Chapter – 319
“ဘာလို့ဘာမှမဝတ်ထားတာလဲ”
(သေစမ်း . . . ငါဘာတွေ မြင်နေပါလိမ့်။ နောက်ပြီး အခုမှ မျက်ရည်တိတ်ခါစ ရှိသေးတယ်။ နှာခေါင်းသွေးလျှံရပြန်ပါပြီ . . .)
ပိုင်အာသည် ရဲရှောင် ရှိရာသို့ လှမ်းလာနေ၏။ ရဲရှောင်မှ ပိုင်အားအား မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေသောအခါ သူမသည်လည်း ရှက်ရွံ့သွားဟန်ဖြင့် –
“အစ်ကိုကြီးရှောင် . . . ဘာလို့ ကျွန်မကို ဒီလိုကြီး ကြည့်နေတာလဲ . . .”
သူမ၏ အသံသည် ချိုသာလှ၏။ ရဲရှောင်အား ရုတ်တရက် လှုပ်နှိုးလိုက်သလို ဖြစ်သွား၏။
“ပိုင်အာ . . . မင်းဘာလို့ ဘာမှ မဝတ်ထားရတာလဲ . . .”
ပိုင်အာ တုန်လှုပ်သွားသည်။ သူမကိုယ်သူမ ငုံ့ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် –
“အစ်ကိုကြီးရှောင် . . . ကျွန်မ အဝတ်ဝတ်ထားတယ်လေ။ ဘာမှ မဝတ်ဘဲ မနေပါဘူး။ ဘာတွေ လျှောက်ပြောနေတာလဲ . . .”
ပိုင်အာသည် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်၏။
သူမသည် ယခုအခါ ၁၂ နှစ်သမီး အသိဉာဏ်မျိုး ရှိနေပြီ ဖြစ်၏။ သူမ၏ စိတ်ထဲတွင် –
(အစ်ကိုကြီးရှောင်က ငါ့ကို ဘာမှမဝတ်ထားသလို ထင်ပြီး ငေးကြည့်နေတာ ထင်တယ်။ ဟမ့် . . . အစ်ကိုကြီးရှောင်က တော်တော် အကျင့်မကောင်းတာပဲ၊ ရှက်စရာ ကောင်းလိုက်တာ . . .)
ရဲရှောင် အံ့သြသွား၏။ ထပ်မံ၍ အသေအချာ ကြည့်လိုက်သောအခါ သူမ၏ ဖြူစင်သော အရေပြား အသားအရည်ကိုသာ မြင်ရ၏။ သူမ၏ အသက်ရှူလိုက်တိုင်း သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့သည် တုန်ခါလျက် ရှိနေလေ၏။
ထိုကဲ့သို့ ကြည့်မိလိုက်ပြန်သဖြင့် ရဲရှောင်သည် အံ့သြတကြီးဖြစ်သွားရင်း သွေးများ ထပ်မံ စီးကျလာပြန်သည်။
သူ့ကိုယ်သူ ရူးနေသည် မဟုတ်မှန်းလည်း သိနေ၏။ တစ်ခုခု မှားယွင်းနေသလို ဖြစ်မည်ဟုသာ တွေးမိလိုက်၏။ ထို့ကြောင့် မျက်လုံးများ မှိတ်ကာ အသက်ပြင်းပြင်းရှူရင်း ယင်ယန်မျက်လုံးကျင့်စဉ်အား ရပ်တန့်လိုက်၏။ ထို့နောက်မှ ပိုင်အာကို ကြည့်လိုက်သောအခါ အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရလေ၏။ သူမသည် ပြုံးရွှင်လျက် ရပ်နေပြီး သူမ၏ မျက်လုံးများထဲတွင် ပျော်ရွှင်နေသည့် အရိပ်အယောင်များအား မြင်ရ၏။
(သူက အဝတ်အစားတွေ ဝတ်ထားတာပဲ၊ ဘယ်လိုဖြစ်ပြီး ငါက ဘာမှမဝတ်ထားသလို မြင်ခဲ့ရတာ ပါလိမ့် . . .)
ရဲရှောင် ခေါင်းခါယမ်းရင်း တွေးလိုက်မိ၏။
(ပုံရိပ်ယောင်များ မြင်မိတာလား . . .)
မကျေနပ်သေးဘဲ ယင်ယန်မျက်လုံးကျင့်စဉ်ကို ပြုလုပ်ကာ ပိုင်အာအား ထပ်မံ၍ ကြည့်ုလိုက်၏။ ထိုအခါ ကိုယ်လုံးတီး မိန်းမလှလေးအဖြစ် ပြန်မြင်လိုက်ရ ပါတော့သည်။
ယခုအခေါက်တွင် သူသည် ပိုင်အာ၏ အနီးတွင် ရောက်နေပြီ ဖြစ်၏။
ပိုင်အာသည် ရဲရှောင်အား စိုးရိမ်သဖြင့် အခြေအနေကို စမ်းသပ်ကြည့်ရန် အနားတိုးလာနေပြီ ဖြစ်သည်။
သူမ ရဲရှောင်အနားသို့ တိုးလာသည့် အခါ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီအား ရဲရှောင် ရှင်းလင်းစွာ မြင်နေရလေ၏။
ရဲရှောင် မည်သို့မျှ မထိန်းထားနိုင်တော့ချေ။
“အ . . .”
ရဲရှောင် ခေါင်းကိုမော့လိုက်ရင်း မျက်လုံးများ ပိတ်လိုက်သည်။ ကျင့်စဉ်ကို ရပ်တန့်လိုက်သည့်တိုင် နောက်ကျသွားပြီဖြစ်ပြီး နှာခေါင်းမှ သွေးများ လေထဲသို့ ပန်းထွက်ကုန်ပြန်၏။
ရဲရှောင်အဖို့ ရှက်စရာ အပြုအမူမျိုးပင် ဖြစ်လေသည်။
ရဲရှောင်စိတ်ထဲတွင် မကျေမနပ် ဖြစ်နေလေ၏။
(တော်တော် ရှက်ဖို့ ကောင်းတာပဲ။ တစ်ခါမှ ဒီလောက်ထိ ရှက်သလို မခံစားဖူးသေးဘူး။ ငါ့ ၂ ဘဝလုံးမှာကို မကြုံခဲ့ဖူးတာ။ ဒီရက်ပိုင်း ငါဘာဖြစ်နေတာပါလိမ့်။ ပထမတုန်းက မျက်ရည်တွေ ဆက်တိုက် ကျတယ်။ အခုကျ သွေးလျှံပြန်ပြီ။ အေးအေးဆေးဆေးကို နေလို့ မရဘူး။
ဒါတွေအားလုံးက အသုံးမဝင်တဲ့ ယင်ယန်မျက်လုံးကျင့်စဉ်ကြောင့်ပဲ ဖြစ်ရမယ်။ ညာဖက်မျက်လုံးက င့ါကို ထိတ်လန့်အောင် လုပ်တယ်။ ဘယ်ဖက်မျက်လုံးက ငါ့ကို သွေးလျှံအောင် လုပ်တယ်။ အရူးတစ်ယောက်လိုကို ဖြစ်နေတော့တာပဲ . . .)
“အစ်ကိုကြီးရှောင် . . . အစ်ကိုကြီးရဲ့ နှာခေါင်းကနေ သွေးတွေ ထွက်နေပြန်ပြီ။ အဆင်ပြေရဲ့လား အစ်ကိုကြီး . . .”
ပိုင်အာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ထို့နောက် သူမသည် သန့်စင်သော လက်ကိုင်ပဝါတစ်ထည်အား ထုတ်ယူလိုက်ပြီး ရဲရှောင်၏ မျက်နှာမှ သွေးများကို သုတ်ပေးလိုက်သည်။ ထိုကဲ့သို့ လုပ်နေရင်း စိုးရိမ်ဟန်ဖြင့် –
“အစ်ကိုကြီးရှောင် . . . ဘာလို့ နှာခေါင်းက ဒီလိုပဲ ဖြစ်နေရတာလဲ . . . တစ်ခုခုများ ဖြစ်နေတာလား။ သမားတော်နဲ့ ပြသင့်တယ်နော်။ ဒီလိုဝေဒနာမျိုးတွေက အချိန်မဆွဲသင့်ဘူး။ အမြဲတမ်း ဒီလို သွေးလျှံနေတော့ ဘယ်လို လုပ်မလဲ . . .”
ပိုင်အာ၏ စိုးရိမ်တကြီးဖြင့် နူးညံ့စွာ ပြောနေသည်ကို ကြားသောအခါ ရဲရှောင် ရှက်မိသလို ဖြစ်သွားသည်။
(ငါက နည်းနည်းလောက် အရိပ်ပြလိုက်တာနဲ့ အကောင်လိုက်ကို မြင်နိုင်တဲ့ မိန်းကလေးပဲ။ ကြည့်ပါဦး စကားကို ပြောတတ်ဆိုတတ်နေလိုက်တာ။ ကံကောင်းတာလား ကံဆိုးတာလားတောင် မသဲကွဲတော့ဘူး။ မင်းမေးတာကို ငါဘယ်လို ဖြေရပါ့မလဲ။ ရှက်စရာ ကောင်းလိုက်တာကွာ . . .)
ရဲရှောင်သည် နှာခေါင်းကို လက်ဖြင့် ပိတ်လိ်ုက်ရင်း ရှက်အမ်းအမ်းဖြင့် ချောင်းဆိုးလိုက်သည်။ ထပင်ထွက်သွားချင်နေမိ၏။
ငိုချင်လာသည့် စိတ်ကို မနည်း ထိန်းချုပ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်၏။
(အတုအယောင်တွေကို ထွင်းဖောက် မြင်နိုင်မယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်။ ကမ္ဘာကြီးကို ထိုးထွင်းသိမြင်နိုင်မယ်။ သက်ရှိသက်မဲ့တွေ အားလုံးကို လွှမ်းမိုးနိုင်မယ်တဲ့။ ယင်ယန်မျက်လုံးကျင့်စဉ်ကတော့ ဒီလို ဖော်ပြထားတာပဲ။ ဒါပေမဲ့ အခုကျတော့ . . .)
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် မည်သို့ ပြန်ဖြေရမှန်း မသိအောင်ပင် ဆွံ့အလျက် ရှိနေလေ၏။
(ငါတော့ ဒုက္ခရောက်ပါပြီ . . .)
(မျက်လုံးတစ်ဖက်က တစ္ဆေတွေကို မြင်ရတယ်။ နောက်တစ်ဖက်ကတော့ ကိုယ်လုံးတီးတွေ မြင်ရတယ်။ ငါကတော့ ဒီကျင့်စဉ်ကို တော်တော်ကြီး ထူးခြား အစွမ်းထက်မယ်လို့ ထင်ခဲ့မိတာ။ ကျင့်စဉ် စရတုန်းကဆို အရမ်းကို စိတ်လှုပ်ရှားခဲ့ရတာ။ အခုလည်း စိတ်တော့ လှုပ်ရှားရပါရဲ့၊ ဒါပေမဲ့ ဒီလိုနည်းနဲ့ တော့ စိတ်မလှုပ်ရှားချင်ပါဘူး . . .)
(မိန်းကလေးတွေကို ကိုယ်လုံးတီးနဲ့ မြင်ရရင်တောင် ကိစ္စမရှိသေးဘူး။ ဒါပေမဲ့ ယောကျာ်းတွေကိုပါ ကိုယ်လုံးတီး မြင်ရမယ်ဆိုရင်တော့ . . .)
ရဲရှောင် အန်ချင်သလိုပင် ဖြစ်လာသည်။ ခေါင်းထဲတွင်လည်း မူးနောက်နောက် ဖြစ်လာ၏။
(ဘုရားရေ . . . ငါဒီလို ရှက်စရာ လုပ်ရပ်မျိုး မလုပ်ချင်ဘူး . . .)
(ဒီကျင့်စဉ်ကို မရခင်တုန်းက အကြာကြီး မျက်ရည်တွေ ကျခဲ့ရတာလည်း မထူးဆန်းပါဘူး။ ဒါ ဒီကျင့်စဉ်ကို ရပြီးရင် ငိုရမယ်လို့ ကြိုတင် သတိပေးတာ ဖြစ်နိုင်တယ် . . .)
ယခုအခါ သူငိ်ုချင်လျှင်ပင် မျက်ရည်များ မရှိလောက်တော့ဟု ရဲရှောင် ထင်နေမိ၏။
(နိမိတ်ပြသလို မျက်ရည်တွေ ကျလာခဲ့တာ ဖြစ်မယ်။ လူ့ဘီလူးကြီး ပေါ်လာတာ ဒီအသုံးမကျတဲ့ ကျင့်စဉ်အတွက်နဲ့လား . . . သူပြောထားသလို အရာတွေကိုကျ ဘာလို့ မမြင်ရတာလဲ မသိဘူး . . .)
ရဲရှောင် သက်ပြင်းချရင်း ယင်ယန်မျက်လုံး ကျင့်စဉ်အား ရပ်တန့်လိုက်သည်။
(ပထမအဆင့်က ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်ကို သိမြင်နားလည်နိုင်မယ်တဲ့ . . . ယင်ယန်မျက်လုံး ကျင့်စဉ်ရဲ့ သော့ချက်က ဘာများဖြစ်မလဲ . . .)
ရဲရှောင် ကျင့်စဉ်အကြောင်း စဉ်းစားလိုက်ပြန်သည်။ သူ့အတွက် အသုံးမဝင်လောက်ဘူး ဆိုပါက ထိုကျင့်စဉ်ကို ဆက်ကျင့်စရာ လိုတော့မည် မဟုတ်ချေ။
မိန်းကလေး တစ်ယောက်၏ ခန္ဓာကိုယ်အား အဝတ်အစားကို ဖောက်၍ မြင်ရခြင်းမျိုးကို သူမနှစ်သက်ပေ။ ထိုကဲ့သို့ထက် နဂိုကတည်းက ဘာမျှ မဝတ်ထားခြင်းမျိုးက ပို၍ ကြည့်ကောင်းမည် ဖြစ်လေသည်။
မိန်းကလေး တစ်ဦးအား အဆိုပါမိန်းကလေး မသိအောင် အခွင့်အရေး ယူခြင်းမျိုးကို သူမလုပ်ချင်ပေ။
တစ်ဖက်မိန်းကလေးမှ မသိသည့်တိုင် သူ့ကိုယ်သူ သိသဖြင့် ရှက်ရွံ့နေမိမည် ဖြစ်သည်။ ထိုအရှက်တရားသည်ပင်လျင် သူ့စိတ်ကို တားဆီးထားသော အရာ ဖြစ်ပေ၏။
(ပထမအဆင့်က အပြင်ပိုင်းအကာအရံတွေကို မြင်နိုင်တာလား . . .)
ရဲရှောင် တွေးလိုက်မိသည်။
အပြင်ပိုင်း အကာအရံ ဆိုသည်မှာ အဝတ်အစားများပင် မဟုတ်ပါလား။
အဝတ်အစား ဆိုသည်မှာ လူတစ်ဦး၏ အပြင်ပိုင်းကို ကာကွယ်ပေးထားသော အကာအရံပင် ဖြစ်ပေသည်။
(ဒုတိယအဆင့်က ကမ္ဘာကြီးထဲက ယင်နဲ့ယန်ကို ထိုးထွင်း သိမြင်နိုင်မယ်ဆိုတော့ သဘာဝကို ပြောချင်တာလား . . .)
ရဲရှောင် တွေးမိပြန်သည်။ ထိုသဘာဝဆိုသည့် အရာကို သူသေချာ နားမလည်သေးချေ။
နက်နက်နဲနဲ စဉ်းစားလေလေ ပိုမိုကျယ်ပြန့်လေပင် ဖြစ်၏။
မည်သို့ပင် ဆိုပါစေ ရဲရှောင်သည် ထိုကျင့်စဉ်အား ဆက်လက်ကျင့်ကြံမည်ဟုသာ စိတ်ပိုင်းဖြတ် လိုက်မိ၏။ အချိန်တစ်ခုတော့ ပေးရပေလိမ့်မည်။
သို့သော်လည်း လူများ၏ အဝတ်အစားများကိုသာ အမြဲတမ်း ထွင်းဖောက်၍ မြင်နေရမည် ဆိုလျှင် ထိုကျင့်စဉ်ကို စွန့်ပစ်လိုက်ရုံမျှလွဲ၍ မတတ်နိုင်တော့ချေ။
(ရဲရှောင်ဆိုတဲ့ ငါက မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ခိုးကြည့်ဖို့အတွက် ဒီကျင့်စဉ်ကို ကျင့်စရာလား . . . နေရာတိုင်းမှာ လူ့စည်း ဘီလူးစည်းဆိုတာ ရှိတယ် . . .)
ရဲရှောင် စိတ်ကို ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် အခြေအနေအား စစ်ဆေး ကြည့်လိုက် ပြန်သည်။ ထင်ထားသည့်အတိုင်းပင် ရေခဲချီဓာတ်များအား သန့်စင်ပြီးနောက် အခြေအနေ တိုးတက် ကောင်းမွန်လာသည်ကို တွေ့လိုက်ရလေ၏။
ထို့နောက် သူ့ကိုယ်သူ ပြန်လည် စစ်ဆေးကြည့်လိုက်သောအခါ အံ့သြသွားရလေ၏။
“ဘုရားရေ . . . ဘယ်လိုဖြစ်တာလဲ . . .”
ရင့်ကျက်တည်ငြိမ်သည့် ရဲရှောင်လိုလူပင် အံ့သြတကြီး ဖြစ်သွားရပါတော့သည် . . .။