒါပေမယ့်
မှော်ဝင်သားရဲတွေက
အုပ်စုဖွဲ့နေတတ်တယ်လို့ငါမကြားဖူးပါဘူး”
“ငါတိုမမြင်ဖူးးတိုင်းမရှိဘူးလိုပြောလိုမရဘူးလေ။
မှော်ဝင်သားရဲတွေနဲပတတ်သတ်ပြီးစာကြည့်တိုက်မှာငါစာအုပ်တွေအများကြီးဖတ်ဖူးတယ်။အဲ့ဒိမှာ
တချို့မှော်ဝင်သားရဲမျိုးစိတ်တွေကအုပ်စုဖွဲ့နေရတာ
နှစ်သက်ကြတယ်။အုပ်စုလိုက်ဆိုရင်
စွမ်းအားကမတရားပြင်းသွားပြီ။ပြီးတော့
အဲ့ဒိကောင်တွေကတစ်ကောင်တည်းသွားခဲကြတယ်”

ဂျင်ချန်မြွေဆီလျှောက်သွားရင်းမှထိုမြွေက၇မီတာ
၈မီတာလောက်ရှည်ကြောင်းသိလိုက်ရသည်။
ထို၇မီတာအရှည်ကိုဆွဲခွဲဖိုသံတုံး၏ချွန်သည့်တစ်ဖက်အာ
းအသုံးပြုလိုက်စဉ်သွေးလွှမ်းနေသောပုံဆောင်ခဲလေးတွေ့လိုက်ရသည်။
ထျန်းယွမ်တိုက်ကြီးတွင်မှော်ဝင်သားရဲအမြုတေဟာ
ပုံစံအမျိုးမျိုးဖြင့်ရှိသည်။တစ်ကောင်နှင့်တစ်ကောင်မှာ အမြုတေရှိနေပုံခြင်းမတူကြ။အချို့မှော်ဝင်သားရဲတွေက အမြုတေမှာခေါင်းတွင်ရှိသည်။အချို့ကဗိုက်မှာရှိသည်။ အချို့ကအသည်းမှာရှိသည်။
ယခုမြွေကဲ့သို့မှော်ဝင်သားရဲကတော့အမြှီးတွင်ရှိသည်။ ဤသည်ကိုဂျင်ချန်သိထားခဲ့သည်မှာလည်း
ကြာပြီဖြစ်သည်။“ဘုန်း”
ပခုံးပေါ်မှပုဆိန်ကြီးဖြင့် ထိုင်းတကသစ်ပင်အားထက်ခြမ်းပိုင်းချပစ်သည်။
“အုပ်စုဖွဲ့နေလေ့ရှိတဲ့မှော်ဝင်သားရဲတွေဆိုလည်း ဘာအရေးလည်းငါထိုင်းတကအကုန်သတ်ပြစ်မယ်”

မြွေစိမ်းထံမှရသည့် အမြုတေကိုသန်ရှင်းသွားအောင်အနီးရှိမြက်ပင်နှင့် ဂျင်ချန်ကသုတ်ပစ်သည်။ နောက်ထိုင်းတထံပစ်ပေးကာသူပြောသည်။
“အေးပါ မင်းအဲ့လောက်ထိ အော်ပြောနေဖိုမလိုပါဘူး။ထျန်းယွမ်တိုက်ကြီးမှာ
အဲ့လိုမှော်ဝင်သားရဲတွေရှိတယ်ဆိုပေမယ့်
ငါတိုနဲ့တွေ့မယ်လို့မသေချာပါဘူး။ဘာပဲဖြစ်ဖြစ်
အခုငါတို့ကမှော်ဝင်သားရဲနယ်မြေထဲရောက်နေပြီပဲ”
သူထံပစ်ပေးလာသောအမြုတေကိုဖမ်းယူကာထိုင်းတက
ဝေခွဲရခက်စွာကြည့်သည်။ “ဒါငါ့ကိုပေးတာလား”
ဂျင်ချန်ကရယ်သည်။
“မြွေစိမ်းကမင်းကြောင့်သေသွားတာလေ။အဲ့တော့ မင်းယူသင့်တာပေါ့”
ထိုင်းတကငြင်းဖ့ိုစကားရှာနေစဉ်မှာ ဂျင်ချန်ကဆက်ပြောလာသည်။
“ဒီအမြုတေကမင်းဟာပဲဘာမှဆက်မပြောနဲတော့။ငါတိုမှာအချိန်၃ရက်လည်းရှိသေးတာပဲ။
ငါတိုရဲ့အစွမ်းနဲဆိုအများကြီးရှာလိုရသေးတယ်။ဒီတော့ ငါဒီအမြုတေလေးတစ်ခုကိုဂရုစိုက်မနေဘူး”

“ဟားဟားဟုတ်ပါပြီ။ငါဒါကိုယူလိုက်မယ်။
နောက်တစ်ခုရရင်ဘယ်သူသတ်တာဖြစ်ဖြစ်မင်းယူရမယ်”
သွေးလွှမ်းနေတဲ့အမြုတေကိုလေထဲတွင်မြှောက်ရင်းထိုင်းတကပျော်ရွှင်နေသည်။
သူတို့နှစ်ယောက်ခရီးဆက်ဖြစ်ကြသည်။ထိုအချိန်တွင်
အန္တရာယ်အငွေ့အသက်ကို
ဂျင်ချန်ကခံစားမိနိုင်ကြာင်းကိုသူသိလိုက်သည်။ထိုင်းတသည်လည်း
ပတ်ဝန်းကျင်ကိုဂရုစိုက်ကာသွားနေသည်။ ပုဆိန်ကြီးကိုဝေ့ယမ်းကာသွားနေတာက
ခွန်အားအတော်ကုန်ပေမယ့်ထိုင်းတအတွက်တော့
ထမင်းစားသလောက်တောင်မပင်ပန်းပေ…ဟုတ်သည်သူကနတ်ဘုရားတွေတမျှခွန်အားကြီးမားသူကိုး….
သူအတွက်
အခြားသူကိုတိုက်ခိုက်ဖိုခွန်အားအများကြီးကျန်သေးရာဒီလောက်ကသူကိုမပင်ပန်းစေတော့ပေ။
အတော်ကြာသွားကြပြီးနောက်ဂျင်ချန်နားလှုပ်သွားရာ အန္တရာယ်ကကပ်လာကြောင်းသိလိုက်သည်။
မြက်ပင်တွေကိုပုဆိန်ဖြင့်လွှဲခုတ်နေတဲ့

ထိုင်းတကိုလှမ်းပုတ်ကာ
တိတ်တိတ်နေရန်အချက်ပြလိုက်သည်။ထိုင်းတကချက်ချင်းသဘောပေါက်သည်။
ပေါင်းပင်တွေထဲကိုသတိကြိးစွာဖြင့်သူလှမ်းကြည့်သည်။ပုဆိန်ကိုတင်းတင်းဆုပ်ကိုင်ကာ
ဂျင်ချန်အနားကပ်လာသည်။ပခုံးချင်းထိသည့်အထိ
ကပ်ရပ်လိုက်ရင်းဘေးဘီကိုကြည့်ကာထိုင်းတမျက်တောင်တဖျက်ဖျက်ခတ်နေသည်။
သူတို့ရဲ့အသက်ရှူသံကတိုးဖျော့သွားကာ
သတိကြီးစွာရပ်နေကြသည်။ထိုနှစ်ယောက်တွင်
ခြားနားသည်ကထိုင်းတကပတ်ဝန်းကျင်ကိုပြင်းစွာ အာရုံစိုက်ထားပြီး ဂျင်ချန်ကတော့ မျက်လုံးမှိတ်ကာအာရုံစူးစိုက်နေ၏။
ပေါင်းပင်တွေကထူထပ်လှသည်ဖြစ်ရာအကယ်၍
မှော်ဝင်သားရဲသာပုန်းနေပါကသာမန်မျက်လုံးဖြင့်ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။
ထောင့်သေးသေးလေးပင်မချန်အကဲခတ်နေတဲ့တိုင်းတပင်မည်သည်ကိုမျှမမြင်ရချေ။
ဂျင်ချန်မျက်လုံးတွေမှိတ်ကာ
ပတ်ဝန်းကျင်မှဖြစ်ပျက်နေသမျှကိုအာရုံခံရန်

သူနားတွေဆီအာရုံစိုက်ထားလိုက်သည်။ထိုအချိန်တွင် သူသိမြင်ခံစားနိုင်စွမ်းက အမြင့်တစ်ခုထိရောက်သွားကာသူကဝိဉာဉ်စွမ်းအားကိုပါပေါင်းစပ်အသုံးပြုလိုက်ပြီး
ကမ္ဘာပေါ်ကအရာအားလုံးကိုသိမြင်ခံစားနိုင်အောင်ကြိုးစားနေတော့သည်။
ထိုတခဏမှာ
သူကအရင်ဘဝကတိုက်ပွဲကိုပြန်သတိရလိုက်သည်။သူသေခဲ့ပေမယ့် ဓားဘုရင်ဖြစ်ခဲ့သည်။ထိုကြောင့်သူဝိဉာဉ်က
ကြောက်မက်ဖွယ်ကောင်းလောက်အောင်သန်မာသည်။သူခန္ဓာမှအပြင်သို့ပင်ခဏထုတ်လွှင့်နိုင်သေးသည်။
တိုက်ခိုက်နေချိန်မှာသာသူဝိဉာဉ်ကိုထုတ်သုံးလိုက်ကြည့်ဘယ်လိုလူမျိုးမှသူသိမြင်ခံစားနိုင်မှုမှ
မလွတ်မြောက်နိုင်တော့ပေ။
သူနောင်တရသည်ကသူဒီကမ္ဘာမှာမွေးလာပြီးတဲ့နောက် သူဝိဉာဉ်ကိုအချိန်အကြာကြီးထုတ်သုံးလိုမရတာကိုပဲ။ ဒါပေမယ့်လည်းဒီသစ်တောကသူ့ကိုသိပ်တော့
မခက်ခဲစေလေဘူး။
မှော်ဝင်သားရဲကိုရှာဖွေတာလောက်ကတော့လွယ်လွန်းလှပါတယ်..

ဂျင်ချန်ဝိဉာဉ်တွေကအတူတကွပေါင်းစည်းသွားကာ
ပတ်ဝန်းကျင်မှအရာတိုင်းကိုအာရုံခံတော့တယ်။သူဝိဉာဉ်ဆီမှတစ်စုံတစ်ခုထွက်သွားပုံရကာ
ထိုသည်ကရှိရှိသမျှအပင်တွေနဲ့ဆက်နွှယ်သွားသလို သူခံစားလိုက်ရသည်။ထိုခံစားချက်က
အလွန်ကိုထူးခြား၏။
သိုပေမယ့်ဂျင်ချန်ယခုကဲ့သိုခံစားမိနေချိန်တွင်သူအာရုံခံစားနိုင်စွမ်းကအဆင့်တစ်ခုအထိ တိုးတက်သွားသည်။နောက်ဆုံးမှာတော့
ကြောက်မက်ဖွယ်ကောင်းတဲ့အသက်ရှူသံဟာ
သူဆီဝင်လာပါတော့တယ်။ထိုအသံကတိုးဖျော့လွန်းလို့ အနားမှာရပ်နေခဲ့ရင်တောင် ကြားရဖိုမလွယ်လောက်ပေ။ဂျင်ချန်မျက်လုံးဖွင့်လိုက်ပြီးပြီးချင်း
ထိုနေရာမှသူပျောက်ကွယ်သွားပြီးတစ်နေရာသို့
မြင့်မားသည့်အမြန်နှုန်းဖြင့်ခုန်ပျံသန်းသွားလိုက်သည်။ ထိုသိုသွားရာလမ်းတစ်လျှောက်ရှိသစ်ကိုင်းတွေကို
ရှောင်ရှားရန် ဂျင်ချန်ကကိုယ်ကိုပျော့ကာလိုသလိုပြောင်း၍ရှောင်ရှားသည်။
၁၀မီတာလောက်ဖြတ်သန်းသွားပြီးသည့်နောက်သံတုံးကိုအသင့်ပြင့်ကာအရှိန်ပြင်းပြင်းဖြင့်

အဝေးမြက်ပင်တွေကြားမှအမဲရောင်ပုံသဏ္ဍာန်ထံ
ပစ်လိုက်သည်။“အောင်း….”
နာကျင်စွာအော်သံကြီးကြားရပြီးတဲ့နောက်
အမဲရောင်သဏ္ဍာန်ဟာမြက်တွေကြားမှခုန်ထွက်လာကာ
ဂျင်ချန်အားပါးစပ်ဖြဲ၍လှမ်းကိုက်ဟန်ပြုသည်။
ထိုသည်ကအမဲရောင်ခြင်္သေ့ကြီးပင်။
ထိုခြင်္သေ့က၂မီတာခန်ကြီးကာဟက်တက်ကွဲနေသော ဒဏ်ရာမှသွေးတွေစီးကျနေသည်။
မျက်နှာသိုစီးကျနေသောသွေးတွေကပိုပြီးရုန်ရင်းကြမ်းတမ်းသွားစေသည်။ ဂျင်ချန်ကအကြည့်က
ဓားတစ်လက်အလားချျွန်ထက်သွားသည်။သူလက်မောင်းတွေကိုလှုပ်ရှုားကာ
အလွန်အမင်းမြန်ဆန်သောအရှိန်ဖြင့်သံတုံးကို
ခြင်္သေ့လည်ပင်းအားချိန်ပြီးပစ်လိုက်သည်။
အစမှအဆုံးထိခြင်္သေ့အဖို့မည်သည်မျှမလုပ်လိုက်နိုင်။ သံတုံးမှအချွန်ဟာလည်ပင်းထံထိုးဝင်သွားသည်။နဂိုက
လေထဲတွင်ရှိနေသောခြင်္သေ့ကိုယ်မှာမြေသိုပြုတ်ကျစဉ်

သံတုံးဟာနစ်သထက်နစ်ဝင်သွားကာအဆုံးမှာတော့အခြာတစ်ဖက်သိုထုတ်ချင်းပေါက်သွားတော့သည်။သူသေသွားတဲ့အချိန်အထိခြင်္သေ့ဟာ
နာကျင်ချိန်သိပ်မရလိုက်ပေ။
မြေပြင်မှခြင်္သေ့အလောင်းတွင်
မျက်လုံးများပြူးကျယ်နေပြီးသူအကြည့်တွေက
မယုံနိုင်ဖြစ်နေပုံရသည်။
ထိုအချိန်မှာထိုင်းတကနောက်သိုရောက်လာသည်။သံတုံးက
ခြင်္သေ့လည်ပင်းသိုဖောက်ထွက်နေသည်ကိုမြင်တော့သူအကြိးအကျယ်အံ့သြသွားရတော့သည်။
“ချင်းယန်ရှင်းတန်ဒါဒါကမင်းသတ်လိုက်တာလား”ထိုင်းတကတုန်လှုပ်နေပုံ၇သည်။
သူမျက်စိနဲ့သေချာမြင်လိုက်ရပေမယ့်
သူမယုံကြည်နိုင်သေးပေ။ဂျင်ချန်နောက်က သူအမြန်နှုန်းပြေးလိုက်ခဲ့သည်ပဲ သိုပေမယ့်သူရောက်တော့ဂျင်ချန်လက်ချက်နဲ့
မှော်ဝင်ခြင်္သေ့ကသေနေပြီ။ဒါကအရမ်းကို
မြန်လွန်းသည်။ အသက်တစ်ခါရှူချိန် မဟုတ်သေးဘူးအသက်တစ်ခါရှူချိန်ရဲ့တစ်ဝက်လောက်ပဲကြာသွားတာ

မှော်ဝင်သားရဲကို
အသက်တစ်ခါရှူချိန်လေးနဲ့သတ်ပစ်ဖိုဆိုတာကအချို့ ပညာရှင်တွေအတွက်တော့လွယ်ကူလွန်းသည်။
သိုပေမယ့်ဂျင်ချန်က
သူတော်စင်မဖြစ်သေးမှန်းထိုင်းတသိသည်။
ဒါ့အပြင်သူသုံးတဲ့လက်နက်တောင်မှ
အသုံးမဝင်တဲ့သံတုံးကြီးဖြစ်နေသေးတယ်
ခြင်္သေ့ရဲ့ခေါင်းပေါ်တွင်ရပ်ကာအမြုတေအား ဂျင်ချန်ဆွဲထုတ်လိုက်သည်။ဘာမှမဖြစ်ခဲ့သလိုသူကပြောသည်။
“ဟုတ်တယ်ငါသတ်လိုက်တာ။ဒါကကံကောာင်းသွားလို့ပါ။
အချိန်တိုအတွင်းမှာဖြစ်သွားတာက
ငါကလက်နက်ကိုသုံးလိုက်တော့အဲ့ဒိကောင်ကြိးကအရူးထပြီးပြေးဝင်လာတယ်လေ”
ဒီစကားကြားတော့ထိုင်းတက
ဂျင်ချန်ရဲ့မပြောင်းလဲသည့်မျက်နှာထားကိုကြည့်သည်။ မယုံကြည်နိုင်စွာဖြင့်သူထပ်မေးသည်။
“တကယ်လား။မင်းငါ့ကိုမလိမ်ပါဘူးနော်: ဂျင်ချန်ကရယ်သည်။

“ဒါပေါ့အတိအကျပဲ။ငါကမင်းကိုလိမ်စရာလား”
ဂျင်ချန်ရဲ့တည်ငြိမ်တဲ့မျက်နှာက
ထိုင်းတကိုသိချင်စိတ်ပိုများစေသည်။“ကိုယ့်ကိုယ်ကိုယ်လက်နက်နဲအထိုးခံတဲ့
အဲ့လိုမှော်ဝင်သားရဲအရူးမျိုးလည်းရှိသေးတာလား”

Comment

Leave a Reply

Options

not work with dark mode
Reset