Switch Mode

Chapter – 314

လူ့ဘီလူးကြီး

Chapter – 314
“လူ့ဘီလူးကြီး”

ရဲရှောင် ရုတ်​တရက်​ကြောင်ငေးသွားမိသည်။ ထို့နောက် သူ၏​သွေးကြောများ အတွင်း စွမ်းအင်များဖြင့် ပြည့်နှက်​နေသည်ကိုလည်း ခံစားလိုက်ရသည်။ ထိုစွမ်းအားများသည်​စွမ်းအင်သိုလှောင်ရာသို့ အရှိန်အဟုန်အပြည့်​ဖြင့်​စီးဆင်းနေလျက် ရှိသည်။
ထိုအချိန်တွင်​ပေါက်ကွဲသံတစ်ချက်အား ကြားလိုက်ရပြန်သည်။ တစ်​ပြိုင်နက်တည်းမှာပင် ထူးဆန်းသော အသံတစ်သံအား ထပ်​မံ၍ ကြားလိုက်ရသည်​။ ထိုအသံမှာ ရေစီးသံကဲ့သို့ အသံမျိုးပင်​ဖြစ်​သည်​။
(ဘာသံလဲ . . . ရေစီးသံလား . . .)
ထိုအချိန်တွင် ပိုင်အာ ရေချိုးနေသည့် အသံကိုပါ ရှင်းလင်းစွာ ကြားလိုက်ရပြန်သည်​။
ခဏအကြာတွင် ရဲရှောင် အလွန်အံ့သြသွား​လေသည်​။
အဘယ့်​ကြောင့်​ဆို​သော်​သူ၏ စိတ်ဝိညာဉ်သည် ဗလာနယ်တစ်ခုသို့ ဝင်ရောက်သွားသည်​ကို သိလိုက်​သော​ကြောင့်​ပင်​ဖြစ်သည်။
သူ၏​ရှေ့တွင် အဆုံးမရှိသော လမ်းတစ်ခုကိုလည်း မြင်​တွေ့လိုက်​ရသည်​။
ရဲရှောင်သည် ထိုလမ်းမအတိုင်း ခပ်ဝေးဝေးတွင် မြင်တွေ့​နေရသည့် အလင်းရောင် ရှိရာသို့ လျှောက်သွားလိုက်မိသည်​။
မည်မျှအထိ လျှောက်လှမ်းခဲ့ပြီးလဲ ဆိုသည်​ကိုမူ ရဲ​ရှောင်​မသိတော့ချေ။ မိုင်ထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီဟုလည်း စိတ်ထဲတွင်​ထင်နေမိသည်​။ သူမြင်​နေရသည့် တစ်ခုတည်းသော အရာမှာ ခပ်လှမ်းလှမ်းရှိ အလင်းရောင်ပင် ဖြစ်သည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ရှိနေတော့သည့်​ပုံပင်​။
အချိန်​အ​တော်​ကြာ​အောင်​လျှောက်​နေခဲ့ပြီး အ​တော်ေ​ဝး​ဝေးသို့​ရောက်နေပြီ ဖြစ်သည့်တိုင် ထိုအလင်းတန်း ရှိရာသို့ မရောက်နိုင်သေး​ပေ။
အကယ်​၍ ရဲ​ရှောင်​သာ သာမန်လူတစ်ဦးဆိုပါက ယခုလောက်အထိ စိတ်ရှည်​နေမည် မဟုတ်​ပေ။ စိတ်​ထဲတွင်​လည်း ဇ​ဝေဇဝါ ဖြစ်​နေပြီး​တွေး​နေမိမည့်​အရာမှာ -​
(ငါဘာလို့ မရောက်ရ​သေးတာလဲ။ တစ်ခုခုများ မှား​နေတာလား။ ဒါမှမဟုတ်​လမ်းမှားလာတာများလား)
သို့သော် လက်ရှိအချိန်တွင်​မူ ရဲ​ရှောင်​စဉ်းစားနေမိသည်မှာ –
(ငါဒီလမ်းကို ဆက်လျှောက်မှ ဖြစ်မယ်။ အချိန်တိုအတွင်းတော့ ဒီအလင်းရှိတဲ့ နေရာကို ငါရောက်နိုင်မှာ မဟုတ်ဘူး။ တစ်နေ့နေ့တော့ အဲဒီကို ရောက်မှာပါ။ ငါမရောက်နိုင်တဲ့ နေရာဆိုတာ မရှိစေရဘူး။ ဘယ်လောက်ဝေးဝေး အချိန်တန်ရင် ရောက်မှာပဲ။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ။ ဒီအလင်းက ဘာလဲဆိုတာ သိရမှဖြစ်မယ် . . .)
ထိုသို့ စဉ်းစားမိသည့်အတွက် ဇွဲရှိရှိဖြင့်ပင်​ရဲ​ရှောင်​ဆက်​၍ လျှောက်​နေမိသည်​။
ထိုကဲ့သို့ လျှောက်​နေသည့် အချိန်မှာပင် မြင်နေရသော အလင်းသည် ရုတ်တရက် ကြီးလာ​လေသည်​။ ထို့နောက် ရဲ​ရှောင်​ရှိရာသို့ တဖြည်းဖြည်း ရွေ့လာသည်ကိုပါ မြင်​တွေ့လိုက်ရသည်။
အလင်းရှိရာသို့ ရဲ​ရှောင်​မှ သွားနေသည်​လော၊ သို့မဟုတ်​အလင်းမှ သူ့ထံသို့ လာနေသည်​လောဟုပင်​ရဲရှောင် မခွဲခြားနိုင်တော့ချေ။
မည်သို့ပင်ဆို​စေကာမူ အလင်းသည်​သူနှင့်​နီးကပ်​လာခဲ့ပြီ ဖြစ်​သည်​။
ထိုအခါမှသာ အလင်းသည် အခြားမဟုတ်ဘဲ တောင်တစ်လုံးမှ ထွက်ပေါ်​နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်​။
သို့သော် ထပ်မံ၍ နီးကပ်လာသောအခါ တောင်မဟုတ်ဘဲ လူတစ်ဦးပင်​ဖြစ်နေ​ကြောင်း တွေ့လိုက်ရပြန်​သည်​။
တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလှသည့် လူထွားကြီး တစ်ဦးပင် ဖြစ်သည်။
ထိုလူ၏ ခေါင်းသည် ကောင်းကင်ကိုပင် ထိနေပြီး လက်တစ်​ဖက်​တစ်​ချက်​စီတွင်​လည်း​နေ နှင့်​လအား ကိုင်​ဆောင်​ထား​လေသည်​။ ခြေထောက်များမှာမူ မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်နေပြီး မျက်လုံးများမှိတ်လျက် မလှုပ်မယှက်ဖြင့်​ပင်​ရှိနေသည်​။
ရဲရှောင်သည် ထိုလူ၏​ရှေ့တွင် ရပ်လိုက်ေ​သာအခါ ကိုယ့်​ကိုယ်​ကို အလွန်သေးငယ်သွားသလိုပင် ခံစားလိုက်ရသည်​။ ဆင်​နှင့်​ပုရွတ်​ဆိတ်​ကဲ့သို့ ကွာခြား​နေခြင်း ဖြစ်​သည်​။
ထိုလူ၏ အရွယ်အစားသည် လွန်​စွာ​ကြီးမားလှပြီး ခြေချောင်းတစ်ချောင်းသည်ပင် သာမန်​လူခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပို၍ ကြီးမားလေသည်​။
ရဲရှောင် အသေအချာ သိလိုက်သည့်အချက်တစ်ချက်မှာ အကယ်၍​ထိုလူသည်​သာ မြေပြင်ပေါ်သို့ ပြုတ်ကျလာမည် ဆိုပါက ယခင်​ဘဝတွင်​သူ ပိုင်​ဆိုင်​ခဲ့သည့်​မူလတာအိုပညာရှင် အဆင့်မျိုး ဖြစ်နေသည့်တိုင် ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
တစစီဖြစ်၍ သေဆုံးသွားနိုင်ပေသည်။
“ဒီလောက်ကြီးတဲ့လူကြီးက ကမ္ဘာ​ပေါ်မှာ ဘယ်လို ရှိနေတာပါလိမ့်​. . .”
ရဲရှောင် တအံ့တသြဖြင့် ရေရွတ်လိုက်မိသည်။
ရဲရှောင်သည် လူ့ဘီလူးကြီးကိုသာ ငေးမောကြည့်နေမိသဖြင့် အလင်းတန်း ထွက်ပေါ်သည့် နေရာအား မကြည့်မိတော့​ချေ။ ယခုမှသာ အလင်းတန်း ထွက်ပေါ်ရာသို့ ကြည့်လိုက်​သောအခါ ထိုလူကြီး၏ ဘယ်ဘက်လက်မှ ထွက်ေ​ပါ်​နေခြင်း ဖြစ်ေ​ကြာင်းေ​တွ့လိုက်ရသည်​။
(ဒီလူက ဘယ်သူလဲ၊ ငါနဲ့ဘာလို့ တွေ့နေရတာလဲ . . .)
ရဲရှောင်သည် သူ၏ ဟင်းလင်းပြင်ကြီးနှင့် တစ်ခုခု ဆက်စပ်နေမည်ဟုလည်း တွေးလိုက်မိသည်​။ ရှေးဦးခရမ်းရောင် ချီဓာတ်များနှင့်လည်း ဆက်စပ်နိုင်ပေသည်။ သို့သော် ယခုကဲ့သို့​သော နေရာမျိုးတွင် ထိုလူနှင့် တွေ့နေရသည့် အကြောင်းရင်းကိုမူ နားမလည်နိုင်အောင် ဖြစ်နေမိသည်​။
ထိုလူ့ဘီလူးကြီးအား သူ့ထံသို့​ရောက်လာအောင် မည်​သူကများ လုပ်လိုက်ပါသနည်း။
ရဲရှောင် အတွေးနယ်ချဲ့နေရာမှ ရပ်​လိုက်​ကာ ကျယ်လောင်သော အသံဖြင့် –
“ခင်ဗျား ကျုပ်ဆီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ . . .”
​အော်​ပြောလိုက်​သော်​လည်း သူ၏ ပါးစပ်​မှ ဘာအသံမှ ထွက်​မလာသဖြင့်​ရဲရှောင် အံ့သြသွားသည်။ သူပြောလိုက်သည့် အသံကိုပင် သူပြန်မကြားလိုက်ရခြင်းပင် ဖြစ်သည်​။
ရဲရှောင်လည်း မယုံကြည်နိုင်​သေးသဖြင့် ထပ်မံ၍ ကျယ်​လောင်​သော အသံဖြင့်​-
“ဒီနေရာက ဘာလဲ . . .”
ယခုအခါတွင်​လည်း မည်သည့်အသံမျှ မကြားရ​ချေ။
ရဲရှောင် အံ့ဩသွားမိသည်​။
(ဘယ်လိုဖြစ်တာပါလိမ့် . . .)
လူ့ဘီလူးကြီးအား လှမ်းကြည့်လိုက်သော အခါတွင်လည်း မူလအတိုင်းသာ ရှိနေသည်​။ လက်ရှိကြုံ​တွေ့​နေရ​သော အခြေအနေများအား နားလည်သ​ဘော​ပေါက်​စေရန်​ရဲရှောင် ကြိုးစားနေမိသည်။
သို့သော် သူမည်မျှ ကြိုးစား၍ စဉ်းစား​စေကာမူ လက်တွေ့ကျသော အဖြေအား မရရှိခဲ့ချေ။ လက်ရှိအခြေအနေတွင်​သူ၏ စိတ်ဝိညာဉ်သည်​သာ ယခုနေရာသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်းကိုလည်း သိနေ​လေသည်​။ သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် ထွက်သွားခြင်းဖြစ်ပြီး ရုပ်နှင့်နာမ် ကွာသွားခြင်း ဖြစ်သည်။ တစ်​နည်းအားဖြင့် လိပ်ပြာလွှင့်သွားခြင်းပင်​ဖြစ်​သည်​။
သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်သို့ ပြန်လည် ပူးကပ်မိသွားသည်နှင့် ယခုမြင်ကွင်းများသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ရဲ​ရှောင်​လက်ရှိ ရှိနေသော နေရာသည် ဟင်းလင်းပြင်ကြီးကဲ့သို့ ဗလာနယ်တစ်ခုဖြစ်ပြီး မည်သည့်အရာ​ကိုမျှ သဲလွန်စ ရှာ၍ မရလောက်အောင်ပင် ဖြစ်​နေခဲ့သည်​။
အခြားနည်းလမ်းများဖြင့် ကြိုးစားကြည့်သည့်တိုင် ခန္ဓာကိုယ်သို့ ပြန်လည် ပူးကပ်၍ မရခဲ့​ပေ။
သူ၏​ရှေ့တွင်ရှိသည့်​လူ့ဘီလူးကြီးမှာ ရှိမြဲအတိုင်းသာ ရှိနေပြီး ပျောက်ကွယ်သွားခြင်းလည်း မရှိချေ။ မျက်လုံးများမှိတ်လျက်သာ မားမားမတ်မတ်ဖြင့်​ရပ်နေလေသည်​။
(ငါဘယ်လို လုပ်ရပါ့မလဲ . . .)
ရဲရှောင် တွေးနေမိသည်။
ထို့နောက် သူ၏ စိတ်အား တဖြည်းဖြည်းချင်း လျော့ချလိုက်ပြီး ကြမ်းပြင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
(ဒီလူကြီးက ငါ့ရဲ့​ရှေ့ ဘာလို့ ပေါ်လာရတာလဲ။ ဘာအတွက်လဲ၊ ဘယ်ကလဲ၊ ငါ့ကို ဘာပြချင်နေတာလဲ . . .)
(ငါရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ် ကျင့်နေတုန်း ဒီနေရာကို ရောက်လာခဲ့တာဆိုတော့ ရှေးဦး ခရမ်းရောင်ချီဓာတ်နဲ့တော့ ဆက်စပ်ရမယ်။ ရှေးဦးခရမ်းရောင်ချီဓာတ်ရဲ့ အစစ်အမှန် ဒုတိယအဆင့်ကို ရောက်လာလို့များလား။ ဘာပဲဖြစ်​ဖြစ်​ဒီကနေ အမြန်ဆုံးထွက်အောင် ကြိုးစားကြည့်ရမှာပဲ . . .)
ရဲရှောင် မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။
ထိုကဲ့သို့ တွေးနေစဉ် ထူးခြားမှုတစ်ခုအား တွေ့လိုက်ရလေသည်​။
စိတ်ထဲ မသင်္ကာဖြစ်မိ၍ အပေါ်သို့ မော့ကြည့်လိုက်သောအခါ လူ့ဘီလူးကြီး၏ မျက်လုံးများ ပွင့်နေသည်ကို မြင်​တွေ့လိုက်ရသည်​။
ထိုအချိန်တွင်​ရောင်စုံတိမ်တိုက်များသည်​ကောင်းကင်ထက်တွင် အပြည့်ဖုံးအုပ်သွားသည်။
ထို့ပြင်​သက်တန့်များသည်​လည်း​ကောင်းကင်​ထက်​တွင်​တံတားများကဲ့သို့ပင်​တစ်ခုပြီးတစ်ခု​မရေမတွက်နိုင်အောင်​ပေါ်လာကြသည်​။
လူ့ဘီလူးကြီးသည် မျက်လုံးများဖွင့်၍ အဝေးသို့သာ ကြည့်နေပြီး နည်းနည်းမျှပင် မလှုပ်ချေ။
ထို့​နောက်​ထိုလူကြီးသည်​သူ၏ ပါးစပ်အား ဖြည်းညင်းစွာဖွင့်​လိုက်​သည်​။ တစ်စုံတစ်​ခု ပြောချင်နေသည့်​ဟန် ရှိသည်ကို ရဲရှောင် မြင်​တွေ့လိုက်ရပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset