Chapter – 317
“အရွယ်ရောက်လာသော ပိုင်အာ”
ရဲရှောင်၏ မျက်လုံးများမှ မျက်ရည်များ အဘယ့်အတွက်ကြောင့်မကုန်နိုင် မခမ်းနိုင်ဖြစ်နေသည်ကို ပိုင်အာ သိချင်နေမိသည်။ ထိုမျက်ရည်များအား အဖြူရောင် လက်ကိုင်ပဝါလေး တစ်ထည်ဖြင့် အမြဲတစေ သုတ်ပေးလေ့ ရှိသည်။
ဆောင်ဂျု မှာကြားထားသည့်အတိုင်း ရေနွေးအနည်းငယ်ကိုလည်း ရဲရှောင်အတွက်ပြင်ဆင်ပေးထားလေသည်။ရေနွေးသောက်ခြင်းဖြင့်ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးရန်ဖြစ်သည်။
အစပိုင်းတွင်အမြဲတစေ မျက်ရည်များ ကျဆင်းနေခြင်းကြောင့်ရဲရှောင်၏ မျက်လုံးများ ထိခိုက်နာကျင်သွားမည်ကိုဆောင်ဂျု စိုးရိမ်မိခဲ့သည်။ သို့သော်နောက်ပိုင်းတွင်အမှန်တကယ်ပင်ကျင့်စဉ်တစ်ခု ကျင့်ကြံနေကြောင်း အသေအချာ သိသွားသာအခါ ရဲရှောင်အား ရေများသာလှိမ့်၍ တိုက်ခိုင်းပါတော့သည်။ ကျင့်စဉ်ကြောင့်မျက်လုံးအနာတရ မဖြစ်သည့်တိုင် ရေဓာတ်ခန်းခြောက်သွားမည် ဆိုပါက ဒုက္ခရောက်သွားနိုင်ပေသည်။
ငိုကြွေးခြင်းကြောင့် ရေဓာတ်ကုန်ဆုံးကာ သေဆုံးရသည်ဆိုလျှင် အလွန်ရယ်စရာ ကောင်းပေလိမ့်မည်။
ရဲရှောင်မှဆောင်ဂျုအား ထိုသို့ မလုပ်ရန် တားဆီးသည့်တိုင် မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် အမြဲလိုလို ရေကိုသာ သောက်နေရလေသည်။ မျက်ရည်များ ကျလေလေ ရေသောက်ရလေလေပင် ဖြစ်နေသည်။
ယခုကျင့်စဉ်အား ရဲရှောင်၏ စိတ်ထဲတွင်အကြိမ်သန်းနှင့်ချီ၍ပင် ကျိန်ဆဲနေမိသည်။
(တော်တော် စောက်ရေးမပါတဲ့ ကျင့်စဉ်ပဲ။ ငါ့သိက္ခာတွေတော့ မြောင်းထဲ ရောက်ပါပြီ . . .)
မျက်ရည်စကျခဲ့သည့် အချိန်မှစ၍ နောက်ရက်များတွင် ရဲရှောင်သည် အပြင်သို့ တစ်စက္ကန့်မျှပင် မထွက်တော့ချေ။ အိမ်ပြင်သို့ မဆိုထားနှင့် အခန်းတွင်းမှ အခန်းပြင်သို့ပင် မထွက်တော့ခြင်း ဖြစ်သဖြင့်ရဲရှောင်အပြင်မထွက်သည်မှာ ၄ ရက်တိုင်ခဲ့လေပြီ။
ထိုကဲ့သို့ အပြင်မထွက်သည်ကိုပင်ဆောင်ဂျူကျေးဇူးတင်နေမိသည်။ မျက်ရည်ကျသည့် ကိစ္စကြောင့် ရဲရှောင် အိမ်ကပ်နေသဖြင့်ဆောင်ဂျုလည်း စိုးရိမ်နေစရာ မလိုတော့ချေ။ ထိုနည်းလမ်းအား အစောကြီး ကတည်းကပင်သိခဲ့မည် ဆိုပါက ရဲရှောင် မျက်ရည်ကျစေရန်အတွက်တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြိုးစားခဲ့မိမည်သာ ဖြစ်သည်။
အပြင်မထွက်ရသဖြင့်ယခုရက်ပိုင်းအတွင်း ရဲရှောင် အားလပ်လျက် ရှိသည်။ ပိုင်အာသည်သာ ရဲရှောင်နှင့် အနီးကပ် ရှိနေလေသည်။သို့သော်ထိုကဲ့သို့ အနီးကပ်ရှိနေသည့်အတွက်ရဲရှောင်အဖို့ စိတ်ကျဉ်းကြပ်ခြင်း အလျဉ်း မရှိခဲ့ပေ။
(ပိုင်အာကိုတော့ ငါထည့်တွက်စရာ မလိုလောက်ပါဘူး။ ငါ မျက်ရည်တွေ ကျနေတာကို မြင်တော့ရော ဘာဖြစ်မှာမို့လဲ။ သူ့အသိဉာဏ်က ၉ နှစ်သမီး အသိဉာဏ်လောက်တောင် မရှိသေးဘူး . . .)
အားလပ်နေသဖြင့်ရဲရှောင်သည် ပိုင်အာအား လေ့ကျင့်ခန်းအချို့ စတင် သင်ကြားပေးခဲ့သည်။
ထို ၄ ရက်အတွင်း ကျခဲ့သည့် မျက်ရည်များကိုသာ ခွက်နှင့် ခံထားခဲ့မည်ဆိုပါက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား နစ်မြုပ်သွားစေနိုင်ေလာက်သည့် ပမာဏကိုပင်ရရှိနိုင်ပေလိမ့်မည်။ ထိုသို့ မျက်ရည်များ ကျနေသည့်တိုင် ပိုင်အာအား သင်ကြားပေးစရာ ရှိသည်များကို သင်ကြားပေးနေမိသည်။ ပိုင်အာ၏ အသိဉာဏ်သည်လည်း လျင်မြန်စွာ ဖွံ့ဖြိုး လာလေသည်။
ထိုလေးရက်သည် ပိုင်အာအတွက် ၄ နှစ်စာ အသိဉာဏ်များ ရရှိလိုက်သလိုပင်။
အကြောင်းအရာများအပေါ် ယခင်ထက်ပင်ပို၍ များစွာ သိလာသည့်အပြင် စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုလေးရက် မတိုင်ခင်တွင်ပိုင်အာသည် ရဲရှောင် အနားမရှိသဖြင့် ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။ တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နှင့်သာ နေခဲ့ရပြီး ရဲရှောင်၏ ရင်ခွင်ထဲ၌သာ အိပ်စက်ချင်နေခဲ့သည်။ သို့သော်ယခုအခါတွင်မူ ရဲရှောင်ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်စိတ်ချလက်ချဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ပထမတစ်ရက် ထိုသို့ အိပ်ပြီးနောက် နောက်ရက်များတွင် ပိုင်အာသည် အနည်းငယ် ရှက်ရွံ့နေသည့်ပုံ ဖြစ်လာသည်။
သူမ၏ မျက်နှာသည်ရှက်ရွံ့စိတ်ကြောင့်နီမြန်းေနပြီး မျက်လုံးများမှာလည်း နူးညံ့သိမ်ေမွ့သည့် အသွင်သို့ ဆောင်လျက်ရှိသည်။
၂ ရက်ကြာပြီးနောက် ပိုင်အာသည် ကလေးမလေး ပုံစံမှ မိန်းကလေးငယ်တစ်ဦး၏ ပုံစံသို့ပြောင်း လာခဲ့သည်။ စကားပြောသည့် အခါတွင်လည်း ရှက်အမ်းအမ်း ဖြစ်နေပြီး သူမပြောလိုသည့် စကားများ ပြောသည့်အခါတွင်ပင် မပွင့်တပွင့် ဖြစ်နေလေသည်။ ထိုအပြုအမူလေးများကြောင့်ပင်ပိုင်အာ၏ အလှသည်ပို၍ ဆွဲဆောင်မှု ရှိလာစေခဲ့သည်။ သူမ၏ ဟန်ပန်အမူအယာများအား ကြည့်ရင်း စိတ်မထိန်းနိုင်သူအဖို့ တစ်စုံတစ်ခု ပြုလုပ်မိမှာသေချာပေါက်ပင်။
၃ ရက်ကြာပြီးနောက် ပိုင်အာ၏ အမူအယာများပြောင်းလဲနေသည်ကို ရဲရှောင်သတိထားမိလိုက်သည်။ ပိုင်အာသည် သူ၏ ရင်ခွင်ထဲ၌ ရှိနေချင်သည့်တိုင် သူမကိုယ်သူမ စိတ်ထိန်းထားသည် ပုံပေါ်နေလေသည်။ရဲရှောင်နှင့်ပင် အတူအိပ်ရန် ငြင်းဆန်လိုက်ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ရဲရှောင်၏ မျက်လုံးများမှ မျက်ရည်များ မကျတော့ဘဲ ရပ်တန့်သွားသည်။
သို့သော်မျက်လုံးများမှာမူ ရဲရဲနီလျက် ရှိသည်။ သူ၏ ပုံစံမှာ မုဒိန်းကျင့်ခံရသော မိန်းကလေးငယ် တစ်ဦး ရက်ပေါင်းများစွာ ငိုကြွေးထားသည်နှင့်ပင် တူနေပါသေးသည်။ ပိုင်အာမှ သူသင်ကြားပေးခဲ့သည့် အရာများအား ကောင်းစွာ နားလည်သဘောပေါက်သည်ကို တွေ့သောအခါ ရဲရှောင်လည်း ဆုအဖြစ် အနမ်းပေးရန် ဟန်ပြင်လိုက်သည်။
“အစ်ကိုကြီးရှောင် . . . ပိုင်အာဖြစ်ချင်တာကလေ ဟို . . . ဟို . . . ဒါပေမယ့်လည်း . . .”
ပိုင်အာသည် သူမ၏ အဝတ်အား အကြောင်းမဲ့ ချေမွရင်း ရှက်သွေးဖြာနေလေသည်။
“ယောကျာ်းနဲ့ မိန်းမ ဆိုတာ တရင်းတနှီး နေတာ မသင့်တော်ဘူး မဟုတ်လား။ အဲဒါ . . .”
ပိုင်အာ၏ စကားကြောင့်ရဲရှောင်၏ စိတ်ထဲတွင်အံ့ဩမှင်သက်သွားမိသည်။
(ဘယ်လို . . . မသင့်တော်ဘူး ဟုတ်လား။ ဒါမနေ့ကမှ ငါ သူ့ကို သင်ပေးခဲ့တာပါ။ အခုကြ ငါ့ကို ငါ့စကားနဲ့ပြန်ပြီး ငြင်းနေတယ်တဲ့လား။ ဆုချတဲ့ အနေနဲ့ တစ်ခါလောက် နမ်းချင်တာတောင် မရလောက်တော့ဘူး ထင်တယ် . . .)
ရဲရှောင်သည် ပိုင်အာအား အမြဲလိုလို ထိုသို့ ဆုပေးနေကြ ဖြစ်သည်။ ပိုင်အာမှ တစ်စုံတစ်ခု ထူးခြားတာ လုပ်လိုက်သည်နှင့် –
“ပိုင်အာ . . . မင်းကိုယ်မင်း တိုးတက်အောင် လုပ်နိုင်ရင် အစ်ကိုကြီးရှောင်က မင်းကို ဆုချတဲ့ အနေနဲ့ ပါးကို တစ်ခါနမ်းမယ်လေ . . .”
ပိုင်အာသည် ထိုသို့ ဆုရသည့် အခါတိုင်း အလွန်ပျော်ရွှင်ခဲ့သည်။ တစ်စုံတစ်ခု တိုးတက်အောင် လုပ်လိုက်သည့် အခါတိုင်း သူမ၏ ပါးအား ရဲရှောင်အနားသို့ တိုးပေးကာ “နမ်းပါ” ဟူသော ပုံစံမျိုး လုပ်ပြလေ့ ရှိသည်။ အနမ်းခံရသည့် အခါတိုင်းလည်း သူမ၏ မျက်လုံးလေးအား မှိတ်ထားလေ့ ရှိသည်။
ယခုအခါတွင်မူ ထိုသို့ မဟုတ်တော့ချေ။ ပိုင်အာသည် ရှက်တတ်နေပြီ ဖြစ်သည်။ ရဲရှောင်မှ နမ်းလိုက်လျှင်ပင်ရှက်ကိုးရှက်ကန်းဖြင့်ထိုင်ခုံပေါ်တွင် ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ပင်ထိုင်နေတတ်သည်။
ထိုအချိန်မျိုးတွင်ပိုင်အာသည်ထိုကဲ့သို့ ဆုချသည်ကိုပင်ငြင်းဆန်လိုသည့်ပုံပေါက်နေလေသည်။ အနမ်းေပး၍ ဆုချသည်ဆိုသည်မှာလည်း ရဲရှောင်မှ သူမအား အခွင့်အရေးယူနေသကဲ့သို့ပင်ဖြစ်နေသည် မဟုတ်ပါလော။
“ဘာပြောချင်လို့လဲ ပိုင်အာ . . .”
ရဲရှောင် ပိုင်အာအား ကြည့်၍ မေးလိုက်သည်။ ဆံပင်များအား သပ်ရပ်စွာ စည်းထားသည့်ပိုင်အာ၏ လှပသော မျက်နှာလေးသည်ရှက်သွေးဖြာလျက်ရှိသည်။
ပိုင်အာ၏ အလှအား စာဖွဲ့ပြရမည် ဆိုလျှင်မနက်ခင်း အချိန်ခါတွင်နှင်းရည်လေးများ စိုစွတ်နေသည့်ပန်းပွင့်တစ်ကဲ့သို့ပင်သူမ၏ မျက်နှာလေးသည်ကြည်လင်ဝင်းမွတ်၍ မြင်သူငေးလောက်သည်။ ထို့ပြင်စင်ရော်တောင်မျက်ခုံးလေးများသည်လည်း အလှပေါ် အလှဆင့်ပေးနေလျက်ရှိသည်။ သူမ၏ အလှသည်ကောင်းကင်ဘုံတွင် အလှဆုံးစာရင်း ဝင်နိုင်၍ မော်တယ်ကမ္ဘာတွင်ပြိုင်ဘက်ကင်း အလှဘုရင်မ တစ်ဦးပင် ဖြစ်နိုင်ပေသည်။
“ဘာမှ မဟုတ်တော့ပါဘူး . . .”
ပိုင်အာ ခေါင်းငုံ့၍ ရှက်ရွံ့နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီးရှောင်က ဆန္ဒရှိတယ်ဆိုရင် . . . ပိုင်အာ . . . ပိုင်အာ . . . ငြင်းမှာ မဟုတ်ပါဘူး၊ ဒါပေမယ့်. . . ဒါပေမဲ့ . . .”
ပိုင်အာသည် “ဒါပေမဲ့” ဟူသည့် စကားကိုသာ လေးငါးခြောက်ခန့်ထပ်ကာ ထပ်ကာပြောလျက်ရှိသည်။ သူမ၏ နှုတ်မှ တစ်စုံတစ်ခု ပြောချင်နေသည့်တိုင်ပြောမထွက်သည့်ပုံ ဖြစ်နေလေသည်။
“ငါသိပါတယ် . . .”
ရဲရှောင်ခေါင်းညိတ်၍ြေပာလိုက်သည်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း –
“ငါ့ပိုင်အာလေးက အခုဆို ကောင်းကောင်း အရွယ်ရောက်လာပြီပဲ။ တကယ့် မိန်းမကြီး ကြနေတာပဲ။ ရှက်လည်း ရှက်တတ်နေပြီပဲ ဟားဟား . . .”
ပိုင်အာလည်း ရှက်အမ်းအမ်းဖြင့် ရယ်နေလေသည်။ မည်မျှအထိဆိုလျှင်ရှက်ရွံ့စိတ်ကြောင့်သူမ၏ လည်ပင်းများပင်နီရဲလျက်ရှိသည်။
ရဲရှောင် ပြုံးလိုက်ကာ –
“ပိုင်အာက အရွယ်ရောက်လာပြီ ဆိုတော့ အသိဉာဏ်လည်း ကြွယ်ဝလာပြီ။အေးပေါ့လေ အဲ့ဒီတော့လည်း ငါပေးမယ့်ဆုက မသင့်တော်တော့ဘူးပဲ ဆိုပါတော့။ အင်း . . . ဒါဆိုလည်း ဘယ်လိုဆုများ ပေးရပါ့မလဲ . . .”
ပိုင်အာမှ ရှက်ပြုံးပြုံးလိုက်သည်။ ထို့နောက် ရဲရှောင်အား မော့ကြည့်လိုက်ရင်း –
“အစ်ကိုကြီးရှောင်က အနမ်းပေးချင်တယ် ဆိုရင်လည်း ပိုင်အာက ကျေကျေနပ်နပ်ပဲ လက်ခံမှာပါ”
ထိုစကားအား ပြောလိုက်သည့်ပိုင်အာ၏ အသံသည်ခြင်တစ်ကောင်၏ အသံလောက်ပင်တိုးညှင်းလှသည်။
ခေါင်းကို ငုံ့ထားနေသည်မှာ ထပ်မံမော့တော့မည့် ဟန်လည်း မရှိတော့ချေ။
ရဲရှောင်လည်း ပိုင်အာအား ကြည့်ရင်း –
“မဟုတ်ပါဘူး၊ ပိုင်အာပဲ မသင့်တော်ဘူးလို့ ပြောတယ်မဟုတ်လား။ အဲဒါကြောင့် ငါတို့ ဆုကို ပြောင်းရမယ် . . .”
ရဲရှောင်၏ စကားကြောင့်ပိုင်အာ စိတ်သက်သာရာ ရသွားသည်။သို့သော် ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်အမူအယာမျိုး ဖြစ်သွားကာ –
“ဘယ်လိုပဲဖြစ်ဖြစ်၊ ပိုင်အာက အစ်ကိုကြီးအတွက် ပေးဆပ်သူ တစ်ယောက်ပါ။ အစ်ကိုကြီးရှောင် ကျွန်မကို ထိချင်လည်း ထိနိုင်တယ်။ ပြောချင်တာလည်း ပြောနိုင်တယ်။ တခြားလူဆိုရင်တော့ ကျွန်မ ဆံပင်ကိုတောင် ထိခွင့်ပေးမှာ မဟုတ်ဘူး . . .”
ပိုင်အာခေါင်းကို ငုံ့ထားရင်း ရှက်ရွံ့သည့်အမူအယာဖြင့်ပြောလိုက်သည်။ သို့သော် နောက်ဆုံး စကားအား ပြောလိုက်သည့်အချိန်တွင် သူမ၏ အသံသည် တိကျပြတ်သားလှသည်။ ရင်ထဲရှိသည့်အတိုင်းပြောနေသည့်ပုံပင်။
ပိုင်အာသည် ယခင်ကနှင့်မတူတော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေတော့သည်။