Chapter – 28
နေကားထိန်ထိန်လင်းလာချိန်တွင်ဂျင်ချန်ကား
လေ့ကျင့်ရေးကွင်းကိုဖြတ်ကာပြန်နေပြီဖြစ်သည်။
လေ့ကျင့်ရေးကွင်းထဲတွင်
ကျောင်းသား၊ကျောင်းသူအချို့ရှိနေသည်။ထိုလူတွေထံ အကြည့်တစ်ချက်ပိုပြီးသည်နှင့်
စာကြည့်တိုက်သွားဖကိုသာသူအာရုံစိုက်လိုက်သည်။
လွန်ခဲ့တဲ၃ရက်မှာတုန်းက
သူလေ့ကျင့်ခြင်းကိုသာအာရုံစိုက်နေခဲ့တာမို့
စာကြည့်တိုက်သိုသွားချိန်မရခဲ့။သူမျက်လုံးထဲမှာတော့စာသင်ခန်းတွေကစာကြည့်တိုက်လောက်
မဆွဲဆောင်နိုင်ပေ။
ဆရာတွေသင်ကြားသည်ကိုနားထောင်ရတဲ့အခါဂျင်ချန်အတွက်မည်သည်ကိုမှ
စိတ်ဝင်စားဖွယ်ရာရှာမရပေ။သူအတွက်တော့ဤသည်က
သက်သက်မယ့်အချိန်ဖြုန်းသည်သာဖြစ်နေသည်။
ဆရာတွေကသူသိချင်တာတွေကိုသင်ကြားမပေးနိုင်ဘူး
ဒါပေမယ့်စာကြည့်တိုက်ကတော့လုပ်နိုင်သည်။
ထျန်ယွမ်တိုက်ကြီးထဲကအကြောင်းရာတိုင်းကို
စာကြည့်တိုက်ထဲတွင်မှတ်တမ်းတင်ထားသည်ကိုး…….
“ဟေ့ကြည့်စမ်းအဲ့ဒါချင်းယန်ရှင်းတန်မဟုတ်လား။
ငါကြားတာတော့သူကအဆင့်၈ပဲရှိသေးပေမယ့်
သူတော်စင်တစ်ယောက်ကိုနိုင်သွားတာဆို”
“အဲ့ဒါသူပဲအဲ့ဒါသူပဲ။ငါကွာအဲ့ဒိအချိန်ကရှိနေပါလျက်နဲချင်းယန်ရှင်းတန်ဘယ်လိုတိုက်ခိုက်လိုက်မှန်းကို
မသိလိုက်ဘူး။ဘယ်လောက်အသုံးမကျတဲ့ငါလဲ”
လေ့ကျင့်ရေးကွင်းထဲကကျောင်းသားနှစ်ယောက်ကအဝေးမှဂျင်ချန်အား
လက်ညိုးထိုးကာပြောနေကြသည်။သူတို၏အကြည့်တွေ ထဲတွင်လေးစားဟန်တွေအပြည့်ပင်။
“ဝိုး…ချင်းယန်ရှင်းတန်ကအရမ်းသန်မာပြီးအရမ်းလည်းမိုက်တာပဲ။ကဒီယန်လို
သူတော်စင်အဆင့်ကိုတောင်အနိုင်ယူနိုင်ခဲ့တယ်။သူကငါ့အသည်းကြော်ပဲ”
ပထမနှစ်ကအဆင့်နိမ့်မြင့်မြတ်သောမိသားစုမှ
ကျောင်းသူလေးဟာ
အော်ငိုတော့မတတ်ကြည့်ကာပြောသည်။
သူမမျက်လုံးထဲတွင်ဂျင်ချန်ဟာသိပ်တောက်ပနေ၏။
လေ့ကျင့်ရေးကွင်းထဲသို့
လူတွေတဖြည်းဖြည်းများလာနေသည်။ဂျင်ချန်
ကွင်းထဲကဖြတ်သွားသောအခါလူအတော်များများသူကို သတိထားမိသည်ချည်း…. လွန်ခဲ့တဲ့ရက်က ကဒီယန်ကိုသူနိုင်လိုက်သည့်သတင်းသည်
ယခုအချိန်ထိပျံ့နှံ့နေဆဲဖြစ်ကာ ဆရာတွေနားထဲရောက်သွားကာ
ပြန်လည်ပြောဆိုကြသည်အထိဖြစ်ခဲ့သည်ပေ။
ဂျင်ချန် လေ့ကျင့်ရေးကွင်းကိုဖြတ်ကာစာကြ့ည့်တိုက်သိုသွားရန်အတွက်
အရိပ်၇သည့်လမ်းအားရွေးလိုက်သည်။အကြောင်းမှာ ဒီအချိန်စာကြည့်တိုက်တွင်လူသိပ်မများတတ်သလိုဤနေရာကားအေးချမ်းကာတိတ်ဆိတ်လှသည်မို့ပေ။
မြင်ကွင်းထဲမည်သူတစ်ဦးတစ်ယောက်မှမရှိဘဲရှင်းလင်းနေချိန်မို့ဂျင်ချန်ရှုခင်းတွေအား အာရုံစိုက်နေလိုက်ဖြစ်သည်။
သစ်ရွက်များစွာကြွေကျနေသံတွေနှင့်
လေတိုးသံတွေဟာသူစိတ်ကိုငြိမ့်ငြောင်းစေသည်။
ထိုအချိန်တွင်လူအချို့၏အရိပ်တွေသည့် ဂျင်ချန်ရှေ့တွင်ပေါ်လာခဲ့သည်။
ဘေးပတ်ဝန်းကျင်ကိုကြည့်ကာအချင်းချင်းရယ်မောကာ စကားပြောကာလျှောက်လာနေသော
လူလေးယောက်အဖွဲ့ဖြစ်သည်။
ရိုးရိုးအကြည့်တစ်ချက်ပေးလိုက်ရုံဖြင့်
ထိုသူတွေအားကျောင်းသားတွေဟုပြောနိုင်သည်မှာ ခါဂဲအကယ်ဒမီကျောင်းဝတ်စုံကို
ဝတ်ထားသောကြောင့်ဖြစ်သည်။
သူရှေ့ကအဖွဲ့ကိုဂျင်ချန်အာရုံစိုက်မနေဘဲ
ဖြတ်ကာကျော်သွားမည်ပြုလိုက်သည်။ သိုပေမယ့်ထိုသူတွေဘေးမှဂျင်ချန်ဖြတ်သွားမည်အပြုမှာ
စကားပြောသံတွေဟာရပ်သွားကာ
သူဘေးကိုထိုလူတွေရောက်လာလေသည်။
ရပ်တန်လိုက်ကာဂျင်ချန်
ထိုကျောင်းသားတွေအားကြည့်လိုက်တော့
ထိုသူတွေဟာစီနီယာတွေဖြစ်ကြောင်း
သတိပြုမိလိုက်သည်။အေးစက်စက်အပြုံးကိုပြကာ သူမေးလိုက်သည်။
“စီနိယာအကိုတို့ဒါဘာသဘောများလဲ”
ကျောင်းသားလေးယောက်ဟာခပ်မတ်မတ်ရပ်ကာ ယုံကြည်မှုရှိစွာဖြင့် ဂျင်ချန်အားဝိုင်းကာရပ်လိုက်သည်။ထိုနောက်တစ်ယောက်ကပြောသည်။
“ကောင်လေး။ငါမင်းကိုမမြင်ဖူးဘူးမင်းကလူသစ်ဖြစ်ရမယ်”
ဘာအမူအယာမှမပြဘဲ
သူမျက်နှာတည့်တည့်အားကြည့်ကာပြောလာသူကို
စိုက်ကြည့်လိုက်သည်။အပြုံးဖျော့ဖျော့ဖြင့်ပြန်ဖြေသည်။
“ဟုတ်ပါတယ်။ဒီကကျွန်တာ်က
လူသစ်လေးပါ။စီနီယာတို့ကလူသစ်လေးကို
ဘာလုပ်ချင်လိုလဲ”
ဒီစကားတွေကိုကြားတော့စီနီယာတွေကတခစ်ခစ်ရယ်သည်။
“မင်းဒီခါဂဲအကယ်ဒမီမှာအသက်ရှည်ရှည်နေချင်ရင် မင်းကိုကာကွယ်ပေးဖို့ငါတို့လိုလူတွေလိုတယ်ကွ။ ဒါပေမယ့်မင်းငါတိုအကူအညီလိုရင်တော့
တစ်ခုခုတော့ပြန်ပေးရမယ်။
မင်းကလူသစ်လေးပဲဆိုတော့ငါတိုကိုpurple
coin၁၀ပြားပဲပေးတော့။ဘယ်လိုလဲသဘောတူလား”
ထိုကျောင်းသား၏မျက်နှာတွင်
ယုံကြည်မှုအပြည့်ပင်ဖြစ်သည်။သူစိတ်ထဲမှနေ
ဂျင်ချန်ကိုဝေဖန်ပိုင်းခြားပြီးသား။
ဒီကောင်လေးကခန္ဓာကိုယ်ကပိန်ပိန်ပါးပါးနဲသူထက်အမျ
ားကြီးအားနည်းမည့်ပုံ။
အကယ်၍ပြိုင်ဘက်ကအင်အားကြီးနေလျှင်လည်း သူတိုတစ်ဖက်လှည့်နှင့်လိမ်ထွက်ဖို့တွေးပြီးသား။ သိုပပေမယ့်ဂျင်ချန်က
အင်အားကြီးသည့်ကောင်နှင့်တော့မတူပေ။ထိုကြောင့် ဒီကောင်လေးခုခ့ခဲ့လျှင်လည်းအသုံးဝင်လိမ့်မည်မဟုတ်။
အကယ်၍
ဂျင်ချန်ကအာဏာရှိကျောင်းသားတစ်ယောက်ဆိုလျှင်တော့ဖြင့်သူတို့လုပ်ရဲမည်မဟုတ်။သိုပေမယ့်
ဒီကျောင်းမှာသူတိုကျင်လည်လာသည်မျာကြာလှပြီဖြစ်သည်။ထိုကြောင့်
အာဏာရှိကျောင်းသားတိုင်းကိုသူတိုသိ၏။ဒါကြောင့်သူတို့ဂျင်ချန်ကိုတွေ့တာ့လူသစ်ဖြစ်မှန်းနှင့်
မြတ်မြတ်သောမျိုးနွယ်စုမှဖြစ်ကြောင်း
တန်းသိလိုက်သည်သာ….ဒါကြောင့်လည်းသူတို့ဂျင်ချန်ကို
ခြိမ်းခြော်ကာငွေတောင်းရဲသည်ပဲဖြစ်သည်။
ထိုသူပြောတာကြားတော့ဂျင်ချန်နှာခေါင်းရှုံ့လိုက်သည်။ သူကိုခြိမ်းခြောက်ပြီးငွေတောင်းရဲမယ်လို့
တစ်ခါမှမတွေးခဲ့ဖူးဘူး။
“စီနီယာကျွန်တော်တောင်းပန်ပါတယ်။စီနီယာတို့ရဲ့
ကမ်းလှမ်းချက်ကိုငြင်းရပါလိမ့်မယ်”
ဂျင်ချန်ငြင်းလိုက်သည်။သူတိုဘာမှမပြောသေးခင်
ကျောင်းသားတွေကိုဖြတ်ကာ
သူဆက်လျှောက်သွားလိုက်သည်။
ဂျင်ချန်အမူအယာကိုကြည့်ရင်းထိုကကျောင်းသားတွေတခဏမျှကြောင်အသွားကြသည်။
ယခုလိုအဖြစ်အပျက်မျိုးသူတိုမကြုံဖူးသလိုခန်မှန်းခဲ့ကြဖူးသည်မဟုတ်။
သူတို့နဲဝေးရာကိုလျှောက်သွားနေပြီဖြစ်တဲ့ဂျင်ချန်ကိုလှ ည့်ကြည့်လိုက်ဖြစ်သည်။သူတိုမျက်လုံးတွေထဲ
ဒေါသအရိပ်အယောင်တွေသန်းလာသည်။
ပခုံးကိုတွန်းတိုက်ခံလိုက်ရသည့်ကျောင်းသားက
ထအော်သည်။
“မေ–ိုးကောင်အဲ့နေရာမှာရပ်နေစမ်း”
ဂျင်ချန်အနားအပြေးသွားကာလမ်းပိတ်ရပ်လိုက်သည်။
အခြားသုံးယောက်မှာလည်းဂျင်ချန်ကိုဝိုင်းထား၏။
“မင်းကငါ့ကိုဆန်ကျင်ရဲတယ်။မင်းအသက် မရှင်ချင်တော့ဘူးလားဟမ်”
အစောကပြောတဲ့သူသာဆက်ပြောလျက်
ဂျင်ချန်ကိုပါးရိုက်ရန်သူလက်ဝါးကိုမြှောက်လိုက်၏။
သူမျက်နှာကိုရိုက်မည်ရွယ်လာသည့်လက်ကိုမြင်တော့ ဂျင်ချန်မျက်လုံးတွေထက်ရှုသွားသည်။
အေးစိမ့်မှုတွေဟာသူမျက်လုံးထဲအစားဝင်လာ၏။
တစ်ဖက်သား၏လက်သူထံမရောက်လာသေးချိန်တွင်သူညာလက်ဖြင့်လျင်မြန်စွာတားဆီးလိုက်သည်။ဂျင်ချန် သူခြေထောကိုသုံးကာ
ထိုကောင့်ရင်ဘတ်အားကန်ထုတ်လိုက်လေရာ
ထိုကျောင်းသားမှာမြေပြင်ပေါ်ပြန်မကျခင်ဟိုးအဝေးသိုလေထဲမှလွင့်သွားသေး၏။
အခြေအနေသည်တစ်မဟုတ်ချည်းတိတ်သွား၏။
ယခုလိုဖြစ်သွားမည်ဟုသူတိုလုံးဝမတွက်ဆထားမိခဲ့။
သူတိုလူဟာလက်တစ်ချက်ကြောင့်အဝေးကိုလွင့်သွားသည်တဲ့..
ချွေးစေးတချို့ပျံပြီးချိန်တွင်
သူတို့စိတ်သက်သာရကာရယ်မောလိုက်ကြသည်။ ဂျင်ချန်ခွန်အားကသာမန်မဟုတ်တာသိပေမယ့် သူတိုကလည်းသာမန်ပဲမဟုတ်ဘဲ။သူတို့က
ခါဂဲအကယ်ဒမီကနာမည်ကြိးကျောင်းသားတွေပဲလေ။သူတိုကကြောက်စရာလား။
ဂျင်ချန်ကအရမ်းသန်မာသည်ပဲထားပါဦး
သူတိုကလေးယောက်ပဲလေကြောက်စရာမလိုပါချေ။ဤသည်ပဲလည်းမဟုတ်သူတိုရဲ့နောက်ကွယ်မှာ
ကလန်ကြီးတွေကလည်းကာကွယ်ပေးထားသည်လေ။
ကျောင်းသားသုံးယောက်ဟာ
သူတို့ရဲ့သူတော်စင်စွမ်းအားတွေကို ထုတ်ဖော်လိုက်ကြသည်ကို
ဂျင်ချန်အထင်သေးစွာကြည့်လိုက်သည်။
ထိုကကျောင်းသားတွေတိုက်ခိုက်ဖိုပြင်လိုက်သည်မို
သူတော်စင်အဆင့်တွေပေါ်လာသည်မှာ
အဆင့်၁၀ဖြစ်ကြ၏။
ထိုသုံးယောက်၏လှုပ်ရှုားမှုတွေမှာ သိပ်မြန်သည်။ချက်ချင်းကိုဂျင်ချန်ရှေ့ရောက်လာ၏။
လျင်မြန်လှသည့်တိုက်ခိုက်မှုကိုဂျင်ချန်
ကိုယ်ကိုအသာကွေးညွတ်ကာရှောင်တိမ်းလိုက်သည်။
ထိုသုံးယောက်၏တိုက်ခိုက်မှုကပျက်သွားသည့်အပြင်ဂျင်ချန်ကကာကွယ်ချိန်မပေးဘဲ
အနားကတစ်ယောက်၏နှဖူးကိုလက်သီးဖြင့်ထိုးချလိုက်သည်ကို
မည်သူမျှတုံပြန်ချိန်ပင်မရလိုက်ချေ။