Chapter – 30
စာကြည့်တိုက်တွင်တော့ဂျင်ချန်သည်
စားပွဲတစ်ခုအနီးတွင်ထိုင်ကာစာအုပ်နှစ်အုပ်တင်ထားပြီးထက်ရှုစွာစတင်ဖတ်ရှုနေပြီဖြစ်သည်။
မနက်စောစောပဲရှိသေးသည်ကြောင့်စာကြည့်တိုက်က
ပုံမှန်ထက်ပိုတိတ်ဆိတ်ကာငြိမ်သက်နေလေသည်။ဂျင်ချန်ရဲ့ဘေးမှာတော့
သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်သာရှိလေတယ်။
ထိုအမျိုးသမီးဟာအသက်၄၀လောက်ထင်ရပြီး ပုံမှန်ရုပ်ရည်သာရှိလေသည်။
သူမကစွမ်းအားလေ့ကျင့်ခြင်းတွင်ပါရမီမရှိသောကြောင့်သူမအသက်၄၀ရောက်တာတောင်မှ
သူတော်စင်အဆင့်၆တွင်သာရှိနေသည်။
ခါဂဲအကယ်ဒမီကအားအနည်းဆုံးကျောင်းသားတောင်မှသူမထက်သန်မာသေး၏။
အမျိုးသမိးသည်ခေါင်းကိုမော့ကာ
စာဖတ်နေသည့်ဂျင်ချန်ကိုကြည့်လိုက်သည်။သူနာမည်ကိုသူမမသိပေမယ့်သူကသူမအား
လေးနက်သည့်ခံစားချက်ကိုသာပေးသည်။
လွန်ခဲ့သည့်သုံးရက်လောက်တွင်ဂျင်ချန်သည်သာစာကြည့်တိုက်ကိုအစောဆုံးရောက်လာသူဖြစ်ပြီးတစ်နေကုန်စာဖတ်နေတတ်သူလည်းဖြစ်သည်။အချို့ရက်များတွင်
သူထမင်းတောင်သွားမစားတတ်တ်မျိုးလည်းရှိသေးသည်
။အစောင့်အမျိုးသမီးဟာ
ခါဂဲအကယ်ဒမီမှာအလုပ်လုပ်လာခဲ့သည်မှာ
နှစ်အတောကြာပြီဖြစ်ပေမယ့်
ဂျင်ချန်ကဲ့သို့အရမ်းကြိုးစားသည့်ကျောင်းသားကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
“ဘယ်လောက်တောင်ကြိုးစားလိုက်တဲ့ကလေးလဲ”သူမအလုပ်သူမလုပ်နေရင်းအမျိုးသမီးက
ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကြီးမားလှတဲ့အခန်းတစ်ခု၏အလယ်တွင်အသက်၂၀အရွယ်လူငယ်တစ်ယောက်ဟာ
မျက်လုံးတွေမှိတ်ကာမတ်တပ်ရပ်လျက်ရှိနေသည်။
သူရပ်နေသည့်ပုံစံမှာထူးဆန်းသည်။သစ်တုံးတစ်တုံးလိုတစ်လက်မလေးမျှမရွေ့ဘဲ
ထိုအတိုင်းရပ်နေခြင်းသာဖြစ်သည်။
“ဒေါက်ဒေါက်ဒေါက်”
ထိုအချိန်တွင်တံခါးခေါက်သံတိုးတိုးထွက်ပေါ်လာသည်။တစ်ချိန်ထဲတွင်
မှိတ်ထားသောလူငယ်၏မျက်လုံးတွေသည်
ဖြေးညှင်းစွာပွင့်လာကာ
အမူအယာတစ်မျိုးပြောင်းသွားသည်။
တံခါးဘက်လှည့်ကြည့်ကာသူအော်မေးလိုက်သည်.“ဘယ်သူလဲ”
“သခင်လေးကျွန်တော်ပါ။လျှိုယွန်ပါ” တံခါးအပြင်ဘက်မှအသံထွက်လာသည်။“ဝင်ခဲ့”
သူပြောလိုက်သည်။တံခါးပွင့်သွားကာ
ဂျင်ချန်ထံမှအရိုက်ခံခဲ့ရသောကျောင်းသားလေးယောက် ထဲမှအသက်၂၀အရွယ်လျှိုယွန်ထွက်ပေါ်လာလေသည်။ လျှိုယွန်ကအခန်းတွင်းမှလူငယ်အား
မျက်လုံးချင်းကြာကြာမစုံရဲဘဲ
တုန်လှုပ်သည့်အမူအယာနှင့်သာတစ်ချက်
တစ်ချက်ကြည့်နေလေသည်။ဤအပြုအမူကားသိပ်ထူးဆန်းသည်တော့မဟုတ်။
အခန်းတွင်းးမှလူငယ်၏ရပ်နေပုံကိုမြင်တာတောင်မှ
သူအတွက်အထူးအဆန်းမဖြစ်သွားးချေ။ထိုပုံစံက
လျှိုကလန်၏ကျင့်ကြံခြင်းနည်းဖြစ်နေသောကြောင့်ပေ။ထျန်ယွမ်တိုက်ကြီးထဲတွင်
လေ့ကျင့်ခြင်းနည်းလမ်းများစွာရှိသည်။
ထိုအများကြီးထဲမှအချို့ဟာ
တရားထိုင်ကာလေ့ကျင့်ရသည့်နည်းတွေဖြစ်ပြီး
လူနည်းစုသာထူးဆန်းသောပုံစံတွေဖြင့်လေ့ကျင့်နိုင်ကြတာဖြစ်တယ်။လျှိုကလန်တွင်လည်းထိုကဲ့သိုပေ။
သူတိုကလန်မှာလေ့ကျင့်ရာတွင်ပုံသေပုံစံတစ်ခုရှိလေတယ်။
လျှိုယွန်ဟာထိုလူငယ်ထံသိုလျှောက်သွားကာတရိုတသေပြောသည်။
“ဆရာသခင်လေးလွန်ခဲ့တဲ့ရက်ကနာမည်ကြီးနေတဲ့ ချင်းယန်ရှင်းတန်ကိုကျွန်တော့်ကိုရှာခိုင်းခဲ့တယ်။ကျွန်တော်ခုနကရှာတွေ့ခဲ့ပါပြီ”
လျှိုယွန်ကကလန်ထဲတွင်အရာရောက်သော်လည်းထိုလူငယ်ရှေ့တွင်တော့မရိုမသေမလုပ်ရဲပေ။
ထိုလူငယ်မှာ လျှိုချင်းဟုခေါ်သော
ကလန်ခေါင်းဆောင်၏ပထမသားဖြစ်သောကြောင့်ပေ။
ကလန်ခေါင်းဆောင်၏နှစ်သက်ခြင်းကိုခံရသူဖြစကာ
အနာဂတ်တွင်
ကလန်၏အရေးပါဆုံးနေရာကိုရောက်လာနိုင်သူပင်ဖြစ်သည်။ထိုကြောင့်လျှိုယွန်လျှိုချင်းအား
သူကိုမနှစ်သက်အောင်မလုပ်နိုင်ပေ။
“ချင်းယန်ရှင်းတန်ကိုရှာတွေ့လာတယ်”
ထိုစကားကိုကြားတော့လျှိုချင်း၏မျက်နှာဟာ
တောက်ပသွားပြီးသူယခုမှ
လျှိုယွန်၏ဖြူဖတ်နေသည့်မျက်နှာကို
သတိပြုမိတော့သည်။လျှိုချင်းသူ့အကြည့်တွေကို လျှိုယွန်၏ရင်ဘတ်ကိုပို့လိုက်သည့်အခါ
ခြေဖဝါးရာကြီးကိုတွေ့လိုက်ရသည်။
စိတ်ပျက်သည့်အသံနှင့်သူပြောလိုက်သည်။
“ကြည့်ရတာမင်းအခြေအနေမကောင်းခဲ့ပုံပဲ။ချင်းယန်ရှင်းတန်ကမင်းကိုဒုက္ခပေးလိုက်တာလား”
လျှိုယွန်မျက်နျာမှာဒေါသတွေဖြင့်ပြည့်နှက်လာကာသူပြောသည်။
“သခင်လေးပြောတာအမှန်ပါပဲ။ချင်းယန်ရှင်းတန်ကိုကျွန်တော်တွေ့တော့
သခင်လေးကတွေ့ချင်နေတဲ့အကြောင်းပြောလိုက်ပါတ
ယ်။ဒါပေမယ့်ချင်းယန်ရှင်းတန်ကဂရုမစိုက်ဘဲ
အထင်သေးတဲ့အပြုအမူကိုသာလက်ခံလိုက်ရတယ်။အဲ့ဒါတင်မဟုတ်သေးဘူး
သူကတကယ်ကိုရိုင်းစိုင်းပြီးတော့သခင်လေးကိုလုံးကိုဂရုမစိုက်ဘူး။သူပြောတယ်သူပြောတာက
သခင်လေးကသခင်လေးက….”
လျှိုယွန်ကဆက်မပြောဘဲတုံဆိုင်းနေသည်။လျှိုချင်းမျက်မှောင်ကျုံကာပြောသည်။
“ပြောစရာရှိတာပြောစမ်း။ချင်းယန်ရှင်းတန်က ငါ့ကိုဘာပြောလဲ”
လျှိုယွန်၏မျက်လုံးတွေတောက်ပသွားကာ
တစ်ခဏမျှဟန်ဆောင်တုံဆိုင်းပြလိုက်သေးသည်။အလွန်အမင်းမခံမရပ်နိုင်ဖြစ်နေသည့်အမူအယာဖြင့်ငိုတော့မည့်ဟန်ဖြင့်ပြောသည်။
“ချင်းယန်ရှင်းတန်ကသခင်လေးရှိတဲ့ဘက်-
ျီးလှည့်ပေါက်ဖိုတောင်မတန်ဘူးတဲ့။
သူဖိနပ်ကိုကိုင်ပေးဖို့တောင်မဖြစ်နိုင်ဘူးလိုပြောပါတယ်” “နေဦး။“
လျှိုချင်း၏မျက်နှာမှာဒေါသကြောင့်နီမြန်းလာသည်။လျှိုကလန်ကထျန်ယွမ်တိုက်ကြီးကို
ကိုင်လှုပ်နိုင်သည်အထိသြဇာမရှိပေမယ့်Gesun
တိုင်းပြည်မှာတော့အာဏာရှိကလန်အဖြစ်လွန်ခဲ့တဲ့
နှစ်၂၀၀ကတည်းကရပ်တည်လာခဲ့တာဖြစ်သည်။Gesunတိုင်းပြည်မှာအာဏာဖြင့်ဖိနှိပ်နိုင်သည့်ကလန်မှာ လက်တစ်ဖက်စာမျှသာရှိသည်။
လျှိုကလန်အောင်မြင်လာသည့်အခါမှာ
လျှိုချင်းဟာလည်းတိုင်းပြည်က
အိမ်ရှေကမင်းသားနှင့်မင်းသမီးတိုဖြင့်တစ်နေရာထဲတွင်ခြေချနိုင်သည့်
မြင့်မားသောအဆင့်အတန်းရှိလာပြီဖြစ်သည်။
ခါဂဲအကယ်ဒမီကလူသိပ်မသိသေးတဲ့လူသစ်လေးကသူကိုစော်ကားရဲမယ်လို့သူမတွေးမိဖူးဘူး။
သူဘဝတစ်လျှောက်လုံးမှာဘယ်သူကမှသူကိုအခုလိုမစော်ကားခဲ့ဖူးဘူး။
လျှိုချင်းလျှိုယွန်အားအေးစက်သည့်အသံဖြင့်မေးသည်။“သူတကယ်အဲ့လိုပြောတာလား”ထိုလေသံထဲတွင်
ဒေါသတွေယှက်နေ၏။
လျှိုချင်း၏အမူအယာကိုမြင်တော့လျှိုယွန်
လျှို့ဝှက်စွာသက်မချသည်။သူချက်ချင်းပြန်ဖြေသည်။
“ဟုတ်တယ်သခင်လေး။လျှိုယွန်ပြောတာ
အမှန်တွေပါပဲ။ကျွန်တော်မလိမ်ရဲပါဘူး။ချင်းယန်ရှင်းတန်ကိုကမောက်မာလွန်းတာပါ။သူက
သခင်လေးကိုလေးလေးစားစားမရှိတဲ့အပြင်
ရိုင်းရိုင်းစိုင်းစိုင်းတွေပြောခဲ့သေးတယ်။
သူကိုသင်ခန်းစာမပေးဘူးဆိုရင်အကယ်ဒမီမာ
မျက်နှာပြဖို့ရှိမှာမဟုတ်တော့ဘူး” လျှိုယွန်ပြောနေလေ
လျှိုချင်းဒေါသထွက်လာလေလေပင်။သူမတ်မတ်ရပ်ကာ
ပြောသည်။
“ချင်းယန်ရှင်းတန်ဘယ်မှာလဲ။ဒီကောင်က
ငါ့ကိုအထင်သေးရဲမှတော့သူဘယ်လောက်သန်မာလဲငါကြည့်ရမှာပေါ့။ငါ့ကိုအဲ့ကောင်ဆီခေါ်သွား”
“ဟုတ်ကဲ့။ခေါ်သွားရမှာပေါ့။ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကလိုက်ခဲ့ပါသခင်လေး”