Switch Mode

Chapter – 29

Chapter – 29

“ဘုန်း”
နှဖူးကိုအထိုးခံလိုက်ရသည့်ကျောင်းသားမှာ
မြေပြင်ပေါ်ပစ်လဲကျသွား၏။တစ်ချိန်တည်းမှာပဲ
ဂျင်ချန်ညာခြေဟာအခြားတစ်ယောက်ရဲ့ရင်ဘတ်ကို ကန်ထည့်လိုက်ပြန်သည်။
အရှေ့ကအဖြစ်တွေကြောင့်ထိုသူမှာပြင်ဆင်ထားခဲ့ပြီးသ
ားမို့ဂျင်ချန်ရဲ့ကန်ချက်ကထိုကျောင်းသားကို
ခြေလှမ်းအနည်းငယ်သာနောက်ဆုတ်သွားစေသည်။သူသူကိုယ်သူပြန်စစ်ဆေးလိုက်သည်
ဒဏ်ရာပြင်းမပြင်း…
သူအသားအရည်ဟာချက်ချင်းဖြူဖျော့သွားခြဲ့ပီး ဂျင်ချန်ကန်ချက်က
သူအတွင်းအင်္ဂါကိုထိခိုက်စေသွားကြောင်းသိလိုက်ရသည်။သူတော်စင်စွမ်းအားတွေက

ဂျင်ချန်ခြေထောက်ကနေစီးသွားပြီးအတွင်းအင်္ဂါတွေကို
ထိခိုက်စေခဲ့ခြင်းသာဖြစ်သည်။
ထိုကျောင်းသားမှာအံ့အားနေစဉ်ပဲရှိသေးသည်။ဂျင်ချန်ကားနောက်ခြေထောက်တစ်ဖက်ဖြင့်ကန်ထုတ်လာပြန်၏။ယခုအခါတွင်တော့
များစွာမြန်ဆန်ကာထိုကျောင်းသားမှာရှောင်ချိန်ပင်မရှိ။
ပထမအကြိမ်ကထက် ပိုတိကျကာအကန်ခံရပြီးသားနေရာကိုသာ
ထပ်မံကန်ထုတ်လိုက်သဖြင့်ထိုကျောင်းသားခမျာ
လေထဲလွင့်ပျံသွားရသည်။
ပန်းချီဆရာဆေးရေးခြယ်လိုက်သလိုထိုကျောင်းသားသည်
သစ်ရွက်များဝေဆာနေသောသစ်ပင်များကိုလိပ်ပြာသဖွ ယ်ဖြတ်ပြီးမှမြေပြင်သိုကျသည်။
အကန်ခံရပြီးသားနေရာအား
ဒုတိယအကြိမ်အကန်ခံရပြန်သည့်အခါ
အခြေအနေကားမကောင်းဟုပြော၍ရသည်။ဂျင်ချန်ရဲ့ဒုတိယန်ချက်က
သူရင်ဘတ်ကိုထိသွားသည့်အချိန်တွင်
သူမှာသူတော်စင်အဆင့်၁၀စွမ်းအားတွေရှိတာတောင်မှ

သူအတွင်းအင်္ဂါတွေပျက်စီးသွားသလိုခံစားခဲ့ရသည်။
သေနိုင်လောက်သည့်အတွင်းအင်္ဂါတွေမှ
ပြင်းပြင်းထန်ထန်နာကျင်မှုကိုခံစားရသည့်အခါသူမျက်နှာမှာဖြူစုတ်သွား၏။ချီတွေမှာလည်း ဟန်ထားခံထားရသလိုဖြစ်ကာ
သူကိုအသက်ရှူရပင်ခက်ခဲလာစေသည်။
သူမတ်တပ်ထမရပ်နိုင်တော့…
သူနှင့်တန်းတူစွမ်းအားရှိတဲ့အပေါင်းအဖော်နှစ်ယောက်ကိုဂျင်ချန်ကအေးအေးသက်သာဖြင့်
လှဲသိပ်နိုင်ခဲ့သည်ကိုတွေ့ရတော့
ကျန်သည့်တစ်ယောက်၏မျက်နှာမှာမကောင်းတော့ပေ။ထိကျောင်းသားအမြန်ပင်နောက်လှည့်ပြေးပေမယ့်
ဂျင်ချန်ကလှုပ်ရှုားမှုတွေကာရပ်လိုက်သည်နှင့်တစ်ပြိုင်နက်ထိုကျောင်းသား၏ခြေထောက်တွေကို
မြေကြီးကဆွဲထားသလိုသူရွေ့၍မရတော့။
ထိုကျောင်းသားမှာရှေ့ဆက်မသွားနိုင်တော့ပေ။
ဂျင်ချန်အားကြောက်ရွံ့စွာကြည့်နေ၏။မူလရှိနေသော ထီမထင်ခြင်းများကိုယခုအချိန်တွင်အရိပ်အယောင်ပင် မမြင်ရတော့။

ဂျင်ချန်
ထိုကျောင်းသားအားခပ်အေးအေးလှည့်ကြည့်လိုက်စဉ်တွင်သူနှုတ်ခမ်းထောင့်စွန်းတွေကော့ညွတ်နေခဲ့သည်။
ဘာစကားတစ်ခွန်ဒမှမဆိုဘဲစာကြည့်တိုက်ကိုသာထွက်ခွာသွားတော့သည်။
ဂျင်ချန်ထွက်သွားပြီးတဲ့အခါ
ဂျင်ချန်လက်ချက်ဖြင့်မြေပြင်ထက်လှဲနေရသည့်
ကျောင်းသားနှစ်ယောက်မှာ
လေးဘက်ထောက်ကာမနည်းအားယူပြီး
ယိုင်နဲနဲထရပ်လိုက်ကြသည်။ဂျင်ချန်ကျောပြင်ကိုလည်း မုန်းတိးစွာစိုက်ကြည့်လျက်ရှိသေး၏။
ထိုထဲမှတစ်ယောက်ကစကားစသည်။“အဲ့ကောင်ကဘယ်သူလဲ။
ငါတိုထက်အရမ်းအစွမ်းထက်နေတယ်။အဲ့ကောင်ကတကယ်ပဲကျောင်းသားသစ်လား။ဒီလိုဆို
ဘာလိုအဲ့လောက်သန်မာနေရတာလဲ”
“သူငါတိုကိုရန်စရဲမှတော့သူဘယ်သူဆိုတာဂရုစိုက်နေစရာလိုတော့လို့လား။ငါတော့
ဒီကောင့်ကိုလုံးဝခွင့်မလွှတ်ဘူး”

ဒေါသတွေပြည့်နေသည့်အသံဖျော့ဖျော့ဖြင့်
အခြားတစ်ယောက်ကပြောသည်။ထိုသူဟာ
ဂျင်ချန်ကြောင့်နှစ်ကြိမ်အကန်ခံရပြီးမြေပြင်မှာလဲနေရသူဖြစ်သည်။သူ့အတွင်းအင်္ဂါတွေက
သေလုအောင်နာကျင်နေပြီဖြစ်သည်။သူက
ဂျင်ချန်ထက်စွမ်းအားမြင့်ပေမယ့်
ယခုနာကျင်မှုကိုတောင့်ခံနိုင်စွမ်းမရှိပေ။
ချက်ချင်းမတ်မတ်ရပ်နေနိုင်တဲ့ကျောင်းသားဟာအခြားနှစ်ယောက်ဆီကိုသွားလိုက်သည်။
ဂျင်ချန်၏နှစ်ကြိမ်ကန်ခံရထားသည့်ကျောင်းသားကိုမေး သည်။
“လျှိုယွန်မင်းအဆင်ပြေလား”
လျှိုယွန်ကခေါင်းငြိမ့်ကာအသံဖျော့ဖျော့ဖြင့်ပြောသည်။ “အင်းငါဘာမှမဖြစ်ဘူး
ရက်နည်းနည်းလောက်လေ့ကျင့်လိုက်ရင်
ပြန်ကောင်းသွားမှာ”
အခြားဒဏ်ရာရကျောင်းသားတစ်ယောက်ထံလှည့်ကာပြောလိုက်သည်။
“ကာရယ်လ်
မင်းကငါတိုထဲမှာစုံစမ်းရေးကောင်းတဲ့ကောင်ပဲဟာ

အဲ့တကောင့်သားနာမည်ကိုအမြန်စုံစမ်းစမ်းပါ
ဒါမှငါတို့ဆရာချန်းကိုပြောပြီး သူကိုကျောင်းထုတ်ခိုင်းလို့ရမှာ”
သူသူငယ်ချင်း၏စကားကိုကြားတော့ ကာရယ်လ်ကမတုန်ပြန်ခင်
စက္ကန်အနည်းငယ်မျှငြိမ်နေသေးသည်။
“စုံစမ်းစရာမလိုဘူးလို့ငါထင်တယ်။အဲ့ကောင်က ငါသိတဲ့လူဖြစ်မယ်ထင်တယ်”
အခြားနှစ်ယောက်မှာ
ကာရယ်လ်အားမော့ကြည့်လာသည်။“သူကဘယ်သူလဲ”
“ဒီနှစ်လူသစ်ပြိုင်ပွဲမှာသန်မာတဲ့လူသစ်အချို့ရှိတယ်။ အဲ့ဒိထဲမှာမှသူတော်စင်အဆင့်ရောက်နေတဲ့
ကဒီယန်ကိုအနိုင်ယူလိုက်တဲ့
အဆင့်၈ကျောင်းသားတစ်ယောက်ပါတယ်”ကာရယ်လ်မျက်နှာဟာမည်းလာနေသည်။
အခြားနှစ်ယောက်၏မျက်နှာအမူအယာတွေလည်းပြောင်း ကုန်သည်။
“အဲ့ကောင်က ချင်းယန် ရှင်းတန်ပေါ့”ကာရယ်လ်ခေါင်းငြိမ့်သည်။

“သူပဲဖြစ်နိုင်တယ်။လူသစ်တွေထဲမှာဆိုချင်းယန်
ရှင်းတန်ကသာငါ့ကိုနိုင်နိုင်တာ။သူသာချင်းယန်
ရှင်းတန်ဆိုငါတိုကသူပြိုင်ဘက်မဖြစ်နိုင်ဘူး။ကဒီယန်က သူတော်စင်လက်နက်မသံ့ုးခဲ့ပေမယ့်ချင်းယန်
ရှင်းတန်ကတော်တော်သန်မာနေသေးတာပဲ”“ဟမ့်သူကချင်းယန်ရှင်းတန်ဖြစ်တော့ရော ဘာအရေးလဲ။သူကငါ့လမ်းမှာလာရှုပ်ရဲမှတော့ဒီကောင့်ကိုခွင့်လွတ်ပေးလို့မရဘူး”
ပထမဆုံးတိုက်ခိုက်ခံရသည့်တစ်ယောက်ကပြောသည်။လျှိုယွန်၏မျက်နှာတွင်
အထင်သေးသည့်အမူအယာပြောင်းသွားကာသူကပြောသည်။
“ဟုတ်တယ်။ငါတိုလျှိုကလန်ကသခင်လေးကချင်းယန်ရှင်းတန်အကြောင်းမေးနေတာ။အဲ့ကောင်က
ဒီ၃ရက်မှာပျောက်နေတော့ငါတိုဘာမှလုပ်မရတာ။အခုဒီကောင်ရှိနေတဲ့နေရာကိုသိပြီ”
“လျှိုယွန်မင်းတိုကလန်ကသခင်လေးကိုသွားရှာတော့။ ငါနဲချန်ဖုန်းကဆရာချန်းကိုရှာလိုက်မယ်။ငါချင်းယန်ရှင်းတန်ကိုဆရာချန်းနဲယှဉ်ခိုင်းပြီးဒုက္ခပေးရမယ်”

“ကောင်းပြီ။ငါတိုလုပ်သင့်တာတွေလုပ်တာပေါ့။
ဒါပေမယ့်ချင်းယန်
ရှင်းတန်ကိုစောင့်ကြည့်ဖို့တစ်ယောက်တော့ ထားခဲ့မှဖြစ်မယ်။ကျောင်းကအရမ်းကြီးတယ် ဒီကောင်ပုန်းနေမယ်ဆိုရင်ရှာဖိုမလွယ်ဘူး” ကာရယ်လ်ခေါင်းငြိမ့်ကာ
သူနောက်ကသူငယ်ချင်းကိုလှည့်ကြည့်ကာပြောသည်။ “ချန်ဖုန်းမင်းဒီမှာနေပြီးချင်းယန်
ရှင်းတန်ကိုစောင့်ကြည့်နေ”“ရတယ်လေ”
ချန်ဖုန်းကချက်ချင်းခေါင်းငြိမ့်သည်။
ဖြေးညှင်းစွာထကာ
ချန်ဖုန်းကဂျင်ချန်ကိုစောင့်ကြည့်ဖိုထွက်သွားပြီး ကျန်လူတွေမှာအချင်းချင်းတွဲထူကာ
အသီးသီးထွက်ခွာသွားကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset