Switch Mode

Chapter – 37

Chapter – 37

သူတို့ကို ဆွဲဆောင်နေသော တောတွင်းနယ်မြေသို့ဝင်လိုက်သည်နှင့်ဂျင်ချန်နှင့် ထိုင်းတတို့ပထမနယ်မြေကိုရောက်သွားကြသည်။ ပထမနယ်မြေမှသားရဲတွေမှာအားနည်းလွန်းသည်။အဆိုပါသားရဲတွေဟာ
မှော်ဝင်သားရဲတွေနှင့်ယှဉ်၍မရပေ။(အရင်အပိုင်းတွေမှာသားရဲလို့ပဲသုံးခဲ့ဖြစ်တယ်။
တကယ်တော့သူတိုကမှော်ဝင်သားရဲတွေပါ။ရိုးရိုးသားရဲတွေကဟင်းစားအဖြစ်ပဲအသုံးဝင်တာ
မှော်ဝင်သားရဲကတော့

လေ့ကျင့်မှုမှာအထောက်အကူဖြစ်တယ်။နောက်ပိုင်းမှာ
မှော်ဝင်သားရဲလိုထည့်သုံးပေးသွားမယ်နော်)အားနည်းတဲ့သားရဲကောင်တွေကို
ထျန်းယွမ်တိုက်ကြီးမှာတော့
တောရိုင်းတိရိစ္ဆာန်ဟုသာခေါ်သည်။
ထိုကောင်တွေအဆင့်၁ကိုရောက်သွားရင်တော့
မှော်ဝင်သားရဲဟုပြောင်းခေါ်ကြသည်။တစ်ချိန်တည်းတွင်
ကျောင်းသား၁၀၀၀လုံးရာက်လာကြသည်။
တောရိုင်းကောင်တွေကိုရှင်းလင်းကာ
ပတ်ဝန်းကျင်အားအေးချမ်းအောင်ပြုရင်း
နောက်နယ်မြေသို့ကူးသွားကြသည်။ ဒုတိယနယ်မြေမှာတော့
အဆင့်၁မှော်ဝင်သားရဲတွေရှိသည်။ သူတော်စင်တွေမဟုတ်ကြသေးတာမို့
အဆင့်၁မှော်ဝင်သားရဲတွေကကျောင်းသားတွေအား အခက်အခဲဖြစ်စေသည်။
ဒုတိယနယ်မြေထဲဝင်ရောက်ပြီးတဲ့နောက်ဂျင်ချန်နဲထိုင်းတက
ကျောင်းသားတွေနဲဝေးရာတောထဲကိုသွားလိုက်ကြသည်


လူတစ်ယောက်စာမျှရှည်လျားသောပေါင်းပင်ကြီးတွေဟာသူတို့ရဲ့အမြင်အာရုံကိုပိတ်ပင်ထားသည်။
ရှေ့မှလမ်းကိုမမြင်နိုင်တာမို့
မှော်ဝင်သားရဲတွေရဲ့ခြေရာတွေကိုသာ
ကြည့်ရင်းသွားနေရသည်။
“ချင်းယန်ရှင်းတန်မှော်ဝင်သားရဲတွေရဲ့ခြေရာတွေကို တစ်ချက်တစ်ချက်တွေ့ရတယ်
ငါတိုသတိလွတ်လို့မဖြစ်ဘူး။“
တည်ငြိမ်သောအမူအရာဖြင့်တိုင်းတပြောသည်။သူငယ်စဉ်ကတောထဲမှာအမဲလိုက်ခဲ့ဖူးတယ်သူမှာအတွေ့အကြုံကြွယ်ဝတယ်။
တောထဲရောက်နေချိန်မှာသတိလက်လွတ်နေလိုက်ပါကအရှုံးနှင့်ရင်ဆိုင်ရမည်သာဖြစ်သည်။
ဂျင်ချန်အမူအယာကသက်သာရာရနေပုံပင်သူပြောသည်။
“စိတ်မပူနဲ့။မင်းအန္တရာယ်ကြုံနေရင်တောင်မှ ငါကတော့အန္တရာယ်ြံကုံှာမမဟုတ်ဘူးလေ”သူအရင်အတွေ့အကြ့ုတွေအရ
တောထဲမှာပေါ့ပေါ့ဆဆမနေရဲပေ။သူအရင်ဘဝက

မကြာခဏတောထသြို့လှည့်လည်ခရီးသွားလေ့ရှိရာ
ထိုင်းတထက်အတွေ့အကြုံပိုများသည်။
စာအုပ်တွေထဲမှာလည်းဖတ်ထားခဲ့တာကြောင့်
မှော်ဝင်သားရဲတွေအကြောင်းသူအတော်နားလည်နေခဲ့လေပြီ။ပုဆိန်ကြီးအားကိုင်ထားရင်း
ပတ်ဝန်းကျင်အားစူးစမ်းနေလျက်
ထိုင်းတရှက်ကိုးရှက်ကန်းအမူအယာဖြင့်ပြောသည်။“ငါအရင်ကတောရိုင်းကောင်တွေကိုသတ်ခဲ့ဖူးပေမယ့်
မှော်ဝင်သားရဲတွေကိုမသတ်ခဲ့ဖူးဘူးလေ။ သူတော်စင်တွေနဲတောင်ယှဉ်နိုင်တာဆိုတော့လွယ်လွယ်သတ်နိုင်မှာမဟုတ်ဘူး။
ငါတိုမနိုင်တဲ့အကောင်ရဲ့သတ်တာကိုခံရမယ်ဆိုရင် တစ်ယောက်ပဲအဖမ်းခံ့ပြီးကျန်တစ်ယောက်တော့လွတ်နိုင်ဖို့တောင်ငါသေချာဘူး”
“ထိုင်းတမင်းရဲ့ခွန်အားနဲစွမ်းရည်တွေကို မယုံထားဘူးလား”
ထိုင်းတမျက်နှာနီသွာကာသူပြောသည်။ရိုးသားစွာဖြင့် “အဲ့လိုတော့မဟုတ်ပါဘူး။ငါ့ကိုယ်ငါယုံပါတယ်။
ဆရာကပြောတယ်သာမန်သူတော်စင်လောက်ကို

ငါတိုက်ခိုက်နိုင်တယ်တဲ့။ဒါပေမယ့်
ငါမှော်ဝင်သားရဲတွေကိုမသတိဖူးဘူးလေ ပြီးတော့တစ်ယောက်ထဲရှိနေတဲ့အချိန်မှာလည်း မမြင်ဖူး…”ထိုင်းတစကားပြောနေစဉ်မှာ
ဂျင်ချန်ကအမူအယာကတည်သွားကာ
ထိုင်းတအားစကားမပြောရန်အမူအယာဖြင့်ပြရင်းသူကပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေသည်။ဂျင်ချန်အာရုံစိုက်နေသည်ကိုကြည့်ကာ
အန္တရာယ်ကနီးကပ်လာောကာင်းထိုင်းတသိလိုက်သည်။ ပုဆိန်ကိုရှေ့သိုချိန်ထားကာ
မြက်ပင်ရှည်တွေကြားလှည့်လည်ကြည့်နေလိုက်သည်။ဂျင်ချန်သူပတ်ဝန်းကျင်ကအန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။သိုပေမယ့်
မြက်ပင်တွေကနှစ်ပေါင်းများစွာသက်တမ်းရှိရာမည်သို့မျှဖြတ်၍မမြင်နိုင်ပေ။
ညာလက်တွင်သံတုံးအားကိုင်ထားကာ
ဂျင်ချန်မျက်တောင်တစ်ချက်ခတ်သည်။သူနားတွေကပတ်ဝန်းကျင်မှအသံကိုနားထောင်ရင်း
လှုပ်ယမ်းနေသကဲ့သို့ရှိသည်။

သက်ပြင်းကိုလေးလေးပင်ပင်
အကြိမ်အနည်းငယ်ချပြီးနောက်
ဂျင်ချန်မျက်လ့ုးရုတ်တရက်ဖွင့်လိုက်တော့ ထိုထဲမှအရောင်တချို့လက်သွားသည်။
သံတုံးအားကိုင်ထားရင်းရှေှုသိုတိုးသွားရင်း
ညာလက်မှအဝါရောင်အလင်းထွက်လာကာ
သံတုံးနှင့်အတူရှေ့ဆီသို့ဖျက်ခနဲပြေးဝင်သွားသည်။ တစ်ချိန်ထဲတွင်အစိမ်းရောင်တုတ်ချောင်းဟာ
ဂျင်ချန်ရှိရာဘက်သို့သာမန်မျက်စိဖြင့်မဖမ်းနိုင်သော အလျင်ဖြင့်ပြေးဝင်လာသည်။
သံတုံးနှင့်
အစိမ်းရောင်တုတ်ချောင်းတိုထိတိုက်တွေ့သွားကာ
အစိမ်းရောင်တုတ်ချောင်းမှာဆက်လက်မရွေ့လျားနိုင်ေ တာ့ချေ။ထိုတုတ်ချောင်းကနှေးသွားမှ
ဂျင်ချန်မြင်လိုက်၇သည်က
သံတုံးကားထိုအရာအားထုတ်ချင်းပေါက်နေခြင်းပင်။ထိုအချိန်မှာသူတိုသိလိုက်ရသည်က
ထိုအစိမ်းရောင်တုတ်ချောင်းကား
စင်စစ်အစိမ်းရောင်မြွေတစ်ကောင်ဖြစ်နေခြင်းပင်။ထိုမြွေက

ဆယ်ကျော်သက်တစ်ယောက်ရဲ့လက်မောင်းသာသာထွ
ားကာ၂မီတာကျော်ရှည်သည်။
ကျယ်လောင်သည့်အသံကြီးကြားလိုက်၇ကာထိုင်းတကသူ့ပုဆိန်ကြီးကိုတရွတ်တိုက်ဆွဲကာ
မြွေထံသွားနေသည်ကိုတွေ့လိုက်၇သည်။
ကြီးမားသည့်ပုဆိန်ကြီးကိုဝေ့ယမ်းလိုက်စဉ်တွင်
ပြင်းထန်သည့်စွမ်းအားတွေထွက်လာကာ
မြွေအားဆယ်မီတာလောက်
နောက်သိုလွင့်သွားစေသည်။
မြေပေါ်သိုပြုတ်ကျသံသဲ့သဲ့ကိုသူတိုကြားလိုက်၇သည်။သိုရာတွင်ပေါင်းပင်တွေက
ရှည်လွန်းကာထူထပ်၍လည်းနေသေးသည်ဖြစ်ရာ
သူတိုမြင်နိုင်သည့်အကွာအဝေးမှာငါးမီတာသာရှိသည်။“မြန်မြန်ရှာရအောင်အဲ့ကောင်ကိုပုန်းခိုင်းလိုမဖြစ်ဘူး”အခြေအနေကသူတို့ကိုမျက်နှာသာမပေးသည်ကို
ဂျင်ချန်သိသည်။
မြွေလွတ်သွားပြီးမကြာခင်မာသူတို့ရှာမတွေ့ရင်
ပြဿနာနည်းနည်းကြုံနိုင်သည်။မည်သို့ဆိုစေ သူတို့ရှေ့မှာပေါင်းပင်တွေကပိတ်ဆီးထားလေရာ
မြေပေါ်မှအရာတွေကိုမြင်နိုင်ဖို့အခက်အခဲရှိနေသည်။

မြွေကားလှည့်စားဖ့စောင်းဆိုင်းနေမည်ဖြစ်ရာ
သူတိုဒုက္ခရာက်နိုင်သည်။တုံဆိုင်းမနေဘဲ
ဂျင်ချန်သွားသည့်ဘက်သို့ထိုင်းတလည်းပြေးလိုက်သည်။ သူတို့ရှေ့မှာရှိတဲ့မြွေကအားနည်းနေပေမယ့်
ထိုကောင်ကအဆင့်၁မှော်ဝင်သားရဲဖြစ်သည်။
သူတော်စင်လက်နက်ထုတ်သုံးနိုင်တဲ့သူတော်စင်တွေနီးပ
ါးအဆင့်၁သားရဲတွေကအစွမ်းရှိသည်။
မြွေကားပါးပြင်းထောင်လိုက်ရာ၁.၅မိတာမြင့်သွားသည်။ဆယ်ကျော်သက်လက်မောင်းမျှကြီးသောကိုယ်တွင်
ဒဏ်ရာနှစ်ခုရှိသည်။
တစ်ခုကအပေါက်ကြီးကဲ့သို့ဖြစ်နေကာ ဂျင်ချန်၏သတုံး၏လက်ချက်ဖြစ်ပြီး
အရိုးတွေကိုပါမြင်နေ၇သည်။နောက်တစ်ခုကတော့ထိုင်းတထံမှရသည့်အစင်းကြောင်းကြီးပင်။
ဒဏ်ရာတွေမှသွေးစိမ်းရှင်ရှင်ထွက်နေသည်။
မြွေကိုရှာတွေ့သည့်အခါ
ဂျင်ချန်အမူအယာတည်သထက်တည်သွားသည်။ထိုမြွေကအားနည်းတဲ့မျိုးစိတ်ကဖြစ်ပေမယ့်

သူတော်စင်လက်နက်သုံးနိုင်တဲ့သူတော်စင်တွေနီးပါးစွမ်း
အားရှိလေရာသူမပေါ့ဆရဲပေ။
ထိုင်းတသည်လည်းပုဆိန်ကိုမြဲမြဲကိုင်လျက်
သတိအနေအထားဖြင့်ရှိနေသည်။ဒီတစ်ကြိမ်မှာတော့သူစွမ်းအားတွေကိုအကုန်သုံးမှဖြစ်မည်။
သေကွင်းသေကွက်ကိုတိုက်ခိုက်နိုင်တဲ့အနေအထားရော
က်တော့ဂျင်ချန်စတင်လှုပ်ရှုားသည်။
သုံးမိတာအကွာလောက်ကသူကိုဒုက္ခမပေးနိုင်သေးဂျင်ချန်နှစ်မီတာလောက်ထိအကွာအဝေးကိုချ့ဖို့
ပြေးသွားလိုက်သည်။တခဏချင်းမှာ
မြွေရှေ့သိုသူရောက်သွားသည်။၇လက်မအကွာမှမြွေထံံ သူလက်ထဲကသံတုံးအားပစ်လွှတ်လိုက်သည်။
ထိုအလျင်အားသာမန်မျက်စိဖြင့်မမြင်နိုင်လောက်သည်အထိမြန်ကာမြွေအားထုတ်ချင်းပေါက်သွား၏။
သေစေနိုင်သောနေရာအားမထိရန်
မြွေကသူကိုယ်ကိုဘေးသို့ဖယ်ရှောင်စဉ်မှာ နာကျင်စွာအော်ဟစ်လိုက်ရသည်။
သံတုံးကြီးကမြွေ၏ခန္ဓားအားဖောက်ဝင်သွားခဲ့ပြီးဖြစ်သ ည်။ချွန်ထက်သည့်တစ်ဖက်မှာ
အခြားတစ်ဖက်သိုပြန်ထွက်နေသည်။

“ရှီး…..”
နာကျင်မှုကမြွေအားအလူးအလဲဖြစ်စေသည်။“ယား…..”
ထိုင်းတကလျှင်မြန်စွာဖြင့်သူအားအကုန်သုံးကာ
မြွေခေါင်းအားပုဆိန်ဖြင့်ပိုင်းဖြတ်လိုက်သည်။
ပုဆိန်ကမြွေခေါင်းအားပြတ်သွားစေကာ
လေထဲသိုပျံဝဲသွားစေသည်။
အစိမ်းရောင်ခန္ဓာမှသွေးမိုးများရွာကျလာကာ
ပေါင်းပင်တစ်ဝိုက်အားဖုံးလွှမ်းသွားသည်။
လေထဲသိုမြောက်တက်သွားတဲ့ခေါင်းကိုကြည့်လိုက် အစိမ်းရောင်ခန္ဓာကိုကြည့်လိုက်ဖြင့်
ထိုင်းတရင်မှာတုန်ခါသွားသည်။
အခုသူတို့တွေအဆင့်၁မှော်ဝင်သားရဲကို လွယ်လွယ်ကူကူသတ်ပစ်လိုက်နိုင်တော့သူကိုယ်သူယုံကြည်မှုပိုရှိသွားသည်။
ထိုမြွေကသူ့ကိုအားသိပ်မကုန်စေလိုက်ပေ။ သံတုံးမှမြွေကိုယ်အားယူကာ
မြက်ပင်တွေထံသွေးတွေကိုသုတ်လိုက်သည်။ဂျင်ချန်ကထိုသားရဲကိုသတ်ဖိုအမှန်တကယ်အားစိုက်ခဲ့သူဖြစ်သည်။သူသာအလင်းလိုမြန်သည့်အရှိန်ဖြင့်

မြွေကိုယ်မှာအပေါက်မဖောက်လိုက်ရင်ထိုင်းတက
မြွေခေါင်းကိုဖြတ်နိုင်မည်မဟုတ်ပေ။
ပုဆိန်ကိုပြန်ဆွဲရင်းမြွေခေါင်းအားဆွဲယူလိုက်သည်။ “ချင်းယန် ရှင်းတန် ဒါကအဆင့်၁မှော်ဝင်သားရဲရောဟုတ်ရဲ့လား။ဘယ်လောက်အားနည်းလိုက်လဲ”
ထိုင်းတစကားကြားတော့ဂျင်ချန်ပြုံးသည်။
“ဒီမြွေကအားနည်းတာမဟုတ်ဘူးငါတိုကသန်မာတာ။အဆင့်၁မှော်ဝင်သားရဲဆိုတာကပြောရရင်
သူတော်စင်အသစ်လေးတွေကိုတောင်သိပ်ဒုက္ခမပေးနိုင်ဘူးကွ”
ထိုင်းတကဂျင်ချန်ပြောတာနားထောင်ရင်းသူပုဆိန်မှသွေးတွေကိုသုတ်နေသည်။
ပခုံးပေါ်ပြန်ထမ်းလိုက်ရင်
သူအရယ်တစ်ဝက်နှင့်ပြောသည်။
“မင်းပြောတာကငါတိုလျှောက်ကြည့်ပြီး
ဆက်သတ်မယ်လို့ဆိုလိုတာတော့မဟုတ်ဘူးမလား” ဆိုလိုရင်းကိုနားလည်ပုံရတဲ့ဂျင်ချန်က
ပျော်ရွှင်စွာပြောသည်။
“မဆိုးဘူး။ငါတိုနှစ်ယောက်ရဲ့ခွန်အားနဲဆိုရင်
အဆင့်၁မှော်ဝင်သားရဲတွေကိုတစ်ယောက်ချင်းတောင်

လွယ်လွယ်သတ်နိုင်တယ်။
နှစ်ယောက်သာပေါင်းလိုက်ရင်ဒီနယ်မြေကသားရဲတွေကငါတိုကိုအန္တရာယ်မပေးနိုင်တော့ဘူး။
ကျောင်းသားတွေကိုလေ့ကျင့်ဖို့ပေးထားမှတော့
ဒီသားရဲတွေကအဲ့လောက်မသန်မာလောက်ဘူး။အချို့
အကောင်တွေကလွဲပြီးပေါ့”
ဂျင်ချန်ကတစ်စုံတစ်ခုကိုသတိရသွားသလို ငြိမ်သက်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset