Switch Mode

Chapter – 31

Chapter – 31

ခါဂဲအကယ်ဒမီ၏အခန်းတစ်ခုတွင်
ရိုကျိုးသောဟန်ဖြင့်ကာရယ်လ်က
အသက်၂၀အရွယ်လူငယ်တစ်ယောက်ခေါ်ကာစာကြည့်တိုက်သိုထွက်လာသည်။
သူတို့တွေလေ့ကျင့်ရေးမှဖြတ်သွားသည့်အခါ စီနီယာကျောင်းသားအချို့ဟာမြင်သွားကြပြီး တအံ့တသြဖြင့်ကြည့်နေကြလေတယ်။
ထိုသူတွေရဲ့မှတ်ချက်တွေဟာ
ကာရယ်လ်တို့သွားရာလမ်းတစ်လျှောက်လုံးပြည့်လျက်ရှိ သည်။
“အာသူမဖြစ်နိုင်ဘူး။ဟိုမှာသွားနေတဲ့သူကသခင်ချန်းမဟုတ်လောက်ပါဘူး။
သခင်ချန်းကခါဂဲအကယ်ဒမီမှာမရှိတာ
၁နှစ်လောက်ရှိပြီမဟုတ်လား။ဒါကိုဘယ်လိုဖြစ်လို့ ဒီနေဒီကိုရောက်နေရတာလဲ”
“ငါမနှစ်ကကြားထားတာတော့သခင်ချန်းက
သူတော်စင်အလယ်အလတ်အဆင့်ကိုရောက်နေပြီတဲ့။သူအခုဘယ်လောက်ထိသန်မာနေမလဲဆိုတာ
ဘယ်သူမှမပြောနိုင်ဘူး”

“သခင်ချန်းကခါဂဲအကယ်ဒမီကစစ်မှန်တဲ့ပါရမီရှင်ပဲ။ သူအသက်၁၉မှာသူတော်စင်လက်နက်သွန်းလုပ်နိုင်ပြီး သူတော်စင်တစ်ယောက်ဖြစ်လာခဲ့တယ်။အသက်၂၀မှာသူတော်စင်အလယ်အလတ်အဆင့်ကိုရောက်နေပြီ။
၁နှစ်တောင်ကြာသွားပြီဆိုတော့
သူရဲ့လေ့ကျင့်နိုင်မှုပါရီမီနဲဆိုရင်သခင်ချန်းအခု
သူတော်စင်ထိပ်ဆုံးအဆင့်ကိုရောက်နေလောက်ပြီ”“သေချာတာပေါ့။သခင်ချန်းက
ခါဂဲအကယ်ဒမီရဲကနံပါတ်၁ပါရမီရှင်ပဲဟာ။
ကျောင်းအုပ်ကြီးတောင်ပြောခဲ့ဖူးတာပဲကြည့်လေ သခင်ချန်းကအသက်၂၃မပြည့်ခင်မှာကို
သူတော်စင်ကြီးဖြစ်လာလိမ့်မယ်တဲ့”
“အသက်၂၃မှာသာသူတော်စင်ကြီးဖြစ်လာရင်
သခင်ချန်းကတကယ်ကိုအံ့သြစရာကောင်းလွန်းသွားပြီ။
ကျောင်းကအခြားစီနီယာတွေက
အခုထိသူတော်စင်အဆင့်၁၀အထွတ်အထိပ်မှာပဲတစ်နေကြတယ်။“
ကာရယ်လ်ခပ်ဖြေးဖြေးလျှောက်ကာသာသွားနေသည်။သူတို့တွေလှိုဏ်ဂူဘက်ကိုဆက်သွားနေသည်ကို
စီနိယာတွေတွေ့လိုက်၇သည်။

သခင်ချန်းရဲ့ခန်ကညားချောမောကာ
လူသိများသည့်ရုပ်ရည်ကြောင့်တည်းမဟုတ်
သူရဲ့လျှင်မြန်လွန်းသည့်လေ့ကျင့်စွမ်းရည်ကြောင့်နှင့် အဆင့်ကြောင့်သာ
အများကအံ့သြနပန်းဖြစ်ကြခြင်းဖြစ်သည်။
ထျန်းယွမ်တိုက်ကြီးထဲတွင်
ထိုသို့သောပါရမီကောင်းလွန်းသူကို
မိုးကောင်းကင်၏စောင့်ရှောက်ခြင်းခံရသူဟုယုံကြည်ကြသည်။ခါဂုအကယ်ဒမီတွင်ဆိုလျှင်
သခင်ချန်းသည်သူတို့မျှော်မှန်းထားသည်ထက် များစွာတော်လွန်းသောပါရမီရှင်တစ်ယောက်ပင်။ထိုအချိန်တွင်ဂျင်ချန်ကတော့စာအုပ်ထဲတွင်အာရုံနစ်မြုပ်နေဆဲရှိကာသူထံလာနေသည့်
ပြဿနာတွေကိုသတိမမူမိချေ။
တစ်ခဏချင်းတွင်လျှိုယွန်နှင့်လျှိုချင်းတို့
စာကြည့်တိုက်ဂိတ်ဝကိုရောက်လာကြသည်။ဂိတ်ဝနှင့်မနီးမဝေးတွင်
ချန်ဖုန်းကသစ်ပင်ကြီးတစ်ပင်၏အကာအကွယ်ကိုယူကာဂျင်ချန်ကိုထောက်လှမ်းနေသည်။
ပတ်ဝန်းကျင်မှအရာရာကိုမေ့ကာစာဖတ်ခြင်းတွင်သာ

ဈာန်ဝင်စားနေသောဂျင်ချန်ကိုသာ
ချန်ဖုန်းတစ်ချိန်လုံးစောင့်ကြည့်နေသည်။
လျှိုယွန်သည်လျှိုချင်းနှင့်အတူသူ့အနီးနားရောက်လာသ ည်ကိုချန်ဖုန်းမြင်လိုက်သည့်အခါ
လျှိုချင်းတို့ထံသူပြေးသွားတော့သည်။သူ
လျှိုချင်းအားဦးညွတ်ကာနှစ်လိုဖွယ်အသံဖြင့်ဆိုသည်။
“ဒီလိုနေရာမှာသခင်လျှိုချင်းနဲတွေ့ရလိမ့်မယ်လို့ ကျွန်တော်မတွေးမိခဲ့ဖူးဘူး။ကျွန်တော်က
သခင့်ကိုတွေ့ချင်နေခဲ့တာပါ” ချန်ဖုန်းဟာ
ယခုတော့အလွန်အမင်းကိုရိုကျိုးနေလေသည်။ သူသည်လည်းGesunကလန်တွေထဲက
တစ်ခုမှဖြစ်ပေမယ့်ကလန်အသေးမှသာဖြစ်သည်။ထိုကြောင့်
ကြီးမားသည့်ကလန်တွေမှကလေးတွေနှင့်သူပူးပေါင်းလိုက်သည့်အခါဆင်းရဲတဲ့သူ့အတွက်
ပိုက်ဆံတွေရှာလာနိုင်ခဲ့သည်။ဒီလိုနဲ့
လျှိုကလန်နဲသူမှာဆက်နွယ်မူတစ်ခုရှိသွားရာ
အနာဂတ်မှာအောင်မြင်မှုတွေ၊အကျိုးကျေးဇူးတွေအများကြီးရလာနိုင်သည်။သူကံကောင်းရင်

လျှိုကလန်ရဲ့အကူအညီနှင့်သူတို့ကလန်က အမြင့်ကိုရောက်လာနိုင်သေးသည်။ဒါ့အပြင် လျှိုကလန်က
ကလန်တွေရဲ့အောင်မြင်မှုလည်းဖြစ်နေသေးသည်လေ… ချန်ဖုန်း၏အလွန်အမင်းရိုကျိုးနေပုံကိုကြည့်ကာ
လျှိုချင်းဂုဏ်ယူလွန်းသွားရကာ
လက်တစ်ဖက်အသာဝေ့ယမ်းလိုက်ဖြစ်သည်။“ပေါက်တတ်ကရတွေမပြောနဲတော့။ ချင်းယန်ရှင်းတန်ကစာကြည့်တိုက်ထဲမှာလား”
လျှိုချင်းအမူအယာကယဉ်ကျေးမှုတစ်စက်မှမရှိပေမယ့်ချန်ဖုန်းရဲ့လေးစားသည့်အရိပ်အယောင်တွေကတော့ အနည်းငယ်တောင်လျော့မသွားခဲ့။အပြုံးတစ်ခုနှင့်
သူတုံပြန်သည်။
“ချင်းယန်ရှင်းတန်ကစာကြည့်တိုက်ထဲမှာပဲရှိပါသေးတယ်”
သူလိုချင်သည့်အဖြေကိုရလိုက်သည့်အခါလျှိုချင်း၏မျက်ဝန်းထဲတွင်
အထင်သေးမှုများပြည့်သွားသည်။စာကြည့်တိုက်ထဲတွင်တိုက်ခိုက်ခြင်းကိုတားမြစ်ထားသည်။

လျှိုချင်းကစည်းကမ်းတွေကိုလေးစားရင်တောင်မှသူမိသားစုရဲအရှိန်အဝါကလွှမ်းမိုးမှုတော့ရှိမှာပဲ။ “ဟုတ်သားပဲသခင်လျှိုကျွန်တော်ချင်းယန်
ရှင်းတန်အပြင်ထွက်လာအောင် ခေါ်ထုတ်လိုက်ပါ့မယ်”ချန်ဖုန်းရိုကျိုးစွာဖြေကာစာကြည့်တိုက်ထဲဝင်သွားသည်။ စာကြည့်တိုက်ထဲတွင်ဂျင်ချန်ကစာအုပ်ကိုသာ
အာရုံစိုက်နေဆဲဖြစ်ကာသူအကာအကွယ်တွေဟာ အနိမ့်ဆုံးအဆင့်မှာသာထားထားသည်။
အဘယ်ကြောင့်ဆိုသော်စာကြည့်တိုက်ထဲတွင်
တိုက်ခိုက်ခြင်း၊ဆူညံခြင်းတွေကိုတားမြစ်ထားသောကြော င့်သူသတိထာဖိုမလိုသည်ပေ။
စာအုပ်ကမ္ဘာထဲတွင်သာသူနစ်မြုပ်နေစဉ်တွင်
တစ်စုံတစ်ယောက်ကသူ့ပခုံးကိုလာပုတ်လိုက်သည်ကို ခံစားလိုက်၇သည်။
စာအုပ်ထဲကသူဖတ်လက်စကိုသာသူအာရုံစိုက်ချင်သော် လည်းသူရှေ့မှာရပ်နေတဲ့
အထင်သေးစွာအေးစက်စက်အမူအယာနှင့်ကောင်လေးကိုကြည့်လိုက်၇သည်။
အခြားလူတွေကိုကာကွယ်ပေးမည်ပြောကာ

ပိုက်ဆံလုသည့်လေးယောက်အဖွဲ့ထဲက
တစ်ယောက်ဖြစ်ကြောင်းသူသတိရလိုက်သည်။ချန်ဖုန်းကသူ့ရှေ့မှာရပ်ကာ
ဂျင်ချန်အားပျော်မြူးစွာကြည့်သည်။ထူးခြားသည့်လေသံနှင့်သူပြောသည်။“ချင်းယန်ရှင်းတန်ငါတို့တွေ
ဒီလောက်မြန်မြန်ပြန်တွေ့ရမယ်လို့မထင်ထားဘူး”“မင်းပဲလား”
ဂျင်ချန်နှာမှုတ်သည်။ချန်ဖုန်းအားပြောခွင့်မပေးဘဲသူဆက်ပြောသည်။
“မင်းအခုထိ
ကာကွယ်ပေးမယ်ဆိုပြီးပိုက်ဆံတောင်းရဲသေးရင်မင်းအော်ငိုအောင်လုပ်၇လိမ့်မယ်”
ချန်ဖုန်းဒေါသအရမ်းထွက်သွားပေမယ့်ဂျင်ချန်ကိုဘာမှမလုပ်ဖြစ်ခဲ့။
စာကြည့်တိုက်ရဲ့စည်းကမ်းကြောင့်ဆိုပေမယ့်သူက ဂျင်ချန်ကိုမှမယှဉ်နိုင်ဘဲ။
သူရင်ဘတ်ကိုအထိုးခံခဲ့ရတာကိုပြန်တွေးမိပြီး
ဒေါသတွေပိုတိုးလာကာသူ
ဂျင်ချန်အားအေးစက်စွာပြောသည်။

“ချင်းယန်ရှင်းတန်ငါကမင်းကိုမယှဉ်နိုင်ပေမယ့်
ခါဂဲအကယ်ဒမီက
မင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာမဟုတ်ဘူး။
မင်းသတ္တိရှိရင်ငါနဲအပြင်ကိုလိုက်ခဲ့။မဟုတ်ရင်တော့ဒီထဲမှာပဲသေတဲ့အထိနေပေတော့”
ထိုစကားတွေပြောပြီးနောက်
ချန်းဖုန်းကအပြင်ကိုထွက်သွားလိုက်သည်။သူပြောခဲ့သည့်စကားက
စာကြည့်တိုက်ထဲတွင်ရှိနေသည့်အခြားသူတွေရဲ့ အာရုံစိုက်မှုကိုယူလိုက်နိုင်ရာအားလုံးကခေါင်းမော့ကာ ကြည့်လိုက်ကြသည်။ ထိုအကြည့်တွေထဲတွင်
ရှုပ်ထွေးနေဟန်၊မလိုနာဖြစ်နေဟန်နှင့်
လေးစားအားကျနေဟန်တွေ ရောယှက်နေ၏။ဂျင်ချန်စိတ်ရှုပ်သည့်အမူအယာနှင့်
စာအုပ်ကိုပိတ်လိုက်သည်။ချန်ဖုန်း၏စကားအရ
ဒီကောင်သူ့ကိုကူဖို့စစ်ကူခေါ်လာပြီမှန်းသိလိုက်သည်။ဂျင်ချန်မျက်တောင်တစ်ချက်ခတ်ကာ
စာအုပ်ကိုနေရာတကျပြန်ထားလိုက်ပြီး
စာကြည့်တိုက်အပြင်ကိုထွက်လာလိုက်သည်။သူကိုလူတွေစောင့်နေမှန်းသိနေသော်လည်း

သူသာထွက်မသွားရင်သူကြောက်နေတ်လိုထင်သွားကြ
လိမ့်မည်မို့…. ဂျင်ချန်
စာကိုသာအေးအေးဆေးဆေးဆက်ဖတ်ချင်တယ်ဆိုရင်သူခွန်အားအစစ်အမှန်ကိုထုတ်ပြကာ
အခြားသူတွေကြောက်သွားအောင်လုပ်ထားရလိမ့်မည်။
ထိုအပြင်တစ်ယောက်ပြီးတစ်ယောက်ကသူကိုလာပြီးပြဿနာရှာနေကြရာ
သူမည်သို့အေးအေးသက်သာစာဖတ်နိုင်တော့မည်လဲ။ အပြင်မှာရှိနေမည့်သူတွေက
အားမနည်းဘူးဆိုတာသူသိနေသည်ဖြစ်နိုင်တာကကဒီယန်နှင့်တန်းတူလောက်ပင်။သိုပေသိ
ဂျင်ချန်ကတော့ကြောက်ရွံ့ဟန်လုံးဝမပြ။ သူအခုအဆင့်နဲ့
သူတော်စင်တစ်ယောက်နှင့်ရင်ဆိုင်ရင်တောင်မနိုင်ရင်တောင်မှလွယ်လွယ်မရှုံးဘူးဟု
ယ့ုကြည်ချက်ရှိသည်။ဒါ့အပြင်တိုက်ခိုက်ရေးနှင့်ဗျူဟာအပိုင်းမှာဆိုဂျင်ချန်ကိုယှဉ်နိုင်သူ
ဒီကျောင်းတွင်ရှိပေ။သူက

အတွေ့အကြုံတွေအများကြီးရှိသည့်သူတစ်ယောက်ပင်
မဟုတ်လော။
စာကြည့်တိုက်ထဲကဂျင်ချန်ထွက်လာပြီးနောက်တံခါးနားတွင်ရပ်နေသည့်
လူငယ်အချို့ကိုတွေ့လိုက်ရသည်။ထိုသူတွေဟာ
ကွဲပြားတဲ့အပြင်လူတွေမဟုတ်ဘဲ
ကျောင်းဝတ်စုံကိုသာဝတ်ဆင်ထားကြတယ်။
နှစ်ယောက်ကဂျင်ချန်နှင့်မတိုင်မှီကတွေ့ခဲ့သည့်သူတွေ
နောက်တစ်ယောက်ကတော့ဂျင်ချန်အားအထင်သေးမောက်မာစွာကြည့်နေသည်။
သေချာပေါက်ထိုသူဟာ
အခြားနှစ်ယောက်ကိုကူညီဖို့လာသူဖြစ်ရမည်။
ဂျင်ချန်စာကြည့်တိုက်ထဲကထွက်လာတာကိုကြည့်ကာလျှိုယွန်ကောက်ကျစ်စွာရယ်မောသည်။
သူဘေးတွင်ရပ်နေသည့်
လျှိုချင်းအားခပ်တိုးတိုးပြောလိုက်သည်။
“သခင်လေးအဲ့ကောင်ကချင်းယန်ရှင်းတန်ပါပဲ” လျှိုချင်းရဲ့မောက်မာသည့်အကြည့်တွေဟာ
ဂျင်ချန်ကအပေါ်တွင်အထင်သေးစွာဖြတ်သွားသည်။သူအေးစက်စွာဆိုသည်။

“ကောင်စုတ်လေးမင်းကချင်းယန်ရှင်းတန်လား”
ဂျင်ချန် လျှိုချင်းအားတစ်ချက်ပြန်ကြည့်လိုက်သည်။အသက်၂၃၊၂၄လောက်ရှိကာအလွန်ခန်ညားပေမယ့်အပြုအမူတွေကတော့ မောက်မာလွန်းလှသည်။
“ဒီတော့မင်းကဘယ်သူလဲ”
ဂျင်ချန်မထူးဆန်းစွာပြန်ပြောလိုက်သည်။
သူအသံမှာလည်းအေးစက်လျက်
လျှိုချင်း၏ဘေးတွင်ရပ်နေသော လျှိုယွန်ကအော်သည်။“ချင်းယန်ရှင်းတန်
မင်းဘယ်လိုအသံမျိုးနဲငါတိုသခင်လေးကိုပြောရဲတာလဲ။မင်းဒီအကယ်ဒမီကနေကန်ထုတ်ခံချင်နေပြီလား”
“ချင်းယန်ရှင်းတန်မင်း
ငါ့သခင်ကိုမြန်မြန်တောင်းပန်သင့်တယ်။အဲ့လိုမှမဟုတ်ရင်မင်းအကယ်ဒမီမှာ
ကြာကြာဆက်နေရတော့မှာမဟုတ်ဘူး”လျှိုချင်းကိုဖားခွင့်ရမည့်အခွင့်အရေးကို
ချန်ဖုန်းလက်လွှတ်မခံဘဲဂျင်ချန်ဘက်လှည့်ကာဖိဟောက်သည်။

ထိုနှစ်ယောက်၏စကားတွေကြောင့်လျှိုကလန်၏သခင်
လျှိုချင်းဟာပိုပြီးမောက်မာကာ
ယုံကြည်မှုလွန်ကဲသည့်ဟန်ပြောင်းသွားသည်။
ဂျင်ချန်အမူအယာကမပြောင်းလဲပါဘဲနှာမှုတ်ကာထိုသုံးယောက်အားအထင်သေးစွာသာကြည့်ရင်း
ပြောသည်။
“မင်းတိုပြောပုံအ၇ခါဂဲအကယ်ဒမီရဲ့ကျောင်းအုပ်ကြီးက မင်းတို့စကားကိုနားထောင်မယ်ဆိုတဲ့သဘောပေါ့။
ထုတ်ချင်တိုင်းထုတ်လို့ရအောင်ခါဂဲအကယ်ဒမီကို မင်းတို့ကလန်ကများပိုင်နေတာများလား။
မင်းတို့သုံးယောက်အရမ်းကိုရဲတင်းလွန်းတယ်
ကျောင်းအုပ်ကြီးကိုတောင်မှလေးစားမှုမရှိဘူး”
ဂျင်ချန်၏စကားကြောင့်လျှိုယွန်နှင့်ချန်ဖုန်း၏မျက်နှာတွေ
ဖြူလျော့ကုန်ကြသည်။
သူနောက်မှာကလန်တစ်ခုလုံးကရပ်တည်ပေးနေတဲ့လျှိုချင်းတောင်မှ
အမူအယာပျက်ကာတံတွေးမြိုချလိုက်မိသည်။သူဂျင်ချန်အားအဆိပ်ပြင်းစွာကြည့်လိုက်သည်။ သူမှာနောက်ခံတွေရှိပေမယ့်
လျှိုချင်းကလျှိုကလန်၏အောင်မြင်မှုသက်သက်ပဲ

သူကျောင်းအုပ်ကြီးကိုမည်သိုမလေးမစားလုပ်ရဲမည်လဲ။
အကယ်၍ဂျင်ချန်ပြောတာသာ
ကျောင်းအုပ်ကြီးနားထဲရောက်သွားပါက
သူတို့တွေအပြစ်ပေးခံရလိမ့်မည်။အဆိုးဆုံးဖြစ်နိုင်ချေက
ကျောင်းမှထုတ်ပယ်ခံရခြင်းပင်။
သူနောက်မှာလျှိုကလန်ရှိပေမယ့်
သူအဖေကကလန်ခေါင်းဆောင်ဖြစ်ပေမယ့်သူကလျှိုကလန်ရဲ့အောင်မြင်မှုဖြစ်နေပေမယ့်
သူသက်သာရာရမှာမဟုတ်ဘူး။သူတိုလျှိုကလန်က
ကျောင်းအုပ်ကြီးကိုမယှဉ်နိုင်ပေ။ လျှိုချင်းမျက်နှာနီရဲလာကာ
သူဂျင်ချန်အားစူးစိုက်ကြည့်ရင်းပြောသည်။
“ချင်းယန်ရှင်းတန်မင်းအရမ်းမောက်မာတယ်။
မင်းဘာလို့ဒီလောက်မောက်မာရဲနေတာလဲဆိုတာ ငါသိချင်သား”
“မင်းလေကိုခြွေတာပါ။ငါ့ကို
ဘာကြောင့်လာရှာလဲဆိုတာကိုသာပြောလိုက်”
လျှိုချင်းလူဆိုးတစ်ယောက်၏အပြုံးမျိုးပြုံးလိုက်သည်။ “ငါလာတဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။
သူတော်စင်လက်နက်မသုံးခဲ့ပေမယ့်

သူတော်စင်တစ်ယောက်ဖြစ်တဲ့
ကဒီယန်ကိုမင်းဘယ်လိုနိုင်လိုက်လဲလို့
ငါအရမ်းသိချင်နေတာ။ချင်းယန်ရှင်းတန်
မင်းကအရမ်းအံ့အားသင့်စရာကောင်းတာဆ”ို
လျှိုချင်းလက်နှစ်ဖက်ကိုအညောင်းပြေချိုးလိုက်ချိန်တွင်
အသံအကျယ်ကြီးထွက်လာကာသူရဲ့စွမ်းအားတွေဟာလည်း လျှိုချင်းကိုယ်မှထွက်လာရင်း
ဂျင်ချန်ဆီတိုးဝင်သွားသည်။ ထိုအချိန်တွင်
စာကြည့်တိုက်ထဲတွင်စာဖတ်နေကြသည့်သူတွေဟာစာအုပ်တွေပိတ်လိုက်ခဲ့ပြီးပြီ။ဂျင်ချန်ရဲ့ပထမပွဲလိုပဲ သူတို့စိတ်လှုပ်ရှုားကာ
စောင့်ကြည့်နေကြတော့သည်။လျှိုချင်းထံမှထွက်လာသ ည့်ချီတွေဟာဂျင်ချန်အားမသက်ရောက်ပုံရကာသူကား
တောင်တစ်လုံးအလားမားမားမတ်မတ်ရပ်နေဆဲ။
လျှိုချင်းရဲ့စွမ်းအားတွေကကဒီယန်ထက်အားမနည်းပေ။ ဂျင်ချန်ကတော့ကြောက်ရွံ့ရမည့်အစား
တိုက်ခိုက်ချင်စိတ်သာပေါ်ပေါက်လာလေတယ်။

ပြိုင်ဘက်နှစ်ယောက်စတင်တိုက်ခိုက်တော့မည့်
အရိပ်အယောင်တွေမြင်တော့
စာကြည့်တိုက်ရှေ့မှစောင့်ကြည့်နေသူတွေဟာ ခပ်ဝေးဝေးကိုရွေ့လိုက်ကြသည်…..
သူတိုထံထိမှန်မည်ကိုစိုးရွံ့စွာဖြင့်…
“ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့တိုက်ပွဲကို
ငါတိုလွဲတော့မလို့ပဲ”
စတင်မတိုက်ခိုက်ရသေးချိန်တွင်
လူအုပ်၏နောက်မှအသံထွက်လာကာလူငါးယောက်လျှောက်လာသည်။
ကျောင်းဝတ်စုံတွေကိုသာဝတ်ထားကြ၏။ထိုထဲမှတစ်ယောက်ဟာ
ပိုက်ဆံတောင်းသည့်လေးယောက်ထဲမှပင်။အခြား၄ယောက်ကိုတော့ဂျင်ချန်မသိ။
သူတိုကလည်းအဓိကကလန်ကြီးတွေကဖြစ်ပုံရသည်။ဂျင်ချန်အာရုံကိုသိမ်းယူနိုင်သူကတော့
လေးယောက်၏အလယ်တွင်ရပ်နေသူတစ်ယောက်ပင်။ထိုကောင်လေးဟာအသက်၂၀လောက်သာရှိလောက်ပြီးထိုအဖွဲ့ရဲ့အဓိကလူဖြစ်လောက်၏။

“ဟေးကြည့်လိုက်စမ်း။အလယ်ကလူက
သခင်ချန်းမဟုတ်ဘူးလား။
မနှစ်ကထွက်သွားတာမဟုတ်ဘူးလား..
သူကိုဒီမှာတွေ့ရမယ်လို့ငါမယုံနိုင်သေးဘူး” “ဟုတ်တယ်အမှန်ပဲ။အဲ့ဒါသခင်ချန်းအစစ်ပဲ။ ငါတိုခါဂဲအကယ်ဒမီရဲပါရမီရှင်လေး။
မနှစ်ကကြားတာတော့သခင်ချန်းက
သူတော်စင်အလယ်အလတ်အဆင့်ကိုရောက်နေပြီတဲ့။သူရဲ့လေ့ကျင့်စွမ်းနဲဆိုအခု၁နှစ်ကြာပြီးနောက်မှာ
သူတော်စင်ကြီးဖြစ်ရင်ဖြစ်နေလောက်ပြိ။သူဘွဲ့တောင်၇တော့မှာကို
ဒီမှာရှိနေဦးမယ်လို့မထင်ထားဘူး။“
“သခင်ချန်းရဲ့အခုရှိနေတဲ့ခွန်အားကိုငါသိချင်တယ်။
သူအခုသူတော်စင်ကြီးဖြစ်နေပြီလားဆိုတာကိုရောပဲ…”“သခင်ချန်းနောက်ကသုံးယောက်ကိုကြည့်။
သူတိုကလည်းသူတော်စင်လက်နက်သွန်းနိုင်ထားတဲ့သူတော်စင်တွေပဲဒီလိုလူတွေကို
တစ်ပြိုင်ထဲမြင်၇ဖို့ခက်တယ်”
ထိုကျောင်းသားအုပ်စုကိုကြည့်ကာဆူညံသံတွေဟာပတ်ဝန်းကျင်တွင်ပြည့်နေလေတော့တယ်။

“ချန်းမင်ရှန်းမင်းအချိန်မှန်ရောက်လာတာပဲ။
မင်းနည်းနည်းလေးသာနောက်ကျသွားမယ်ဆိုရင်ပွဲကြီးပွဲကောင်းကိုလွတ်သွားတော့မှာ”
အသစ်ရောက်လာသည့်အုပ်စုထဲမှလူတစ်ယောက်ကိုကြည့်ကာ
လျှိုချန်းလုပ်လက်စကရပ်ကာ
ရယ်ရင်းနှုတ်ဆတ်လိုက်သည်။နောက်
ထိုလူငယ်၏နောက်မှလူသုံးယောက်ကိုလည်း
ခေါင်းငြိမ့်ပြလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset