Switch Mode

Chapter – 27

Chapter – 27

မျက်တောင်တစ်ခတ်အတွင်းမှာ
အချိန်သုံးရက်ကုန်ဆုံးသွားလေသည်။
အခုအချိန်မှာဆိုလျှင်ဖြင့်ခါဂဲအကယ်ဒမီမှအားလုံးဟာ ဂျင်ချန်နှင့်ကဒီယန်၏တိုက်ပွဲအကြောင်းကို
သိရှိနေကြပြီးဖြစ်ရာ

လမ်းသထွက်ကာလမ်းလျှောက်မည်ဆိုလျှင်
ခြေသုံးလှမ်းမပြည့်သေးခင်လျှင်ပင်
ဂျင်ချန်တို့နာမည်အားအရင်းတည်ကာ
ပြောဆိုနေပုံတွေကိုကြားနိုင်သည်။
လွန်ခဲ့တဲ့သုံးရက်မှာဂျင်ချန်ဟာသူအကိုကြီးကို
မနက်တိုင်းလှိုဏ်ဂူတွင်တိုက်ပွဲနည်းပညာတွေကို သင်ကြားပေးသည်။ ကျန်သည့်အချိန်တွေမှာတော့ဂျင်ချန်သည်လေ့ကျင့်ခြင်းအမှုကိုသာပြု၏။
အဆင့်၃သားရဲအမြုတေကိုသုံးကာ
သူကျင့်စဉ်တိုးတက်လာစေရန်လည်းကြိုးစားသည်။သူကျင့်စဉ်တွေအလျင်အမြန်တိုးတက်ပြီး
သူတော်စင်အဆင့်ကိုအမြန်ရောက်ဖို့ကိုသာဂျင်ချန်စိတ်လောနေမိသည်။
ဂျင်ချန်သိချင်နေသည်ကသူတော်စင်လက်နက်တွေရဲ့ အသုံးဝင်နိုင်စွမ်းကိုရယ်ပါ။
စာအုပ်ထဲကသူလေ့လာရသလောက်ဆိုလျှင်သူတော်စင်လက်နက်သွန်းလုပ်ချင်လျှင်
သူတော်စင်စွမ်းအားတွေအကုန်အသုံးပြုရမည်။ထိုတစ်ခဏမှာတော့ သူတော်စင်လက်နက်ကသူတော်စင်စွမ်းအားသက်သက်ပဲရှိလိမ့်မည်။

သူတော်စင်လက်နက်ကိုထုတ်မသုံးသေးသ၍
ထိုသည်ကသူတော်စင်စွမ်းအားကိုသာထုတ်လွှတ်နိုင်သည်။
သူတော်စင်လက်နက်ထုတ်သုံးလိုက်လျှင်တော့
နဂိုသူတော်စင်စွမ်းအားထက်အဆများစွာတိုးတက်ကာ
အင်အားကြီးသွားပေလိမ့်မည်။
သူတော်စင်လက်နက်ဆိုသည်မှာ
သူတော်စင်၏အရာအားလုံးပဲဖြစ်သည်။အကယ်၍သူတော်စင်လက်နက်ပျက်စီးသွားမည်ဆိုလျှင်
ထိုသူ၏ကျင့်စဉ်တွေနှင့်
စွမ်းအားတွေအားလုံးဆုံးရှုံးရပေလိမ့်မည်။ပြင်းထန်လျှင်
ပြင်းထန်သလောက်အသက်ပါသေနိုင်စေသည်အထိသူတော်စင်လက်နက်ကားအရေးပါလှသည်။သိုပေမယ့်သူတော်စင်လက်နက်မှာလည်း
အလွယ်တကူပျက်စီးလွယ်သောအရာမဟုတ်ပေ။တစ်ဖက်ပြိုင်ဘက်မှာအဆများစွာ
အင်မတန်ကိုစွမ်းအားကြီးမားနေမှသာ
သူတော်စင်လက်နက်ကိုပျက်စီးအောင်လုပ်နိုင်ပေလိမ့်မည်။

နောက်တစ်နေမနက်ဂျင်ချန်နိုးလာချိန်တွင်
ယမန်နေ့ညကလေ့ကျင့်ခဲ့သည်ကို
ပြန်တွေးကြည့်နေလိုက်သည်။ကုန်လွန်ခဲ့သည့်သုံးရက်အတွင်း
သူလေ့ကျင့်ခဲ့ခြင်းရလဒ်ကသူမကြာခင်
သူတော်စင်အဆင့်၉ရောက်တော့မည်ဟု
ခံစားမိနေခြင်းပင်ဖြစ်သည်။သူနောက်ထပ်မကြာခင်မှာသူတော်စင်အဆင့်၁၀ကိုရောက်ရှိသွားပြီး
သူတော်စင်တစ်ယောက်ဖြစ်လာလိမ့်မည်။အိပ်ယာမှထပြီးအဝတ်အစားအမြန်လဲကာဂျင်ချန်အခန်းထဲမှအမြန်ထွက်လိုက်သည်။
ကောင်းကင်ကမှောင်မဲနေဆဲရှိသေးကာ
ကျောင်းသားတွေမှာအိပ်နေတဲ့သူတွေကအိပ်၊
လေ့ကျင့်နေဆဲသူတွေကလေ့ကျင့်လျက်ရှိကြသည်။
လေ့ကျင့်ရေးကွင်းထဲမှာမည်သူမျှမရှိဘဲ
ရှင်းလင်းကာနေသည်။လူအနည်းငယ်သာ
လေ့ကျင့်ဖို့အတွက်အိပ်ယာမှထကာ
သွားလာနေကြသည်ကိုသူတွေ့ရသည်။
လေ့ကျင့်ရေးကွင်းကိုဖြတ်ပြီး လှိုဏ်ဂူကိုဦးတည်လိုက်သည်။လွန်ခဲ့တဲ့ရက်ကစလို့

မနက်အစောစောအချိန်အနည်းငယ်ပေးကာ
ဂျင်ချန်သူ့အကိုကြီးကိုတိုက်ခိုက်ရေးပညာရပ်၏
နည်းနာနိဿယတွေသင်ပေးခဲ့သည်။ယခင်ဘဝတွင်ဂျင်ချန်သည်
ပညာရပ်အတော်များများကိုသင်ကြားဖူးကာ
အသေသတ်ပွဲတွေလည်းနွှဲခဲ့ဖူးတာမို့
သူတိုက်ပွဲအတွေ့အကြုံကအတော်ကောင်းသည်။ ခါဂဲအကယ်ဒမီကဆရာတွေကိုပင်
သူကပြန်သင်ကြားပေးနိုင်သည့်အရည်အချင်းရှိသည်။ ဂျင်ချန်လှိုဏ်ဂူကိုရောက်သည့်အခါသူအကိုကြီးကသစ်ပင်ငုတ်တိုပေါ်တက်ခိုက်ကာနေနျင့်သည်ကို
တွေ့ရသည်။ချင်းယန်ဟူဟာပျင်းရိငြီးငွေ့စွာနှင့် ပတ်ဝန်းကျင်ကိုမျက်စိကစားနေရင်း
ခပ်လျော့လျော့ထိုင်နေသည်။
ဂျင်ချန်ရောက်လာသည်ကိုမြင်တော့
ချင်းယန်ဟူ့မျက်နှာမှာရွှင်ပသွားကာသစ်ပင်ပေါ်မှ ခုန်ဆင်းကာဂျင်ချန်အနားလျှောက်သွားလိုက်သည်။သူပျော်ရွှင်စွာဆိုသည်။
“ညီလေးမင်းရောက်လာပြီပေါ့”ဂျင်ချန်ပြုံးကာပြန်ဖြေသည်။

“အကိုကြီးဘာလိုအစောကြီးရောက်နေတာလဲ”
“ဟီးဟီးအကျင့်ဖြစ်နေလို့ပါကွာ။အကျင့်ဖြစ်နေလို့။
အခုစကြတော့မလား။မနေ့ကမင်းရှင်းပြလိုက်တာတွေကို ငါတစ်နေလံ့ုးပြန်လေ့ကျင့်ပါတယ်ကွာဒါပေမယ့်
ငါနားမလည်တာတွေရှိတယ်။ညီလေးအကိုကြီးကို
တစ်ခါလောက်ထပ်ရှင်းပြလိုရမလား။”
ထိုစကားကိုဆိုရာတါင်ချင်းယန်ဟူရှက်ရွံ့မှုကြောင့်
ခေါင်းငုံထားခဲ့သည်။“ရတာပေါ့“
ဂျင်ချန်ပြုံးကာဆက်ပြောသည်။
“အကိုကြီးကိုကျွန်တော်ကမနေကပြောပြခဲ့တာတွေကို ဒီနေမှာပြန်သရုပ်ပြမလိုပါပဲ။“
ဒီစကားပြောရင်းသူခြေထောက်နားမှခပ်သေးသေးသစ်ကိုင်းခြောက်တစ်ခုကိုဂျင်ချန်ကောက်ယူလိုက်သည်။
“အကိုကြီးအနားကပ်ပြီးသေချာကြည့်နော်”
သစ်ကိုင်းခြောက်ကိုကိုင်ကာမျက်စိရှေ့တွင်ရှိသော သစ်ပင်ငယ်ထံသို့ဝေ့ယမ်းသည်။
လက်ကောက်ဝတ်ကိုဖြေးညှင်းစွာလှုပ်ရှားကာသစ်ပင်ထံပစ်လိုက်၏။သစ်ကိုင်းခြောက်ဟာ

သစ်ပင်အနားရောက်သွားကာ
သစ်ပင်အားဖောက်ထွက်သွားသည်မှာ မသိလျှင်ထိုသစ်ပင်မှာနဂိုကတည်းက
အပေါက်တစ်ခုရှိနေခဲ့သလိုပင်။
ထူးခြားသည့်ဖြစ်စဉ်ကိုချင်းယန်ဟူ
သံသယမျက်လုံးတွေနှင့်ကြည့်နေစဉ်မှာ
လေတိုးသံအကျယ်ကြီးကြားရကာသစ်ပင်ဟာအလယ်မှ ထက်ဝက်ပိုင်းချလိုက်သလိုပြတ်ကျသွားတော့သည်။
ချင်းယန်ဟူမျက်တောင်တစ်ဖျက်ဖျက်ခတ်ကာ
ဂျင်ချန်ကိုင်ခဲ့သည့်သစ်ကိုင်းခြောက်ကိုပြေးကောက်ကာ
သေချာကြည့်သည့်တိုင်အောင်
ထူးခြားမှုအားမတွေ့၇ပေ။ထိုသည်ကသာမန်သစ်ကိုင်းခြောက်လေးပင်ဖြစ်သည်။
ဤသည်ကိုကြည့်ရင်းမှချင်းယန်ဟူ၏သံသယတွေပိုမိုများပြားလာတော့သည်။သူတကယ်ကို
နားမလည်နိုင်ဘူးသစ်ကိုင်းခြောက်သေးသေးလေးကသူလက်ကောက်ဝတ်အရွယ်လောက်ရှိတဲ့သစ်ပင်ကိုဘာလို့ထက်ပိုင်းကျိုးသွားစေတာလဲ….
သူလက်ထဲသို့အားအနည်းငယ်ထည့်လိုက်ချိန်တါင် သစ်ကိုင်းခြောက်သည်ထက်ဝက်ကျိုးသွားခဲ့သည်။

“ညီလေး…..မင်းဘယ်လိုများလုပ်နိုင်တာလဲ။
ဒီသစ်ကိုင်းခြောက်သေးသေးလေးကဘယ်လိုဖြစ်ပြီး သစ်ပင်ကိုထက်ပိုင်းကျိုးစေတာလဲ”
ချင်းယန်ဟူကမေးလိုက်သည်။သူမျက်နှာတွင် သံသယတွေအပြည့်ပင်။
ဂျင်ချန်ကရယ်သည်။
“အကိုကြီး….ဒီလိုလုပ်ဖို့က
သူတော်စင်စွမ်းအားလိုတာလေ။
ဒီသစ်ကိုင်းခြောက်ကြောင့်လိုထင်နေတာလို့
မပြောနဲနော်။သစ်ကိုင်းခြောက်မဟုတ်ဘဲအပ်သိုမဟုတ်အပ်ချည်ဆိုရင်တောင်မှ
သစ်ပင်ကိုထက်ပိုင်းကျိုးအောင်လုပ်လိုရတယ်။ဒါပေမယ့် ကျွန်တော့်လက်ရှိခွန်အားကအဲ့လိုလုပ်ဖိုတော့
မသန်မာသေးဘူးရယ်”“အပ်ချည်နဲအပ်က
သစ်ပင်ကိုထက်ပိုင်းကျိုးစေနိုင်တယ်ဟုတ်လား။ညီလေးမင်းနေကောင်းပါတယ်နော်။ဒါဘယ်လိုမှ
မဖြစ်နိုင်ဘူးလေ”
ချင်းယန်ဟူမျက်နျာမှာ အံ့အားသင့်မှုတွေပြည့်နေတယ်။ဂျင်ချန်ပြောခဲ့တာတွေကို

သူဘယ်လိုမှမယုံကြည်နိုင်သလိုသူဘဝမှာတစ်ခါမှကို
မကြားခဲ့ဖူးဘူး။
ဂျင်ချန်ဟာချင်းယန်ဟူပြောနေသည့်တစ်လျှောက်လုံးပြုံး၍သာနေနေသည်။
သူကြားဖြတ်ကာရှင်းပြခြင်းမျိုးမလုပ်။သိုပေမယ့်
သူရှင်းပြဖို့ပျင်းနေတာလည်းမဟုတ်ဘူး။ချင်းယန်ဟူသာ
ခွန်အားကြီးလာတဲ့အခါ
သူပြောတာတွေကိုနားလည်လာပါလိမ့်မယ်။
အနားမှာကျနေသည့်အခြားသစ်ကိုင်းခြောက်တစ်ခုကို
ကောက်ယူလိုက်ရင်းဂျင်ချန်ပြောသည်။
“အကိုကြီးကျွန်တော်ပြောတာကိုမယုံဘူးမဟုတ်လား။ ဒါဆိုကျွန်တော်ထပ်လုပ်ပြမယ်သေချာကြည့်ထား”
ချင်းယန်ဟူတိတ်ဆိတ်ကာဂျင်ချန်ကိုင်ထားသည့်
သစ်ကိုင်းခြောက်ကိုသာအာရုံတွေစုပြုံထားလိုက်သည်။ သူလုံးဝအာရုံမပျံ့လွင့်ရဲဘူး…
အသေးစိတ်အဖြစ်လေးကအစမမြင်လိုက်၇မှာသူစိုးရိမ်နေမိသည်ကိုး…..
သူလက်ထဲကသစ်ကိုင်းခြောက်ကိုဝေ့ယမ်းကာသစ်ပင်ဆီမပစ်လိုက်ခင်တွင်
ဂျင်ချန်မျက်တောင်တစ်ချက်ခတ်လိုက်သေးသည်။

သစ်ကိုင်းခြောက်မှာကား
သစ်ပင်ထံတည့်တည့်ဝင်သွား၏။ဤတစ်ကြိမ်တွင်တော့ထိုသစ်ကိုင်းမှာမြွေတစ်ကောင်သဖွယ်
သစ်ပင်အားရစ်ပတ်ကာထားသည်။နဂိုမူလကတည်းက ရှိနေသည့်အတိုင်းပုံစံတကျပင်ရှိ၏။
သူမျက်လုံးဖြင့်ကိုယ်တိုင်မြင်လိုက်ရသည်အား
ချင်းယန်ဟူမယုံကြည်နိုင်ဘဲရှိကာသူမျက်လုံးတွေမှာ
ပြူးကျယ်လျက်ရှိသည်။သူ
သရဲတစ်ကောင်အားမြင်လိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေသည်။
သူဘယ်လိုမှမယုံကြည်နိုင်ဘူးသစ်ကိုင်းခြောက်ကြီးကဘယ်လိုဖြစ်ပြီးသူဘာသာကွေးညွတ်ကာ
သစ်ပင်ကိုသွားပတ်ထားရသည်လဲ။
ဂျင်ချန်ချင်းယန်ဟူအားကြည့်ကာငိုသံဖြင့်ပြောသည်။ “အကိုကြီးသေချာကြည့်ပါဆိုဗျာ”
ဂျင်ချန်
နောက်ထပ်သစ်ကိုင်းခြောက်တစ်ခုကောက်ယူကာအခြားသစ်ပင်ငယ်အနီးသို့လျှောက်သွားလိုက်သည်။ သူလှုပ်ရှုားမှုတွေကမမြန်ပါဘူးအမှန်ဆို
အရမ်းတောင်နှေးနေသေးတဲ့ဟာ…

သစ်ပင်ဆီသစ်ကိုင်းခြောက်ရောက်သွားချိန်တွင်
သစ်ပင်ကဖမ်းဆုပ်ယူလိုက်သည်။
တဖြေးဖြေးသစ်ကိုင်းကသစ်ပင်ထဲဝင်သွားကာ သစ်ပင်ကျိုးပျက်သွားခဲ့ခြင်း…အစောကလည်း ယခုနည်းတူပင်။
ဒီအပြုအမူကြောင့်ချင်းယန်ဟူသူ့အကြည့်တွေကို
သစ်ပင်ပင်စည်ကိုရွေ့လိုက်သည်။သူမျက်လ့ုးတွေဟာ မယုံကြည်နိုင်မှုနှင့်အတူပြူးကျယ်ကာပါးစပ်မှာလည်း
ကြက်ဥတစ်လုံးဝင်နိုင်လောက်သည်အထိဟနေလေတယ်။
“ညီလေးမင်းဘယ်လိုလုပ်လိုက်တာ…“
ချင်းယန်ဟူမှာကြောက်လွန်း၍ခိုက်ခိုက်တုန်သည်အထိတုန်လှုပ်နေလေတယ်။သစ်ပင်ကိုကြည့်ရင်း
သူနှလုံးဟာပြင်းပြင်းထန်ထန်ကိုခုန်လှုပ်နေတယ်။ အပြုံးဖျော့ဖျော့ဖြင့် ဂျင်ချန်ပြောပြလိုက်သည်။“အကိုကြီးဒါကတကယ်တော့မခက်ပါဘူး။
အကိုကြီးသာသူတော်စင်စွမ်းအားကိုချိန်ဆပြီး သစ်ကိုင်းခြောက်ကိုအသုံးပြုနိုင်မယ်ဆိုရင်
ဒီသာမန်သစ်ကိုင်းခြောက်လေးက
လက်နက်တစ်ခုလိုပြောင်းသွားလိမ့်မယ်။

ခွန်အားသာမှန်ရင် အသုံးပြုတတ်မယ်ဆိုရင်သစ်ပင်ကိုတောင်ဓားတစ်လက်နဲဖြတ်သလိုလုပ်နိုင်တယ်”
“သူတော်စင်စွမ်းအားကိုချိန်ဆပြီးသစ်ကိုင်းခြောက်ကို ထိန်းချုပ်၇မယ်”
ချင်းယန်ဟူမျက်မှောင်ကျုံလျက်အာရုံစိုက်ကာ
ခပ်တိုးတိုးရေရွတ်နေသည်။သူ
သူသူတော်စင်စွမ်းအားတွေကိုသစ်ကိုင်းခြောက်သို့ ပိုလိုက်သည့်အခါထိုသည်မှ
အပိုင်းအစအဖြစ်သိုပြောင်းသွားလေသည်။“အကိုကြီး…စွမ်းအားကအရမ်းပြင်းနေတယ်။ သစ်ကိုင်းခြောက်ကလက်ခံနိုင်မှာမဟုတ်ဘူး။သူတော်စင်စွမ်းအင်ကို
အတိုင်းအတာတစ်ခုအထိရောက်အောင်ထိန်းညှိနိုင်မှရမယ်။ဒီလိုလုပ်ဖို့အတွက် သူတော်စင်စွမ်းအားကို
ပျော့ပြောင်းအောင်လုပ်နိုင်မှရမယ်။“ ဂျင်ချန်ဟာသူအကိုကြီးကို
သေချာသင်ပေးနေလေသည်။

ဂျင်ချန်စကားကိုကြားတော့ချင်းယန်ဟူ
ပဟေဋိဖြစ်သွားသည်။
“ညီလေးသူတော်စင်စွမ်းအားကိုပျော့သွားအောင်ငါဘယ်လိုလုပ်၇မလဲ”
“အဲ့ဒါကသူတော်စင်စွမ်းအားကိုသုံးတဲ့
နည်းလမ်းတစ်ခုပါပဲ။ကျွန်တော်ရှင်းပြလည်း
အသုံးမဝင်ဘူးအကိုကြီးဘာသာနားလည်မှရမှာ။အကိုကြီးသာလုပ်နိုင်သွားရင်
အနာဂတ်မှာစွမ်းအားမြင့်လာတဲ့အခါအရမ်းအကျိုးရှိလိမ့်မယ်။
ဓားကိုင်ပြီးသူတော်စင်စွမ်းအားကိုသုံးရင်တောင်စွမ်းအားအများကြီးကုန်ဦးမယ်။ဒီဟာက
အဲ့လောက်အားမကုန်ဘူး..
အကိုကြီးရဲ့လေ့ကျင့်ခြင်းမှာလည်းအကျိုးရှိလိမ့်မယ်။“ ဂျင်ချန်ဟာကျောင်းသားတစ်ဦးအား
သင်ကြားနေသကဲ့သို့သူ့အကိုကိုပြောပြပေးနေသည်။သိုပေမယ့်ချင်းယန်ဟူဟာအရမ်းကြိုးစားပြီး
ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်တောင်မှ
အချိန်တိုအတွင်းမှာတတ်မြောက်မှာမဟုတ်မှန်းဂျင်ချန်သိနေလေတယ်။

သူတော်စင်စွမ်းအားကိုလိုသလိုထိန်းချုပ်ဖို့ကလွယ်ချင်လွ ယ်နေမယ်…သစ်ကိုင်းခြောက်ကိုဓားအဖြစ်သုံးနိုင်ဖို့က အများကြီးခက်လှပေတယ်။
ချင်းယန်ဟူခေါင်းညိတ်သည်။
တစ်ခဏမျှတွေးဆနေပြီးသည့်နောက်တွင်
သစ်ကိုင်းခြောက်ကို
တစ်ဖန်ကောက်ယူကာကြိုးစားပြန်သည်။သူအာရုံစိုက်ကာထိန်းချုပ်ပေမယ့်
အစိတ်စိတ်အမွှာမွှာကျိုးကြေသွားသည်ချည်း.. ဂျင်ချန်ကဘေးမှာရပ်ကာချင်းယန်ဟူအား
ညွှန်ကြားသင်ပြပေးနေသည်မှာ
နေခေါင်းပေါ်ရောက်လာသည်အထိပါပေ။
ဂျင်ချန်ပြန်သွားသည့်တိုင်အောင်ချင်းယန်ဟူဟာတစ်ဦးတည်းအပြင်းအထန်လေ့ကျင့်နေဆဲ။
သူပတ်ဝန်းကျင်မှာတော့
သစ်မှုန်တွေအပုံလိုက်ရှိနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset