Switch Mode

Chapter – 306

ငွေ

Chapter – 306
“ငွေ”

ထိုအချိန်တွင်​နံပါတ် ၁ အခန်းထဲရှိ ဝမ်အာမှ –
“ကျွန်မ ဆရာ အပြင်ကို ထွက်လာတယ်ဆိုတာ စိတ်အပန်းဖြေချင်လို့ပဲ။ ဘာမှလည်း ဝယ်မှာ မဟုတ်ဘူး။ ကျွန်မတို့ အခုလိုတွေ လုပ်ခဲ့တယ်ဆိုတာ ဂိုဏ်းကြီး ၂ ခုက လူပါးဝလာလို့ပါ။ အဲဒါကြောင့် စိတ်ထဲ မခံချင်ဖြစ်ပြီး လုပ်စရာရှိတာကို လုပ်ခဲ့တာ . . .”
ထို့နောက် ရယ်မောလိုက်ပြန်ရင်း –
“ဆရာကိုယ်တိုင် ဘယ်ကိစ္စကိုမှ ဝင်ပြီး ဖြေရှင်းလေ့မရှိတာ အတော်ကြီးကို ကြာခဲ့ပြီ။ အခု သူကိုယ်တိုင်ကိုယ်ကြ ဂိုဏ်းကြီး ၂ ခုကို ဝင်ပြီး ဖြေရှင်းလိုက်​တာဆိုတော့ သူတို့အနေနဲ့ ဂုဏ်တောင် ယူရဦးမှာ . . .”
ရယ်​မော၍​ပြောဆိုလိုက်​သည့်​ဝမ်​အာ၏ စကားအဆုံးတွင်​ပွဲလာပရိတ်သတ်အားလုံး ရယ်မောလိုက်ကြသည်။
“ဟားဟား ဟားဟား . . .”
“ဟားဟား . . . ဟုတ်တာပေါ့။ မိန်းကလေးဝမ်အာက တကယ်ကို ပြောတတ်တာပဲ . . .”
ဝမ်အာမှ ဟာသလုပ်၍ ပြောလိုက်သည့်အတွက် မည်သူမှ မရယ်ဝံ့ဘဲ မ​နေနိုင်​တော့​ပေ။
လူအတော်များများသည် မုန်တိုင်းအိမ်တော်အား လေးစားကြောင်း ပြသရန်အတွက် သူတို့၏ လည်ချောင်းများ ကွဲသွားလုမတတ်ပင်​ရယ်မောလိုက်​ကြသည်​။
“ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ရှင်တို့ ဝယ်ချင်တဲ့ ဆေးလုံးကို ဈေးမြင့်ပေးလိုက်ကြ။ လူ့ငနွားတွေလည်း အခုဆို မရှိကြတော့ဘူး။ အဲ့ဒါ​ကြောင့်​ဘယ်သူမှလည်း ဝင်ရှုပ်စရာ အကြောင်း မရှိတော့ဘူး။ ကျွန်မတို့ကိုလည်း ဘာမှ ရှိန်နေစရာ မလိုဘူး . . .”
“ကျွန်မ ဆရာနဲ့ ကျွန်မက ဒီကိုလာတာ အပျင်းပြေ သဘောပဲ။ အဲဒါကြောင့် စိတ်အေးလက်အေးနဲ့ လေလံဆွဲကြပါ။ ကျွန်မတို့လည်း ခဏနေ သွားကြတော့မှာ . . .”
အားလုံး လက်ခုပ်လက်ဝါးတီးလိုက်ကြသည်​။ ချီးကျူးစကားသံများလည်း ဆူညံစွာ ထွက်ပေါ်လာပါ တော့သည်။
“ကြီးမြတ်လှတဲ့ သခင်ကြီးဘိုင်ပါလား . . .”
“ကျေးဇူးတင်ပါတယ် မိန်းကလေးဝမ်အာ . . . သခင်ကြီးဘိုင်ကိုလည်း ကျေးဇူးပါ။ ခင်ဗျားတို့က ကျုပ်တို့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လေလံဆွဲခွင့်ရအောင် လုပ်ပေးခဲ့ကြတာပဲ . . .”
“သခင်ကြီးဘိုင်နဲ့ မိန်းကလေးဝမ်အာတို့က ကျုပ်တို့အကျိုးအတွက် လုပ်ပေးခဲ့တာပဲ။ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်လာပြီဗျာ . . .”
“ဟုတ်တယ်၊ မုန်တိုင်းအိမ်တော်သာ မကူညီခဲ့ရင် အခုဆို တော်တော် သရုပ်ပျက်ပြီး အဆင့်မရှိတဲ့ လေလံပွဲ ဖြစ်နေတော့မှာပဲ . . .”
“မှန်တာပေါ့၊ ဂိုဏ်းကြီးတွေက သိပ်ပြီး ဘဝင်မြင့်လွန်းတယ်။ မိန်းကလေးဝမ်အာက အမှန်တရားဘက်ကို ရပ်တည်ပေးတာပဲ။ အိမ်ပြန်ရောက်ရင် မုန်တိုင်းအိမ်တော်ရဲ့ ကြင်နာတတ်မှုကို ဝမ်းမြောက်တဲ့ အနေနဲ့ စားပွဲသောက်ပွဲကြီး ကျင်းပ​ပေးဦးမှာပါ . . .”
“ဟုတ်တယ်၊ ငါလည်း လုပ်ရမယ် . . .”
. . .
ရဲရှောင်လည်း ဆူညံနေသည့် လူအုပ်ကြီးအား ဝေ့ကြည့်ရင်း သူ့၏ စိတ်​ထဲတွင် အလွန်​အမင်း မြင်​ပြင်းကတ်​နေမိသည်​။
(တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေပါလား။ အခုကြ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းတွေလိုပဲ ဟီလာထနေလိုက်ကြတာ။ ပါးစပ်လည်း တော်တော်ဖွာကြတာပဲ။ ဒီလူတွေက မော်တယ်ကမ္ဘာမှာ နာမည်ကြီးတွေဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး . . .)
(သခင်ကြီးဘိုင်က မင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်း လေလံဆွဲလို့ရအောင် လုပ်ပေးတယ် ဟုတ်လား၊ အဲ့ဒီလို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်​အောင်​လုပ်​ပေးခဲ့တာ ငါကွ။ နောက်ပြီး ကြင်နာမှုကို ဝမ်းမြောက်တဲ့ အနေနဲ့ စားသောက်ပွဲကြီး ကျင်းပမယ်တဲ့၊ နောက်တစ်ယောက်ကလည်း သူပါ ကျင်းပမယ်ဆိုပဲ။ အရေးမပါလိုက်တာကွာ . . .)
(မင်းတို့ကိုယ်မင်းတို့ပဲ ကိုယ့်ရဲ့ စိတ်ကိုကိုယ်ထိန်းဖို့ အရင်ကြိုးစားကြစမ်းပါဦး။ တော်တော်ကို အသုံးမကျတဲ့ လူတွေ . . .)
ထိုအချိန်မှာပင် လေလံပွဲသည် ပြန်လည်၍ အသက်ဝင်လာခဲ့သည်​။
ကွမ်ဝမ်ရှန်သည်​လည်း စိတ်လှုပ်ရှား၍ အံ့သြနေလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော်​ဆေးလုံးအား စတင်​မိတ်ဆက်သည့် အချိန်မှာပင် ဈေးပေးသည့် လူများ အပြိုင်အဆိုင် ပေါ်လာကြ၍ပင် ဖြစ်သည်​။
(ဒီလူတွေ ဘယ်လိုဖြစ်ကြတာပါလိမ့်၊ ငါက အရိုးသန့်စင်ဆေး ဆိုပြီး ပြောရုံရှိသေးတယ်။ တစ်ယောက်က သန်း ၃၀၀ ဆိုပြီး ထပြောတယ်။ နောက်တစ်ယောက်က သန်း ၃၅၀ ၊ နောက်တစ်ယောက်က ၄၀၀၊ ၄၅၀ ဆိုပြီး အဆက်မပြတ်ကို ဈေးပြိုင်ပေးနေကြတယ်​. . .)
ကွမ်ဝမ်ရှန်အနေဖြင့် ကြမ်းခင်းဈေးပင် ပြောစရာ မလိုတော့ချေ။ ဈေးနှုန်းများသည် တဟုန်ထိုး​ချက်ချင်း မြင့်တက်သွားသည်​။ စက္ကန့်ပိုင်းအတွင်းမှာပင် သန်း ၄၅၀ ထိ ဖြစ်သွားလေတော့သည်။
ကွမ်ဝမ်ရှန်သည် အံ့သြ​နေသည့် သူ၏ စိတ်အား တည်ငြိမ်အောင် ထိန်းလိုက်ရင်း –
“သန်း ၄၅၀ ပါ၊ ဘယ်သူကများ ဈေးထပ်တိုးပေးချင်ကြသေးလဲ။ ဘယ်သူမှ ပိုပေးမယ့်​လူ မရှိတော့ဘူးလား။ ဒါက ထူးခြားအစွမ်းထက် အရိုးသန့်စင်ဆေးလုံးနော်။ ဘယ်သူမှ မြင်တောင် မြင်ဖူးမယ့်​ဆေးမျိုး မဟုတ်ဘူး။ အခုတော့ အားလုံး မြင်တွေ့ခွင့် ရနေကြပါပြီ။ သန်း ၄၅၀ ပထမအကြိမ်၊ သန်း ၄၅၀ ဒုတိယအကြိမ်၊ ဘယ်သူမှ တိုးပေးမဲ့လူ မရှိတော့ဘူးဆိုရင် ဒီဆေးကို . . . နေပါဦး ခုနက ဘယ်ဈေးလို့ ပြောလိုက်တာပါလိမ့် . . .”
ဈေးနှုန်းများ အဆက်မပြတ် တိုးပေးခဲ့မှုကြောင့် ကွမ်ဝမ်ရှန်ပင်​ဆေးလုံး၏​ဈေးအား ချက်ချင်း မမှတ်မိတော့ဘဲ ဖြစ်သွားခဲ့ရသည်​။
(ငါသာ ငွေစအများကြီး သုံးပြလိုက်ရင် သခင်ကြီးဘိုင်က ငါ့ကို ပါးရည်​နပ်ရည်ရှိတဲ့ လူတော်တစ်ယောက်ဆိုပြီး အထင်ကြီးသွားလောက်တယ်။ အနည်းဆုံးတော့ ငါ့ကို သတိပြုမိသွားမှာပဲ။ နောက်ဆုံး မုန်တိုင်းအိမ်တော်က ငါ့ကို ပြဿနာလာရှာစရာ အကြောင်း မရှိလောက်တော့ဘူးပေါ့ . . .)
(သခင်ကြီးဘိုင်က ဈေးပြိုင်ပေးတဲ့လူကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ ဒါပေမယ့်​ဈေးမတိုးပေးတဲ့ လူတွေကို အာရုံစိုက်လိုက်မယ် ဆိုရင်ရော။ ငါသာ ဈေး မတင်မိ​ရင် သူ့အတွက် မျက်စိဆံပင်မွှေး စူးစရာများ ဖြစ်သွားမလား . . .)
(ငါ့ကိုသာ သခင်ကြီးဘိုင် သတိထားမိသွားရင် သိပ်ကောင်းမှာပဲ . . .)
ထိုကဲ့သို့ အတွေးကိုယ်စီ တွေးမိကြသဖြင့် ဈေးများ အပြိုင်အဆိုင် ပေးခဲ့ကြခြင်း ဖြစ်သည်။ လူတိုင်း၏ စိတ်​ထဲတွင်​သခင်ကြီးဘိုင်အား အသက်ဝင်လှသည့် လေလံပွဲအား မြင်တွေ့​စေချင်​နေကြသည်။
ယခုလေလံပွဲသည် သမိုင်းတွင် စံချိန်သစ်တင်ရမည့် လေလံပွဲပင် ဖြစ်​လေသည်​။
မော်တယ်ကမ္ဘာတွင် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသည့် လေလံပွဲကြီးမျိုး ရှိနိုင်မည် မဟုတ်ချေ။
ဝမ်ဇန်းဟိုသည်ပင် စိတ်​ထဲတွင်​အံ့သြနေမိသည်​။
(ဘယ်လိုတောင်လဲ၊ ထူးခြားအစွမ်းထက် ဆေးလုံးတွေက အရမ်းတန်ဖိုးရှိတာ ငါသိပါတယ်။ ဒါပေမယ့်​ဒီလောက်ထိတောင်ပဲလား။ အမှန်​တကယ်​ဆို လေလံပွဲတစ်ခုမှာ အမျိုးအစားတူ ပစ္စည်းတွေ ထပ်နေရင် အဲဒီပစ္စည်းရဲ့ ဈေးက ကျသွားလေ့ရှိတယ်။ ဥပမာ ဒီအရိုးသန့်စင်ဆေးက တစ်လုံးထဲ ရှိရင်တော့ သန်း ၃၀၀ လောက်ရတာ အံ့သြစရာ မရှိပါဘူး။ အဲဒီထက်မက အများကြီးတောင် ပိုရချင် ရဦးမယ်။ ဒါပေမယ့်​အခု အရိုးသန့်စင်ဆေးက လေးငါးဆယ်လုံးလောက် ရှိနေတာကိုတောင် ဈေးက မကျတဲ့အပြင် တရိပ်ရိပ်နဲ့ကို​တက်နေတာပါလား။ ဘာလို့ ဈေးက တက်သထက် တက်နေရတာလဲ . . .)
(သန်း ၂၀ လောက် တန်ကြေးရှိတဲ့ဆေးက သန်း ၁၀၀ ထိ တက်နိုင်ပါ့မလား၊ ထားပါဦး အရိုးသန့်စင်ဆေးက အများဆုံး ပေးရမှ သန်း ၄၈၀ လောက်ပဲပေါ့။ သန်း ၃၀၀ ဆိုရင်တောင် သင့်တော်တဲ့ ဈေး ဖြစ်နေပြီ။ ဒါပေမယ့်​အခုကြ သန်း ၆၀၀ လောက်ထိကို တက်သွားတယ်​. . .)
(ပြောရရင် ငွေကြေးဖောင်းပွမှု ဖြစ်နေသလိုပဲ။ အရင်​က ပိုက်​ဆံကို တန်​ဖိုးရှိတယ်​ထင်​နေခဲ့တာ အခြု ဘာတန်ဖိုးမှ မရှိ​တော့သလိုပါပဲလား။​ဈေး​တွေများ အပြိုင်​အဆိုင်​ပေး​နေလိုက်​ကြတာ ငါ့ကိုယ်ငါ နားကြားများမှားနေလားလို့တောင် ထင်နေမိတယ် . . .)
ဝမ်ဇန်းဟို၏ ခေါင်းထဲတွင်​အ​တွေးများဖြင့်​ရီဝေဝေ ဖြစ်လျက်​ရှိသည်​။​ဈေးနှုန်းများ တရိပ်​တရိပ်​တက်​သွားတိုင်း သူ၏ မျက်လုံးထဲတွင် ရွှေအတိပြီးသော ရွှေတောင်ကြီး တစ်တောင်အား မြင်တွေ့​နေရသကဲ့သို့ ခံစားနေရသည်​။ မည်သည့်နေရာသို့ ကြည့်နေ​စေကာမူ ထိုရွှေတောင်ကြီးကိုသာ သူ၏ မျက်လုံးထဲတွင်​မြင်တွေ့​နေရသည်။
(ဒီနေ့ရောင်းမယ့်​ဆေးလုံးပေါင်းက ၁၀၀ ကျော်မယ်၊ ဘုရားရေ . . . အနိမ့်ဆုံးဆေးတောင် သန်း ၆၀ လောက် ရတာ။ အမြင့်ဆုံးက ၂ ဘီလီယံခွဲ၊ တဝက်လောက်က သန်း ၇၀၀ စီလောက် တန်မယ်။ ငါပြောနေတာ ငွေစတွေအကြောင်းတောင် ဟုတ်ရဲ့လား၊ အဲဒီလောက်ထိများတဲ့ ပမာဏကို မြင်တောင် မမြင်ဖူးခဲ့ဘူး . . .)
ဝမ်ဇန်းဟို၏ စိတ်​ထဲတွင်​တစ်​ကိုယ်​တည်း တွေးနေမိပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset