Switch Mode

Chapter – 32

Chapter – 32

ချန်းမင်ရှန်းကပြုံးသည်။

“ကျွန်တော်က ဒီလိုပွဲမျိုးကိုဘယ်အလွတ်ခံလိမ့်မလဲ”

သူဂျင်ချန်ကိုအထင်သေးစွာတစ်ချက်ကြည့်ကာပြောသည်။

“ဒီကောင်က ချင်းယန် ရှင်းတန်လို့မင်းထင်လား”

“ဟုတ်တယ်။သခင်ချန်း ကျွန်တော်တို့အဖွဲ့၀င်တွေကိုနာကျင်အောင်လုပ်ခဲ့တဲ့ ချင်းယန် ရှင်းတန်အစစ်ပဲ”
ကာရယ်လ်ကလျှိုချင်းအနောက်တွင် သွားရပ်၇င်းဖြေသည်။

ချန်းမင်ရှန်းခေါင်းကို ခပ်ဖြေးဖြေးညိတ်လိုက်သည်။

“ချင်းယန် ရှင်းတန် မင်းကလုံး၀မဆိုးဘူး။ မင်းက ငါ့လူတွေကိုထိခိုက်စေရဲတယ်။ “

တစ်ခွန်းပြောပြီးတိုင်း သူ့အသံကပိုခြောက်ကပ်လာသည်။

ဂျင်ချန်နားလည်လိုက်ပြီ။ ဒီကောင်လေးတွေက ချမ်းသာတဲ့မိသားစုနောက်ခံရှိတဲ့ကလေးတွေအဖွဲ့ပဲဖြစ်လိမ့်မယ်။ သူတို့နဲ့ငြင်းနေလည်းအပိုပဲ။ ဒီကောင်တွေက သူ့ကိုတွန်းအားပဲပေးချင်နေမှာ။ ထို့ကြောင့် ဂျင်ချန်ငြင်းခုန်မနေတော့ဘဲ စကားတစ်ခွန်းကိုသာအေးစက်စက်ဆိုလိုက်သည်။

“ဒီတော့မင်းကဘာလုပ်ချင်တာလဲ။ တိုက်ခိုက်ဖို့လား။ အဓိပ္ပါယ်မရှိတာတွေပြောပြီး လေရှည်နေမယ့်အစား စတိုက်တော့လေ”

ဂျင်ချန့်စကားက ချန်းမင်ရှန်းမျက်နှာကို ဖြူလျော့သွားစေသည်။

“ကောင်းတယ်။ ကောင်းတယ်။ကောင်းတယ်။ ဒါဆို မင်းဘယ်လောက်သန်မာလဲဆိုတာ သိရဖို့အချိန်ကျပြီပေါ့”

ထိုစကားပြောပြီးသည်နှင့် ချန်းမင်ရှန်းကိုယ်မှ အလင်းရောင်တွေဖြာထွက်လာကာ ဂျင်ချန်ရပ်နေသည့်၁၀မီတာအကွာထိရောက်သွားသည်။ အရှိန်ဖြင့်ပြေးကာ ဂျင်ချန့်နှာခေါင်းအားလက်သီးဖြင့်ချိန်ထားလိုက်သည်။ တစ်ဖက်ကသူတော်စင်မဟုတ်တော့ သူသူ့သူတော်စင်လက်နက်ကိုမသုံးတော့ဘူး။

ချန်းမင်ရှန်းက ကဒီယန်ထက်သာမှန်းဂျင်ချန်သိသည်။ သူ့စွမ်းအားနှင့် ချန်မင်ရှန်းစွမ်းအားတွေက အရမ်းကြီးကိုကွာခြားလွန်းသည်။ ထို့ကြောင့် ဒီလက်သီးကိုဂျင်ချန်အထိုးခံလိုက်ဖို့မဖြစ်။ ချန်းမင်ရှန်း၏လက်သီးက ဂျင်ချန့်ခေါင်းနားရောက်လာသည့်အခါ ဂျင်ချန့်ပုံရိပ်ကဝါးသွားကာ လက်သီးကိုရှောင်ထွက်လိုက်သည်။ တစ်ချိန်ထဲတွင် ဂျင်ချန့်လက်နှစ်ဖက်က ချန်းမင်ရှန်းလက်သီးကိုဆွဲထိန်းလိုက်ကာထိန်းလိုက်သည်။မြင်းတစ်ကောင်၏ကိုယ်ဟန်ပြောင်းကာ အနောက်ကိုတောင့်ထားလိုက်ပြီး သူ့ဆီဆွဲယူလိုက်သည်။

ချန်းမင်ရှန်းက စတိုက်ကတည်းက သူ့စွမ်းအားတွေကို ရှေ့ကိုပို့ထားခဲ့တာ။ အခု ဂျင်ချန်က ရှေ့ုကိုဆွဲလိုက်တော့ သူ့စွမ်းအားတွေကိုမျှတအောင်မထိန်းချုပ်နိုင်တော့ဘဲ အရှေကကိုလဲကျတော့တယ်။သို့ပေမယ့် ချန်းမင်ရှန်းက လျင်မြန်စွာတုံ့ပြန်လိုက်နိုင်သည်။ မြေပေါ်ခြေဆောင့်လိုက်ပြီးကိုယ်ကိုထိန်းကာ သူ့စွမ်းအားတွေကိုခြေထောက်သို့ပို့၍ ဂျင်ချန်ဆွဲသည့်နောက်မပါအောင်ကြိုးစားလိုက်သည်။ ကံအားလျော်စွာ ဂျင်ချန်က လက်ကိုပြန်လွှတ်လိုက်ကာ ချန်းမင်ရှန်းရဲ့ဗိုက်ကို လေအားထိုးနေဘိသကဲ့သို့ လျှပ်စီးကဲ့သို့မြန်စွာအဆက်မပြတ်ထိုးနေလိုက်သည်။

ချန်းမင်ရှန်းသူ့ကမ္ဘာဆွဲအားဗဟိုချက်မကို ကျောဘက်ကိုပြောင်းလိုက်သည့်အခါ ဂျင်ချန်တတ်နိုင်သမျှမြန်မြန်ဗိုက်ကိုလက်သီးဖြင့်ဆက်တိုက်ထိုးတော့သည်။ လဲကျမည်ကိုစိုး၍ချန်းမင်ရှန်းမှာယိုင်တိယိုင်တိုင်ဖြင့်တောင့်ခံနေပေမယ့် သူ့ခြေထောက်တွေကမတတ်နိုင်တော့ကာ နောက်သို့ဆုတ်ဆုတ်သွားတော့သည်။

နောက်ကို၁၀လှမ်းလောက်ဆုတ်ပြီးသည့်အခါ ချန်းမင်ရှန်းသူ့အပြုအမူတွေကိုပြန်ထိန်းနိုင်လိုက်သည်။ သို့ပေသိ သူ့မျက်နှာကတော့ ၀က်အသည်းရောင်ပြောင်းနေ၏။ မဲမှောင်နေသည့်အမူအယာဖြင့် သူဂျင်ချန်အားကောက်ကျစ်စွာကြည့်သည်။ အကယ်ဒမီမှာအသန်မာဆုံးလူတစ်ယောက်ဖြစ်တဲ့သူ့ခန္ဓာကမြင့်မြတ်သည်ဟုခံယူထားသည်။ အခုလိုအဖြစ်အပျက်ကို သူဘယ်လိုသည်းခံနိုင်မလဲ။ အကယ်၍တစ်ယောက်ယောက်ကသာ သူ့ခန္ဓာကိုယ်မှာဒဏ်၇ာတွေ့သွားရင် သူအကယ်ဒမီကိုဘယ်လိုမျက်နှာပြရတော့မလဲ ။ လှောင်ပြောင်ခံရပြီး သူ့သိက္ခာတွေကျကုန်လိမ့်မည်။

အခြေအနေကိုတစ်ဆုံးတွေးပြီးနောက် သူဂျင်ချန်အားသတ်ပြစ်လိုသောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့ကိုဒီလိုဖြစ်အောင်လုပ်ရဲတယ်..

ကြည့်နေကြသည့်ပရိတ်သတ်တွေက လုံးဝြငိမ်သက်နေသည်။ ပျင်းတိပျင်းရွဲကြည့်နေခဲ့သည့်လျှိုချင်းက အံ့အားသင့်စွာဂျင်ချန်ကိုစူးစိုက်ကြည့်လာသည်။ ဒီအဖြစ်ကမှန်းထားတာနဲ့အဝေးကြီးပေ။ ချန်းမင်ရှန်းက အကယ်ဒမီရဲ့ပါရမီရှင်အစစ် သူတော်စင်တွေတောင်သူ့ကိုလက်ချင်းယှဉ်မတိုက်နိုင်ဘူး။ ဒါပေမယ့် ဂျင်ချန်ကတော့ အခုလိုအရုပ်ဆိုးအောင်ကိုရှုံးနိမ့်သွားစေသေးသည်။

ဂျင်ချန်ကိုတစ်ချက်ထပ်စိုက်ကြည့်လိုက်ပြီး ချန်းမင်ရှန်းရဲ့လက်မောင်းတွေကနေငွေ၇ာင်ချီစွမ်းအားတွေထွက်လာကာ ဓားတစ်လက်ကိုဖန်တီးလိုက်သည်။ သူနှာခေါင်းရှုံ့ကာပြောသည်။

“ချင်းယန် ရှင်းတန် ငါဒီနေ့မင်းကို ကျိုးကန်းသွားအောင်လုပ်ပစ်မယ်။”

ငွေဓားကိုဆွဲကာ ဂျင်ချန်ထံပြေးသွားလိုက်သည်။

“ရပ်စမ်း”

ချန်းမင်ရှန်းသူ့ဓားဖြင့်စတိုက်ဟန်ပြင်လိုက်သည်နှင့် လူအုပ်ထဲမှအော်တားလိုက်သံဟာထွက်လာသည်။ ခန္ဓာကိုယ်တောင့်တင်းသော လူငယ်တစ်ယောက်ဟာ ရှေ့ကိုထွက်လာသည်။

လူအုပ်ထဲမှထွက်ကာရှေ့ကိုလျှောက်လာသည့် သန်မာသည့်လူငယ်ကိုကြည့်ကာ ဂျင်ချန့်မျက်လု့းတွေပြူးသွားသည်။ ထိုလူငယ်က လူသစ်ပြိုင်ပွဲမှာတွေ့ခဲ့တဲ့ တိုင်းတပင်။

လျှိုချင်းနှင့် ချန်းမင်ရှန်းတို့လူတွေမှာ တိုင်းတအားကြည့်ကာ အမူအယာတွေပြောင်းကုန်ကြသည်။အတော်လေးတုန်လှုပ်သွားကြပုံင်။

လျှိုယွန်ကတိုင်းတကိုမမှတ်မိသည်မို့ရှေ့ကိုလျှောက်သွားကာ အော်လိုက်၏။

“မင်းကဘယ်သူလဲ။ သခင်လျှိုနဲ့သခင်ချန်းတို့ကိစ္စမှာ၀င်ရှုပ်၇ဲရင် မင်းနောင်တရရလိမ့်မယ်”

“မင်းပါးစပ်ကို ပိတ်စမ်း”

လျှိုယွန်ပြောလို့မပြီးသေးခင်မှာပင် လျှိုချင်းကပိတ်ဟောက်လိုက်၏။ လျှိုယွန်၏အံ့သြနေဟန်ကိုဂရုမစိုက်ဘဲ လျှိုချင်းလက်နှစ်ဖက်ကိုယှက်ကာ တိုင်းတအားအရိုအသေတစ်ချက်ပေးလိုက်သည်။

“ဒါကညီလေးတိုင်းတပဲ။ ညီလေးတိုင်းတ ဒီနေရာကိုဘာလာလုပ်လဲဆိုတာ ဒီအကိုကြီးကသိချင်မိပါတယ်”

တိုင်းတ လျှိုချင်းအားထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့်ပြန်ပြောသည်။

“မင်းကဘယ်သူလဲ။ငါမင်းကိုမသိဘူး”

လျှိုချင်း၏အမူအယာကမသက်မသာဖြစ်သွားသည်ကို ဂရုမစိုက်ဘဲ တိုင်းတရှေုကိုတိုးသွားလိုက်သည်။ ဂျင်ချန့်အနားကပ်ကာ ဂျင်ချန်ကပခုံးအားခပ်တင်းတင်းဆုတ်ကိုင်လိုက်သည်။

“ချင်းယန် ရှင်းတန် ငါတို့မတွေ့တာကြာပြီနော်။ ငါမင်းကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

ဂျင်ချန်ခပ်တိုးတိုးရယ်လိုက်သည်။

“တိုင်းတ အခုစကားပြောဖို့အဆင်မပြေသေးဘူး။ ဒီအရှုပ်တွေကို ငါအရင်ရှင်းလိုက်ဦးမယ်”

ဂျင်ချန်ကစကားကြောင့် တိုင်းတ သူ့အကြည့်တွေကို ချန်းမင်ရှန်းနှင့် လျှိုချင်းတို့အဖွဲ့ကို ပို့လိုက်ကာ ဒေါသသံဖြင့်မေးသည်။

“ချင်းယန် ရှင်းတန် ဒီကောင်တွေက မင်းကိုဒုက္ခပေးနေတာလား”

“ပြောရမယ်ဆို၇င်တော့ ဟုတ်တယ်ကွ”
ဂျင်ချန်မထူးခြားနားစွာဆိုကာ လက်ပိုက်ပြီးရပ်နေလိုက်သည်။

ဂျင်ချန့်အပြောကိုကြားပြီးနောက် တိုင်းတသူ့အင်္ကျီလက်တွေကို လိပ်တင်လိုက်သည်။ မျက်နှာချင်းဆိုင်ကအုပ်စုအားကြမ်းကြုတ်စွာကြည့်ရင်း အော်ပြောလိုက်သည်။

“ချင်းယန် ရှင်းတန်က ငါ့ညီအကိုပဲ။ ချင်းယန် ရှင်းတန်ကို အနိုင်ကျင့်တာက ငါ့ကိုအနိုင်ကျင့်တာနဲ့တူတူပဲ။ ငါနဲ့တိုက်ချင်တဲ့ကောင်ထွက်ခဲ့။ ငါကမသန်မာပေမယ့် မင်းတို့ကိုလုံး၀မကြောက်ဘူး။”

တိုင်းတပြောလိုက်သည့်စကားကြောင့်ဂျင်ချန်တခဏမျှကြောင်အသွားရသည်။
သူကဘယ်တုန်းက တိုင်းတနဲ့ညီအကိုဖြစ်သွားတာလဲ။

တိုင်းတ၏ကြေငြာချက်ကြောင့် ချန်းမင်ရှန်းနှင့် လျှိုချင်းတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ တိုင်းတကိုသူတို့ကြောက်နေသည်။ တိုင်းတ၏စွမ်းအားကသူတို့ကိုမယှဉ်နိုင်ပေမယ့် တိုင်းတနောက်မှကာကွယ်ပေးနေသူက သူတို့မထိရဲ့သည့်လူဖြစ်သည်။ ထိုလူနှင့်မျက်နှာပျက်၇ဖို့အရေးကို သူတို့စိုးရိမ်မိတာကြောင့် တိုင်းတကိုသူတို့ကြောက်ရွံ့နေကြခြင်းပင်။

ဘယ်သူမှစကားမပြောကြဘဲ တိတ်ဆိတ်နေကြသည်။ လျှိုချင်း၏အမူအယာကိုကြည့်ကာ လျှိုယွန်နှင့်ချန်ဖုန်းတို့နားလည်လိုက်ကြသည်က တိုင်းတသည်သာမန်မဟုတ်ဟု။ ထို့ကြောင့်သူတို့အသံတိတ်နေကြကာ ဘာဆူညံမှုကိုမှမလုပ်ကြတော့။ ထိုအချိန်တွင် ပတ်၀န်းကျင်လေထုကထူးဆန်းစွာပြောင်းလဲသွားလေပြီ။

အတန်ကြာတိတ်ဆိတ်ပြီးသည့်နောက် လျှိုချင်း၏အသံကတိတ်ဆိတ်ခြင်းကိုဖြိုကွဲလိုက်သည်။

“ညီလေးတိုင်းတ။ ဒါကအကိုနဲ့ ချင်းယန် ရှင်းတန်ကြားကပြဿနာပါ။ အကိုတို့ကိုဒုက္ခများအောင် ညီလေးမလုပ်ဖို့မျှော်လင့်တယ်”

လျှိုချင်း၏လေသံမှာ အလွန်အမင်းညင်သာနေသည်။ သူသေချာသိသည် တိုင်းတ၏ယခုအခြေအနေက သူ့နီိးပါးအာဏာရှိနေသည်ဟု ..
သူ့ထက်တောင်အနည်းငယ်ပိုမြင့်လျှင်ဖြင့် မြင့်နေနိုင်သေးသည်။ သူကလျှိုကလန်ရဲ့အောင်မြင်မှုဖြစ်ပေမယ့် တိုင်းတ၏ယခုအဆင့်နှင့်တူညီနေသည်။

လျှိုချင်း၏စကားဟာ နားထောင်နေသူတိုင်းအားအံ့အားသင့်စေကုန်သည်။ အထူးသဖြင့် စီနီယာကျောင်းသားတွေပင်။ သူတို့ချန်းမင်ရှန်းနှင့်လျှိုချင်းကိုကောင်းကောင်းသိသည်။ ထိုကောင်တွေကအရမ်းမတော်ဘူးဆိုရင်တောင်မှ သူတို့နောက်မှာအဓိကကလန်ကြီးတွေရှိနေတာလေ။ ဒါပေမယ့် အခုကဘာလို့နှစ်ယောက်လုံးက တိုင်းတကိုယဉ်ယဉ်ကျေးကျေးဆက်ဆံနေကြတာလဲ။ စာကြည့်တိုက်မှထွက်ကာကြည့်နေသူများမှာလည်း တိုင်းတ၏နောက်ခံကိုသိချင်လာကြသည်။ ဘယ်လိုနောက်ခံမျိုးမို့ လျှိုချင်းနဲ့ချန်းမင်ရှန်းတိုပကိုကြောက်၇ွံ့ကာမတည်မငြိမ်ဖြစ်စေတာလဲ။

သို့ရာတွင် တိုင်းတက လျှိုချင်းရဲ့စကားကိုနားထောင်မည့်ဟန်မရှိ။ မျက်နှာသာမပေးဘဲပြောလာသည်။

“ငါခုနက ပြောပြီးပြီထင်တယ်။ ချင်းယန် ရှင်းတန်ကငါ့အကိုပဲ။သူ့ပြဿနာက ငါ့ပြဿနာပဲ။ မင်းတို့မကျေနပ်၇င် ငါ့ဆီလာရှင်း”

လျှိုချင်း၏အမူအယာပြောင်းသွားသည်။ တိုင်းတကိုဆန့်ကျင်ဖို့ သူမလုပ်ရဲသေးပေ။

Comment

Leave a Reply

Options

not work with dark mode
Reset