Switch Mode

Chapter – 35

Chapter – 35

ပိုင်အန်းအကြည့်တွေထိုင်းတထံပြန်ရောက်သွားသည်။

“ထိုင်းတ မင်းကအခုကျောင်းအုပ်ကြီးရဲ့အလုပ်သင်ဖြစ်လာပြီး မင်းရဲ့နောက်ခံကပြောင်းသွားပေမယ့် လူတွေဆီကလေးစားမှုကိုလိုချင်ရင် မင်းရဲ့လေ့ကျင့်မှုကိုပဲ အာရုံစိုက်သင့်တယ်။ အဲ့နည်းကပဲ ဒီထျန်းယွမ်တိုက်ကြီးထဲမှာ မင်းကိုယ်မင်းကာကွယ်နိုင်လိမ့်မယ်။ ငါပြောတာ နားလည်လား”

ထိုင်းတ နားလည်စွာခေါင်းညိတ်သည်။ ပြတ်သားသောအသံဖြင့်သူပြောသည်။

“ထိုင်းတ နားလည်ပါပြီ”

“ကောင်းတယ်”

ဒုကျောင်းအုပ်ခေါင်းညိတ်သည်။ နောက် သူကဆက်ပြောသည်။

“မင်းရဲ့မွေးရာပါစွမ်းရည်နဲ့လေ့ကျင့်မှုတွေက အထွတ်အထိပ်ဖြစ်နေပေမယ့် မင်းကိုယ်မင်းယုံကြည်ပြီး လျှောက်လုပ်လို့မရသေးဘူး။ အခြေအနေတိုင်းကိုမင်းတည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရမယ်။ အပြုအမူတွေကို ဂရုစိုက်ရမယ်။ မင်းအခု ကျောင်းအုပ်ရဲ့လူဖြစ်နေပေမယ့် အင်အားကြီးတဲ့မိသားစုအကြောင်းတွေကို နားမလည်သေးဘူး။ မင်းရဲ့အနာဂတ်ဘ၀ကခက်ခဲကြမ်းတမ်းလာနိုင်တယ် မင်းဒီထက်ပိုပြီးလေ့ကျင့်မှုမှာ အာရုံစိုက်၇မယ်။ကျောင်းအုပ်ရဲ့အပင်ပန်းခံပေးမှုကိုမဖြုန်းတီးမိစေနဲ့ ကြားလား”

ဒီစကားတွေကြားပြီးနောက် ထိုင်းတသူ့ရင်ဘတ်သူပုတ်ကာ ပိုင်အန်းအားကတိပေးလိုက်သည်။

“ဒုကျောင်းအုပ် စိတ်မပူပါနဲ့။ ကျွန်တော် ထိုင်းတက ဝီရိယရှိရှိနဲ့ကြိုးစားလေ့ကျင့်ပါ့မယ်”

ထိုအခါ ပိုင်အန်းခေါင်းငြိမ့်ပြပြီး ထွက်ခွာသွားတော့သည်။ ထိုင်းတနဲ့ဂျင်ချန်တို့တခဏမျှစကားပြောပြီးနောက် နှုတ်ဆတ်ကာ ပြန်ခဲ့ကြသည်။ ဂျင်ချန်ကတော့ စာဆက်ဖတ်ဖို့အတွက် စာကြည့်တိုက်ထဲသာပြန်၀င်သွားလိုက်သည်။

ဂျင်ချန်စာကြည့်တိုက်ပြန်ရောက်တဲ့အခါ မူလကဝိုင်းကြည့်နေခဲ့ကြတဲ့လူအုပ်ကြီးမှာ အစအနပင်ရှာလို့မရအောင်ပျောက်သွားလေပြီ။ သိပ်မကြာခင်မှာပဲ သတင်းနှစ်ခုက ခါဂဲအကယ်ဒမှမှာ မယုံနိုင်လောက်သည့်နှုန်းဖြင့် ပျံ့နှံ့လာတော့တယ်။

“လူသစ်ပြိုင်ပွဲမှာဒုတိယဆုရသွားတဲ့ထိုင်းတက ကျောင်းအုပ်ကြီးရဲ့အလုပ်သင်ဖြစ်နေပြီ။ ဒါ့အပြင် သူကကျောင်းရဲ့ပါရမီရှင် ချန်းမင်ရှန်းနဲ့ပါ လက်ရည်တူနီးပါး အတော်ကြာ တိုက်ခိုက်နိုင်တယ်”

“လူသစ်ပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ချင်းယန် ရှင်းတန်က သူတော်စင်အလယ်အလတ်ဖြစ်တဲ့ လျှိုချင်းကို လက်ဗလာနဲ့တိုက်ခိုက်ပြီး သူတော်စင်လက်နက်ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဒုကျောင်းအုပ်ပိုင်အန်းရဲ့တားဆီးခံရပြီး ပြစ်ဒဏ်ခန်းမမှာတစ်လနေဖို့ လျှိုချင်းအပြစ်ပေးခံခဲ့ရတယ်”

အချိန်နှစ်နာရီလောက်ဖြင့် ထိုသတင်းနှစ်ရပ်ဟာ ခါဂဲအကယ်ဒမီကနေရာတိုင်းကို ပျံ့နှံ့သွားသည်။ ထိုင်းတက အကယ်ဒမီရဲ့နာမည်အကြီးဆုံးဖြစ်လာတယ်။ ထိုင်းတကသာမန်လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုတော့အခြေအနေတွေက ပြောင်းသွားပြိ။ သူ့ကိုအထင်သေးစွာကြည့်ခဲ့တဲ့မြင့်မြတ်သူတွေဟာ အခုဆိုရင်တော့ အမြင်တစ်မျိုးဖြင့်ပြောင်းကြည့်နေကြရပြီ။ ထိုနေ့ကစပြီး ထိုင်းတဟာ မိသားစုတိုင်းကတော်ချင်နေတဲ့သားမက်ဖြစ်လာတော့တယ်။

ဂျင်ချန်သည်လည်းနာမည်ကြီးနေပေမယ့် ထိုင်းတရဲ့သတင်းအောက်မှာ နစ်မြုပ်သွားသည်။ ဂျင်ချန်က ဒါတွေကိုစိတ်ထဲမထားပေ။

သွှိုပေမယ့် ဂျင်ချန်အား ချစ်စိတ်ပြင်းပြသည့်အကြည့်တွေဖြင့်ကြည့်သူမိန်းကလေးအများအပြားရှိဆဲပါပဲ။ ဂျင်ချန့်ရုပ်ရည်က အရမ်းကိုခန့်ညားသည့်အပြင် ခါဂဲအကယ်ဒမီမှလူတိုင်းထက်မနိမ့်ကျတဲ့စွမ်း၇ည်ရှိသည်။ သူ့ရဲ့မြန်ဆန်တဲ့လေ့ကျင့်နိုင်စွမ်းနဲ့ခွန်အားတွေကိုပါ ထပ်ပေါင်းလိုက်တော့ ဂျင်ချန်ဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သွားတော့တယ်။ ခါဂဲအကယ်ဒမီတွင် ဂျင်ချန်က မိန်းမပျိုတိုင်း၏နှလုံးသားထဲမှ အဖြူရောင်မင်းသားလေးပင်ဖြစ်သည်။

စာကြည့်တိုက်နားမှာဖြစ်ပျက်ခဲ့တဲ့တိုက်ပွဲပြီးကတည်းက ဂျင်ချန့်နေ့ရက်တွေဟာ ငြိမ်းချမ်းနေသည်။ သူကျောင်းမြေပေါ်ခြေချလာပြီဆိုလျှင် ကျောင်းသားတွေရဲ့သူနဲ့တိုက်ခိုက်ဖို့ဆင်ခြေပေးနေမှုတွေကို ကြုံနေရသည်။ စာဖတ်ဖို့စာကြည့်တိုက်ကိုလာရင်တောင်မှ လူတချို့ရဲ့နှောက်ယှက်ခြင်းကိုခံရသေးသည်။ ထို့ကြောင့် သူအေးအေးဆေးဆေးစာဖတ်၍မရခဲ့။ အခုထိ မြင့်မားတဲ့နောက်ခံရှိတဲ့တချို့ကျောင်းသားတွေကို ဂျင်ချန်လေးလေးစားစားဆက်ဆံရသေးသည်။ သို့ပေမယ့် ဖြစ်နိုင်တာက ဂျင်ချန်ကစည်းကမ်းတွေကိုလေးစား၍ သို့တည်းမဟုတ် သူကနားလည်ပေးနိုင်စွမ်းကောင်းလွန်းနေ၍ပင်။ နောက်ဆုံးမှာတော့ ဂျင်ချန်အကူအညီမဲ့စွာဖြင့် ဒုကျောင်းအုပ်ထံမှခွင့်ပြုချက်ကိုယူကာ အဆောင်သို့စာအုပ်တွေးဌားဖတ်ရတော့သည်။ ကျန်သည့်အချိန်တွေကိုတော့ သူကား လေ့ကျင့်၍သာကုန်ဆုံးသည်။

မျက်တောင်တခတ်အတွင်းတွင် အချိန်၃လကုန်သွားသည်။ ဂျင်ချန်တင်ပလ္လင်ထိုင်နေရာမှမျက်လုံးဖွင့်ကာ ပြတင်းမှအပြင်ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲ အရောင်တစ်ချက်လက်သွား၏။

ဂျင်ချန် သူ့လက်ကိုပြန်ကြည့်လိုက်ရာ မည်သည်ကိုမျှမတွေ့ရပေ။ အဆင့်၃သားရဲအမြုတေဟာ ပျောက်ကွယ်သွားလေပြီ။

သူ့ကိုယ်မှဖြာထွက်နေတဲ့ စွမ်းအားတွေဟာ ကြီးမားသည့်မြစ်တစ်စင်းစီးဆင်းနေသည်နှင့်တူသည်။ သူပြုံးလိုက်သည်။ နောက်ဆုံးတော့ သူသူတော်စင်အဆင့်၁၀ကိုရောက်သွားပြိ။

သုံးလကြာလေ့ကျင့်ပြီးတဲ့နောက် အဆင့်၁၀ကိုသူရောက်သွားပြီ။ သူတော်စင်ဖြစ်ဖို့ခြေတစ်လှမ်းသာလိုတော့သည်။ လူသစ်ပြိုင်ပွဲမှာရခဲ့တဲ့ အဆင့်၃သားရဲအမြုတေက သူ့အတွက်အများကြီးအကျိုးမပြုခဲ့။ ဂျင်ချန်ကသာမန်လူတွေထက် အရင်းအနှီးပိုလိုသည်။ အခြားသူတွေဆို အဆင့်၃သားရဲအမြုတေအကူအညီဖြင့် အလယ်အလတ်အဆင့်သူတော်စင်ဖြစ်လောက်ပေမယ့် ဂျင်ချန့်အတွက်တော့ အဆင့်၁၀ကိုသာရောက်စေခဲ့သည်။ သို့ပေမယ့် သူ့ရဲ့ခွန်အားတွေတော့ အတော်တိုးတက်လာခဲ့သည်။

ပြတင်းမှတဆင့်အပြင်ဘက်သို့ကြည့်လိုက်ချိန်တွင် နေမင်းကယခုမှ ထွက်စပြုနေဆဲရှိသေးသည်။

ဒီနေ့က ခါဂဲအကယ်ဒမီတွင် ကျောင်းသားတိုင်းနဲ့ဆရာတိုင်းပါ၀င်ဆင်နွှဲရတဲ့ ပွဲကျင်းပရာနေ့ဖြစ်သည်။ ထိုပွဲကား တောတွင်းမှအောင်မြင်စွာထွက်ပြေးလွတ်မြောက်လာသူများ အခမ်းအနားပင်။ လွန်ခဲ့တဲ့၃ရက်က ကြေငြာထားသည်။ အကယ်ဒမီကကျောင်းသားတွေ အကယ်ဒမီကနေ မိုင်၂၀ကွာဝေးတဲ့နေရာတွင်နေကြရခြင်းဖြစ်သည်။၃၇က်နေရမည်ဖြစ်ပြီး ထို၃ရက်အတွင်းတွင် ကျောင်းသားတိုင်းအဆင့်၁သားရဲအမြုတေ၂ခုရဖို့လိုသည်။ သူတော်စင်တွေကတော့ အဆင့်၂သားရဲအမြုတေနှစ်ခုလို၏။ သားရဲအမြုတေမည်မျှယူလာရမည်ဟု သတ်မှတ်ပေးမထား။ သို့ပေမယ့် အများဆုံးယူလာနိုင်သူကတော့ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ခံရမည်ဖြစ်သည်။ အဆင့်၄သားရဲအမြုတေကိုယူလာနိုင်၇င်တော့ နေ၇ာလပ်ပါသည့်လက်စွပ်ကိုရမည်ဖြစ်သည်။

ဆုတွေကအလွန်ရက်ရောသည်။ ချမ်းသာသည့်မိသားစုမှကလေးများပင် ဒီအခွင့်အရေးကို စိတ်၀င်စားကြသည်။

တစ်ချိန်ထဲမှာ သတ်မှတ်ထားသည့်အဆင့်ကိုရောက်သည့်မည်သည့်ကျောင်းသားမဆို စာကြည့်တိုက်၇ဲ့လေးထပ်မြောက်က သိုင်းစာအုပ်တွေနှင့် ကျင့်စဉ်တွေကိုရရှိနိုင်သည်။ ထိုဆုဟာ အလွှာတိုင်းကကျောင်းသားများကို ဆွဲဆောင်လျက်ရှိသည်။

သိုင်းပညာသည် သန်မာသည့်တိုက်ခိုက်မှုများရဲ့ပရိရာယ်ပင်။ သူတော်စင်စွမ်းအားတွေကို ပုံစံပြောင်းကာသုံးစွဲနိုင်မည့်အပြင် သုံးစွဲသူရဲ့စွမ်းအားကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။ သိုင်းပညာရပ်အား နည်းပရိရယ်နှင့်ပေါင်းစပ်အသုံးပြုတဲ့အခါ သာမန်စွမ်းရည်ကိုများစွာကျော်လွန်သွားတော့သည်။

အခြားတစ်ဖက်မှာတော့ ကျင့်စဉ်တွေက သူတော်စင်တွေမှသာအသုံးပြုနိုင်သည်။ သာမန်မိသားစုမှသူတွေဟာ အဆင့်နိမ့်ဆုံးကျင့်စဉ်ကိုပင်မသိကြ ထိုသူတွေရဲ့မျိုးဆက်တွေမှာလည်း ထိုသို့ပင်။ ထို့ကြောင့် သူတို့မှာ သူတော်စင်စွမ်းအားမှ ထူးခြားသည့်အသက်ရှူလေ့ကျင့်နည်းကိုသာမှီခိုနေရလေသည်။ ထိုအသက်ရှူနည်းလမ်းမှာ ထျန်းယွမ်တိုက်ကြီးတွင် ကျော်ာကားသည်။ အဆင့်တွေကလည်းသာမန်ပင်ဖြစ်သည်။ ထို့ကြောင့်သာမန်မိသားစုတွေအနေဖြင့် အဆင့်တိုင်းကိုနားလည်သဘောပေါက်ကြသည်။သို့သော် ထိုနည်းက သူတော်ဆင့်အဆင့်၁၀အထိသာအသုံး၀င်ပြီး သူတော်၀င်တွေအဖို့သုံးမရပေ။ ထို့ကြောင့် သိုင်းစာအုပ်တွေနှင့် ကျင့်စဉ်တွေမှာ သာမန်လူတို့အတွက် ကြီးစွာသာဆွဲဆောင်မှုပင်။

ထျန်းယွမ်တိုက်ကြီးတွင် သိုင်းပညာရပ်တိုင်းနှင့်ကျင့်စဉ်တိုင်းကို အဆင့်၄ဆင့်ခွဲထားသည်။ လူသားအဆင့်၊ကမ္ဘာမြေအဆင့်၊ ကောင်းကင်အဆင့်နှင့် သူတော်စင်အဆင့်တို့ဖြစ်သည်။ ထိုအဆင့်များကိုမှ တစ်ဆင့်ဆီပိုင်းခြားထားသေးသည်။ အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် ထိပ်ဆုံးအဆင့်တို့ပင်ဖြစ်သည်။

ဂျင်ချန် အခန်းထဲမှထွက်ကာ လေ့ကျင့်ေ၇းကွင်းကိုဦးတည်လိုက်သည်။ လွန်ခဲ့တဲ့၃ရက်ထဲက ကြိုပြောထားတာမို့ ကျောင်းသားတိုင်းကဒီနေ့အတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

ဂျင်ချန် လေ့ကျင့်ေ၇းကွင်းကိုေ၇ာက်တဲ့အခါ လူပင်လယ်ကြီးကိုတွေ့လိုက်ရသည်။ သို့ရာတွင် အုပ်စုနှစ်စုကွဲနေကြသည်။ မြင့်မြတ်သူတွေနဲ့ နောက်ခံကောင်းသူတွေကတစ်ခြမ်းနှင့် မည်သည့်ကလန်၏အထောက်အပံ့မှမရှိတဲ့သူတွေက တစ်ခြမ်းပင်။

သူတော်စင်အဆင့်မရောက်သေးတဲ့ကျောင်းသားတွေက သံမဏ်လက်နက်တွေကိုကိုင်ထားကြပြီး နေရောင်အောက်တွင်တောက်ပနေသည်။ သားရဲတွေကိုတိုက်ခိုက်၇န်အတွက် ကျောင်းမှနှစ်သက်ရာလက်နက်သုံးခွင့်ပြုထားသည်။

ဂျင်ချန် လက်နက်စင်ကိုသွားလိုက်သည်။ ထိုတွင် လေးလံလွန်းလှသည့်လက်နက်တွေနှင့်မကောင်းသည့်လက်နက်တွေသာ ကျန်ရှိနေသည်။ ရှေ့မှသူတွေက ကောင်းတာတွေကိုသာရွေးယူသွား၍ ယခုကျန်ရှိနေသည်များမှာ ဂျင်ချန့်ခွန်အားနှင့်မတတ်နိုင်သည်များပင်။ လက်နက်စင်တန်းတစ်ခုလုံးကို ဂျင်ချန်ခြုံကြည့်လိုက်သည်။ သူ့လက်ချောင်းလောက်သာထူမည့်သံတုံးတစ်ခုကို ဂျင်ချန်တွေ့လိုက်သည်။ သူ့မျက်ခုံးကိုပင့်ကာ ထိုသံတုံးအားဆွဲမလိုက်သည်။

ထိုသံတုံးက ၃လက်မလောက်၇ှည်ပြီး တစ်ဖက်တွင်သံချေးတွေတက်နေသေးသည်။ အခြားတစ်ဖက်ကတော့ ချွန်ထက်၏။

ထိုသံတုံးအားလက်ထဲတွင်လှည့်ပတ်ကြည့်ကာ ခိုင်ခံ့မှုနဲ့ အလေးချိန်ကိုစစ်ဆေးပြီး သူကျေနပ်သွားကာ ခေါင်းငြိမ့်လိုက်သည်။ ဒီသံတုံးကကြည့်ရဆိုးပေမယ့် အလေးချိန်နဲ့ထက်မြက်မှုက လက်ရှိရှိနေသည့်အရာများထက်သာသည်။ ဒီတစ်ခုကသာ ဂျင်ချန်သုံးလို့ရနိုင်ကာ သူ့စွမ်းရည်ကိုထုတ်နိုင်လိမ့်မည်။

ထိုအချိန်တွင် လူအုပ်ထဲမှ ထိုင်းတကဂျင်ချန်ထံလျှောက်လာသည်။ သူ့နောက်ကျောတွင် သူ့ကိုယ်နီးပါးကြီးတဲ့ပုဆိန်ကြီးအားလွယ်ထား၏။ ထိုအခါ သူ့ပုံစံကား ပိုမိုကြောက်မက်ဖွယ်ကောင်းသွားးတော့သည်။ ဂျင်ချန်ကအနားရောက်တော့ လက်ထဲမှသံတုံးအားမြင်သွားကာ မျက်မှောင်ကျုံ့ရင်းမေးသည်။

“ချင်းယန် ရှင်းတန် မင်းဒီသံတုံးကြီးနဲ့ဘာလုပ်မလို့လဲ”

ဂျင်ချန်ကရယ်သည်။
“ဒါက ငါ့လက်နက်လေ”

“မဖြစ်နိုင်တာ။ ချင်းယန် ရှင်းတန် ဒီအသုံးမကျတဲ့သံတုံးကြီးကို လက်နက်အဖြစ်ဘယ်လိုသုံးမှာလဲ။ မင်းရဲ့ခေါင်း အဆင်ပြေရဲ့လား”

ဂျင်ချန် တဟားဟား အော်၇ယ်လိုက်ပေမယ့် ရှင်းပြခြင်းတော့မပြု။

ထိုအသုံးမ၀င်သည့်သံတုံးအား လက်နက်အဖြစ်မည်သို့သုံးမည်ကို ထိုင်းတနားမလည်သော်လည်း ထပ်၍မမေးမြန်းတော့။

“ချင်းယန် ရှင်းတန် ငါတို့အဖွဲ့ဖွဲ့ရင်ဘယ်လိုလဲ။ ငါတို့သာပေါင်းလိုက်၇င် အဆင့်၁သားရဲအမြုတေကို အေးဆေးရှာလို့ရပြီ။ ငါတို့အဆင့်၂သားရဲအမြုတေတောင် ရချင်၇မှာ။ ငါငယ်ငယ်တုန်းက သားရဲတွေနဲ့တိုက်ခိုက်ဖူးတယ်။ တောရိုင်းကောင်တွေဆီ ထွက်ပြေးတဲ့နေ၇ာမှာတော့ ငါတော်ပြီးသား။ မင်းသာငါနဲ့လက်တွဲမယ်ဆိုရင် မင်းအကျိုးများစေရမယ်”

ဂျင်ချန် ခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်သည်။ ကျောင်းက သားရဲကိုသတ်ဖို့အတွက် လူအများကြီးဖွဲ့ခွင့်မပြုထား။ ထို့ကြောင့် အုပ်စုငယ်လေးတွေကိုတွေ့နေရသည်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset