Switch Mode

Chapter – 34

Chapter – 34

လျှိုချင်း၏လက်ထဲမှအလွန်စွမ်းအားကြီးမားဟန်ရှိသောဆိုင်ယမ်ဓာတ်ငွေ့ဖုံးအုပ်ထားတဲ့ကြီးမားလှတဲ့ဓားအား ဂျင်ချန်အာရုံစူးစိုက်ကာထားရင်း
သူမျက်နှာအမူအယာမှာလေးနက်လာခဲ့သည်။
သူတော်စင်လက်နက်ကိုသုံးလိုက်ပြီဆိုလျှင်
လျှိုချင်း၏စွမ်းအားမှာမူလကထက်နှစ်ဆဖြစ်သွားပြီ။ လျှိုချင်းကသူတော်စင်လက်နက်မသုံးဘူးဆိုရင်
သူလက်ရည်တူနီးပါးပြန်တိုက်နိုင်တယ်
သိုသော်ငြားလည်းသူအတွက်အနည်းငယ်တော့
ခက်ခဲဦးမှာပဲ။ အခု သူတော်စင်လက်နက်ကပါလာပြီ ။သူအတော်လေးကိုသတိအရမ်းထားပြီးယှဉ်ပြိုင်ရတော့မယ်။
သူမှာမရေမတွက်နိုင်တဲ့အတွေ့အကြုံတွေ၊နည်းလမ်းေ တွ၊ပရိယာလ်တွေရှိတယ်။
ဒါကအနိုင်၇ဖို့အရမ်းခက်ရင်ခက်မယ်
ဒါပေမယ့်သူအတတ်နိုင်ဆုံးတော့မရှုံးဖိုကြိုးစားရမှာပဲ။
သူတော်စင်လက်နက်ကိုကိုင်ဆွဲထားသည့်လျှိုချင်း၏ပုံရိပ်ဟာယခင်ထက်များစွာသန်မာလာပုံပေါ်သည်။
ဂျင်ချန်အားစူးစိုက်ကာကြည့်နေရင်းမှသူပြောသည်။

“ချင်းယန်ရှင်းတန်ဒီနေ့ငါမင်းရဲ့နေရာမှန်ကို
ပြန်ပိုပေးမယ်”
ဆိုင်ယမ်ဓားကြီးကိုလျှိုချင်းလေထဲသိုမြှောက်ဝဲလိုက်စဉ်တွင်
ဆိုင်ယမ်ဓာတ်ငွေ့ရောင်မှာပိုမိုတောက်ပလာတော့သည်။ စာကြည့်တိုက်ရှေ့မှကြည့်နေကြသူတွေပါထိုဓားကြောင့် သိမ့်ခနဲတုန်သွားသည်အထိကြောက်လန်သွားကြသည်။ “အား…..”
လျှိုချင်းမာန်သွင်းဟိန်းဟောက်ကာ
ဓားကြီးကိုသူ့ခေါင်းပေါ်ထိကျော်အောင်ဆက်မြှောက်ပြီး တစ်ဖက်သူထံခုတ်ပိုင်းချတော့သည်။
မြန်လွန်းလှသည့်အရှိန်ကြောင့်ဆိုင်ယမ်အလင်းဟာဖျက်ခနဲပေါ်ကာဂျင်ချန်ထံတိုးဝင်သွားသည်ကိုသာ
မြင်နိုင်လိမ့်မည်ပေ။
သူတော်စင်လက်နက်မှပြင်းထန်တဲ့ချီစွမ်းအားတွေကိုအာရုံခံမိလိုက်တဲ့ဂျင်ချန်ဟာ
အပြည့်အဝအာရုံစူးစိုက်လိုက်ရတော့တယ်။ဒီဓားက လက်ရှိသူ့အခြေအနေနဲရင်ဆိုင်နိုင်တဲ့အရာမဟုတ်ဘူး။ ဆိုင်ယမ်ဓားဟာလျှင်မြန်စွာပြေးဝင်လာနေတာမို့
ဂျင်ချန်အတွက်လှုပ်ရှုားတွေကိုရွေးချယ်ချိန်မရလိုက်ဘူး။

သူစွမ်းအားအကုန်လံ့ုးကိုခြေထောက်မှာစုထားလိုက်ပြီး
တတ်နိုင်သမျှရှောင်ရှားဖို့စိတ်နှစ်ထားလိုက်သည်။ ထိုအချိန်တွင်အဖြူရောင်ပုံရိပ်တစ်ခုဟာ
ဆင်ယမ်ဓားထက်ပိုမြန်သောအလျင်ဖြင့်ရုတ်ချည်းပေါ်လ
ာကာဂျင်ချန်ရှေ့ပိတ်ရပ်ထားလေသည်။
ဆိုင်ယမ်ဓားက
အဖြူရောင်ပုံရိပ်ထံတည့်တည့်တိုးဝင်သွားလေရာ
ရုတ်ချည်းပျောက်ကွယ်သွားရလေတော့တယ်။မီးပွားအစအနလေးတောင်မှကျန်ရစ်မနေခဲ့ဘူး။အဖြူရောင်ပုံရိပ်ဟာ
အသက်၄၀အရွယ်ရှိသက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။အဖြူရောင်changpaoဝတ်စုံကိုဝတ်ထားပြီး ခန်ညားတဲ့မျက်နျာဟာ
တည်ကြည်သည့်အရိပ်အယောင်တွေအပြည့်ပင်။သူရဲ့သာမန်မဟုတ်တဲ့မျက်ဝန်းတွေထဲတွင်
ဒေါသတွေအပြည့်ရှိနေသည်။
ထိုအဖြူရောင်ပုံရိပ်ကိုလျှိုချင်းတွေ့လိုက်သည့်အခါ သူမျက်နှာအမူအယာအရုပ်ဆိုးသွားကာ
ဖြူလျော့သွားလေသည်။

သူလက်ထဲပြန်ရောက်နေတဲ့ဆိုင်ယမ်ဓားကိုပြန်သိမ်းလို
က်ကာသူထိုလူအားဦးညွှတ်နှုတ်ဆတ်လိုက်သည်။“ဒုကျောင်းအုပ်”
ထိုစကား၏အထဲတွင်
လျှိုချင်း၏ကြောက်ရွံ့စိတ်တွေပုန်းအောင်းနေလေသည်။ လျှိုချင်းမှထိုပုဂ္ဂိုလ်အားခေါ်လိုက်သည့်နာမည်ကိုကြားလိုက်ချိန်တွင်ဂျင်ချန်ကြက်သေသေသွားသည်။
ထိုသူ၏နောက်ကျောကိုအတော်ကြာစိုက်ကြည့်ပြီးထိုသူ့ဂုဏ်ပုဒ်အားမှတ်သားလိုက်သည်။ထိုသူက ခါဂဲအကယ်ဒမီ၏တစ်ဦးတည်းသော
ဒုကျောင်းအုပ်ဖြစ်တဲ့ ပိုင်အန်းပါပေ။ပိုင်အန်း၏ကြောက်ရွံ့ဖွယ်အကြည့်က
လျှိုချင်းအပေါ်အတော်ကြာတည်မြဲနေပြီးနောက် ဟွန်းခနဲအသံအကျယ်ကြီးပြုလိုက်လေတယ်။အသံနိမ့်ဖြင့်သူစကားမပြောခင်
ယခုထိတိုက်ခိုက်နေသေးတဲ့ထိုင်းတနဲချန်းမင်ရှန်းကိုကြည့်လိုက်သေးသည်။
“မင်းတိုတွေမရပ်ကြသေးဘူးလား”
လျှပပ်စီးလိုပင်သူအသံပျံ့နှံသွားသည်။

ထိုင်းတနှင့်ချန်းမင်ရှန်းတိုချက်ချင်းရပ်တန်လိုက်ကာ
ဒုကျောင်းအုပ်ကိုသူတို့တွေ့လိုက်ကြရသည်။
ထိုင်းတကတော့စိတ်လှုပ်ရှုားမှုကင်းစွာပြုံးပြလိုက်ပြီး ချန်းမင်ရှန်းကတော့
ကြောက်ရွံ့မှုတွေပြည့်သွားလေသည်။
ထိုင်းတဂျင်ချန်ထံလျှောက်သွားကာ
ထိခိုက်မှုရှိမရှိဂရုတစိုက်ကြည့်လေသည်။အသံနိမ့်နိမ့်ဖြင့်သူခပ်တိုးတိုးပြောသည်။“ချင်းယန်ရှင်းတန်မင်းနာသွားသေးလား”
တိတ်တိတ်နေရန်အဓိပ္ပါယ်ပါသည့်အကြည့်မပေးခင် ဂျင်ချန်သူခေါင်းကိုခါပြလိုက်ဖြစ်သည်။
ဂျင်ချန်၏အပြုအမူကြောင့်ထိုင်းတရယ်လိုက်သည်။သူမှာမကျောတဲ့ခန္ဓာနှင့်နှလုံးသားရှိပေမယ့်
ဂျင်ချန်ဘာကိုဆိုလိုတယ်ဆိုတာသူနားမလည်ဘဲမနေပေ
။ဘာစကားမှမဆိုဘဲသူဂျင်ချန်နောက်တွင်
တိတ်တိတ်လေးရပ်နေပေးလိုက်သည်။ သိုရာတွင်သူချန်းမင်ရှန်းကိုဂရုတစိုက်ကြည့်နေကာ
မျက်စိတစ်ဖက်မှိတ်ပြရင်းနောက်ပြောင်လိုက်သေးသည်။တိုက်ခိုက်ရတာထက်
အခုအခြေအနေကသူ့ကိုပိုပြီးပျော်စေသည်။

ဒုကျောင်းအုပ်ပိုင်အန်းသည်
လျှိုချင်းနှင့်ချန်းမင်ရှန်းတို့အား
ပြင်းထန်သည့်အကြည့်ကိုပေးလိုက်သည်။
“လျှိုချင်းမင်းကအကယ်ဒမီရဲ့စည်းကမ်းတွေကို
ဖောက်ဖျက်တယ်။မင်းအပြစ်မင်းသိလား”
လျှိုချင်းသ့ူခေါင်းကိုမော့လိုက်သည်။
“ဒုကျောင်းအုပ်
ကျောင်းသားအချင်းချင်းလိုအပ်ချက်တွေထောက်ပြတာကပုံမှန်ပါပဲ။ကျွန်တော်နဲချင်းယန်
ရှင်းတန်ကအဲ့လိုလုပ်နေကြတာပါအခြားကိစ္စတွေဘာမှမပါပါဘူး။
စည်းကမ်းတွေကိုဖောက်ဖျက်တယ်ဆိုရင်ဒီကျောင်းသားကမေးချင်ပါတယ်။
ကျွန်တော်ဘယ်စည်းကမ်းကိုများဖောက်ဖျက်မိပါသလဲ။” “ဟမ့်မင်းဒီလိုအထွန်တက်ရဲသေးတယ်လား။“
ပိုင်အန်းကဟောက်သည်။“လျှိုချင်းခါဂဲအကယ်ဒမီရဲ့
စည်းကမ်းနံပါတ်၆၆ကဘာလဲ”
ပြန်မဖြေသေးခင်လျှိုချင်းခဏငြိမ်နေလိုက်သေးသည်။

“စည်းကမ်းနံပါတ်၆၆ကစာကြည့်တိုက်ထဲတွင်
ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
စာကြည့်တိုက်မှာရှိနေစဉ်အတွင်း
ဘေးကင်းလုံခြုံမှုရှိဖို့ရာအတွက်တားမြစ်ထားခြင်းပါ ဒုကျောင်းအုပ်”
ပိုင်အန်းသည်လျှိုချင်းအားစိုက်ကြည့်နေဆဲ
“မင်းရဲ့ဓားကချီစွမ်းအင်တွေကိုငါသာမတားဆီးလိုက်ရင် စာကြည့်တိုက်ဂိတ်ပေါက်ကြီးကပျက်စီးသွားမှာအမှန်ပဲ။ လျှိုချင်းမင်းဘာအပြစ်လုပ်တားလဲသိပြီလား”
ဒုကျောင်းအုပ်ပြောသည့်စကားကြောင့်
လျှိုချင်းမျက်နှာညိုးကျသွားသည်။ဒုကျောင်းအုပ်ပြောတအမှန်ပင်။ဓားမှလာတဲ့ချီစွမ်းအင်တွေကို
ဂျင်ချန်ကသေချာပေါက်ရှောင်ရှားမှာပဲ။ထိုသို့ရှောင်လိုက်ရင်ချီစွမ်းအင်တွေက
နောက်ကိုကျော်သွားကာ ဂတ်ဝကိုဖျက်စီးပစ်လိမ့်မယ်။ထိုထက်ဆိုးလျှင်ကြည့်ရှုနေသူတွေကို
ထိခိုက်သွားနိုင်သည်။
ဂျင်ချန်ရှောင်နိုင်မည်ဖြစ်စေ၊မရှောင်နိုင်ဘူးဖြစ်စေလျှိုချင်းအထွန်မတက်ရဲပေ။
စိတ်မှန်းဖြင့်တွေးမိသမျှကိုသူထုတ်ပြော၍မဖြစ်

သူအပြစ်ပိုကြီးသွားနိုင်သည်ပေ။အကယ်ဒမီမှာ
တရားဝင်ပြဌာန်းထားတာရှိသည်။
ကျောင်းသားအချင်းချင်း
ပညာဖလှယ်ခြင်းကိုလက်ခံပေမယ့်အခြားတစ်ယောက်ကို
ရည်ရွယ်ချက်ရှိရှိထိခိုက်စေရင်တော့
ပြင်းပြင်းထန်ထန်အရေးယူမည်တည့်…ဒါ့အပြင်
သူတော်စင်အဆင့်တောင်မရောက်သေးတဲ့ကျောင်းသားကို
သူတော်စင်ချီစွမ်းအင်သုံးပြီးထိခိုက်စေဖို့သူလုပ်ခဲ့သေးသ ည်။ထိုကြောင့်အခြေအနေကပိုဆိုးသွားခဲ့သည်ပေ။
ဒီလိုဖြစ်လာမည်မှန်းသာသူကြိုသိမည်ဆိုလျှင်သူဝေးဝေးကရှောင်မိလောက်သည်။
ဒုကျောင်းအုပ်ကဒီမှာရှိနေပြီဒါကတကယ်ကို
မမျှော်လင့်ထားတဲ့အခြေအနေပင်။အခုတော့လျှိုချင်း
နှလုံးသားထဲမှနေ
စိတ်ရင်းဖြင့်ဆုတောင်းနေမိသည်ကတော့
ဒုကျောင်းအုပ်ကလျှော့လျှော့ပေါ့ပေါ့အပြစ်ပေးဖ့ပါပဲ။ “လျှိုချင်းကကိုယ့်အပြစ်ကိုသိပါပြီ”
ဒုကျောင်းအုပ်ရှေ့တွင်တော့သူမမောက်မာရဲပေ။

စကားမပြောခင်
ပိုင်အန်းတစ်ကြိမ်ထက်ပိုပြီးနှာမှုတ်လိုက်သည်။“လျှိုချင်းမင်းကအကယ်ဒမီရဲ့စည့်ကမ်းတွေကို
ဖောက်ဖျက်ခဲ့တယ်။ငါမင်းကို
ဆင်ခြင်သုံးသပ်ခြင်းခန်းမ(ပြစ်ဒဏ်ခန်းမ)မှာ
၁လနေဖိုပြစ်ဒဏ်ချမယ်။
မင်းအထွန်တက်စရာရှိသေးလား”ဆင်ခြင်သုံးသပ်ခြင်းခန်းမသည်
အကယ်ဒမီ၏စည်းကမ်းကိုဖောက်ဖျက်သူတိုသွားရသော
နေရာဖြစ်သည်။ခန်းမဟုသာအမည်တပ်ထားပေမယ့်
ကျောက်တုံးအိမ်လေးများသာရှိသည်။အိပ်ဆောင်မှအခန်းထက်သေးကာ
လူတစ်ယောက်သာဆန်သောကျောက်တုံးအိမ်လေးတွေ သာဖြစ်သည်။တံခါးပိတ်လိုက်သည်နှင့်
အခန်းထဲမှလူဟာအလင်းရောင်ကိုမမြင်နိုင်တော့ပေ။ အပြင်မှအလင်းဟာမည်မျှပင်အားကောင်းပါစေ
ထိုအလင်းကကျောက်တုံးအိမ်လေးတွေကိုမဖြတ်သန်းနိုင်
ချေ။ဘာမှမမြင်နိုင်သလို
ဘာသံမှလည်းမကြားရနိုင်ပါချေ။

အပြင်မှာပြင်းထန်တဲ့လေမုန်တိုင်းတိုက်နေရင်တောင်မှ
အထဲမှမည်သည်မျှမကြားရနိုင်ပါချေ။“လျှိုချင်းက စိတ်ရင်းနဲလက်ခံပါတယ်။အထွန်တက်စရာမရှိပါဘူး”
လျှိုချင်းအရိုအသေပေးကာပြောလိုက်သည်။
သူအသံထဲတွင်လေးစားဟန်အပြည့်
သူယခုဘာတွေတွေးနေမည်ကိုမည်သူမျှမသိနိုင်ပါချေ။ဂျင်ချန်နှင့်ပတ်သတ်သည့်သူရင်ထဲမှအမုန်းတရားက အတော်ကိုကြီးထွားလာလေပြီ။
ဒုကျောင်းအုပ်ကခေါင်းငြိမ့်သည်။သူမျက်နှာအမူအယာဟာ
ပျော်ရွှင်သည့်ဘက်သို့ရောက်သွားလေပြီ။ “မင်းပြန်တော့ပြီးရင်
ပြစ်ဒဏ်ခန်းမကိုမင်းဘာသာရှာပြီးသွားလိုက်”
နောက်ချန်းမင်ရှန်းထဲအကြည့်ရွေ့ကာဖြင့် “ချန်းမင်ရှန်း
မင်းရဲ့ခွန်အားနဲလူသစ်လေးကိုအနိုင်ကျင့်ဖိုတွေးတယ်ပေ
ါ့။ငါတို့ခါဂဲအကယ်ဒမီကမင်းကြောင့်သိက္ခာကျရပြီ” ချန်းမင်ရှန်းကအမူအယာမဲ့စွာဖြင့်ဆိုသည်။

“ဒုကျောင်းအုပ်သင်ပြပေးတာမှန်ပါတယ်။
မင်ရှန်းအမှားကိုသိပါပြီ။ဒါမျိုးနောင်ဘယ်တော့မှမဖြစ်စေရတော့ပါဘူး”
“ချန်းမင်ရှန်းမင်းရဲ့ရင်ထဲကနေ
အမှန်တကယ်နားလည်ဖိုလိုတယ်။ဒါကခါဂဲအကယ်ဒမီ
မင်းရဲ့ဟွာယွန်ဂိုဏ်းမဟုတ်ဘူး။
မင်းဒီကျောင်းမှာဆက်နေချင်တယ်ဆိုရင်
စည်းကမ်းတွေကိုသေချာလိုက်နာနိုင်ရမယ်။
အဲ့လိုမှမဟုတ်ရင်တော့မင်းဘာသာဟွာယွန်ဂိုဏ်းကသခင်ငယ်လေးပဲဖြစ်ဖြစ်
ငါကစည်းကမ်းနဲအညီအပြစ်ပေးရလိမ့်မယ်။
ဒါမျိုးနောက်တစ်ခါထပ်ဖြစ်ရင်ကျောင်းကထွက်ရမယ်”ချန်းမင်ရှန်းကိုတော့အနည်းငယ်စိုးရွံ့မိရာ
သူအပြစ်မပေးရဲသေး။
ချန်းမင်ရှန်းမည်သည့်စကားတစ်ခွန်းမှမဖြေဘဲထွက်ခွာသွားတော့သည်။
အခြေအနေဒီလိုဖြစ်လာပြီးနောက် လျှိုယွန်၊ချန်ဖုန်းနှင့်ကာရယ်လ်တို့ဆက်မနေရဲ့ကြတော့ဘဲ
ထွက်ခွာသွားကြတော့သည်။

စုဝေးနေသည့်လူအုပ်ရှင်းသွားသည့်အခါဒုကျောင်းအုပ်
ဂျင်ချန်အားလှည့်ကြည့်လိုက်တော့သည်။သူပြုံးကာပြောသည်။
“မင်းကချင်းယန်ရှင်းတန်ဖြစ်မယ်”
ဂျင်ချန်ခေါင်းငြိမ့်သည်။ရိုရိုသေသေသူဖြေသည်။
“ဟုတ်ကဲ့။ကျွန်တော်ပါ”
ဂျင်ချန်အားခြုံကြည့်ကာ
သူရဲ့တည်ကြည်ဖြောင့်မတ်သောပုံဟာ
ပျောက်ကွယ်သွားသည်။သူပြုံးကာပြောသည်။“သူတော်စင်တောင်မဖြစ်သေးဘဲနဲ့
သူတော်စင်လက်နက်သုံးဖို့လျှိုချင်းကို ဖိအားပေးနိုင်ခဲ့တာပဲ။မင်းတော်တယ်”
“ဒုကျောင်းအုပ်ချီးကျူးလွန်းပါပြီ။ကျွန်တော် ကံကောင်းသွားလို့ပါ”
ဂျင်ချန်မျက်လုံးအားပိုင်အန်းစိုက်ကြည့်ပြီး သက်သာရာရသွားဟန်ပေါ်သွားသည်။
“ချင်းယန်ရှင်းတန်မင်းလေ့ကျင့်နိုင်သမျှလေ့ကျင့်ပြီးသူတော်စင်ဖြစ်အောင်မြန်မြန်လုပ်ပေတော့”

“အခုလိုဝင်ပါပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ဒုကျောင်းအုပ်။
ကျွန်တော်တတ်နိုင်သမျှမြန်မြန်လေ့ကျင့်တော့မှာပါ”

Comment

Leave a Reply

Options

not work with dark mode
Reset