Chapter – 33
ထိုအချိန်တွင် ချန်းမင်ရှန်းက
နှာခေါင်းရှုံ့ကာ ထိုင်းတအား ကြည့်လာသည်။
လေးနက်သည့်အသံဖြင့် သူ ပြောသည်။
“ထိုင်းတမင်းတကယ်ဒီကိစ္စမှာဝင်ပါချင်တာလား”
ဂျင်ချန်ထံတွင်ထိခိုက်သွားသည့်လက်တွေကြောင့်ချန်းမင်ရှန်းဟာဂျင်ချန်ကို
နှလုံးသားထဲထိမုန်းတီးနေပြီဖြစ်သည်။
သူတော်စင်တောင်မဖြစ်သေးတဲ့လူသစ်တစ်ယောက်က သူကိုခက်ခဲသည့်အခြေအနေသို့တွန်းပို့နိုင်ခဲ့သည်မှာ သူရဲ့ပါရမီရှင်ဆိုသည့်ဂုဏ်ပုဒ်အားထိခိုက်နေသလိုပင်။ အခုဒီအခြေအနေကိုတစ်ခါထဲမရှင်းလင်းလျှင်
အနာဂတ်မှာသူအကယ်ဒမီကိုရောက်တိုင်းပျော်ပျော်ရွှင်ရွှ င်နေနိုင်လိမ့်မှာမဟုတ်ဘူး။
“ဟုတ်တယ်။ငါဝင်စွက်ဖက်မယ်”
ထိုင်းတကား ပြန်အော်ပြောသည်။သူအမူအယာကကြမ်းတမ်း၏။
ချန်းမင်ရှန်းကအရမ်းစွမ်းအားကြီးတာကိုထိုင်းတသိပေမယ့်ကြောက်ရွံ့စိတ်ကိုသူလုံးဝထုတ်မပြခဲ့ပေ။
ဂျင်ချန်ထိုင်းတအားလှမ်းဆွဲကာပြောသည်။
“ထိုင်းတဒီကိစ္စကငါနဲသူနဲကြားကပြဿနာပါ။
မင်းဝင်မပါသင့်ဘူး။ဒါ့ထက်မင်းဒုက္ခရောက်လိမ့်မယ်”ထိုင်းတမျက်လုံးတွေဟာ
ဒေါသကြောင့်တဖျက်ဖျက်ခတ်သွားသည်။
သူဂျင်ချန်ဘက်လှည့်ကာမျက်မှောင်ကျုံလိုက်သည်။“ချင်းယန်ရှင်းတန်မင်းပြောတာဘာအဓိပ္ပါယ်လဲ။ ထိုင်းတဆိုတဲ့ငါက
ဒီလိုဖြစ်ရပ်လောက်ကိုကြောက်မယ်ထင်နေလား။
မင်းငါ့ကိုသူငယ်ချင်းတစ်ယောက်လို့မတွေးခဲ့ဘူးလား” ဒီစကားကြားရတော့ဂျင်ချန်မတတ်နိုင်တော…့
သူထိုင်းတကိုပဟေဋိဖြစ်စွာကြည့်နေမိသည်။ ဘယ်အချိန်ကသူနဲထိုင်းတက
ဒီလောက်ရင်းနှီးသွားတာလဲ။။သူတို့ဆုံခဲ့ကြတာဆိုလို့လူသစ်ပြိုင်ပွဲအတော်အတွင်းပဲရှိတာပါ။
“ဟမ့်။ထိုင်းတမင်းကအရမ်းနာချင်နေတော့လည်း ငါကဖြည့်စည်းပေးရမှာပေါ့။
ငါမင်းကိုဘာမှမလုပ်ချင်တာက
ကျောင်းအုပ်ကြီးကြောင့်ပဲ။အခု
ကျောင်းအုပ်ကြီးရဲ့လူကဘယ်လောက်သန်မာလဲ ငါစမ်းကြည့်ရတော့မှာပေါ့”
ချန်းမင်ရှန်းပြောတာကိုကြားလိုက်၇တဲ့အခါ
ဂျင်ချန်အလွန်အံ့သြသွားရသည်။ထိုင်းတဟာ
ကျောင်းအုပ်ကြီးရဲ့အလုပ်သင်တစ်ယောက်ဖြစ်လိမ့်မယ် လို့မထင်ခဲ့မိဘူး။ဒီသတင်းသာပျံ့သွားရင်
အခြားသူတွေအရူးထပြီးစိတ်ကူးတွေယဉ်နေကြတော့မှာ
ပဲ။
ချန်းမင်ရှန်းထိုင်းတရှေ့တွင်ပေါ်လာကာ
ထိုင်းတရဲ့ရင်ဘတ်ကိုတိုက်ရိုက်လက်သီးတစ်လုံးနှင့်မိတ် ဆတ်လိုက်သည်။
ထိုင်းတကအထူးတည်ရှိမှုဖြစ်နေတာကြောင့်သူထိုင်းတကိုထိခိုက်မိအောင်မလုပ်ရဲဘူး။ထိုကြောင့်သူ့လက်သီးထဲမှာ
စွမ်းအား၅၀ရာခိုင်နှုန်းကိုသာထည့်ထားခဲ့တယ်။
သူအထင်တော့သူစွမ်းအား၅၀သာထုတ်ထားပေမယ့်သူတော်စင်တွေတောင်အနိုင်မယူလောက်နိုင်တာမို့ ထိုင်းတလိုကောင်ကိုတော့ဖြင့်ပြောရန်မလိုပါချေ။
ချန်းမင်ရှန်း၏တိုက်ခိုက်မှုကိုရင်ဆိုင်၇သည့်အခါထိုင်းတဂရုမစိုက်မလုပ်ရဲပါချေ။သူ့မျက်နှာမှာ
အာရုံစူးစိုက်နေပုံမြင်ရပြီးသူသားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
သူညာလက်မှာသံမဏိကဲ့သို့မာကျောစေလိုက်ပြီး
ကြောက်ရွံ့မှုကင်းစွာဖြင့်
ချန်းမင်ရှန်းကိုရင်ဆိုင်လိုက်သည်။“ဘုန်း….”
ထိုင်းတနဲချန်းမင်ရှန်းတို့လက်သီးတွေဆုံမိကြရာမှ
ပေါက်ကွဲသံကြီးထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသောပေါက်ကွဲမှုကြီးဟာသူတို့နှစ်ဦးသားကိုအနောက်သိုလွင့်သွားစေသည်။သူလက်သီးမှခံစားရတဲ့ထိုင်းတရဲ့စွမ်းအားကြောင့်
ချန်းမင်ရှန်းမျက်နှာပျက်ကာသက်ပြင်းချလိုက်မိသည်။သူအလွန်အံ့အားသင့်ရသည်။
ထိုင်းတကသူတော်စင်မဖြစ်သေးပေမယ့်
သူထုတ်နိုင်တဲ့စွမ်းအားကသူတော်စင်တွေထက်ပင် ပိုနေသေးသည်။
တချို့သောအကြောင်းအရာတွေကြောင့်သာမဟုတ်လျှင် ချန်းမင်ရှန်းကထိုင်းတထက်အရာရာသာသည်။
အဲ့လိုဆိုလျှင်သူဒီရင်ဆိုင်ပွဲပြီးသွားတဲ့အခါ
ဆုံးရှုံးမှုကြီးကြီးမားမားကိုရင်ဆိုင်ရလိမ့်မည်။သိုသော် ထိုဖြစ်ရပ်နှင့်ပတ်သတ်ပြီးဆက်မတွေးတောနိုင်သေးစဉ်မှ
ာပင်ချန်းမင်ရှန်းပခုံးမှနာကျင်လာမှုကိုခံစားလိုက်ရသည်။
ညာလက်အားတစ်ချက်အဆွဲဆန်ကာလှုပ်ခါလိုက်ရင်း
မျှော်လင့်ချက်ရောင်ခြည်လေးသန်းကာထိုင်းတကိုကြည့်လိုက်သည်။
“ကျောင်းအုပ်ကြီးရဲ့အလုပ်သင်ဆိုတဲ့အတိုင်း တကယ်အံ့သြဖိုကောင်းလှပါပေတယ်။
မင်းလက်သီးထဲက
စွမ်းအားတွေကကြောက်ဖို့ကောင်းနေပြီးငါ့လက်သီးကိုေ တာင်ယှဉ်နိုင်နေပြီ။မင်းသာသူတော်စင်ဖြစ်လာရင်
ငါ့ကိုအတော်လေးအထိနာအောင်လုပ်နိုင်လာမှာ” ထိုင်းတရဲ့နတ်ဘုရားဆန်တဲ့ခွန်အားက
အခြားသူတွေစိတ်ကူးလို့မရနိုင်တဲ့အနေအထားမှာရှိတယ်
။ဂျင်ချန်တောင်မှအလွန်အံ့အားသင့်ခဲ့ရသည်ပဲ။သန်မာတဲ့ပြိုင်ဘက်တစ်ယောက်လောက်က
သူကိုဒဏ်ရာကြီးကြီးမားမားရစေမှာမဟုတ်ဘူး။ထိုင်းတကျယ်လောင်စွာထရယ်ရင်းပြောသည်။
“ထပ်လုပ်ကြည့်ပါ။ငါချက်ချင်းတုံပြန်ရတာကြိုက်တယ်” ထိုင်းတသူ့လက်တွေကိုအသင့်အနေအထားပြင်ထားလို က်ကာချန်းမင်ရှန်းကိုမျက်နှာချင်းဆိုင်လိုက်သည်။
ထိုင်းတကိုကြည့်ရင်း
ချန်းမင်ရှန်းမျက်မှောင်တွေကျုနေကာ
သူမျက်နှာဟာတဖြေးဖြေးဖြူလျော်လာသည်။
သူလျှိုချင်းအားကြည့်ကာပြောသည်။
“ငါထိုင်းတကိုထိန်းထားမယ်။မင်းချင်းယန်ရှင်းတန်ကို သင်ခန်းစာသွားပေးလိုက်”
တခဏလေးတောင်မနားတော့ဘဲ
သူထိုင်းတထံတိုးဝင်သွားကာ
နောက်တစ်ကြိမ်တိုက်ခိုက်ဖိုပြင်လိုက်သည်။
ထိုင်းတရဲ့မြင့်မားတဲ့ပုံရိပ်ကိုကျေးဇူးတင်ရမလားမသိ ချန်းမင်ရှန်းသူတော်စင်လက်နက်ကိုမသုံးရဲဘဲ
လက်နှစ်ဖက်ဖြင့်သာတိုက်ခိုက်နိုင်လေသည်။အနည်းငယ်တိုက်ခိုက်အပြီးမှာ
ထိုင်းတရဲ့ခွန်အားကြောင့်ချန်းမင်ရှန်းသူ့ကိုယ်သူဆဲရေး လိုက်မိသည်။ဒီကောင်ကအဓိပ္ပါယ်မရှိလောက်အောင်ခွန်အားကြီးလွန်းတာပဲ။ဒါ့အပြင်ထိုင်းတရဲ့ကိုယ်က သံမဏိလိုမာကျောတဲ့အပြင်သူခွန်အားတွေက
ချန်းမင်ရှန်းရဲ့သူတော်စင်စွမ်းအားတွေကိုပါ ယှဉ်နိုင်နေတယ်။ချန်းမင်ရှန်းမှာ
ထိုင်းတကိုသူတော်စင်လက်နက်မသုံးဘဲနိုင်ဖို့နည်းလမ်းမ ရှာနိုင်တော့ဘဲ
သူသူ့စွမ်းအားအကုန်အသုံးချကာတိုက်ခိုက်ရတော့တယ်
။ဤသည်ကိုတောင်မှသူကအနည်းငယ်သာ
သာနေသတဲ့…ဥပမာ
ထိုင်းတကိုနောက်အနည်းငယ်ဆုတ်သွားစေတာမျိုးလောက်ပေါ့
သူထိုင်းတကို
အချိန်ခဏလေးတောင်မှထပ်တိုက်ရင်ဆိုင်ဖိုရာမရဲလေ
ဘူး။
ချန်းမင်ရှန်းနဲမယုံကြည်နိုင်လောက်အောင်သန်မာတဲ့ထိုင်
းတတို့တိုက်ခိုက်နေကြသည်ကိုကြည့်ရှုနေကြတဲ့ကျောင်း သားတွေမှာမျက်ဝန်းတွေပြူးကျယ်နေကာသူတို့အဖို့ အရမ်းအားရနေပုံပေါ်တယ်။
ဒီမှာရှိနေကြတဲ့အများစုသောကျောင်းသားတွေဟာယခင်ကထိုင်းတကိုမြင်ဖူးကြသည်မဟုတ်ပေမယ့် သူနာမည်ကိုတော့ကြားဖူးကြသည်ပဲဖြစ်သည်။
လူသစ်ပြိုင်ပွဲမှာဒုတိယဆုရသွားတဲ့အတွက်သူနာမည်ကအကယ်ဒမီမှာပျံ့နေခဲ့လေရာ
သူအားသိနေကြသည်ကအထူးအဆန်းတော့မဟုတ်ပေ။ သိုပေမယ့်သူတိုများစွာအံ့အားသင့်ရသည်က
ထိုလူသစ်ကသူတို့အကယ်ဒမီရဲ့ပါရမှီရှင်ချန်းမင်ရှန်းကို လက်ရည်တူနီးပါးတိုက်ခိုက်နိုင်နေသည်ကိုပင်။
လူသစ်ပြိုင်ပွဲရဲ့ပထမဆုရကျောင်းသား
ချင်းယန်ရှင်းတန်က
သူတော်စင်တစ်ယောက်ဖြစ်တဲ့ကဒီယန်ကိုနိုင်သွားတဲ့သ တင်းက
အကယ်ဒမီကိုအကြီးအကျယ်လှုပ်ခတ်သွားစေခဲ့တယ်။
သိုပေမယ့်
သူတို့ရဲ့မြင့်မားတဲ့ပုံရိပ်ရှိတဲ့ချန်းမင်ရှန်းလိုသူတော်စင်ကို အခုလိုတိုက်ခိုက်နိုင်နေတာကိုမြင်၇တဲ့အခါ
သူတို့တွေမည်သိုလက်ခံပေးရမှန်းမသိကြတော့ဘူး။ ချန်းမင်ရှန်းက
ထိုင်းတနဲအတူကြောက်မက်ဖွယ်တိုက်ခိုက်နေချိန်မှာ လျှိုချင်းရေသာမခိုရဲပေ။
သူဂျင်ချန်ဆီပြေးသွားလိုက်သည်။
သူတော်စင်လက်နက်ကိုတော့ထုတ်မသုံးဖြစ်
ဂျင်ချန်လိုသူတော်စင်မဟုတ်သေးတဲ့လူလောက်ကို သူတော်အလယ်အလတ်ဖြစ်နေတဲ့သူက
လက်ချည်းယှဉ်နိုင်သည်။
သူတော်စင်လက်နက်ထုတ်သုံးသည်ကအချိန်ဖြုန်းတာပဲဖြစ်လိမ့်မည်။
လျှိုချင်းဂျင်ချန်ဆီအမြန်ပြေးသွားကာ
ဂျင်ချန်ကိုပြင်ဆင်ချိန်မပေးတော့ဘဲ
ညာခြေဖြင့်ကန်လိုက်သည်။ကန်ချက်ဟာ
ဂျင်ချန်ဗိုက်ဆီသိုလျှင်မြန်စွာတိုးဝင်သွားလေရာ
လေမုန်တိုင်းတစ်ခုရုတ်ချည်းချဉ်းကပ်လာသလိုပင်။
ခြေကန်ချက်ဟာမြန်လွန်းလှသလို
ကြောက်မက်ဖွယ်လည်းကောင်းသည်။
နှောင့်နှေးချင်းပင်အလျဉ်းမရှိ။တစ်ဖက်လူကဂျင်ချန်ဖြစ်နေတော့
လျှိုချင်းနောက်ပြန်ဆုတ်ဖို့ရာမရှိတော့ဘူး။ လျှိုချင်းရဲ့
ကန်ချက်သာမန်ထက်ကိုအရမ်းမြန်လွန်းနေတာကြောင့် ဂျင်ချန်ရဲ့ရှောင်နိုင်စွမ်းကိုသူလျှော့တွက်လိုက်ခဲ့တယ်။ လျှိုချင်းရဲ့ကန်ချက်ကသူနဲနီးကပ်လာမှ
တမင်ကပ်ပြီးဂျင်ချန်ရှောင်ထွက်လိုက်တော့
ထိုကန်ချက်ကသူ့အင်္ကျီတွေကိုသာထိမိသွားခဲ့တယ်။
ထိုရှောင်တိမ်းမှုကအလျင်စလိုနဲပရမ်းပတာနိုင်တယ်ထင်ရပေမယ့်ဂျင်ချန်မျက်နှာကတော့တည်ငြိမ်နေတယ်။
အဲ့ဒိအစား
သက်တောင့်သက်သာဖြစ်နေတဲ့အမူအယာတောင်
ပေါ်နေသေးသည်။သူခြေကန်ချက်က
လွဲချော်သွားသည်ကိုတွေ့လိုက်ရသည့်အခါ လျှိုချင်းအံ့သြသွားရသည်။ နောက်ထပ်သူရဲ့လှုပ်ရှားမှုကသူတော်စင်စွမ်းအားတွေကို
ထုတ်ဖော်လိုက်ခြင်းပါပဲ။ထိုသိုထုတ်ဖော်ပြီးသည့်အခါနားလည်ရခက်သည့်လေပြင်းတွေက
သူခန္ဓာအားလွှမ်းခြုံလာတော့သည်။
လျှိုချင်းရဲ့ကြောက်မက်ဖွယ်ကန်ချက်က ဂျင်ချန်ကိုအံ့သြစေခဲ့သည်။
ယခုကဲ့သိုသောတိုက်ခိုက်မှုကို
သူဖတ်ဖူးသည့်စာအုပ်ထဲအရတော့ဤသည်က
လေကိုယ်ဟန်ပိုင်ဆိုင်သည့်သူတော်စင်တစ်ယောက်၏တိုက်ခိုက်မှုပင်။
ထိုသိုကိုယ်ဟန်တွေပိုင်ဆိုင်တဲ့သူတော်စင်တွေဟာအခြားသူတော်စင်တွေထက်အကြီးကြီးသာသည်။ဒါ့အပြင်ထိုကိုယ်ဟန်တွေက
စွမ်းအားနဲ၊ခွန်အားတွေကိုလည်းတိုးစေသည်။လျှိုချင်းကဲ့သို့လေကိုယ်ဟန်ရှိသူတွေက
လျှင်မြန်မှုကိုအဆများစွာတိုးနိုင်သလို
အကြိမ်များစွာလည်းသုံးနိုင်သည်။
ထိုသူတွေဟာအဆင့်မြင့်လာလေလေ
လျှင်မြန်မှုအပိုင်းမှာယှဉ်နိုင်သူနည်းလာလေလေဖြစ်သည်
။
ဆိုင်ယမ်ဓာတ်ငွေ့ရောင်စွမ်းအားတွေဟာ
လျှိုချင်းအားလွှမ်းခြုံလာကာ
ညာဘက်လက်ထံဆုယူလိုက်သည်။
ယခင်ထက်ပိုမြန်သောအရှိန်ဖြင့်ဂျင်ချန်ထံတိုးသွားလိုက်သည်။တစ္ဆေတစ်ကောင်ကဲ့သိုလျှင်မြန်လွန်းရကား
သာမန်မျက်စီကမြင်နိုင်မည်မဟုတ်ပေ။
ဂျင်ချန်မျက်နှာအမူအယာလေးနက်သွားကာ
ခေါင်းအားဘေးသို့စောင်းချ၍ထိုလက်သီးအား
ထပ်မံရှောင်တိမ်းလိုက်သည်။သူညာခြေထောက်ကလျှိုချင်းထံကန်ထုတ်လိုက်စဉ်ထိုလျှင်မြန်မှုက
အစောကလက်သီးထက်မလျော့ပေ။ဂျင်ချန်ခြေကန်ချက်အလျှင်က
သူထက်မနိမ့်မှန်းသိလိုက်သည့်အခါ
လျှိုချင်းအန္တရာယ်ရှိသည့်အငွေ့အသက်ကိုခံစားလိုက်၇ သည်။အဘယ်ကြောင့်သူထိုသို့ခံစားရသနည်းဆိုလျှင်
ထိုကန်ချက်၏အရှိန်ကသူပင်ရှောင်ဖို့အချိန်မရှိတော့သ
ည့်အတွက်ပင်။ရွေးချယ်စရာမရှိတော့ပဲ
လေကိုယ်ဟန်စွမ်းအင်တွေအားသူဘယ်လက်ထံပို့ကာ လျှင်မြန်လွန်းသည့်ခြေထောက်အား
အမြန်တားဆီးရတော့သည်။
လေကိုယ်ဟန်မှအသက်သွင်းထားသည့်လက်သီးဟာ
ဂျင်ချန်ခြေထောက်နှင့်တိုက်ရိုက်ရင်ဆိုင်မိစဉ် အားနည်းသေးသောဂျှင်ချန်က
အနောက်သို့လွင့်ပျံသွားရတော့သည်။
ဂျင်ချန်ကိုယ်ကအနောက်သိုအရှိန်ဖြင့်လွင့်ခဲ့ပေမယ့် သူခြေထောက်တွေက
မြေပြင်သိုထိစပ်ကာအရှိန်ကိုထိန်းနေဆဲ။
မြေပြင်တွင်ခြေယာအနက်ကြီးကိုရှည်လျားစွာထင်ကျန်စေပြီးနောက်
၁၀မီတာလောက်အနောက်သိုရောက်သွားသည်ကိုဂျင်ချန်သိလိုက်သည်။
ထိုအချိန်တွင်
ပုံမှန်မျက်နှာသေဖြင့်ရှိတတ်သောဂျင်ချန်မျက်နျာတွင် ရှားပါးစွာအမူအယာပြောင်းသွားသည်။
အချိန်ခဏလေးသာတိုက်ခိုက်ရသေးပေမယ့်လျှိုချင်းမှာ
ဂျင်ချန်အားသာမန်လူတစ်ယောက်ဟုမမြင်ရဲတော့ပေ။
ဒီကောင်ကသူတော်စင်မဟုတ်သေးတာတောင်မှသူတိုက်ခိုက်နိုင်စွမ်းအားကတကယ့်ကို……
အဆုံးသတ်ဖို့ရာခဏမျှလျှိုချင်းတုံဆိုင်းပြီးနောက် ဒီအချိန်မှာသူဂျင်ချန်ကိုမြန်မြန်အနိုင်ယူချင်လျှင်
သူတော်စင်လက်နက်ကိုသူသုံးမှရမညကိုသိလိုက်သည်။
ဒီလိုသုံးလိုက်ရင်
လူအများရဲ့အလှောင်ခံရနိုင်တယ်ဆိုပေမယ့် သူတော်စင်လက်နက်သာမသုံးရင်
ဂျင်ချန်ကိုအချိန်တိုအတွင်းနိုင်ဖို့ရာမရှိပေ။
သူတော်စင်တောင်မဖြစ်သေးတဲ့လူသစ်လေးကို အချိန်အများကြီးပေးကာရင်ဆိုင်ရမည်ဆိုလျှင်
သူသိက္ခာတွေအမှန်မြောင်းထဲရောက်သွားလိမ့်မည်။ သူတော်စင်တောင်မဖြစ်သေးတဲလူသစ်လေးကိုနိုင်ဖို့အ တွက်သူတော်စင်အလယ်အလတ်ဖြစ်နေတဲ့သူက
လက်နက်သုံးဖိုမလိုဟုသူတွေးခဲ့မိသည့်အတွက်
လျှိုချင်းကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲလိုက်မိသည်။ဒါ့အပြင်သူဂျင်ချန်ကိုသာ၍သာမုန်းတီးလာသည်။
ဒီနေတိုက်ပွဲမှာဘယ်သူကနိုင်နိုင်
သူသိက္ခာကထိခိုက်မှာပဲ။အခြားတစ်ဖက်မှာ
ဂျင်ချန်ကဒီတိုက်ပွဲကအတွေ့အကြုံကြောင့်စွမ်းအားတွေ
ပါ တိုးလာဦးမည့်အပြင် အကယ်ဒမီမှာထပ်မံနာမည်ကြီးသွားဦးမှာဖြစ်တယ်။
လျှိုချင်း၏မျက်ဝန်းတွေမှာ အေးစက်စွာတောက်ပနေရာဘယ်သူမှသူ့အားတည့်တည့်မကြည့်ရဲတော့သည်အထိေ ပ။စိတ်ငြိမ်အောင်ပြုလုပ်၍
ဆိုင်ယမ်းစွမ်းအားတွေကိုကသုတ်သယက်လွှတ်ထုတ်က
ာကြီးမားကာကောင်းလွန်းလှသည့် သူတော်စင်လက်နက်ဓားကြီးကို
သွန်းလုပ်လိုက်တော့သည်။ဓားဟာ
၅ပေရှည်ကာ၃လက်မကျယ်သည်။ထိုဓားအပေါ်တွင်ထူထဲလှသည့်ဆိုင်ယမ်းအလင်းတွေကဖုံးအုပ်ထား၏။ထိုဓားမှထွက်လာသောရောင်ပြန်မှာ
မျက်လုံးများကန်းသွားစေလောက်သည်အထိ
တောက်ပနေရာစောင့်ကြည့်နေသူတွေမှာ
ကြောက်ရွံ့မှုကြောင့်တုန်လှုပ်သွားတော့သည်။