Switch Mode

Chapter – 36

Chapter – 36

ထိုအချိန်တွင် မာနကြီးပုံပေါ်သောမြင့်မြတ်တဲ့မိသားစုမှဖြစ်လောက်သည့်ကျောင်းသားတစ်ယောက်က
ထိုင်းတအားပြုံးပြရင်းလျှောက်လာသည်။“ထိုင်းတငါကရွှီမင်စစ်ပါ။
ငါကသူတော်စင်အဆင့်၁၀ရဲ့အထွတ်အထိပ်ဖြစ်နေပြီ။ မင်းငါ့လက်တွဲဖော်လုပ်ချင်လား။မင်းသာငါနဲလက်တွဲရင် ငါတို့သားရဲတွေအများကြီးကို
လွယ်လွယ်ကူကူအမဲလိုက်နိုင်လိမ့်မယ်”
ထိုင်းတရှွှီမင်စစ်အားစိုက်ကြည့်ရင်းခေါင်းခါသည်။

“မလိုဘူး။ချင်းယန်ရှင်းတန်နဲငါဆိုလုံလောက်ပြီ။
အခြားလူတွေထပ်မထည့်ချင်တော့ဘူး” ထိုင်းတထံမှအငြင်းခံရပေမယ့်
ထိုသူကစိတ်ပျက်မှုကိုမပြ။
ဂျင်ချန်ကိုသူလှည့်ကြည့်လိုက်ချိန်တွင်
ထိုသူ့အမူအယာဟာမာနကြီးပုံပြောင်းသွားပြန်သည်။
“ဒါကချင်းယန်ရှင်းတန်ဖြစ်မယ်ထင်တယ်။မင်းကချင်းယန်ကလန်က
လေးယောက်မြောက်သခင်လေးမဟုတ်လား။
လျှို့ဝှက်မြို့တော်ကရှွှီမင်ကလန်ခေါင်းဆောင်က
ငါ့အဖေပဲ။ညီငယ်လေးချင်းယန်ရှင်းတန်ကအကိုကြီးကို မင်းတို့အဖွဲ့ထဲမဖိတ်ခေါ်ချင်ဘူးလား။“
သူအသံကဖော်ရွေနေပုံပေါ်ပေမယ့်
ခြိမ်းခြောက်နေသယောင်လည်းထင်၇ပြန်တယ်။လျှို့ဝှက်မြို့တော်ကဘုရင့်မြို့တော်ပဲ။Gesun မင်းဆက်ရောက်တော့လျှို့ဝှက်မြို့တော်က
အင်ပါယာမြို့တော်ဖြစ်သွားတယ်
ထိုမြို့မှာအင်ပါယာအရှင်ကနေတာကိုး…
ရွှီမင်စစ်စကားထဲမှဖိအားကိုဂျင်ချန်သတိပြုမိတော့မျက်မှောင်ကျုံလိုက်မိသည်။

ခန်ညားတဲ့ရွှီမင်စစ်မျက်နှာကိုခပ်စူးစူးကြည့်ရင်း
သူအေးစက်စွာပြောလိုက်သည်။“လူထပ်မထည့်ဖြစ်တော့တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်။
ကျွန်တော်တို့အဆင့်၁သားရဲနဲရင်ဆိုင်နေရချိန်မှာ
ကလေးဆန်ဆန်နောက်ပြောင်နေဖို့အချိန်မရှိလောက်ဘူး
ဗျ”
ဒီစကားကြားတော့ရွှီမင်စစ်မျက်နှာမှာ
ဝက်အသည်းရောင်ပြောင်းသွားသည်။ဂျင်ချန်သူအစွမ်းကို
အထင်မကြီးမှန်းသူစကားတွေမှတဆင့်သိနိုင်သည်။
ရွှီမင်စစ်မျက်နှာဟာမဲမှောင်နေသည်။
ဂျင်ချန်ရဲ့မပြောင်းလဲတဲ့အမူအယာကိုကြည့်ကာ
သူအေးစက်စက်နှာခေါင်းရ့ပြီးထွက်သွားတော့သည်။
ရွှီမင်စစ်ထွက်သွားပြီးနောက်
နောက်ထပ်လူအချို့လာကာအာရုံနောက်ကြသေးသည်။ ထိုလူတွေကထိုင်းတနဲမိတ်ဆတ်ချင်သည်မဟုတ်
သူတိုကထိုင်းတနဲတစ်ဖွဲ့ထဲဖြစ်လိုခြင်းပင်။သိုပေမယ့် ထိုသူအားလုံးအငြင်းခံလိုက်ရသည်။
ထိုင်းတကအခြားလူတွေကိုခေါင်းထဲမရှိ၊

စိတ်လည်းမဝင်စားပေ။ထိုကြောင့်
ထွေထွေထူးထူးအမူအယာပင်မပြခဲ့။
လူတိုင်းထွက်သွားပြီးနောက်အသက်၂၀အရွယ်ရှိ
ထိုင်းတကဲ့သို့ခန္ဓာနှင့်အရပ်ရှည်ရှည်ကျောင်းသားတစ်ေ ယာက်ဟာအဝေးကနေလျှောက်လာသည်။
သူဂျင်ချန်ဆီလျှောက်လာကာအနားရောက်သည့်အခါ
ပခုံးအားလှမ်းပုတ်၍ရယ်မောကာပြောသည်။“စတုတ္ထညီလေးမင်းကအခု
ကျောင်းမှာနာမည်ကြီးဖြစ်နေပြီ။အခု
မင်းကိုမသိတဲ့လူမရှိတော့ဘူးဆိုတာငါပြောရဲတယ်။မဆိုးဘူးမဆိုးဘူး။မင်းချင်းယန်ကလန်ကို
မျက်နှာရအောင်လုပ်လိုက်တာပဲ။မင်းအကိုကလည်း မင်းရဲ့အာရုစိုက်မှုကိုခံယူချင်သေးတယ်”
ထိုကျောင်းသားမှာအမှန်တကယ်ပျော်ရွှင်နေပုံပေါ်သည်။ထိုသူကတော့ချင်းယန်ဟူပင်။
သူရဲ့စိတ်လှုပ်ရှားနေမှုဟာစစ်မှန်နေသည်။ ဂျင်ချန်ပြုံးကာပြန်ပြောသည်။
“အကိုကြီးကဗျာမနောက်ပါနဲတော့။အိုးဟုတ်သားပဲ။ အကိုကြီးအချိန်မှန်ရောက်လာတာပဲ
ကျွန်တော်တို့နဲဘာလို့မပူးပေါင်းတာလဲ”

ချင်းယန်ဟူတစ်စုံတစ်ခုကိုတွေးမိသွားပုံရကာ
ခေါင်းခါသည်။
“စတုတ္ထညီလေးမင်းငါ့ကိုပြီးခဲ့တဲ့အပတ်ကမေးမယ်ဆို ငါချက်ချင်းပူးပေါင်းမှာကွ။ဒါပေမယ့်
အခုတော့မရတော့ဘူး။မင်းအကိုကြီးက
အခုသူတော်စင်အဆင့်ရောက်သွားပြီ။
သူတော်စင်ဖြစ်သွားပြီပေါ့ကွာ။ဒါကြောင့်ဒီနေ့ပွဲမှာငါအဆင့်၃ကိုဝင်ပြီးအဆင့်၂သားရဲကိုသတ်ရမှာ။ မင်းနဲ့အတူသွားလိုမရတော့ဘူးပေါ့ကွာ”
စကားပြောနေရင်းမှချင်းယန်
ဟူ၏ကိုယ်မှစွမ်းအားပြင်းတဲ့သူတော်စင်စွမ်းအားဟာထွက်ပေါ်လာလေတယ်။ သူလက်ထဲတွင်
အဝါရောင်အလင်းတွေစုလာကာအသွားနှစ်ဖက်ပါတဲ့ပုဆိန်ကြီးပေါ်လာသည်။
ထိုပုဆိန်ကပန်းကန်ဆေးစင်လောက်ကြီးကာအဝါရောင်အလင်းတွေတောက်ပလျက်ရှိသည်။
“ညီငယ်လေးမိုက်တယ်ဟုတ်။ငါသူတော်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးတော့
ငါ့မှာမြေစွမ်းအားရှိနေတာတွေ့တော့ ငါအရမ်းအံ့သြသွားတာ။“

ချင်းယန်ဟူဂုဏ်ယူစွာပြောသည်။
ပင်ကိုယ်အရည်အချင်းတွေပါရှိသောသူတော်စင်တွေက တိုက်ခိုက်ရာတွင်အခြားသူများထက်သာသည်။
အဆင့်တူသူတော်စင်နှစ်ယောက်တိုက်ခိုက်ရာတွင်ပုံမှန်အစွမ်းသာရှိသောသူကို
ပင်ကိုယ်စွမ်းရည်ရှိတဲ့သူတော်စင်က
အသာလေးနိုင်လိမ့်မည်။
သူတော်စင်အဆင့်ကိုရောက်မှသာလျှင်
ပင်ကိုယ်အရည်အချင်းရှိမရှိသိနိုင်မှာဖြစ်သည်။ထိုကြောင့်သူတော်မဖြစ်သေးသ၍
ထိုသူဟာသူပင်ကိုယ်အရည်အချင်းကိုမသိသလိုသ့ုးလည်းမသုံးနိုင်ခြင်းပင်။သိုပေမယ့်
ပင်ကိုယ်အရည်အချင်းပါရှိသည့်သူတော်စင်တွေဟာရှိနိုင်ချေအလွန်နည်းသည်။အယောက်၁၀၀၀မှာ
တစ်ယောက်သာလျှင်သူတော်စင်စွမ်းအားတွင်ပင်ကိုယ်စွမ်းရည်ပါရှိသည်။
ထပ်ပြောရလျှင်ခါဂဲအကယ်ဒမီမျထိုသို့သောသူဟာဘွဲ့ရသွားလျှင် Gesunမင်းဆက်တိုင်းပြည်တွေထဲကအမြင့်မားဆုံးသောသူတွေထဲမှ

တစ်ယောက်ဖြစ်လာမည်ပေ။
ထောင်ပေါင်းများစွာသောကျောင်းသားတွေထဲမှထိုသို့သောသူမျိုးဟာ
သာမန်ထက်လုံးဝကိုပေါ်လာနိုင်ချေနည်းသောကြောင့်ပင်။
ချင်းယန်ဟူလက်ထဲကအသွားနှစ်ဖက်ပါတဲ့ပုဆိန်ကိုကြည့်ကာ ဂျင်ချန်ပြုံးလိုက်သည်။“အကိုကြီးအောင်မြင်စွာနဲချိုးဖောက်ကာ
သူတော်စင်ဖြစ်သွားတဲ့အတွက်ဂုဏ်ယူပါတယ်။အကိုမှာပင်ကိုယ်စွမ်းအားပါရှိနေသေးတယ်”
ချင်းယန်ဟူမျက်နှာဟာကျေနပ်မှုကြောင့်ပြုံးရွှင်နေသည်။သူနှင့်မကြာခင်ကအတူရှိနေတဲ့လူစုကိုလက်ညွှန်ပြရင်း
ပြောသည်။
“ဒါပေါ့ကွ။စတုတ္ထညီလေး
ငါမင်းကိုလူအချို့နဲမိတ်ဆတ်ပေးမယ်။သူတို့တွေက ငါ့အောက်ကတော်တဲ့ ကလေးတွေပဲ။ သူတိုတွေကချင်းယန်အိုးဂျင်၊ချင်းယန်ဖုန်းနဲ့ချင်းယန်
ရှောင်ထန်တို့ပဲ”
“ကျွန်တော်တို့စတုတ္ထအကိုကိုနှုတ်ဆတ်ပါတယ်”

လူငယ်သုံးယောက်ကခါးကိုညွတ်ကိုင်းကာဂါရဝပြုသည်။ထိုကောင်လေးတွေပုံက အလွန်ရိုကျိုးလှသည်။ ချင်းယန်ကလန်ရဲ့ရာထူးအလိုက်အဆင့်အတန်းခွဲပံ့ုက
အရမ်းတင်းကြပ်သည်။
ဒီကောင်လေးတွေကအရမ်းတော်ပေမယ့်
ဂျင်ချန်ထက်အဆင့်အတန်းနိမ့်ကျနေသည်။
သူတိုကဂျင်ချန်ထက်အသက်ကြီးနေရင်တောင်မှ
ရရိုသေသေဆက်ဆံရမှာပင်ဖြစ်သည်။
ဂျင်ချန်ကသူတိုထက်ငယ်တာသိသွားတဲ့အခါမှာလည်းသူတို့စိတ်ထဲမမျှတဘူးလို့မခံစားမိပေ။ဒါ့အပြင်
သူတိုကဂုဏ်ပင်ယူမိသေးသည်။ဂျင်ချန်က
သူတော်စင်အဆင့်၈စွမ်းအားလေးနဲကဒီယန်လိုသူတော်စင်ကိုအနိုင်ယူခဲ့သည်။ဒါ့အပြင်
သူတော်စင်အလယ်အလတ်ဖြစ်တဲ့လျှိုချင်းကိုလည်းသူတော်စင်လက်နက်ထုတ်သုံးအောင်အထိ
ဖိအားပေးနိုင်ခဲ့သည်။ထိုအကြောင်းတွေကြောင့် အကယ်ဒမီကလူတွေကဂျင်ချန်ကိုမလေးစားဘဲ မနေနိုင်ခြင်းပင်။
ထိုသို့တော်တဲ့သူကချင်းယန်ကလန်ကဖြစ်တာမို့ သူတို့ဂုဏ်ယူနိုင်ကြခြင်းပင်။

ဂျင်ချန်ကချင်းယန်ကလန်အဖွဲ့ဝင်သက်သက်ချည်းမဟု
တ်။ချင်းယန်
ကလန်ရဲ့လေးယောက်မြောက်သခင်လေးလည်းဖြစ်သေ
ာကြောင့်ပင်။ဂျင်ချန်က
ထိုင်းတကိုသူ့အကိုကြီးနဲမိတ်ဆတ်ပေးပြီးတဲ့နောက်
စကားစမြည်ပြောနေကြသည်မှာ
ဒုကျောင်းအုပ်မရောက်လာခင်အထိပင်။
ပိုင်အန်းသည်အားလုံးအံ့သြသင့်စရာတစ်ခုကိုလုပ်လိုက်သည်။
လူတိုင်းရဲ့သိုလျှောင်လက်စွပ်တွေကိုယူလိုက်ခြင်းပင်။ဤ နည်းဖြင့်သားရဲအမြုတေအားဖွက်ထားကာ
မလှိမ့်တပတ်လုပ်ခြင်းမှကာကွယ်နိုင်သည်။သူက
ဈေးပေါတဲ့နေရာလပ်ခါးပတ်၊
သိုလှောင်ခါးပတ်ကိုသာဝေပေးသည်။ထိုသည်ကသာမန်ပစ္စည်းသာသာသာဖြစ်ရာ
လူတိုင်းကိုဝေပေးနိုင်လေသည်။
ခါးပတ်တွင်ပါသည့်နေရာလပ်က အတော်ကျဉ်းသည်။မီတာပိုင်းလောက်သာထည့်နိုင်သည်။သိုပေမယ့်
သားရဲအမြုတေတွေထည့်ဖို့တော့လုံလောက်သည်ပေ။

အခုလောလောဆယ်တော့ခါးပတ်ထဲမှာ
ဒဏ်ရာပျောက်ဆေးအချို့ထည့်ထားပေးသည်။
ပြင်ဆင်မှုတွေအားလုံးပြီးတဲ့နောက်
ကျောင်းသား၁၀၀၀မှာစတင်ထွက်ခွာကြသည်။ဆရာအချို့ရဲ့လမ်းပြမှုနဲ့
မိုင်၂၀အကွာသိုဦးတည်နေကြသည်။
သူတို့ရဲ့ရည်ရွယ်ချက်တွေက
တောထဲမှာအသက်ရှင်အောင်နေနိုင်ဖိုနဲ့ အန္တရာယ်ရှိကျောင်းသားတွေကို
ဒုကျောင်းအုပ်ဦးဆောင်သည့်နေရာသို့ ကယ်ဆယ်ပေးဖို့ပဲဖြစ်သည်။
အကယ်ဒမီကထွက်လာပြီးတဲ့အခါ
အမြန်သွားကြတော့သည်။ထိုထဲတွင်အားအနည်းဆုံးကသူတော်စင်အဆင့်၈တွေဖြစ်ပေမယ့်
ထိုသူတွေရဲ့အမြန်နှုန်းကပင်
အတော်လေးမြန်လွန်းနေပြီပေ။ကျောင်းသားတွေဟာ
မြန်နိုင်သမျှမြန်မြန်တောထဲဝင်သွားကြတော့သည်။
နှစ်နာရီလောက်သွားပြီးနောက်
တောစွန်တောဖျားကိုရောက်သွားကြကာ

ကံကြမ္မာရဲ့အဖြူရောင်အလင်းစက်တွေကို
မြင်တွေ့လိုက်ကြရသည်။
တောကြီးတစ်ခုလုံးကိုဖုံးလွှမ်းထားတဲ့အဖြူရောင် အလင်းတွေကိုကြည့်ကာဂျင်ချန်အံ့သြနေမိသည်။သူစာတွေအများကြီးဖတ်ထားတာမို့
ဒီအကြောင်းကိုသူသိသည်။
လွန်ခဲ့တဲ့နှစ်၃၀၀ကင်္ဒနေရာဟာ
မြက်ပင်တွေထူးထပ်တဲ့စွန်ပစ်နယ်မြေသက်သက်ပင်။ခါဂဲအကယ်ဒမီကဒီနေရာကိုပြုပြင်ပြောင်းလဲကာ
သုံးစွဲလာခဲ့ြ့ကရာတစ်နှစ်အကြာတွင်
တောတစ်ခုဖန်တီးလိုက်နိုင်သည်။ထိုစဉ်ကတော့
၅၀ကီလိုမီတာပဲကျယ်သေးသည်။
နှစ်ရာပေါင်းများစွာကြာတော့ယခုလိုကျယ်ဝန်းလာသည်ပဲ…
သစ်တောကကြီးထွားလာပြီးတဲ့နောက်
ခါဂဲအကယ်ဒမီကျောင်းအုပ်ဘရီယန်ဟာ
၃ရက်၃ညတိုင်တိုင်ကြိုးစားကာ
သစ်တောအားသုံးပိုင်းပိုင်းလိုက်သည်။အပိုင်းတိုင်းကကျေနပ်စရာကောင်းသည်။
တောရဲ့အလယ်ပိုင်းမှာအားအနည်းဆုံးသားရဲတွေသာထ

ားကာကျောင်းသားတွေလေ့ကျင့်ခြင်းပင်
သန်မာလာစေမည်ဖြစ်သည်။
ကျောင်းအုပ်ဘရီယန်ဟာဒီတောကို
ခါဂဲရဲပါရမီရှင်တွေအတွက်လုပ်ပေးထားလေရာ
ရင်းနှီးမြုပ်နှံမှုအများကြီးသုံးခဲ့ရပေသည်။သိုပေမယ့်
ကျောင်းအုပ်ဘရီယန်ကပင်စင်ယူသွားပြီးအခု
အခြားတစ်ယောက်ကအစားတာဝန်ယူထားပြီ။
ထိုအချိန်တွင်ကျောင်းအုပ်ကြီးကအရှေ့ထွက်လာကာ
ပြောသည်။
“ကျောင်းသူ၊ကျောင်းသားတို့မင်းတို့တွေဒီနေ့စပြီး
တောထဲမှာ၃ရက်အသက်ရှင်အောင်နေပြီး
သားရဲအမြုတေအနည်းဆုံး၂ခုယူလာပေးရမယ်။မင်းတို့အရှုံးပေးလိုက်တာဖြစ်ဖြစ်
အမြုတေမယူလာနိုင်တာဖြစ်ဖြစ်
ငါကရှုံးတယ်လိုသတ်မှတ်မယ်ဆုမရတော့ဘူး။“သူအသံကလူတိုင်းရဲ့နားထဲသို့
ရှင်းလင်းစွာဝင်ရောကက်သွားသည်။
“အခုကစပြီးသွားနိုင်ပြီ။သူတော်စင်မဟုတ်တဲ့သူတွေက ကိုယ့်အဖွဲ့နဲ့ကိုယ်ဒုတိယနယ်မြေထဲဝင်နိုင်တယ်။
သူတော်စင်တွေကတော့တတိယနယ်မြေထဲဝင်ရမယ်”

အခြားသူတွေပြာယာခတ်ကာသွားနေကြချိန်မှာ
ဂျင်ချန်နဲထိုင်းတကကတော့
ခပ်အေးအေးပဲသွားလိုက်သည်။
သူတိုယခုရှိနေတဲ့နေရာကလုံခြုံတာမို့
သားရဲတွေရောက်လာနိုင်မည်မှမဟုတ်ဘဲ….

Comment

Leave a Reply

Options

not work with dark mode
Reset